Tuesday, June 22, 2010

လူမှန် နေရာမှန်

အိမ်ကလူကြီး မသိအောင် ခုတလော သူ ဝတ် ဝတ်နေတဲ့ အီတလီအသင်း အင်္ကျီကို ဓါတ်ပုံရိုက် တင်လိုက်တယ်။ အီတလီအသင်း ကြိုက်တယ် အားပေးတယ်ရယ်လည်း မဟုတ်ပါဘူး။ သူနဲ့ ညီအကိုလို ခင်နေတဲ့ အကိုတယောက်ဆီက လက်ဆောင်ရထားတဲ့ အင်္ကျီ ဆိုတော့ ခုလို ဘောလုံးရာသီမှာ အမြတ်တနိုး ခဏခဏ ထုတ်ဝတ်လေ့ရှိတာမို့ပါ။ ဘာရယ်မဟုတ် အနဲဆုံး တော့ ခေတ်မီတာပေါ့ လေ...။ မီးပူပျောက်နေတာမို့ ကြေကြေလေးပဲ ရိုက်လိုက်ပါတယ်...:)


တည ဘောလုံးပွဲ ကြည့်နေရင်း ကျမမျက်လုံးအကြည့်က ဘောလုံးသမားတွေ ဗိုက် ရောက် သွားပါလေရော။ သူရို့ဗိုက်တွေများ ချပ်လို့ ကပ်လို့ပါလား...ကြည့်ကောင်းချက်...။ ဒါနဲ့ တဆက်တည်း အိမ်ကလူကြီးနဲ့ အပေါင်းပါ နှစ်ယောက်ရဲ့ ဗိုက်တွေကို လှမ်းကြည့်မိလိုက်တော့ လား လား...စားရင်း သောက်ရင်း ထိုင်ခုံပေါ်ထိုင်နေလိုက်ကြတာများ ရှေ့တထွာလောက် ဗိုက်တွေ ထွက်လို့...။ ကျမဖြင့် မနေနိုင် မထိုင်နိုင် ပြောမိသွားပါတယ်။

"ဘောလုံးသမားတွေကို ကြည့် ဗိုက်ကလေးတွေကို ချပ်လို့...ကိုကို အဲလို ဗိုက်ချပ်သွားရင် အာမနီ-Armani တီရှပ် ဝယ်ပေးမယ် သိလား"

သူ့ သူငယ်ချင်း အကိုကြီး နှစ်ယောက်က တဟားဟားရယ်တော့ သူ ညစ်ကျယ်ကျယ်နဲ့ ပြန်ပြောရှာတယ်။

"ဒီကောင်တွေက ဘောလုံးကွင်း ပတ်ပြေးနေရတဲ့ ကောင်တွေကိုးကွ ဘယ်အဆီ ရှိလိမ့် မတုန်း" တဲ့...

အို...အိမ်ကလူကြီးဟာ ဘာလို့များ ဘောလုံးသမား မဖြစ်ခဲ့ပါလိမ့် လို့ တွေးမိပါသေးတယ်။ ခုမှတော့ ကိုယ့်ဖာသာကိုယ်ပဲ သူ့ဗိုက်ကို လေလေး နဲနဲ လျှော့ကြည့်လိုက်ပါတယ်။ စိတ်ချမ်းသာတာပေါ့လေ...:)

ဘောလုံးသမားတွေကို ကြည့်ရင်း သူ ပြောပြန်တယ်။ ဒီကောင်က တနှစ်ကို ယူရို ၁၃ မီလီယန် လောက် ဝင်ငွေရှိတဲ့ကောင်ဗျ တဲ့...။ ဘုရား ဘုရား တလကို ကွန်ဒိုတလုံးလောက် ဝယ်နိုင်တဲ့ လစာ...။ ဘယ်ဘောလုံးသမားကဖြင့် ဘယ်ကြော်ငြာအတွက် ဘယ်လောက်ရတာတို့ ဘာတို့ မစားရ ဝခမန်း ဆက်ပြောနေသေးတာ။

အို...အိမ်ကလူကြီးဟာ ဘာလို့များ ဘောလုံးသမား မဖြစ်ခဲ့ပါလိမ့် လို့ တွေးမိပြန်ပါရော...။ ဟုတ်တယ်...စိတ်ထဲမှာတော့ လူပုံက ဘာဖြစ်ဖြစ် ဘောလုံးသမားဖြစ်ရင်ပဲ အတော့်ကို ဂုဏ်ရှိတယ် ထင်နေတော့တာ...။ နိုင်ငံ့ဂုဏ်ဆောင်သူများလည်း ဖြစ်တယ် မဟုတ်လား။

ဒုတိယပွဲပြီးလို့ ဧည့်သည်တွေ ပြန်သွားမှ နှစ်ယောက်သား ပုလင်း၊ ဖန်ခွက်၊ အမြည်း နဲ့ ပန်းကန် တွေ သိမ်းစရာရှိတာတွေသိမ်း၊ သွန်သင့်တာသွန်၊ ဆေးကြောစရာရှိတာ ဆေးကြောရှင်းလင်း ပြီးမှ အိပ်ရာဝင်ဖို့ ပြင်ကြတယ်။ မီးခလုတ်ပိတ်ပြီး အိပ်ခန်းထဲအဝင် လူကပဲ ရှပ်ပလာမို့လား၊ အိပ်ချင်မူးတူး မို့ပဲလား မသိ၊ ခုတင်ခြေထောက် ထောင့်စွန်းနဲ့ ကျမခြေထောက် နောက်ဆုံး သုံးချောင်း ကို လှန်ချိုးလိုက်သလို ဝင်တိုက်မိပါတော့တယ်။

ဖျောက်ကနဲ အသံနဲ့အတူ အင်မတန် နာလွန်းတာကြောင့် အားကနဲ အော်မိတော့တာ။ ခုတင်ပေါ် လှဲအိပ်နေပြီဖြစ်တဲ့ အိမ်က လူကြီးက "ဟော ခလုတ်တိုက်မိပြီလား" ဆိုပြီး အိပ်ရာပေါ်က ချက်ချင်းထ၊ မီးသွားပြန်ဖွင့်ပြီး ကျမရဲ့ ခြေခလယ်၊ ခြေသူကြွယ်နဲ့ ခြေသန်း သုံးချောင်းကို လက်ဖဝါးထဲထည့် နှိပ်နယ်ပေးပါတယ်။ ဦးစိုင်း လူးဆေးလည်း လိမ်းပေးရင်း "တော်တော်နာသွားမှာ ပေါ့ ဥုံဖွ ပျောက်ပြီ" လို့လည်း ပြောသေးတာ။

တွေးမိပြန်ပါပြီ...ကျမ ခုလို ခလုတ်တိုက်တဲ့အခါ ဘယ်ဘောလုံးသမားကများ လာပြီး ဥုံဖွ လုပ်ပေးမှာပါလိမ့်မလဲ...။ ကျမ ပြုံးမိတယ်။ ဒီလိုဆိုတော့လည်း အိမ်ကလူကြီး ဘောလုံးသမား ဖြစ်တာ၊ မဖြစ်တာ အရေးမကြီးတော့ပါဘူးလေ...။

ဆေးကြောင့်ရော၊ နှိပ်ပေးနေတဲ့ သူ့လက်ဖဝါးရဲ့ အနွေးဓါတ်ကြောင့်ရော ကျမ ခြေထောက် လည်း အတော် သက်သာသလောက် ပါပဲ။ သူ့အကြည့် ကျမ ခြေထောက်ဆီရှိနေတုန်း ကျမကတော့ သူ့မျက်နှာကို ခဏကလေး ငေးကြည့်နေခဲ့တာ...။

တကယ်ကို ခဏကလေးမှ ခဏကလေး...အဲဒီ အခိုက်အတန့်လေးဟာ ရင်ထဲက နှလုံးသားတစုံ နေရာတကျ ရှိနေကြောင်း အသေအချာ သိလိုက်တဲ့ တခဏလည်း ဖြစ်လေတယ်...။


30 comments:

  1. မီးပူခဏခဏ တိုက်ပုံရတယ် =P
    အဆုံးသတ်ကတော့ ကြည်နူးရပါတယ် ဆိုရမလား (=

    ReplyDelete
  2. ဟွန်း... ကြွားနေတယ်...
    နာလံထနေတယ်ပေါ့.. ဟတ်လား...။

    ReplyDelete
  3. နေရာချင်းတော့ မလဲနိုင်ပါပေါ့လေ ဟုတ်လားအစ်မချစ်...း)
    ဇာတ်သိမ်းလေးတော့ သဘောကျတယ်ဗျာ...ရိုမန့်တစ်လေး

    ReplyDelete
  4. ဖြိုးမော်...ဟုတ်တယ် မီးပူ ပျောက်ချင်ယောင်ဆောင်ထားတာ...:)

    ဘွိုင်းဇ်...မရေမ...ဒရေဒ...တဝမ်းပူရေးချ တာ...မုဒိတာ...၊ မုဒိတာပွားတတ်စမ်းဘာ...:)

    အပြုံးပန်း...Thank U :)

    မောင်လေး ဟုတ်ပ ရိုမန်းတိုးလို့တစ်လစ်လေးပေါ့ ဟ ဟ...:)

    ReplyDelete
  5. အင်း အင်း ချစ်ကြပါပေတယ် ဒေါ်ချစ်ကြည်အေး ရယ် ချစ်ချစ်ကြီး ကတော့ ဆင်အော် တောင် နိုးမှာမဟုတ်ဘူး ရွှေစင်ဦး အော်သံလောက် တော့ ပျင်းတောင်ပျင်းသေးတယ်တဲ့

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  6. မုဒိတာ ပွားသွားပါဒယ်

    ReplyDelete
  7. ချစ်နိုင်သူတွေ ချစ်ကြပါ ချစ်ကြပါ

    ဘောသမားလုပ်ခိုင်းဖို့ အချိန်ကျန်ပါသေးတယ် တော်ကြာ အိမ်မက်ရောင်ပြီး ထထကန်ခံနေရအုံးမယ်ဗျ

    ခင်မင်စွာဖြင့်
    seesein

    ReplyDelete
  8. အင်း..ဝိတိုရိယ ကို ကြုံမှမေးကြည့်အုန်းမှ.. ဘက်ဟမ်းက ဥုံဖွ မလုပ်တတ်တောင် ရေခဲထုပ်ကပ်ပေးရင် ကြီးတောင့်ကြီးမ ကြွားသာကြွားလို့

    ReplyDelete
  9. ဟင်းဟင်း
    ကမ္ဘာ့ဖလားကို အကြောင်းပြလို့ အီတလီအင်္ကျီလေးကြွားရင်း
    ချစ်ခစ်ျကြီးကို ချစ်တာလေးကြွားရင်း
    ဒီကလည်း အားတကျကျနဲ့ ဖတ်သွားပါတယ်ရှင်..

    ReplyDelete
  10. တခုခုတော့ ၀ယ်ပေးခိုင်းချင်နေပြီထင်တယ်။ တယ်နုနေပါလား ခွိခွိ

    ReplyDelete
  11. ကောင်းလိုက်တဲ့ သိဂါင်္ရ ရသလေး..။ အစ်မချစ်ရဲ့ ချစ်ကြွားလေးပေါ့နော်။ ဖတ်ရတာ ပျော်စရာကြီးး)))))

    ReplyDelete
  12. တကယ်ကို ခဏကလေးမှ ခဏကလေး...အဲဒီ အခိုက်အတန့်လေးဟာ ရင်ထဲက နှလုံးသားတစုံ နေရာတကျ ရှိနေကြောင်း အသေအချာ သိလိုက်တဲ့ တခဏလည်း ဖြစ်လေတယ်...

    မမ ဒီအသုံးနှုန်းလေးတွေ လမင်းမိုမိုတို့ လွန်းထားထားတို့ မတွေ့စေနဲ့... သူတို့ ခိုးသုံးသွားလိမ့်မယ်...

    ဖတ်ရတာ ကြည်နူးစရာလေး...

    ReplyDelete
  13. တယ်ကဗျာဆန်တဲ့စာပါလားဗျို့.. သဘောတကျဖတ်သွားတယ်

    ReplyDelete
  14. ဘောလုံးသမားဆိုရင်လည်း ဥုံဖွ လုပ်ပေးမှာပါ ။ လူကတော့တစ်ယောက်တည်းပဲလေ ဘောလုံးသမားဟုတ်တာနဲ့ မဟုတ်တာပဲကွာမှာကိုး ။
    ဒါနဲ့ အကိုကြီးဘောလုံးသမားဆို .မမချစ်လည်းမော်ဒယ်တော့အနည်းဆုံးဖြစ်ရမယ်နော် ..ဘောလုံးသမားမိန်းမတွေက အနိပ်စားတွေချည်းပဲ ဟိ။

    ReplyDelete
  15. အဟမ်း အဟမ်း တီတီ ချစ်ကြွားအေး အဲလေ (ခင်လို့စတာ)
    တီတီ ချစ်ကြည်အေးး))

    ReplyDelete
  16. စာဖတ်ရင်းနဲ့ ကိုယ့်ဗိုက်ကို ပြန်ပြန်ငုံ့ကြည့်မိတယ်.. ကြည့်ကြည့်တိုင်းလည်း သူရှက်လို့ထင်ပါရဲ့ ကျုံ့ကျုံ့ဝင်သွားတယ်.... :P

    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  17. ဟမ် မမရွှေဇင် သူက အိပ်မှ မအိပ်ရသေးတဲ့ဟာပဲ နိုးနေတာပေါ့လို့...:)

    ကိုယော...ဟုတ်တယ် မှန်တယ် အဲသလို ဖြစ်ရမှာ...:)

    တော်ပါပြီ ဆီစိမ်ရယ် သူက ၁၆နှစ်အောက်မှ ဝင်ကန်ချင်တာ....:)

    ဘာ...ကိုဂျီးကြောက် လူဂိုများ ကြွားတယ် ထင်နေလား ဖြစ်ရပ်မှန်နော် ဟွန်းးး)

    ချော ဒီအပျိုကြီးက ခုတလော အားတွေပဲကျနေပါလား... မိုရီယာမင်းသွင်းလေ ငှင်းငှင်း:)

    ကလူသစ် မှားသွားပြီ တခုမကဘူးဗျ...အညားဂျီး:)

    ညီမ လသာည ပျော်ရမယ်လေ...ဟက် ဟက်....:)

    ညီမ ပူးတေ စိတ်မပူပါနဲ့ကွယ် မမက အဲဒီ စကားလုံးတွေကို မူပိုင် ရေစစ္စလီလုပ်ပြီးသားကွဲ့....:)

    မရိုစ့် တို့က အမြဲ ဂဂျာချန်နေတဲ့ဟာပဲ....:)

    ဗစ်စ် မမချစ်ကလည်း မခေပါဘူးကွဲ့ မော်ဒယ့်ဘွားအေကြီး မယ်ဒေါ်လေ....ခွိခွိ...:)

    ချောင်းဆိုးနေသလား မိချောင်းခေါင်းလျက်ဆား ဆောင်ထားပါ အမောင် လုလင်ပြို...:)

    နေဝသန်...တိုက်ဆိုင်မှုရှိလျင် ခွင့်မလွှတ်လိုက်ပါနဲ့ကွယ်...:)

    ပျော်စရာ ကော်မန့်များအတွက် အားလုံးကို ကျေးဇူးပါ....:))

    ReplyDelete
  18. မာရာဒိုနာ ဗိုက်မကြည့်မိဘူးထင်တယ်!
    တမင်သက်သက် ခလုပ်တိုက်လိုက်တာ သိပါတယ် :D

    ReplyDelete
  19. ဟွန့်....အီတလီအသင်း အကျီလေးနဲ့ အစပျိုးပြီး တကယ်တော့ သူ့ချစ်ချစ်အကြောင်းကိုကြွားထားတာကိုးးးးး

    (ဖတ်ရတာ ရှက်လို့...၂ခါပြန်ဖတ်သွားတယ်.... ခွိ)

    ReplyDelete
  20. ဟုတ်ပါ့၊ အီတလီအင်္ကျီနဲ့စပြီး.... ကိုကိုနဲ့ အဆုံးသတ်သွားသကိုး။ မုဒိတာပွားလိုက်တယ်နော် အစ်မချစ်ရေ။း))

    ReplyDelete
  21. အမချစ်ပြောသလိုမုဒိတာပွားသွားပါတယ်..။ ကြွားပါ...ကြွားပါ...

    ခင်တဲ့
    သဒ္ဓါ

    ReplyDelete
  22. ကိုတည်ငြိမ်...မာရာဒိုနာက ဘောသမား ဟောင်းကြီးလေ... တမင်ဟုတ်ပေါင်ဗျာ....:)

    ဂျင်း နှစ်ခါဖတ်တော့ မှတ်မိသပေါ့ကွယ်....:)

    ဇွန်....ဟီး.ဟီး...ပြောတော့ဝူး...:)

    သဒ္ဒါ လိမ္မာတယ်...မုန့်လာယူမယ်နော်...:)

    ReplyDelete
  23. အမခင်ဦးမေ စကားလေးသုံးပါရစေ...လူတွေများလာလုပ်စရာရှိလို့လဲ စားတာရယ် သွားတာရယ် ကြွားတာရယ် ဒါပဲရှိတာလေ...။
    အမချစ် ကြွားတာလေးကို အားကျမိတယ်...တကယ်ပြောတာ...။
    အမချစ်နဲ့ အိမ်ကလူကြီး သက်ဆုံးတိုင် အမြဲချစ်နိုင်ကြပါစေ...။

    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete
  24. ချစ်ကြည်အေး---ရေ
ုကည်နူးမှု့ တွေဖြစ်သွားတဲ့အချိန်ကလေးမှာ အနမ်းကလေးတွေပါသွားတာရော
    ထည့်မရေးတော့ဘူးလား-ဆင်ဆာမဖြတ်နဲ့ လေဗျာ-
ုကည်နုးသွားတယ်ဆရာကတော်ရေ---အမြဲတမ်းတန်ဘိုးထားချစ်နိုင်ပါစေဗျာ-

    ReplyDelete
  25. ညီမမိုးငွေ့ ပေးတဲ့ဆုနဲ့ ပြည့်မှာပါ စိတ်ချ...:)

    ချစ်တတ်ကြသူတွေ အချင်းချင်း အဲသလို တိုက်ဆိုင်မှုတွေ ရှိတတ်ကြပါတယ် ညီမလေးရေ...:)

    ဂျစ်တူး မဟုတ်တာအေ...ညည်းလူကြီးကဖြင့် ဆေးလူးပေးပြီး အိပ်ထှာ တခေါခေါနဲ့ မနက်၂နာရီပွဲ ထကြည့်ဖို့တဲ့ အေ့...:)

    ReplyDelete
  26. မမ အမှတ်တွေ စွတ်ပေးချင်တိုင်း ဘောလုံးသမားက ဥုံဖွ မလုပ်တတ်ဘူးလေး ဘာလေးနဲ့ ကြံကြံဖန်ဖန်အေ.. :D

    ReplyDelete
  27. ချိုသင်းပြောတာ ထောက်ခံသွားတယ်...း))

    ReplyDelete
  28. ကော်မန့်တွေက ပို့စ်ထက်ရှည်လို့ ကုန်အောင်မဖတ်နိုင်ဘူး၊ အရင်မန့်လိုက်မယ်။ ချစ်စရာသိပ်ကောင်းတဲ့ ပို့စ်လေးတပို့စ်ပဲ။

    ReplyDelete
  29. ဟုတ်တယ်အစ်မရဲ့ ဘောလုံးသမားဖြစ်ရမှာနော်။ ဘောလုံးသမားဆို အစ်မလည်း WGAS ထဲစာရင်းဝင်နေပြီ ဟီး

    ခင်တဲ့(ချိုကျ)

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...