Saturday, November 7, 2009

မေတ္တာ လက်နက်

၂၀၀၄-၂၀၀၅ ခုနှစ်လောက် ဆီတုန်းကပါ ။ အဲဒီနှစ်တွေကို ဆွမ်းကြီးလောင်းတဲ့နှစ် လို့တောင်ခေါ်ခဲ့ ကြတာပေါ့ ။ စင်္ကာပူမှာ အခြေအနေကောင်း၊ ပေါ်လစီတွေပြောင်း လို့ ပီအာ တွေ သောက်သောက်လဲ ချပေးခဲ့တဲ့ အချိန်၊ အဲဒီတုန်းကများ အိုင်စီအေရှေ့တောင်ယောင်လို့ ဖြတ်မလျှောက် လေနဲ့၊ လက်ဆွဲ ပြီး ပီအာကဒ် အတင်းထိုးပေးနေတာလို့ ပြောရင် ရလောက်တဲ့ အချိန်။ ရွှေမြန်မာတွေ ခိုင်ခိုင် မာမာ စတေးတပ်စ် လေး တခု ရကြပြီ ဆိုပြီး မုဒိတာ ပွားချင်စရာ ။

အဲဒီတော့ အိမ်ဝယ်ကြ ၊ မိသားစုတွေခေါ်ကြ နဲ့ " ပျော်တာပေါ့ အမေရယ် " လို့ ဆိုချင်စရာကြီးပေါ့။ ရွာက အဘိုးတွေ အဘွားတွေ လဲ မြေးထိန်းဖို့ ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ချီတက်လာကြတော့တာ။ မြန်မာ အလံလွှင့်လို့ မြန်မာပြည်မြေပုံကြီးများ ပဲ့ပြီး ရောက်လာသလားလို့ တောင်ထင်ချင်စရာ။ အမ်အာတီ တခုခုရောက်လို့များ နောက်ကနေ ဝါးလုံးရှည်တလုံးနဲ့သာ ပိတ်ကျွေးလိုက်လို့က "အောင်မာလေးဗျ" လို့ ကြားရလိမ့်မယ်, အဲ..အနီးဆုံး ဆေးရုံတရုံ ပို့ကြပါဟဲ့ ဆိုရင် တော့ ဟိုကနေ "ဘာများကူညီရပါမလဲရှင်" လို့ မြန်မာ နာ့စ်မကလေး က ဆီးပြီးမေးအုံးမှာ။  မြန်မာတွေ အဲသည်လောက် များတယ်။အဲဒါပဲ မယုံရင် စမ်းသာကြည့်ကြ ။

သို့သော်လည်း တဲ့, တခုက ကျမတို့ ရွှေမြန်မာတွေချည်း ပီအာ ပေးနေတာမဟုတ် ၊ ပြည်ကြီးတရုတ်တွေ, ဖားတွေ, ယပက်လက်တွေ, မဇ္ဇျိမနွယ်ဖွား အိန္ဒိယတွေ လူမျိုးပေါင်းစုံကို ပေးနေတော့ကာ အဲဒီမှာ စတော့တာပါ ။

လူမျိုးပေါင်းစုံတာနဲ့အမျှ လုပ်ငန်းခွင်မှာ လူပေါင်းစုံနဲ့ သဟဇာတဖြစ်အောင် ပေါင်းသင်းဆက်ဆံ ရတာတွေ ရှိလာပါတယ် ။ လူဆိုတာကလဲ ခွေးချင်းကိုက်ရင်တောင် ကိုယ့်ခွေးနိုင်မှ ကြိုက်တဲ့အမျိုးကိုး, ဒီတော့ အစတည်းက ယဉ်သကို ဆိုရမလိုပါ ။ တချို့ ပြည်ကြီးတရုတ်တွေဆို မိန်းကလေးရော ဘာရော ငဲ့ညှာဖို့ မသိသူတွေပါ ။ မိတ်ဆွေ ညီမလေး တယောက် ပြောဖူးတယ်၊ ဆိုက်ထဲမှာ သူတို့သုံးဖို့ မှာထားတဲ့ ရီဘားတွေကို တရုတ်တွေက မပြောမဆိုနဲ့ ယူသုံး၊ အရွယ်အစား မတူလဲ ဖြတ်ညှပ်ပြီးသုံးတော့ တကယ်လဲ သုံးဖို့လိုရော ပြန်မှာရလို့ ကြန့်ကြာတဲ့ အကြောင်းတွေပါ။

မလေးရှားမ တယောက်ဆို စာရွက်စာတမ်းတွေအကုန် စားပွဲပေါ်ကနေ အောက်ကို လွှင့်ပစ်တဲ့ အထိ ဆိုးတာ ကျမ ကိုယ်တွေ့။ အဲ ကုလားတွေကျပြန်တော့ သူတို့ကုလားပြည်မှာ အမျိုးသမီး မရှိလို့ ထင်ရအောင်ကို  ခေါ်တော တထောင်ဗို့နဲ့ပါ ။ သူတို့ , သူတို့ တွေ ဆိုးတာတွေ ကတော့ အများကြီးပေါ့လေ ဆိုးတာအပြင် ညစ်တာတွေလဲ ရှိသားပေါ့ ။

အများကြီးပေါ့လေ, ဒါတွေရေးပြရရင် အတွဲ၅၀ ကိုရီးယား ဒရမ်မာ တခုစာ ဖြစ်သွားလောက်တယ် ။ ကျမ တို့က ရွှေမြန်မာတွေ မဟုတ်လား, အစဉ်အလာနဲ့ နေခဲ့ကြတာလေ...၊ ဒီတော့ သူတို့နဲ့ ဆက်ဆံတဲ့နေရာမှာ မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ တရားလေး နဲ့ အညီပေါ့ ။ " အဆုံးအစ မထင်အောင် ရှည်လျားလှတဲ့ သံသရာမှာ တဦး နဲ့ တဦး မတော်စပ်ခဲ့ဖူးသည် ဟူ၍ မရှိ " တဲ့ ။
အားလုံးဟာ သံသရာ ဆွေမျိုးတွေချည်းပါ ။ ရင်ဝယ်သားကို မိခင်က မေတ္တာထား သလို ထား ကြည့်ကြရအောင်ပါ ။

အဲ..ခုလိုကျပြန်တော့..ဘင်္ဂလားကုလား မဲမဲလေးတွေ တောင် ချစ်စရာကလေးတွေ ဖြစ်လို့.....။

ဘဝ အမောတွေ ပြေကြပါစေ...



၀၇.၁၁.၀၉ ၂၃း၁၀ နာရီ

8 comments:

  1. အမရေးထားတာ ဖတ်ပြီး သူငယ်ချင်းတစ်ယောက် အိန္ဒိယမှာ အလုပ်သွားလုပ်တုန်းက ပြောတာ သတိရမိတယ.်. အဲဒီက လူတွေက အရမ်းအကြည့်ရဲတာပဲတဲ့.. ဒါတောင် စကပ်တို ဘောင်းဘီတို ၀တ်တာမဟုတ်ဘူး... စကပ်အရှည် ဘောင်းဘီအရှည်ဝတ်တာကိုပဲ အသားကုန်ကြည့်တာတဲ့.. လူမျိုးခြားတွေနဲ့ ဆက်ဆံရတာ တကယ်မလွယ်ပါဘူး.. အကျင့်စရိုက်ချင်း မတူတော့လေ.. :)

    ReplyDelete
  2. ကိုယ့် အထာနဲ့  ကိုယ်နေရင် ဒီကောင်တွေ မကြောရဲပါဘူး
    ဒါပေမယ့် စလုံးက လူမျိုး ပေါင်းစုံ စုနေတော့ အနည်းနဲ့  အများ သည်းခံရမှာပေါ့
    စိတ်ရှည် သည်းခံ ဇွဲရှိရန်...တဲ့
း)

    ReplyDelete
  3. ဖတ်ဖြစ်တဲ့ ကာတွန်းလေး တခု သတိရတယ်။ လူတွေ မေတ္တာတရား ခေါင်းပါးကုန်ကြပြီ..တဲ့။ ဘာဖြစ်လို့လဲ လို့မေးတော့ မေတ္တာလက်ဆောင်စာအုပ်တို့ မေတ္တာလက်ဆောင်လက်မှတ်တို့ သိပ်မပေးကြတော့ဘူး တဲ့.. အဟဲ။

    ReplyDelete
  4. စိတ်ရှည်သည်းခံလမ်းကြောင်းမှန်..
    မောင်းရန်မော်တော်ကား...တဲ့ မမရေ.. အဟက်
    အဆုံးသတ်လေးဖတ်ပြီးပြုံးသွားပါတယ်...
    သူတို့အနံ့လေးတွေကိုပါချစ်တတ်အောင်ကတော့ကြိုးစားရပါဦးမယ်..း)

    လေးစားချစ်ခင်တဲ့
    ပန်းချီး)

    ReplyDelete
  5. ဒီလိုပါဘဲ.... ရောက်ရာအရပ်မှာ တွေ့တဲ့သူနဲ့ အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံနေကြရတာပါဘဲ....

    ReplyDelete
  6. စလုံးအကြောင်းလေး လာဖတ်သွားပါတယ်။ ဖတ်လို့ကောင်းပါတယ်။ ခုတော့လဲ PR တွေ S pass တွေ သိပ်မလွယ်တော့ဘူးနော်။

    ReplyDelete
  7. နိုင်ငံတွေ လူမျိုးတွေ နဲ့တော့ မဆိုင်လောက်ပါဘူး ထင်တယ်။
    စိတ်ထား ကောင်းတာ မကောင်းတာ၊ စည်းကမ်းရှိတာ မရှိတာ၊ ငှဲ့ညှာတတ်တာ ဗိုလ်ကျတတ်တာ ဆိုးတာ ကောင်းတာ အားလုံးဟာ လူတဦး တယောက်ချင်းနဲ့ပဲ ဆိုင်တယ် ထင်ပါတယ်။

    မြန်မာတွေပဲ များတဲ့ မြန်မာပြည်မှာလည်း ဒါတွေကို မြင်နေ ကြားနေရတာပဲလေ။

    အချင်းချင်း မချစ်ကြည် ပြောသလို ဘ၀ဘ၀က တော်စပ်ခဲ့ကြတဲ့ မောင်နှမတွေလို့ မေတ္တာထားနိုင်မယ်ဆိုရင်တော့ တော်ရုံကိစ္စတွေကို ခွင့်လွတ်နိုင်မယ် ထင်တယ်လေ။


    မအယ်

    ReplyDelete
  8. ကျတော်တို့လည်း ဒီလိုပါပဲဗျာ။ စလုံးကတစ်မျိုး၊ တရုတ်ကတစ်မျိုး၊ ဖားကတစ်မျိုးနဲ့ စိတ်နဲ့ငါနဲ့ လည်း ညစ်သဗျ...

    ဒီလိုနဲ့ပဲ အားလုံးနဲ့ အဆင်ပြေအောင် ပေါင်းသင်းနေရတာပါပဲ

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...