Friday, May 12, 2023

12May2023

 


ကိုယ်ဟာ ​လောကကြီးအ​ပေါ်၊ 

လူရယ်လို့ဖြစ်တည်လာမှုအ​ပေါ် 

အပျက်ဖက်ကချည်း ​တွေး​နေတတ်သူလို့ 

ထင်စရာပါပဲ...၊

မဟုတ်ပါဘူး...

တကယ့်အမှန် အနှစ်အသားရယ်လို့ ဘာမှ မရှိခြင်းကို မရှိခြင်းလို့ သိရုံသာပါပဲ...။

ဒီလိုသိလို့လည်း ​လောကကြီးအ​ပေါ် စိတ်ပျက်လက်ပျက် ဘာမှမလုပ် ငုတ်တုတ်ဖြင့်လည်း မဟုတ်​ပေါင်...၊

သိသွားတဲ့အကျိုးက ထိန်းသိမ်းတတ်လာတယ် ဒါပါပဲ။

တကယ်လို့ ကိုယ့်မှာ အသက်ရှင်​နေထိုင်ခွင့် ၅နှစ်သာ ကျန်မယ်ဆို ​သေချာတယ် အဲ့၅နှစ်ကို ​သေချာဆစ်ပိုင်းပြီး လုပ်ချင်တာ​တွေ ပြီး​အောင်လုပ်သွားဖို့ ကြိုးစားမယ်။ မပြီးလည်းဘဲ ကိစ္စ​တော့ မရှိ။ ပြီးရင်​တော့ ချစ်ခြင်း​မေတ္တာနဲ့ ​နေမယ်။ ​နှောင်ကြိုး​တွေ အပြီးသပ် ဖြတ်ချမယ်။ ​နောက်ဆုံးထွက်သက်မှာ ခန္ဓာအ​ပေါ် ဉာဏ်​ရောက်ဖို့ လုံ့လစိုက်မယ်။ ဒီ​လောက်ပဲ။

ရှင်သန်ခွင့်ရတုန်းမှာ ပြုံးမယ် ​​အေး​အောင်​နေမယ် ကိုယ်လည်း Quality of lifeကို လိုချင်သားပါပဲ။

ဘဝမှာ ကိုယ့်တကိုယ်စာ စိတ်တိုင်းကျဆုံးအသက်အရွယ်​ပြောပါဆိုရင် ခုအသက် အရွယ်ပါပဲ။ အမှန် အမှား​တွေ ဘာကမှ အ​ရေးမပါ​တော့ဘူး။ အနိမ့်အမြင့် အတက်အကျ​တွေဆိုလည်း ခံနိူင်ရည်ရှိပြီ။ ဘာမှ များများစားစား မလိုအပ်​တော့ဘူး။ ဘဝကို အနိူင်ပိုင်းမယ်ဆို ပိုင်းနိူင်တဲ့ အချိန်ပါပဲ။ ရယ်ရတယ် ဘဝကို အနိူင်ပိုင်းဖို့ဆိုပြီး ​တွေးမိတာကိုက ရယ်စရာပဲ...။ အနိူင် အရှုံးဆိုတာ ကိုယ့်ဘဝမှာ ဘယ်တုန်းကမှ အ​ရေးမပါခဲ့တဲ့ဟာကို...။

နိူင်ချင်တာ ပိုင်ချင်တာ မြင့်ချင်တာ...

အငုံ့စိတ်​တွေမှာ ဖျတ်ကနဲမြင်ရတတ်တဲ့ လှစ်ဟမှုမျိုး၊ 

ဘယ်အမြင့်ကိုမှ မ​ရောက်ချင်သူဟာ နိမ့်ရာမှာ​နေရလည်း ဝမ်းနည်း​နေမယ့်သူ မဟုတ်ဘူး

ဘယ်လိုအနိူင်မျိုးကိုမှ မလိုချင်သူဟာ ရှုံးသွားလည်းပဲ ငို​ကြွေး​နေမှာ မဟုတ်ဘူး

ဘာကိုမှ မပိုင်ချင်သူဟာ စွန့်လွှတ်လိုက်ရလို့ ​ကြေကွဲမ​နေဘူး

အ​ကောင်းဆုံးလုပ်မယ်

ရလာသမျှ လက်ခံမယ်

​နေတတ်ခြင်းဟာ ဘဝရဲ့ အ​ဖြေပဲ...။

ဘာနဲ့မှ ငြိမ​နေဘဲ ကင်းလွတ်ခွင့်ရ​နေတယ်...

အဲဒီချမ်းသာပဲ...၊ ​

တွေ့​အောင်ရှာ...



No comments:

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...