ပထမရမှာ...သေချာနေပေမဲ့...
ပြိုင်ရမှာတောင် ပျင်းသတဲ့...။
သူက...
စားရမှာလဲ ပျင်း... ဝါးရမှာပျင်းတာမို့
ထမင်း အရည်ဖျော်သောက်...၊
သောက်ရမှာလဲ ပျင်း...မော့သောက်ရမှာစိုးလို့
ကတော့တလျှောက် အသာမျှောချ... ၊
သွားရမှာလဲပျင်း... ခြေထောက်မဖို့ ပျင်းသူမို့
လှိမ့်လို့သာ ချသတဲ့.....။
အဲသလို...
အရာရာ လုပ်ဖို့ပျင်း...
စားဖို့လဲပျင်း...သွားဖို့ပျင်း...
ရစ်ဖို့လဲပျင်း...ချစ်ဖို့ပျင်းတဲ့...
ငပျင်းအကြောင်း ပြောရတာ...
ပျင်းများတောင် ပျင်းပါရဲ့......။
ဘဝ အမောတွေပြေကြပါစေ...။
ပျင်းတတ်သူများအားလုံးကို ရည်ရွယ်ပါသည်။ တိုက်ဆိုင်မှုရှိပါက မှန်ပြေးကြည့်လိုက်ပါ။ ပြေးကြည့်ရမှာ ပျင်းသည် ဆိုလျှင် မိတ်ဆွေ မိမိကိုယ်ကို အသင်းဝင်အဖြစ် ဂုဏ်ယူစွာ သတ်မှတ်ပါလေ....။
ကိုယ့်မှာ ပျင်းရမှာတောင် ပျင်းနေလို့...
ReplyDeleteအသင်းဝင်အဖြစ် သတ်မှတ်ပေးပါ...
အစဉ် ဂုဏ်ယူနေပါမည်....
အသင်းဝင် နံပါတ် ၂ :D
ReplyDeleteဒါဆို ကျနော်က ၃ ထင်တယ်..
ReplyDeleteစဉ်းစားရမှာတောင် ပျင်းတယ်။။
အဟီး.. ဟုတ်တယ် မရေ.. အသင်းဝင်အဖြစ် ဂုဏ်ယူစွာ သတ်မှတ်ပါတယ်.. အခုတလော ဘာမှမလုပ်ချင်လောက်အောင်ကို ပျင်းလွန်းလို့.. :D
ReplyDeleteကိုယ့်ကိုကိုယ် အသင်းဝင်အဖြစ်သတ်မှတ်လိုက်ပါသည်။
ReplyDeleteပျင်းနေပါတယ် ဆိုမှဗျာ...
ReplyDeleteအပြင်းစားကဗျာနဲ့ လာတွေ့နေပါ့လား....
ကွန်မန့်ပေးရမှာတောင် ပျင်းသွားတယ်...း)
the ants ကို သတိရသွားတယ်...
ReplyDeleteကြာပါပြီ................. ငပျင်းးးးးးးးးးးး
းဝ)
အသင်းဝင်ရမှာကို ပျင်းတာ....
ReplyDeleteအမလေးးးးးပျင်းနေကြလိုက်တာ တောက်တောက်ကိုယိုလို့။
ReplyDelete