လူကိုလူချင်း ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နှက်နေသတဲ့
အပြုံးအစစ် စကားလုံးအနှစ်
ကောင်းကင်အသစ်တွေနဲ့ချည်း ဖွဲ့စည်းလို့ထားတဲ့ နေရာ...
မြက်ခင်းစိမ်းနုနု ငှက်အပြာ အုပ်စုဖွဲ့ပျံသန်းရာ
ငြိမ်းချမ်းရေးမိုးတိမ်ထဲ အတောင်ပံတဆုံး လွတ်လပ်စွာ ဖြန့်ကျက်
လူသတ်လက်နက်ဆိုတဲ့ ဝေါဟာရ
တခါမှ မကြားဖူးကြတဲ့နေရာ...
တုံးအောက်ကဖားလို ပြားနေဖို့တွေလည်း မရှိ
ကျီးနင်းခိုက်မို့ ကြွေကျတဲ့ ထန်းသီးတလုံးအတွက် အပြစ်ရှာမဲ့သူလည်း မရှိ
တွင်းနက်နက်တူးနေတဲ့ အတ္တအထုပ်အပိုးနဲ့ လူတွေလည်းမရှိ
ဒါပေမဲ့....
ရေချိုလည်းရှိ ရွှေဆိုလည်းရှိ ငွေလိုလည်း ရှိတဲ့နေရာ...
ဖုန်းဆိုးမြေဟောင်းတွေလှန် အသက်မဲ့ကြယ်ကြွေတွေ မြေမြှုတ်
မသိုးမပုပ် မဟောင်းမမြင်း အဇ္ဈတ္တ မှန်ကူကွက် အတွင်း
သစ္စာတရား နဲ့ စီးချင်းထိုး
အဓမ္မ အညစ်အဆိုးတွေ အတုန်းအရုန်း လဲပြို ကျဆုံးတဲ့နေရာ...
ဟော...ဟိုးမှာ...!
ငါတို့ရဲ့ မျှော်လင့်ချက် ပန်းတိုင်ဆီ
တွဲလက်တွေ ညီညာချိတ်ဆက်
အသက်တွေ ဝဝရှူ
မူဝါဒမှန် အနာဂတ်
ရိုးသားခြင်းချပ်ဝတ်တန်ဆာ ကိုယ်စီခြုံလွှမ်း
မှန်းဆလို့ ကြည့်စမ်းပ...ရွှေပြည်ဝင် လမ်းအဝ မှုန်ပြပြငယ်လေ......။
ဟိုက်. . ဒါတွေလည်း ရတာပဲလား။
ReplyDeleteဂလိုတွေ စပ်တတ်တော့ဘူး။
ကြိုက်တယ်ဗျာ။
အမချစ်ရေ..
ReplyDeleteအဲလိုမျိုးရွှေပြည်ကြီးအမှန်တကယ်ပေါ်ထွန်းလာဖို့မျှော်လင့်ရတုန်းပဲနော်..။
ကဗျာလေးကိုအရမ်းကြိုက်သွားပြီ..။
ခင်တဲ့
သဒ္ဓါ
ရွှေပြည်တော် မျှော်တိုင်း မဝေးချင်ဘူး အစ်မချစ်ရယ်...
ReplyDeleteအဲဒီရွှေပြည်ကြီးက ဘယ်မှာလဲဟင်???
ReplyDeleteဘယ်တော့ဖြစ်လာမှာလဲဟင်???
ညီမလေးတို့ မသေခင်တောင် မြင်ခွင့်ရပါ့မလား :((
အမြန်ဆုံးပေါ်ထွန်းလာနိုင်ပါစေလို့ပဲ မျှော်လင့်ရင်း....
Dreamer, အဲဒီလိုပဲတွေးကြည့်ကြ ဖြစ်ချင်ကြပါတယ်၊
ReplyDeleteဒါပေမဲ့ ရွှေဆိုလည်းရှိ ငွေလိုလည်း ရှိနေတော့………
အဓမ္မ အညစ်အဆိုးတွေ ရှိနေမှာပဲ………..
မှန်းဆမြင်ယောင်ကြည့်လိုက်တယ်... တနေ့နေ့ပေါ့....
ReplyDelete၂၀၁၀ အောက် တိုဘာ ဆိုရင် မှုန်ပြပြလေးက ကွဲပြားလာမှာပါတဲ့ ..
ReplyDeleteကိုင်း...ပုံပြင်လေး ကတော့ ဒါပါပဲကွယ်....
အဲဒီနေရာလေး အမှန်တကယ် ပေါ်ထွန်းလာဖို့
ReplyDeleteမျှော်လင့်လို့တော့မဆုံးနိုင်တယ်
ပါပဲ အစ်မရယ်။
ရွှေပြည်လမ်းအ၀ မှုန်ပြပြကို ကဗျာဖတ်ရင်း မြင်ယောင်နေမိတယ်...။
ReplyDeleteအမချစ် ကဗျာလေး သိပ်ကောင်းတယ်ဗျာ....။
စကားလုံးတိုင်း စာပိုဒ်တိုင်းက သိပ်ကို နူးညံ့ကြည်စင်တာပဲ ပြီးတော့ အဲဒီတိုင်းပြည်လေးက ကဗျာထဲကနေဘယ်တော့ ထွက်လာမလဲလို့ မျှော်နေမိတယ်....။
ခင်မင်စွာဖြင့်
မိုးငွေ့
This comment has been removed by the author.
ReplyDeleteချစ်ကြည်ရေ တခါက လိုချင်တာ နေရာ ဆိုပြီး ရေးခဲ့ဖူးတယ်။
ReplyDeleteချစ်ကြည်လိုတော့ မလှဘူး...
ဒါပေမဲ့ သေချာတာကတော့ တနေရာထဲပါပဲ..
ဒီမှာ ကြည့်လိုက်ပါဦး
ရေးထားတာ လှလိုက်တာ ... ဒါပေမဲ့ ဖတ်ရင်းဆွေးသွားတယ် ..ဘာ့ကြောင့်လဲလို့တော့မပြောတော့ပါဘူးး(
ReplyDelete