မိမိကိုယ်ကို ဗဟိုပြုလည်ပတ်နေကြတဲ့ကမ္ဘာမှာ
လူသားဆန်နေရတာကလည်း လှလွန်းတဲ့ဝဋ်ကြွေးတခုပါပဲ။
ဘယ်လောက်ထိနက်သလဲလို့ ထောက် ဆ မကြည့်ခဲ့တော့ပါဘူး၊
သင်ယူရခြင်းတွေထဲ လွှတ်ချတတ်ခြင်းကဖြင့် ခက်ခဲလှချည့်ကွယ်...၊
အဆုံးထိ မချစ်နိူင်ခဲ့တာကိုပဲ အားနာတယ်
မမုန်းဘူး မချစ်တော့ဘူး မမေ့ခဲ့ပါဘူးပေါ့...၊
ဒီတခါတော့ ငါ...
ငါ့အလံတော်မှာ ငါ့အတ္တကို အနီရောင်မင်နဲ့ရေးပြီး
စိတ်ကြိုက်လွှင့်တင်ခဲ့လိုက်ပါတယ်...
ငါ ဘယ်တော့မှ ရှိမလာတော့မယ့် နင့်ကမ္ဘာ...၊
ကြားရာအရပ်က ရှင်သန်...နေ ပျော် ပါ....
❤️
ချစ်ကြည်အေး ~
No comments:
Post a Comment
ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်