ကျမ....
ခဏ ခဏ
ငိုတတ်တယ်....
ချော်လဲတဲ့ အခါ....
အဖော်ကွဲတဲ့ အခါ....
ထမင်းမစားချင်တဲ့ အခါ....
အပျင်းဖျားချင်တဲ့ အခါ....
အအိပ်ပျက်တဲ့ အခါ....
အဆိပ်တက်တဲ့ အခါ....
ဝမ်းနဲနေတဲ့ အခါ....
အရမ်းလွဲနေတဲ့ အခါ....
အချစ်နဲ့ ထိပ်တိုက်ကျတဲ့အခါ....
အချစ်အတွက် သိတ်မိုက်ရတဲ့အခါ....
အဲသလို အခါပေါင်း များစွာမှာ....
ငိုသားကျ လာ ခဲ့......လည်း....
ခုထိ အမှတ်နဲတုန်း....
ချစ်တယ် ဆိုတဲ့ စကားတလုံးအောက်မှာ
အရာရာ ကျမ အတွက် အရှုံး....
မပြုံးတတ်ချင်လည်း နေပါစေတော့လေ....။
သူငယ်ချင်း ရေ
ReplyDeleteဒီနေ့တော့ ဒို့ ပထမ ရတယ်.. ကဗျာလေး ကကောင်းလိုက်တာ..
ရွှေစင်
လုပ်လှချည်လားဗျ...
ReplyDeleteတဂွတ်ထ . . .နှစ်ဂွတ်ထ. . .
မချစ်ကြည် ကဗျာလေးက နဘေတွေ ထပ်ထားတာ မိုက်တယ်။
ReplyDeleteချော်လဲတဲ့ အခါ နဲ့ အဖော်မဲ့တဲ့အခါ တခုပဲ ... သိပ်မထပ်သလို ဖြစ်နေတယ်။
ချော်လဲတဲ့အခါ ... အဖော်ကွဲတဲ့အခါ ဆိုရင် နဘေထပ်သွားမလားလို့။
အဓိပ္ပါယ်ချင်းတော့ နည်းနည်းလွဲသွားမှာပေါ့နော်။
ဆရာလုပ်တာ ဟုတ်ဘူးနော်။ မြင်တာလေး ပြောကြည့်တာပါ။ :)
သယ်ရင်းရွှေစင်...ကျေးဇူး :)
ReplyDeleteမောင်ဇော် ၂ဂွတ်ထပဲလား...?
ပြင်လိုက်ပါပြီ ညီမ မေဓာဝီရေ ပိုကောင်းသွားပြီ...ကျေးဇူးပါ....:)
ကဗျာလေးက ဖတ်လို့ကောင်းတယ်နော်။ ဒါလည်း ရတာပဲ..း) ကာရံလေး စပ်ထားတာ ကောင်းတယ်။
ReplyDeleteခင်မင်လေးစားလျှက်
ဒဏ္ဍာရီ
အရမ်းကောင်းတယ် အစ်မ။
ReplyDeleteညီမလေးက ကဗျာတွေကို ချစ်တဲ့သူပါ။
ကဗျာတွေကို ရင်ထဲနှလုံးသားထဲက ခံစားပြီးမှဖတ်တယ်။
ညီမကဗျာတွေကတော့ ဘာမှမဟုတ်ဘူးအမရယ်။
အမလိုရေးတတ်ချင်တယ်။
ငိုတတ်သူမချစ်ကြည် ရယ်သွားအောင် အနော့်ပိုစ့်လာဖတ်ပါ
ReplyDeleteမသက်ဝေတော့ ရယ်ပြီးပြန်သွားပေါ့ ဟိဟိ
မမ အရမ်းကောင်းတယ်... idea ရော ကာရံရော
ReplyDeleteမကြီးအေးရေ...
ReplyDeleteကဗျာလေး..တစ်ကယ်ကောင်းတယ်...။
အနော်... ဒါပဲပြောတတ်တော့တယ်...။
ဟုတ်မယ်...
အချစ်အတွက်ဆို အရာရာရှုံးလို့ပဲလေ....း((
ကိုယ်တွေ့............................
ခင်မင်တဲ့
ဏီလင်းညို
ရင်ကို တည့်တည့်ထိပါ၏...။ အချစ်=အရှုံး လို့သာ ပြောလိုက်ချင်တော့တယ်...
ReplyDeleteဂျင်ဂျင်း
အခုတစ်လော အဖွားကြီးတွေ ငယ်မူပြန်နေကြတာများတယ်။ တစ်ခုခုတော့ တစ်ခုခုပဲ။။
ReplyDeleteအရမ်းသဘောကျတယ်
ReplyDeleteငိုတတ်လှချည်လား။ ငိုတတ်တာ တမျိုးတော့ ကောင်းတယ်။ ခံစားရတာတွေ ရင်ထဲကသွန်ချလိုက်လို့ ပေါ့သွားတာပေါ့။ ကျွန်မက သိပ်မငိုတတ်တော့ မပေါ့သွားဘူး ခံစားရတာတွေက ရင်ထဲမှာ တမြေ့မြေ့ကျန်နေတတ်တယ်။
ReplyDeleteညီမ ဒန်ဒန် ကျေးဇူးပါ ဒါ ဘာဟုတ်သေးတုန်း....:)
ReplyDeleteအဆိပ်သင့်သူ ညီမလေးရေ ဘာမှမဟုတ်တဲ့ ကဗျာဆိုတာ မရှိပါဘူး...ကဗျာတိုင်းဟာ တခုခုကို ပြောနေကြတာပါပဲ ညီမရေ...:)
ဗစ်...သွားဖတ်ပြီး ရီခဲ့ပါပြီ...ငိုတတ်သူက မချစ်ကြည် မဟုတ်ပါဘူးဟယ်:)
ကျေးဇူး ညီမ ပူးတေလေးရေ Happy Birthday ပါ...:)
ဏီလင်းတို့ သူ့ချစ်ကိုယ်တွေ့ကို ကြော်ငြာလာဝင်နေပြန်ပြီ အထင်မကြီးပေါင်...:)
ဂျင်ဂျင်း တယောက်လည်း အဲလိုပဲ အကြောင်းသိတွေကို ကပ်ကြွားနေသေး...:)
မီးကြိုး...အဲ မိုးကြီး...ဒီလိုကွဲ့ ဖွားချစ်တို့က လူသာ အိုချင် အိုမယ် ကလောင်ကတော့ နုပျိုဆဲပဲ......:)
(ခေါင်းလေး တတုန်တုန် မေးလေး တလှုပ်လှုပ် နှင့် ပြုံး၍ ပြုံး၍ ပြော၏)
အမည်မသိ သဘောကျတယ်ဆိုလို့ ကျေးဇူးပါ...:)
မငယ်ရေ ကျမကိုယ်တိုင်က အဲလို မနုပါဘူး၊ ထစ်ခနဲဆို ငိုတတ်တဲ့ ညီမလေးတွေ အားလုံးကိုယ်စား ခံစားပြီးရေးထားတာပါ မငယ်...:)
ငိုသာငိုသူငယ်ချင်း... မှန်ကြည့်ပြီးငို... သူများတွေ့သွားရင် ငိုနေလဲလှနေတာဘဲလို့ ပြောအောင်လို့ မှန်ကြည့်ပြီးငို :P
ReplyDeleteဝါး..ကဗျာလေးက
ReplyDeleteကာရံလေးနဲ့ညီတယ်..
ကျွန်တော်တို့ အတွက်လည်းချန်ပါဦး မကြီးရာ..
ReplyDeleteကဗျာလေး...ကောင်းချက်တော့။
ReplyDeleteဘေးကပုံလေး အစ်မပဲ ဆွဲထားတာလားဟင်။
ဟားဟား မရိုစ့်ရေ...မှန်ကြည့်ဖို့မလိုအောင်ကို လှမှန်း သိနေတယ် ဟိဟိ...(အမြှောက်မခံသူ...)
ReplyDeleteညီမ မြတ်မွန် ကျေးဇူးပါ ညီမရေ...:)
ဝေလီဝေလင်းရေ အမကဗျာက ငါ့မောင်ရေးတာကို ဘယ်မီမလဲကွ...:)
ဟုတ်တယ် ညီမဇွန် ရုံးမှာ အပျင်းပြေ တကြောင်းဆွဲလေး ဆွဲထားတာကို ယူသုံးလိုက်တာ ....:)
သီချင်းကလေးလိုပဲ ကဗျာလေးကလှတယ် :)
ReplyDeleteမြသွေးလည်း..
ReplyDeleteငယ်ငယ်က အရမ်းကို မျက်ရည်လွယ်ခဲ့တာ။
တခုခုဆို မျက်ရည်က စိမ့်ထွက်လာပြီ။
အခုတော့...
မျက်ရည်တွေ ဘယ်ေ၇ာက်ကုန်မှန်းတောင်မသိတော့ဘူး။
အမှန်က မျက်ရည် မထွက်တော့ပဲ ငိုတတ်သွားတာ။
မလေးရေ ကဗျာ လာဖတ်တာ ကျေးဇူးတကယ် တင်ပါတယ်... :)
ReplyDeleteမြသွေးရေ ဒါဆို အဆင့်မြင့်လာတဲ့ သဘောပေါ့နော်....:)
သြော်...တို့အစ်မ ပန်းချီလည်း ရသကိုး။
ReplyDeleteစကားမစပ် ... ညီမရွှေပြည်သူ မမတဂ်ထားတာ ရေးထားပြီနော်။ မမကွန်မန့်မတွေ့လို့ သူ့ကိုယ်စား လာအကြောင်းကြားပေးတာ။း)
မရေ
ReplyDeleteကောင်းလိုက်တာ ခံစားချက်ခြင်းလာတူတယ် ဒီကဗျာနဲ့