Saturday, November 28, 2009

ဘလော့ဂ် ကိုက်ခြင်း

ကျမရဲ့ အိပ်စက်ခြင်းများ
ဘလော့ဂ် ဆိုတဲ့ ကာလနဂါး
ဝါးမြိုလို့ စားခဲ့ပေါ့........။

မနက်လင်းတော့ ထ.....၊
ကျမ...
အမှတ်သညာ မရှိ
ဘလော့ဂ် ဝင်ပြန်၏...။

ဘဝ အမောတွေ ပြေကြပါစေ....။



ကျမ လိုပဲ တမ်းမက်ရူးသွပ်စွာ ၊ ဒါကိုပဲ နှစ်လိုစွဲလန်းစွာ ဘလော့ဂ် ကိုက်ခြင်းခံနေကြသော ဘလော့ဂ်ဂါ မောင်နှမများ အားလုံးအတွက် ရင်ခုန်သံ ကြိမ်နှုန်းခြင်းတူစွာ ချစ်ခင်ခြင်း များစွာဖြင့် ရေးဖွဲ့ပါသည်....။

6 comments:

  1. ကျော်ဖြတ်စရာ ရှိတာ တွေ ကို ဖြတ်သန်း ပေအုံးတော့ကွယ်။း)
    အားလုံး..ဘလော့ ကိုက်ဖူးကြပါသည်။

    ReplyDelete
  2. ဘလော့ဂ်အစမှာတော့
    ဟင်းတွေလည်း တူးဖူးတာပေါ့အမရယ်။
    အခုတော့ အချိန်သပ်သပ်ခွဲဝေပေးလိုက်ပါပြီ။

    ReplyDelete
  3. "ပျော်စရာရွှင်စရာ ဘလော့ကမ္ဘာ" စာအုပ်မှာ ဒီကဗျာကို ဖော်ပြခွင့်ပြုပါလို့ ခွင့်တောင်းပါတယ်..

    (အကြောင်းပြန်ပေးပါ)

းဝ)

    ReplyDelete
  4. တူတူပဲ... တူတူပဲ...
    ဘလော့ဂ်ကိုက်လွန်းလို့ ခေါင်းတွေကိုက် ကိုက်နေတတ်တာလဲ ကြာလှပေါ့... ဒါလဲ ပေတေနေတုန်းပါပဲ...း))

    မနက်မိုးလင်းတိုင်း ဘလော့ဂ်ကို ဖွင့်ရင်း၊ ဘလော့ဂ်ကို ရင်ခုန်ရင်း နိုးထနိုင်ပါစေ...

    ReplyDelete
  5. ဟုတ်ပါ့။ ဘလော့ဂ် ကိုက်တာမှ လူလည်း မျက်ကွင်းကို ပြန်မပြည့်တော့ဘူး။
    ဒါလည်း ကိုယ့်စိတ်ကိုယ်မထိန်းနိုင်သေးဘူး။ ဘယ်သူများ စီပုံးမှာအော်သွားမလဲ..ဘယ်သူများ မန့်သွားမလဲ အိပ်ရာနိုးလို့ မျက်လုံးနှစ်လုံးဖွင့်ဖွင့်ချင်း ထကြည့်ရတာအမော..။ တစ်ယောက်ယောက်က အော်သွား၊ မန့်သွားမှ အဲဒီမနက်ခင်းက အရသာရှိသလို၊ နေလို့ထိုင်လို့ကောင်းတာ။ တိုတိုလေးနဲ့ ထိမိတဲ့ ကဗျာလေးပဲ။

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...