Monday, May 1, 2023

1st May



ဒီတခါ လူဖြစ်ရတဲ့အထဲ
​မေတ္တာတရား​အပေါ် ယုံကြည်မှုမရှိရဲ​တော့တာ
ရင်အနာရဆုံးပါပဲ...


သံသရာအဆက်ဆက်က ပျိုးခဲ့တာပါ
အမျှင်တန်းခဲ့သမျှ
ခုတ်ပိုင်းတိုင်း တိကနဲမပြတ်တာ
သဘာဝကျသားပဲဟုတ်လား...၊


နင် ဆက်သွားတဲ့အခါ
ဆင်းကျန်​နေရစ်လိုက်ဖို့ ဆုံးဖြတ်ရတာကလည်း
​​နင်​ပျော်ဖို့သက်သက်ပါပဲ၊


စိတ်မပူနဲ့ငါ့အတွက် 
ဘယ်​တော့မှ လှည့်မကြည့်လိုက်ပါနဲ့
ငါက...
ငါ့ဘုရားနဲ့ငါ​နေပါ့မယ်

ချစ်ခြင်းမှာ သီလ​တော့ လုံချင်တယ်အသည်းရယ်...




ချစ်ကြည်​အေး ~

1st May 2023

No comments:

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...