Sunday, June 27, 2010
ဂရိတ်စင်္ကာပူဆေးလ် နှင့် တနေ့သော စနေ
စင်္ကာပူမှာကတော့ တနှစ်ပတ်လုံး ဈေးချရောင်းနေတဲ့ ဆိုင်တွေ ဟိုမှာ ဒီမှာ အမြဲ တွေ့နေရ ပါတယ်။ ဒါပေမဲ့ GSS လို့ခေါ်တဲ့ Great Singapore Sale ကာလကို ရောက်ပြီဆိုရင်တော့ ပုံမှန်ထက် ဈေးပိုချတယ်လို့ ယုံကြည်ရပါတယ်။ GSS ကို STB-Singapore Tourism Board က ၁၉၉၄ ခုနှစ်ကမှစပြီး စတင်လိုက်တာပါ။ နှစ်စဉ် နှစ်တနှစ်ရဲ့ အလယ်လောက်မှာ စတင်လေ့ ရှိပြီး တလကျော် နှစ်လ နီးပါးကြာမြင့်ပါတယ်။ ဒီနှစ်တော့ မေလ ၂၈ ရက်နေ့က စပြီး ဂျူလိုင် ၂၅ရက်ထိ ကြာမြင့် ပါမယ်။
စလုံးနိုင်ငံသားတွေ ကိုယ်တိုင်က ဒီလိုကာလကို စောင့်ပြီး ဈေးဝယ်လေ့ရှိပါတယ်။ လိုချင်တဲ့ ပစ္စည်းလေးများရှိရင် ဈေးကြည့်ထား ပြီး ဒီလိုအချိန်ရောက်မှ ဈေးချမချ ကြည့်ပြီး ပြေးဝယ်လေ့ ရှိကြပါတယ်။ တကယ်ဈေးချရင်တော့ တကယ်ပဲ လူတိုးနေတာပါ။ အာကလန် ပါကလန် လောက် ချလို့ကတော့ အဲဒီဆိုင် လူမရှိမှာ သေချာပါတယ်။
ဒါနဲ့ မနေ့ညနေက ကျမတို့ ဈေးဝယ် ထွက်ခဲ့ကြပါတယ်။ ကျမတို့နှစ်ယောက်ရဲ့ ထုံးစံက အဲလို ဈေးဝယ်ထွက်ရင် တယောက်နဲ့ တယောက် ဝယ်ပေးလေ့ ရှိကြပါတယ်။ သူကြိုက်တာ လိုချင် တာ ရွေးတဲ့အခါ ကျမက ပိုက်ဆံရှင်းရပြီး ကျမ လိုချင်တာ ဝယ်တဲ့ အခါမတော့ သူထုတ်ပေးရ တာမျိုးပါ။
သူကြိုက်တယ်ဆိုတဲ့ အင်္ကျီ လိုင်းစင်း စိတ်စိတ်လေးတွေ အရောင်ကွဲ ၃ထည်(မီးခိုး၊ ဆင်စွယ်ရောင် နဲ့ အညို)ကျမ ဝယ်ပေး လိုက်ပါတယ်။ မူရင်းဈေး တထည် S$၃၅ကို အခု တထည် S$၂၅နဲ့ ဈေးချထားတာပါ။ အင်္ကျီအသား အရမ်းကောင်းပါတယ်။
သူကြိုက်တဲ့ ဖိနပ်ပါ။ အသစ်ရောက်တဲ့ ဒီဇိုင်းမို့ မူရင်းဈေး S$၁၁၉ကို ၁၀%ပဲ ချပါတယ်။
ကျမရဲ့ ရွေးချယ်မှု ဖိနပ်နဲ့ ခြေအိတ်၊ ဖိနပ်က မူရင်းဈေး S$၉၉ နဲ့ ခြေအိတ်က တစုံကို S$၉.၉၀ ကို ၁၀% ပဲချထားတာပါ။
၉ နဝင်းကျေ ယတြာချေနေသလိုပါပဲ...:)
ဈေးပတ်ပြီး ဗိုက်ဆာလာတော့ ဘာစားကြမလဲ စဉ်းစားကြရင်း ဆိုင်တွေ လျှောက်ကြည့်ရာက ဒီဆိုင်ရှေ့ ရောက်သွားတာ.... တရုတ်စာ...စားကြည့်ကြတာပေါ့လေ...ညစာကိုတော့ သူပဲ ဝယ်ကျွေးပါတယ်...:)
စားကောင်းမယ် ထင်တာလေးတွေ ရွေးမှာပါတယ်....ဟင်းပွဲစောင့်ရင်း ဟိုဟိုဒီဒီကြည့် ရသလောက် ဓါတ်ပုံရိုက်ပေါ့...
အလုပ်များနေတဲ့ စားဖိုမှူးတွေနဲ့ သူတို့ရဲ့ မီးဖိုချောင်...
ချစ်စရာ ဆိုင်အပြင်အဆင်လေး....ဝါးပင်တန်းလေးတွေက စိတ်ကို ကြည်လင်စေသလို မျက်စေ့လည်းအေးစေတယ်...
ခရက်ကာ...အဲဒါကတော့ ကျမတို့ မြန်မာ ငါးမုန့်ကြော်ကို မမီဘူး
ဒါက ပုဇွန်ကို ပဲလိတ် နဲ့ ငုံပြီး ကြော်ထားတာ Prawns Bean curd (Dry Tofu) Roll တဲ့
ဒါက အမဲသား အပြားကြော်...နူးနေပြီး စားရတာနူးညံ့၊ အရသာလည်းကောင်း...တပွဲကို Portion တော်တော် များပါတယ်....
ပုဇွန်-Hand made ခေါက်ဆွဲပါ...အရသာလေးက ချိုချိုပေါ့ပေါ့လေးနဲ့ တကယ် စားကောင်း ပါတယ်...
ဟင်းပွဲ စုံပါပြီ...စစားကြပါစို့....
အချိုပွဲက သရက်သီး ကောက်ညှင်းလိတ်....
ဒီဆိုင်က Tung Lok Group အောက်မှာ ရှိတဲ့ဆိုင်မို့ အရသာကတော့ ကျမ အထူးအထွေ မညွှန်းလို တော့ပါဘူးနော်
အဲဒီမှာ ပီကင်းဘဲကင် တကောင်ကို စလုံး ၄၈ ဒေါ်လာပါ၊ ပန်ကိတ်လေးနဲ့ ဘဲကင်အရေပြားနဲ့ လိတ်ပြီးစားမယ်ဆို နောက်ထပ် ၅ ဒေါ်လာ ထပ်ဆောင်းပေးရပါမယ်။ ဆားဗစ်ချာ့ခ်ျ ၁၀% ယူပါတယ်။ GST ၇% နဲ့ ထပ်ပေါင်းမှ ကျမတို့ စားခဲ့တာ ၄၂ ဒေါ်လာ ကျော်ကျော်ပဲ ကျပါတယ်။ ဟင်းအမယ်လည်း မများတာမို့ ဖြစ်ပါလိမ့်မယ်။ ကျမ သဘောကျတာက ဝန်ထမ်းတွေရဲ့ ဖော်ရွေ ချိုသာမှုကိုပါ။ နောက်တခါ လူများများနဲ့ တခေါက် ထပ်သွား စားချင်ပါသေးတယ်...:)
နှစ်ယောက်စာကို ဘတ်ဂျက် S$၅၀ အောက် တွက်ထားသူများ သွားစားကြဖို့ကိုလည်း တိုက်တွန်း ချင်ပါတယ်...
တိတ်တိတ်လေး ကြွား...အဲ ထပ်ပြောပြအုံးမယ်။ ကျမ ပူဆာလွန်းလို့ ထရက်မေးလ် ခေါ်တဲ့ လမ်းလျှောက်စက်ကြီး သူ ဝယ် ပေးသေးတယ်။ အဲဒါကြီးက မူရင်းဈေး S$၁၂၀၀ကျော်ကို S$၉၈၀ နဲ့ ချထားတာ။ အင်္ဂါနေ့မှ အိမ်လာပို့မှာမို့ ဓါတ်ပုံ ရိုက်မပြနိုင် တာ ခွင့်လွှတ်။ အံမယ် သူက အဲဒါကြီး ဝယ်ပေးခါနီး လူကို မယုံသလိုလိုနဲ့ တကယ်လုပ်မှာနော် တကယ်လုပ်မှာနော်နဲ့ အတန်တန် မေးသေးတာ။ ယခင် အတွေ့အကြုံတွေကလည်း သူ့မှာ ရှိသကိုး။ ဒါနဲ့ ကျမလည်း အရင်လုပ်ပုံအတိုင်း အင်းပါ တကယ် တကယ်နဲ့ ခေါင်းညိတ်ပြရသေးတယ်။ မကြာခင် ကမ္ဘာ့ ဈေးအကြီးဆုံး အဝတ်လှမ်းစင်ဖြစ်သွားမှာ သူက ကြိုမြင်နေ သတဲ့။ အံ့ရော...။
တယောက် နဲ့ တယောက် ချစ်ချစ်ခင်ခင်ပေါ့ အဲသလို တယောက်လိုချင်တာ တယောက်က ဝယ်ပေးလို့ ဆိုတော့ စိတ်ချမ်းသာ စရာ မကောင်းပေဘူးလား။ အဲဒီနေ့က ဝယ်ခဲ့သမျှ စာရင်း ပြန်ချုပ်တော့ သူဝယ်ပေးတာက နဲနဲလေး ပိုများနေလို့ အားနာရ သေး။ တကယ်ဆို ကျမက မျှတမှုကို မြတ်နိုးတယ်။ တဖက်စောင်းနင်း မတရားမှုကို မုန်းတီးတယ်။ တကယ်ကို အားနာ တယ်...:P
ဟိုးအရင်က ဖတ်ဖူးခဲ့တဲ့ တကွက် ကာတွန်းလေးတပုဒ် (ဆွဲသူ မမှတ်မိ) ပြောပြအုံးမယ်။ မိန်းမလုပ်သူက သူ့ယောင်္ကျားကို စကားပြောနေဟန် ရေးဆွဲ ထားတာ။ မိန်းမလုပ်သူ ပြောတယ်...
"အို ခင်က ဘာမဆို မျှမျှတတပဲ ကြည့် အခု ခင့်အတွက် ဇာဝမ်းဆက် တစုံဆို မောင့် အတွက်က ဇာပေါက်စွပ်ကျယ် တထည်"....တဲ့...ကိုင်း...
Subscribe to:
Post Comments (Atom)
ကိုယ် ချစ်တဲ့ကဗျာ
နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်
နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...
အင်း---ဂရုစိုက်လိုက်တာနော်-
ReplyDeleteအားကျတယ်ဗျို့ -အားကျတယ်--
အားကျတယ်ဗျို့
ReplyDeleteကွန်မန့်ရှည်ရှည်မရေးတော့ဘူး
တာဝန်နဲ့ဝတ္တရားအရ ဘောပွဲဖက်လှည့်လိုက်အုံးမယ်အမရေ
(ခုတောင် အားလပ်ချိန်ပေးတုန်း လာဖတ်သွားတာ...း) )
အာကလန် ပါကလန် လောက် (အာဂတန် ပါဂတန် နဲ.တူသလား ခင်ဗျာ?)
ReplyDeleteကိုယ်နဲ့သိပ်ခင်တဲ့ သူငယ်ချင်း ၂ယောက်မှာ ကမ္ဘာ့ဈေးအကြီးဆုံး အ၀တ်လှမ်းစင်တွေရှိတယ် ... သူတို့ဈေးကြီး မိကတည်းက ကိုယ်လဲ မ၀ယ်တော့ဘုး ... ဟီးဟီး ...
ReplyDeleteအိမ်မှာ ဘာကြွား အဲ့ ဘာဘလော့ဂ်စရာရှိလဲ မသိဘူး။ လိုက်ရှာလိုက်အုန်းမယ် :P
ReplyDeleteဖတ်နေတုန်းမှာပဲ အင်္ဂလန်ရှုံးသွားပြီး
ReplyDeleteသြော်..Addidas လေးတွေမြင်ရပြန်ပြီ။ သွားတော့မယ်...ဖင်နာ...အဲလေ..စိတ်နာတယ်။
ReplyDeleteစားစရာ ရှိတာတွေ စားပြီးပြန်ပြီ
ReplyDeleteJust want to eat Beijing Duck and go shopping there!!!!
ReplyDeleteအယ်
ReplyDeleteအစ်မ တကယ်ချတော့မယ်ပေါ့
တစ်လ ဘယ်နှပေါင်နှုံးနဲ့ ချမှာပါလိမ့်...
အဲဒီစက်ကြီးတော့ စိတ်ဝင်စားသား..
ဒါပေမဲ့ အစားအသောက်ကို ပိုပြီး စိတ်ဝင်စားမိတယ်..း)
များများစားတာဘဲ ကောင်းမယ် ထင်ပါရဲ့..
ခုတလော ကြွားတာတွေ သိတ်များနေပြီ...
ReplyDeleteဘာပြန်ကြွားရမလဲ..စဉ်းစားလိုက်ဦးမယ်...
Jurong Point Zhou's Kitchen, is it? If you like roasted duck, try Din Xiao Er (after 2 or 3 shops beside Zhou's kitchen). $38++ for set menu for 2 persons. They are speciallised for roasted duck. Pls do try there. I like the roasted duck from there.
ReplyDeleteWD.
ကိုယ့်အပြင် နောက်ထပ် အ၀တ်လှမ်းစင်ဝယ်သူတစ်ယောက် တိုးလာလို့ ၀မ်းသာမိပါကြောင်း .. :P
ReplyDeleteသူ့ ပိုက်ဆံကိုယ့်ပိုက်ဆံရှိသေးတာကိုး ..
ReplyDeleteဒါလည်းတစ်မျိုးပဲ ..
ကမ္ဘာ့ဈေးအကြီးဆုံး အဝတ်လှမ်းစင်တဲ့လား... ဟားဟား... အဲဒါကိုတော့ သဘောကျသွားတယ်။ နောက်တစ်ခါ အိမ်လာလည်ရင် အဝတ်စင်ကြီး ... အဲလေ... ထရက်မေးလ်ကြီးကို ကြည့်ဦးမယ်။ :P
ReplyDeletevery nice writer,thank for shearing,may i know which brand sport shirt? i like gray one.
ReplyDeleteအို ခင်က ဘာမဆို မျှမျှတတပဲ ကြည့် အခု ခင့်အတွက် ဇာဝမ်းဆက် တစုံဆို မောင့် အတွက်က ဇာပေါက်စွပ်ကျယ် တထည်
ReplyDeleteဒီလိုကို မျှမျှတတ လုပ်ချလိုက်တာပေါ့ အမချစ်
ခင်မင်စွာဖြင့်
seesein
ဂျစ်တူး၊ မောင်လေး...အားကျစေချင်လွန်းလို့ပါ....:)
ReplyDeleteGF>>အာကလန် ပါကလန် ပဲ ကြားဖူးတယ်၊ အာဂတန် ပါဂတန် နဲ့ တဝမ်းကွဲတွေ ထင်ပါရဲ့...:)
တီဆွိ....အဖော်ရအောင် ဝယ်လိုက်ပါ...:)
ကလူသစ် ဒါများ လိုက်ရှာနေရသေး ကြွားတတ်ရင် ပိုစ့်ဖြစ်တယ် ငှဲလျောင်း ငှဲလျောင်း....:)
ကိုတည်ငြိမ်အေး ဟယ်...မန့်နေတဲ့ အချိန်မှာပဲ အင်္ဂလန် အိမ်ပြန်သွားပါရောလား....:)
မိုးကြီး အဲဒီ့ဒတ်စ်နဲ့ စိတ်နာတာ ဘိုပတ်သက်တုန်း....:)
မမချွေချင် အို မစားနဲ့လေ အဲဒါ မနေ့ညက သွားစားထားတာတွေ အော့အော့တွေ ဖြစ်ကုန်ပြီ...:)
ချော...အေးလေ အစားအသောက်က ပိုကောင်းပါတယ်...:)
ကိုကြီးကျောက် ဒါလေးကြွားမိပါတယ် ဟွန်း သိတ် စန်းစတစ်ဖ် ဖြစ်တာပဲ....:)
အမည်မသိ WD>> ဆိုင်အညွှန်းအတွက် ကျေးဇူးပါ အဲဒီဆိုင်ကို သိတယ်၊ လူတန်းရှည်တွေ့လို့ ဝင်မစားဖြစ်တာ..ဗိုက်ဆာနေတာမို့...:) သွားစားကြည့်ပါမယ်...ပိုစ့်တပုဒ်ထပ်ရတာပေါ့...:P
အမည်မသိ>>ကွန်ဂရက်ကျူလေးရှင်းပါ အတူတူ အဝတ်လှမ်းကြပါစို့ :)
ညီမဇွန်...လာအဝတ်လှမ်း ...အဲလေ လာကစားလို့လည်း ရပါတယ်လို့...:)
ritcivil84singapore>> ကျေးဇူးပါ...ဆိုင်နာမည်က Z တဲ့ လိပ်စာက #03-15 , Jurong Point shopping Mall ပါ Branded တော့မဟုတ်ဘူးပေါ့...ဒါပေမဲ့ ဝတ်ပျော်ပါတယ် Happy Shopping....:))
ဆီစိမ် အဟားဟား ဟုတ်တယ် တို့က အဲသလို မျှတတာ...:P
ညီမဗစ်စ်ရေ...ညီမ နားလည်လိုက်တာနဲ့ အမပြောချင်တာနဲ့ နားလည်မှု လွဲနေတယ်၊ သူ့ပိုက်ဆံ ကိုယ့်ပိုက်ဆံ ခွဲတာနဲ့ တယောက်အတွက် တယောက် ဝယ်ပေးတာ မတူပါဘူး...
ReplyDeleteMy money is my money and his money is my money too! ဟ ဟ အဲသလို...:))နောက်တာ...:P
လကုန်လို့ နှစ်ဘက်မိဘ ကန်တော့တာတွေ၊ အထွေထွေ အိမ်စားရိတ် တွေကို သူပဲ တာဝန်ယူတာပါ၊ ပြီးမှ နှစ်ယောက်သား တလအတွက် အသုံးစားရိတ်၊ လူမှုရေး၊ အလှူ၊ သာရေးနာရေး အားလုံးအတွက် ခန့်မှန်း ခြေနဲ့ဖယ်ထားတယ်။ တလအတွက် သူ့ရဲ့ သွားလာရေး၊ စားသောက် စားရိတ်တွေ သူ့ဘဏ်ထဲမှာချန်၊ အမရဲ့ သွားလာ စားသောက် စားရိတ် တွေ အမဘဏ်ထဲမှာ ချန်ပြီး ပိုတာကို Joint A/C ထဲမှာ စုကြပါ တယ်။ သူ့အတွက် တလအသုံးစားရိတ် နဲ့ အမကိုယ်ပိုင် တလ အသုံး စားရိတ်တွေပဲ ဘဏ်ထဲ ချန်ထားကြတာလေ...။
အဲဒီထဲကမှ အင်္ကျီလေး ဖိနပ်လေး ကိုယ်ကြိုက်တာ ကိုယ်ဝယ်ကြတာပဲ။ နှစ်ယောက်အတူ သွားကြတဲ့အခါ အဲဒီ့ ကိုယ်ပိုင် အသုံးစားရိတ်ထဲကမှ အမှတ်တရ ပြန်ဝယ်ပေးလေ့ ရှိကြတာမျိုးပါ...ညီမ သဘောပေါက်ပြီ ထင်ပါရဲ့...:)
သဘောမပေါက်သေးရင် အသုံးစားရိတ် စီမံခန့်ခွဲပုံကို ပိုစ့်တခုအဖြစ် ထပ်တင်၍ ရှင်းပြပါမည်....သဘောတူကြပါသလား....:P
i agree :P
ReplyDeleteသဘောမပေါက်သေးရင် အသုံးစားရိတ် စီမံခန့်ခွဲပုံကို ပိုစ့်တခုအဖြစ် ထပ်တင်၍ ရှင်းပြပါမည်....သဘောတူကြပါသလား....:P
ReplyDeleteသဘူတော ပါတယ်မမချစ်... ကန့်ကွက်မယ့်သူ မရှိပါရှင်... အတုယူချင်လို့ပါ။ ပူးတေတိုပလို ဂျူနီယာလေးတွေက မမချစ်တို့လို စီနီယာတွေဆီက အတုခိုးရမှာဘာာာာာ....း)
မမ မိန်းကလေးက ပိုသုံးရတာမျိုး၊ ပိုဝယ်ရတာမျိုး၊ ပိုဦးစားပေးခံရတာမျိုး ပိုပိုသာသာ ရေးပါ။ ရှူးတိုးတိုး ဘူမှ မတိစေနဲ့။ :)
အမချစ်ကြည်ရ... အမကတော့ အကောင့်ကိုးလို့... စည်းကမ်းတကျ အသုံးစားရိတ် စီမံခန့်ခွဲတာတွေရှိတာပေါ့လို့... စုချစ်တို့တော့ အဆင်ပြေသလို ကြုံတဲ့သူက ပေးသွားတာ... ဘာစည်းကမ်း ကလနားမှလဲမရှိ... သူများတွေက နင်တို့ ကလေးမှ မရှိတာ ဘာမှကုန်စရာမရှိဘူးတဲ့... ကိုယ်ကတော့ ကိုယ့်ဝမ်းနာကိုယ်သာသိ... ဘာကလေးမှ မရှိပဲ ကလေးတွေရှိတဲ့သူထက် အကုန်အကျပိုများနေလို့... ။
ReplyDeleteဒါပေမဲ့ အဲသာတွေက အလှူအတန်းကြောင့်မို့ ပေးရကမ်းရတာတွေမို့ ကုသိုလ်ရတယ်လို့ပဲ တွက်လိုက်တော့တာပါပဲ မမရယ်...
စကားမစပ်... အမချစ်ကြည်ရေ... တရုတ်စာကြိုက်ရင်လေ... ဘုကစ်ဘတုတ် WestMall က မားရင်ဆိုင် (Mayim Chinese Cuisine - http://www.mayimfood.com/) မှာ စမ်းစားကြည့်ပါလား... ဗမာပါးစပ်နဲ့ အရမ်းတဲ့တယ်။ သူငယ်ချင်းတွေလာရင် အိတ်ဆိုင်မှာ လိုက်လိုက်ကျွေးတာ အားလုံး သဘောကျကြတယ်။ ဈေးလဲ သိပ်မကြီး အရသာလဲ ကောင်းလို့ စုချစ်တော့ ကြိုက်တယ်တော့...
း-)
အမည်မသိ-အဂရီးတဲ့ အတွက် ရေးပါမည်...:)
ReplyDeleteညီမလေး- သဘောပေါက်တယ် ဆိုလို့ ကျေးဇူး...ဒါမဲ့ ရေးအုံးမှာ..:)
ညီမပူးတေ-ရေးချင်ရက် လက်တို့ ဖြစ်သွားတယ် ဟက် ဟက် လာမယ် လာမယ် မျှော်ဟော်ဟော်...:)
ဟုတ်ပ ညီမ စုချစ်ရေ ကလေးမရှိလည်း ရှိတဲ့သူတွေထက် ပိုကုန်တာပဲ လက်တွေ့ လက်တွေ့၊ ဘူကစ်ဘတုတ်က အဲဒီဆိုင်လည်း Q တန်းရှည် တယ်နော် အမသိတယ် အဲဒီဆိုင်ကို ဘာလီထိုင်းနားမှာ ထင်ပါရဲ့...:)
ဖတ်ရတာ ပျော်စရာကြီး...း)))))
ReplyDeleteခင်မင်တဲ့
နေ၀သန်
အမချစ်...အယ်ဒီဒတ်စ်တော့ ကြိုက်တယ်...ပုဇွန်ပဲလိတ်စားချင်တယ်... အမဲသားဟင်းလဲ စားချင်စရာ....ဟွန်းးး မြင်သာမြင်ရ မကြင်ရဘ၀ပါလား..။ ဒါပဲ အဲဒါတွေစားစားပြီးတော့ ၀ယ်လာတဲ့ စက်ပေါ်လဲတက်ဦးနော်...း)
ReplyDeleteခင်မင်စွာဖြင့်
မိုးငွေ့
အစ်မချစ် တကယ်ကြီးကို ၀ိတ်ချတော့မယ်ပေါ့းD
ReplyDelete၀ိတ်မချခင် စားပြတဲ့ အစားအစာတွေကလည်း စားချင်စရာတွေချည်းပဲ။ ပုဇွန်ကို ပဲလိတ် နဲ့ ငုံပြီး ကြော်ထားတာ ကိုစားပြထားတာ မြင်ပြီး သွားရည်ကျသွားတယ် တောက်...း)))
လာလည်ချင်လိုက်တာ။ စိတ်တူကိုယ်တူဈေးဝယ်ထွက်ကြတာပျော်စရာကြီးပဲ။
ReplyDeleteအစားတွေလည်းငေးသွားပါတယ်။
အား...........ကျတယ်လို့ပြောမလို့ပါနော်။ သားက စကားထစ်သွားလို့ သာယာချမ်းမြေ့တဲ့ အိမ်ထောင်ရေးလေး ရတုအဆက်ဆက် တိုင်ပါစေဗျား
ReplyDeleteခင်တဲ့(ချိုကျ)
အာကရံ ပါကရံ က အမှန်ထင်ပါတယ်။ ဆရာကြီး ဦးတင်မိုး ရဲ့ ကဗျာမှာ အာကရံ ပါကရံ လို့သုံးပါတယ်။ သေချာတော့ မသိပါ။ အဓိပ္ပာယ် ကွဲ အသုံးအနှုန်းလည်း ဖြစ်နိုင်ပါတယ်။
ReplyDeleteကဗျာ link - http://moemaka.com/index.php?option=com_content&task=view&id=248&Itemid=38
အိတ်ထဲက ငွေလည်း လျော့သွားရော ပျော်ရွှင်ခြင်းက ရောက်လာရော နဲ့တူတယ်နော်။
ReplyDeleteသူတို့ ကဆေးချလေ တို့ တွေကပြောင်လေ ဆိုတော့ သိပ်..သိပ်စိတ်နာတယ်။
ReplyDeleteနေဝသန် ကော်မန့်ပြန်ရတာ ပျော်စရာကြီး...:)
ReplyDeleteညီမ မိုးငွေ့ ဟဲ ဟဲ ဟဲ ....:)
ညီမ လသာည ဂယ်လုပ်တော့မှာ...:)
ရှင်လေး...လာခဲ့လေ အတူဈေးဝယ်ထွက်ကြတာပေါ့...:)
မောင်လေး ကျိုချ..အဲ အမက စကားပြောင်းပြန် ပြောတတ်တယ်ဟ:)
ကိုယော...ဟုတ်မယ်ဗျ...သတ်ပုံကျမ်းမှာ ရှာတာမတွေ့ဘူး ဘမ်းစကားကနေ ကာလရွေ့လျောလာတာ ဖြစ်မယ်...ဆရာကြီးရဲ့ အာကရံ ပါကရံက မှန်နိုင်ပါတယ်၊ အဓိပ္ပါယ်တူတူပါပဲ၊ အသေးအမွှား ဘာမှ မဟုတ်တာကို ညွှန်းတာပါ...:)
မောင်မြစ် မှန်လိုက်လေ...အကုန်လိုချင်လို့တော့ မရဘူးလကွယ် တခုလိုချင် တခုပြန်ပေးရတာပဲဟ...:)
ညီမစုစု ဟုတ်တယ် ဆေးလေ ပြောင်လေပဲ အမ်...:p
ကော်မန့်များ အားလုံးအတွက် ကျေးဇူးပါ ...:))
အစကတော့ သူ့ဖိနပ်က ရာကျော် ကို အမဖိနပ်က ၉ ၉ ပဲမို့အမ က မိန်းမ (အိမ်ထောင်ရှင်မ ပီပီ) အနစ်နာခံတာလားလို့
ReplyDeleteနောက်ဆုံးရောက်မှ တက်မည့်ဆင်မလှမ်းဆုတ်တာ သိရလို့ ရယ်မိတယ်
ဟားဟားဟား
တက်မည့်ဆင် တလှမ်းဆုတ်ရေးတာ မွှားသွားတယ်
ReplyDelete