ဒီမှာ ဒါက ရိုးရာ ဝတ်စုံနဲ့ ဘာလီနီးစ် အမျိုးသမီးလေးပေါ့ ချစ်စရာ မကောင်းဘူးလား...
ကုန်တိုက်က အပြန် ဟိုတယ်မှာ ခဏပြန်နား၊ အဝတ်လဲပြီးတာနဲ့ ကမ်းခြေ သွားခဲ့ကြတယ်...
ဟိုလူကြီး မသိအောင် အနောက်ကနေ တိတ်တိတ်လေး ရိုက်ပစ်လိုက်တယ်.....ဓါတ်ပုံ
အနာဂတ်ရဲ့ သားကောင်းရတနာလေး ၃ယောက် ခေါင်းချင်းဆိုင် တိုင်ပင်နေကြလေရဲ့ စရိတ်ကျေအောင် ပင်လယ်ကြီး ဆားချက်ရောင်းဖို့ ဆိုလား ဘာဆိုလား....
ဘလော်ဂါတွေပဲ ဆားချက်တတ်တယ် ထင်တာမှား.....
ကမ်းခြေမှာ သဲလေဒီရှုးတွေ ရောင်းတယ် တွေ့လား...
ဟိုဟို ဒီဒီ စိတ်လိုက်မာန်ပါ လျှောက်ရိုက်ခဲ့တယ်....
တူးပိစ်လေး ကို သတိတွေရလို့...
အဲဒီ့နေ့က ညစာကို အင်ဒိုဆိုင် စစ်စစ်လေးမှာပဲ စားခဲ့တယ်
နေ့လည်ကစားခဲ့တဲ့ ဆိုင်လောက် သိတ်စားမကောင်းဘူး....
စားစရာ တခုယူတိုင်း အဲသလို ဈေးနှုန်း ကပ်ပြားလေးတွေ ပေးထားတယ် ပြီးမှ အားလုံးပေါင်းရှင်းပေါ့...
အဖြောင်ကူတွေ များပါတယ် ဈေးသက်သာလို့ ထင်ပါရဲ့ အို...တို့များလည်း အဖြူမပါပဲ...တလ တခါ ဆေးဆိုးနေရတာများ...
ဆိုင်အပြင်ဘက်နေ ရိုက်ခဲ့တာ...
ကိုယ့်အစီအစဉ်နဲ့ ကိုယ်ဆိုတော့ အတော်လေး လွတ်လပ်ပြီး နားနားနေနေ ရှိပါတယ် ၂၈ ရက် တနေ့လုံးစာကို ရီကက်ပ် ပြန်လုပ်ရရင်.....
မနက်စာ စား ၊ ကမ်းခြေကို မနက်ပြန် ညနေပြန် နှစ်ခါလျှောက်၊ ရေကူး...အဲ သူကူးတာပါ...ကျမကတော့ နစ်တခါ မြုတ်တလှည့် ပေါ့၊ မကူးတတ်လို့ ဆော့ပဲ ဆော့ခဲ့ပါတယ်
ပြီးတော့ SPA ဆပါးသွား၊ နေ့လည်စာ စား၊ ကုန်တိုက်သွား ဈေးဝယ်၊ ညစာစား၊ ဟိုဒီ လမ်းသလား...အဲဒါပါပဲ...
နောက်ရက် ၂၉ မှာတော့ တရက်ခရီး စီစဉ်ထားပါတယ်။ အရမ်းတန်ပါတယ် Private - 7seater ကား၊ အဲကွန်းနဲ့မှ အစိမ်း ၇၅ ပေးရပါတယ်
အဲဒီ့နေ့ကတော့ ကျမ ဒီခရီးစဉ်တခုလုံးမှာ အကြိုက်ဆုံးနေ့လေးပါ...ဘာလီနီးစ်တွေရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေက သိတ်စိတ်ဝင် စားဖို့ ကောင်းပါတယ်။ မဇ္ဈိမကနေ နွယ်လာတာမို့ ဟင်ဒူရစ်ဇာမ် ယဉ်ကျေးမှုတွေ၊ကိုးကွယ်မှုတွေ ဒီနေ့ထိ တမြတ်တနိုး ကျင့်သုံးနေ ကြဆဲပါ...နောက်ပိုစ့်မှာ ရေးပါမယ်... :)
၁
ReplyDeleteခရီးစဉ် (၄) မျှော်နေပါတယ်...
ReplyDeleteဟောလီးဒေးမှာ ပျော်ရွှင်ပါစေ မမ။း)
ဘာလီမှာ ဂေါ်ဖီတွေနင်းကန်စားလာပြီး တော်ကီတွေ များများပွားပါ။
ReplyDeleteအပိုင်း၎ ကို စောင့်နေပါတယ်။
ReplyDeleteအပေါ်ဆုံးပုံက မချစ်ကြည်အေးလား ငယ်ငယ်လေးပဲ ရှိသေးတယ်နော့်။ မထင်ရဘူး။ အလုပ်များနေလို့ မရောက်ဖြစ်ဘူး ဆောရီးနော့်။ တခါတလေ ရောက်ဖြစ်လည်းကပြာကယာဖတ်ပြီး ပြန်တာတွေ ရှိပါတယ်။ လည်တဲ့ပုံတွေနဲ့ စားတဲ့ပုံတွေပဲ တွေ့ရသေးတယ် ၀ယ်တဲ့ပုံတွေလည်း ပြဦးနော့်။
ReplyDeleteရေးမယ် ဇွန် အမ ဒီရက်တွေ အားတယ်...:)
ReplyDeleteမောင်မိုး ဂေါ်ဖီ မစားပဲလည်း တော်ကီပွားလို့ ရပါတယ်ကွယ်...:)ဆက်ရေးပါ့မယ် ရှင်လေးရေ လာသာဖတ်ပါ ...:)
မငယ် အဲဒါ ဟိုတယ်စားသောက်ဆိုင်က ကောင်မလေးပါ ကျမက အဲလောက် မငယ်ပါဘူး...ဝယ်တဲ့ပုံတွေလည်း အရင်ပိုစ့်တွေမှာ ပါပါတယ်မငယ် ...အေးအေးမှ လာလည်ပါ မငယ်ရယ်...အလုပ်များနေတယ်လို့ မငယ် ဘလော့ဂ်မှာ ရေးထားတာ တွေ့ခဲ့လို့ပါ...:)
ဘာလီရိုးရာ ၀တ်စုံလေးက လှတယ်နော် မမ..။ ဖတ်နေရင်းနဲ့ လန့်သွားတာပဲ ဟိုလူကြီးကို ရိုက်ပစ်လိုက်တယ် ဆိုလို့.. နောက်မှ သဘောပေါကတယ်။း))
ReplyDeleteဟုတ်ပနော် သူတို့လည်း ဆားချက်မလို့နဲ့တူတယ်။း) မမက တူပိစ့်လေး ထားခဲ့တာကိုးးးးး စားစရာတွေ ရိုက်ရိုက်ပြတယ် တကယ်လည်းမစားရဘူး။ ပုံတွေပဲ ငမ်းငမ်းပြီး ပြန်သွားရတယ် မမရေ.....။
ခင်မင်လေးစားလျှက်
မမ...သူတို့ရိုးရာ ၀တ်စုံလေးက မြန်မာဝတ်စုံနဲ့ဆင်တင်တင်ရယ်နော်...
ReplyDeleteအင်း...နောက်ဆက်တွဲပိုစ့်လေးလည်း လုပ်ပါဦး... :)))
ဂျင်ဂျင်း
မချစ်ကြည်ရဲ့ အခန်းဆက်ဝထ္ထုတို..အဲလေမှားလို့ ၀တ္ထုရှည်ကို စောင့်စားအားပေးနေလျှက်ပါ။....
ReplyDeleteဆက်တငံ့ငံ့ကြီး...မစားရလို့ ...
ReplyDeleteသွားချင်လိုက်တာနော်...
တစ်ယောက်တည်းကျတော့လည်း မကောင်း....
နှစ်ယောက်သွားရအောင် အဖော်လေး ရှာပေးပါဆို
ချစ်မကြီးက မသိချင်ယောင်ဆောင် ငပိခြင်ထောင်ထောင်နေတယ်...စိတ်ကောက်တယ်..ဒါပဲ..
ဆက်ဖတ်သွားတယ် သူငယ်ချင်းရေ
ReplyDeleteရွှေစင်
အဟမ်း.. အမချစ်ကြည်အေး ဘာလီအကြောင်းကို ဆရာစားမချန်ပဲ အကုန်ရေးပါ၊ အကုန်ဖတ်ဖို့ ပြင်ထားပါတယ်။
ReplyDeleteဒါဒါ...ကြုံရင် တကယ်ကျွေးချင်ပါရဲ့ ညီမရေ...
ReplyDeleteဂျင်ဂျင်း မနက်ဖန် ရေးမယ်နော်...
ကိုသူကြီး အားပေးတာ ကျေးဇူး...
မောင်လေးကိုဇော်...ကျုပ်တောင် ကံကောင်းလို့ရတာ ...
ကျေးဇူး ရွှေဇင်...လာဖတ်အုံးနော်...
မောင်တီဇီးအာလေး ချောင်းဆိုးနေသလား...မိချောင်းခေါင်းလျက်ဆားသောက် ပျောက်...အကုန်ကိုရေးမှာဗျာ...လာသာဖတ်ပါ...
လာသာဖတ်၏။
ReplyDeleteဖတ်ဦးမှာ... ဂူဂယ်ဖတ်စာနဲ့လည်း ပိုစ့်တွေစောင့်ဖတ်ဖို့ ပြင်ထားတယ် :)
ReplyDelete၁ကနေဖတ်နေတယ်..
ReplyDeleteတီရှပ်ကျနော့်အတွက်ပါလား..
ဆိုက်ဒ်ကြီးနော်..
ဘာလီချိုချိုလေးတွေနောက်ထပ်သယ်လို့ရရင်သယ်ခဲ့ပါဦးနော်
ReplyDeleteမယ်ချစ်ရေချိုးဆင်းနေပုံကို ..ဟိုလူကြီးက ပြန်ရိုက်ပေးထားသေးသကိုး
ReplyDeleteဘာလို့သူများပုံတွေဘဲတင်တာလဲ... သူ့ပုံကျတော့ခြေထောက်ဘဲပါတယ်... အင်း... ခြေထောက်လေးကလဲလှပါတယ်....
ReplyDeleteုမမ လာသာဖတ်တာ ကျေးဇူး...:)
ReplyDeleteခမမ တကယ်ကို ဖတ်ပစ်တော့မယ် ဆိုပါတော့...:0
ပေါက်ရေ အဲဒီ တီရှပ်တွေက ကပ်တင်း တော်တော်သေးတယ် မီဒီယမ် ဝတ်နေကျလူ လာ့ခ်ျ ဝတ်တာ ကြပ်နေလို့....:)
H...သယ်ခဲ့အုံးမှာ...
ဟိဟိ ကိုကြီးကျောက်ကလည်း ရှုး တိုးတိုး....:)
ရိုစ့် တို့ပုံ...မလုပ်ပါနဲ့ဟယ် လာဖတ်နေကျ ပိတ်သတ်ကြီးများ လန့်ပြေးကုန်ပါ့မယ်...:D
မချစ်ရေ..
ReplyDeleteအပိုင်း(၄) က စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်နေမယ်ထင်တယ်နော်။
မြန်မြန်လေးရေးပါဗျို့..။
ဘာလီ..မကြာမှီ..လာမည်...။