ပိုပြီး စိတ်ဝင်စားသွားတာက ကျမက ဘာလီပြန် ပူပူနွေးနွေး မဟုတ်တောင် သိတ်ပြီး မအေး စက်သေးတဲ့အတွက်ရယ်၊ ကျမတို့ နေခဲ့တဲ့ Kuta Beach မှာ ဖြစ်နေလို့ရယ်ပါ။
သတင်းကိုတော့ အသေးစိတ် မရေးတော့ပါဘူး။ ခြုံပြောရရင် အိန္ဒိယလူမျိုး စင်္ကာပူပီအာ ခံယူထားတဲ့ Film Maker - Mr.Virmani ဆိုသူဟာ လာမဲ့ July မှာလုပ်မဲ့ Melbourne Int'L Film Festival အတွက် Documentary short film တခု ဘာလီ Kuta Beach မှာ သွားရိုက်ရာက စခဲ့ပါတယ်။
သူ တင်ပြချင်တာက ဘာလီရဲ့ အလှအပ နဲ့ Beach ကို အမှီပြုလို့ အသက်မွေး ဝမ်းကျောင်း ပြုနေကြတဲ့ Cowboys တွေရဲ့ နေ့စဉ်ဘဝ ဖြစ်နိုင်ပါ တယ်။ ဒါပေမဲ့ ဘယ်လို နားလည်မှု လွဲ ကြတယ် မသိဘူး။ ဘာလီဟာ ဒီ Cowboys တွေကြောင့် အကျည့်တန် စေတယ်။ Cowboys တွေကိုလည်း ဂျစ်ဂလိုတွေ(Gigolo) လို့ စွပ်စွဲပြောဆိုတယ်လို့ ဖြစ်လာတယ်။ အဲဒီမှာ Cuta Beach ရဲ့ တာဝန်ရှိသူတွေက Beach Boy တွေကို ခေါ်ယူစစ်ဆေး မေးမြန်းတာတွေ လုပ်လာ ကြတယ်။
တိုတိုပြောရရင် ဒါကို Beach Boy တွေက မကျေနပ်ဖူးပေါ့။ သူတို့ ဒီလိုနေ-စားလာတာပဲ ဆယ်စုနှစ်မက ရှိခဲ့ပြီ ခုတော့ ဒီ Film-Maker ကြောင့် လို့ဆိုတယ်။ Mr.Virmani ကလည်း ပြောရှာပါတယ်။ Beach Boys တွေအတွက် သူစိတ်မ ကောင်းတဲ့ အကြောင်း၊ သူပေးချင်တဲ့ မက်စိပ်က ဒါ မဟုတ်ကြောင်းပါ။
ကျမလည်း Kuta Beach မှာ နေခဲ့တော့ Beach Boy တွေနဲ့ Foreigner အမျိုးသမီးတွေရဲ့ နေထိုင် ဆက်ဆံပုံတွေ တွေ့ခဲ့တာပါပဲ။ တယောက်နှုတ်ခမ်းမှာ တေ့ထားတဲ့ စီးကရက်ကို တယောက်က ယူသောက်လို့၊ အုပ်စုလိုက် ဝိုင်းဖွဲ့ ထိုင်လို့၊ တီးကြ မှုတ်ကြ ဆိုကြ ကကြ နဲ့ပါပဲ။ ကျမ အနေနဲ့တော့ ထူးဆန်းတယ် လည်း မထင်ခဲ့မိပါဘူး။ ဘာလီမှာ Beach Boys တွေနဲ့ နိုင်ငံခြား သူတွေ တွေ့ရသလို၊ ထိုင်းသွား ရင်လည်း ထိုင်းမတွေကို နိုင်ငံခြားသား လူဖြူတွေနဲ့ တွဲလျက် တွေ့ရမှာပါပဲလေ။ ဆန်ပေးလို့ ဆီရနေကြတဲ့ ကိစ္စမို့ အထူးတလည် ဖြစ်မ နေတော့ ပါဘူး။
သတင်းစာထဲမှာပါတဲ့ Beach Boy တချို့ရဲ့ ပြောစကားတွေကဖြင့် ပိုစိတ်ဝင်စားစရာပါပဲ။
"ငါတို့က လာသမျှလူတွေကို တာဝန်ကျေအောင် ဧည့်ခံရမှာပဲ။ တချို့ အမျိုးသ မီးတွေက ငါတို့ကို တိုးဂိုက်အနေနဲ့ ငှားတယ်။ ငါတို့ ပါသွား တဲ့အတွက် လမ်းခရီး တလျှောက်မှာ အမှတ် တရ ပစ္စည်းဝယ်ရင် ဘာမဆို သက်သာတဲ့ဈေး နဲ့ရတယ်။ များသောအားဖြင့် အဲဒီရက် တွေမှာ သူတို့စားသလို အကောင်းစား တွေ စားရတယ်။ တချို့ အမျိုးသမီးတွေနဲ့ ငါတို့ ၂ရက်-၃ရက်ကြာရင် သူတို့ ဟိုတယ် ခန်းထဲ ရောက်သွားကြ တယ်။ ဒီအတွက် ငါတို့ ပိုက်ဆံမ ယူဘူး ဒါကြောင့် ငါတို့ဟာ ဂျစ်ဂလိုတွေ မဟုတ်ဘူး" သူတို့လိုချင်တဲ့ သာယာမှု ကို ငါ တို့ကပေးပြီး သူတို့က နာရီ စတဲ့ အဖိုးတန်လက်ဆောင်တွေ ပြန်ပေးတယ် လို့ ပြောကြတယ်။
"အမျိုးသမီးတယောက်ဆိုရင် ငါ့ကို နောက်နှစ်မှာ ဂျာမဏီကို သူနဲ့အတူ ခေါ်သွားပါ့မယ်လို့ ဂတိများတောင် ပေးတယ်။ အဲသလိုသာ တကယ်ခေါ်သွားရင် ငါကတော့ အဲဒီ အမျိုးသမီးကို လက်ထပ်ခွင့်တောင်းပြီး ပေါင်းသင်းမယ်။ ဂျာမဏီ ကျရင်တော့ ငါ့ဘဝဟာ ခုလို မဟုတ်တော့ ဘူး ဆင်းရဲတွင်းက လွတ်ပြီလို့" ပြောသတဲ့။ တကယ်လည်း သူတို့ဘဝမှာ ငတ်တခါ ပြတ်တ လှည့်တွေ ရှိခဲ့ပါသတဲ့။ ဘာလီ လိုနေရာမျိုးဟာ ခြောက်သွေ့တဲ့ ပွင့်လင်းရာသီ ရောက်မှသာ သူတို့လေးတွေလည်း အူစိုရပေတာကိုး။ တကယ်တမ်းကျတော့ ဂတိပေး သွားတဲ့ အမျိုးသမီး ကဖြင့် ဂျာမဏီကို ခေါ်မသွားခဲ့ပါဘူး။ ပြောရရင်တော့ Beach Boy လေးတွေဟာ အပျော်ကြံ သွားခြင်း ခံရရှာသူတွေ လို့တောင် ရယ်ပွဲဖွဲ့ ပြောရမလိုလို...။ ဒီလိုနဲ့ပဲ သူတို့လည်း နောက်ထပ် လာသမျှ အသစ်အသစ်သော နိုင်ငံခြားသူတွေနဲ့ ချစ်ပွဲဝင်ကြပြန် တယ်။
Beach Boy တွေဟာ အအေး၊ စီးကရက်ရောင်းတယ်၊ Beach ထိုင်ခုံနဲ့ ရောင်စုံထီး တွဲထားတာတွေ ငှားစားတယ်။ တချို့လည်း Surfing သင်ပေးနိုင်ကြသူတွေပါ။ Beach မှာ အလုပ်လုပ်တဲ့ သူတွေဟာ များသောအားဖြင့် ဘာလီကျွန်းပေါ်ကချည်း မဟုတ်ပဲ ဂျာဗားကလာသူ တွေလည်းရှိ၊ တချို့လည်း ဝပ်ပါမစ် မရှိပဲလုပ်နေသူတွေတောင် ရှိသတဲ့။ ဘာပဲဖြစ်ဖြစ် ခုတော့ အရင်လို အနေအစား မချောင်တော့ပဲ တာဝန်ရှိသူတွေရဲ့ စောင့်ကြပ် ကြည့်ရှုမှုအောက်မှာ Beach Boy တွေ အတော် စိတ်အကျဉ်းကျနေကြလေရဲ့။
ယူကျူ့က ဗီဒီယိုကိုတော့ ဒီမှာ ကြည့်နိုင်ပါတယ်
တွေ့ခဲ့လားလို့ မေးမလို့ ရှိသေးတယ် ရေးလိုက်ပြီး၊
ReplyDeleteHard Rock နားမှာရှိတယ်၊ တကယ့်ကြေးစား၊ ဘာလီရဲ့ ဝင်ငွေ တစ်ခုပါပဲ၊
အဲဒါကိုတော့ ရဲတွေထိရဲမှာ မဟုတ်ဘူး၊
မနေ့ညက CNA သတင်းမှာကြည့်လိုက်ရပေမယ့် အမရဲ့ပိုစ့်ကို ဖတ်လိုက်ရမှ Beach Boy တွေအကြောင်း သေသေချာချာသိသွားတယ်။ ကျေးဇူးနော်။
ReplyDeleteတကယ်တော့ မထူးခြားလှပါဘူး။
ReplyDeleteဒီလိုပဲ ဖြစ်တတ်ပါတယ်။ ပေးချင်တဲ့ မက်ဆေ့က တစ်ခု ရသွားတာ တစ်ခု . . .။ ဘာပဲ ပြောပြော သူတို့ အတွက်လည်း ပြောင်းလဲခြင်း တစ်မျိုး ဖြစ်လာမှာပါပဲ။
သတင်းမကြည့်လိုက်ရတဲ့ ဇွန့်အတွက် ဒီပိုစ့်ကို ဖတ်ရလို့ ကျေးဇူးပါ အစ်မချစ်ရေ။
ReplyDeleteစိတ်ဝင်စားဖို့ ကောင်းတယ်။ :)
ReplyDeleteသူငယ်ချင်း မျှဝေ ပေးသွားတာကို ဖတ်မှတ်သွားပါတယ်နော်
ReplyDeleteဘယ်နဲ့ အဖျားရော ပျောက်သွားပြီလား စိတ်ကြီး လှကြီးလား ဘလော့ဂါ ကြီးရယ်
ခင်တဲ့
ရွှေစင်
သြော်...သူတို့ခမျာ လုပ်ကိုင် စားသောက်ရတာလည်း မလွယ်ပါ့လားနော် :)))
ReplyDeleteဗဟုသုတရစေလို့ ကျေးဇူးစ်ပါ မမချစ်(စ်)
ဂျင်ဂျင်း(စ်) :D
တီဗီမှာကြည့်ရင်းနဲ့ အမရဲ့ပို့စ်ကိုသတိရနေတာဗျာ။
ReplyDeleteမချစ်ရေ...
ReplyDeleteမြသွေးတို့ဆီမှာလည်း ဒီလိုဆန်ဆန်တွေ ရှိနေတယ်။ သူတို့က Beach မှာနေတာတော့မဟုတ်ဘူး။ Beachကို အတူပါလာတာ။ ပိုဆိုးတာက အတူပါလာတာက ယောကျာင်္းလေးတွေမဟုတ်ဘူး။ မိန်းကလေးတွေ။ စိုးရိမ်စရာနော်။
အင်ဒိုးသူငယ်ချင်းတွေပြောတာကြားဖူးတယ်
ReplyDeleteမင်းဘာလီမှာ အဲလိုလုပ်ပါလားတဲ့ နောက်ကျသေး “မာယာ့ဘာ့ဂို့စ်”တဲ့
လေ အရမ်းကောင်းဆိုပဲး)
နိုင်ငံခြားသားတွေ မှာ အမျိုးသမီးရော အမျိုးသားရော အဲလိုဘွိုင်းလေး တွေကို တွဲခေါ်ခေါ်လာကြတာတွေ့ဖူးတယ်
ဒီသတင်း ကို ကိုကိုကျောက်
ကိုမိုး
ကိုဏီးတို့တွေ့ရင် ဘာလီပြေးမှာမြင်ယောင်သေး သူတို့ကျတော့
ကောင်းဘွိုင်ကြီးတွေပေါ့နော် ဟိ
အင်း---ရင်လေးစရာလို့ ပြောရင်ရမလားမသိဘူး-
ReplyDeleteဘာလီရယ်မှမဟုတ်ပါဘူး-မြန်မာနိုင်ငံမှာလည်းအဲလိုတွေဖြစ်နေကြပြီဆိုတာသိနေ-ဋ္ဌကားနေရမယ်ထင်ပါရဲ့ ဗျာ-
ဂျစ်တူးရဲ့ ဓါတ်ပုံဆရာတယောက်ဆို မြန်မာနိုင်ငံမှာမနေချင်တာနဲ့ နိုင်ငံခြားသူတယောက်ကိုယူပြီးလိုက်သွားတယ်
လက်ထပ်သွားတာပါ။ဒါပေမဲ့ယဉ်ကျေးမှု့ ခြင်း မတူတော့ရေရှည်မှာသူမပျော်ဘူးတဲ့-သားသမီးလည်းမရှိတော့အရက်ဘဲသောက်နေတယ်-
သူ့မိန်းမက-ကလေးမယူချင်ဘူးတဲ့ လေ-
နိုက်ကလပ်ကပြန်လာတဲ့ဇနီးသည်ကိုစောင့်ရင်းအရက်ခွက်ကိုအဖေါ်ပေါ့-
သူစိတ်ဝင်စားတဲ့ဓါတ်ပုံလုပ်ငန်းကိုဖိလုပ်ရင်းဘဝကိုအချိန်ကုန်ခဲ့တယ်-
အခုတော့အရက်သမားဓါတ်ပုံဆရာတယောက်ပေါ့ဗျာ-
လူအမျိုးအမျိုး ဘ၀အထွေထွေနော်၊
ReplyDeleteရင်ထဲကပြောချင်တာကတော့ အော်နေရာတိုင်းမှာ အဲလိုလေးတွေ ဖြစ်တက်တယ်ဆိုတဲ့ အဖြစ်စုံလေးတွေကို သုတတွေ ရသွားတာပေါ့..
ReplyDeleteတချို့အရာတွေက ပြောမှသိ.. တာဆိုတော့ မပြောရင်လည်း မသိနိုင်ဘူးပေါ့..။ အခုလို တလွဲကောက်ယူတဲ့ တာဝန်ရှိသူ ဆိုသူတွေကလည်း ဘာလို့ဒီလိုတွေးသလဲဆိုတာ စဉ်းစားစရာပါ့..။ အော်ပေးသူ.. ယူသူ.. လွဲတက်ပါ၏..။
မျှဝေတာ ကျေးဇူးအမရေ..
မဗေဒါ
စိတ်ဝင်စားစရာ ကောင်းပါတယ်။
ReplyDelete