Tuesday, November 10, 2009

ချစ်ခြင်းဖွဲ့

ခေါ်မှာလား မောင်
တွဲလက်နှောင်ရင်း
ဆူးခက်ခင်းလမ်း...ဘယ်လောက်ကြမ်းစေ...။

လာမယ်လား မောင်
ညဥ့်နက်မှောင်မိုက်
အိပ်မက်သိုက်မြုံ
ခိုလှုံယှဉ်တွဲ...ကြည်ဖြူရဲစေ..။

ထားခဲ့နဲ့ မောင်
မျက်တောင်တခတ်
ရင်သပ်ရှုမော
အနမ်းတောလယ်
ဖြေငယ်ပြေဘူး...တပ်မက်မူးစေ..။

လဲရဲတယ် မောင်
ကြယ်ပြောင်သောက်ရှုး
မက်မောဘူးကွယ်
ခက်နွယ်ဆံမျှင်
မောင့်ရင်ခွင်ထဲ
ခိုတွဲဝင်ဆော့
လေပြေနော့သွေး...ဝေးမယ်လားဟင်..။

အတွေးနဲ့တင်..
လွမ်းမောနွမ်းလျ..
ကျမ...တမ်းတတတ်တယ်...မောင်..။

4 comments:

  1. မချစ်ကြည်အေး ရဲ့ မောင် ကတော့ သဘောကြမှာဘဲနော် ကြည်နူးစရာ ကဗျာလေး အတွက် ကျေးဇူးပါနော်

    ရွှေစင်ဦး

    ReplyDelete
  2. မချစ်ကြည်အေး ရဲ့ မောင် ကတော့ သဘောကြမှာဘဲနော် ကြည်နူးစရာ ကဗျာလေး အတွက် ကျေးဇူးပါနော်

    ရွှေစင်ဦး

    ReplyDelete
  3. ဆိုင်မဆိုင်တော့ မသိ၊ ဒေါ်ကြည်အေးရဲ့ ကဗျာတွေကို သတိရမိတယ်။ မချစ်ကြည်အေးက ကဗျာရေးကောင်းတယ်။

    ReplyDelete
  4. တို့ အစ်မက ဒါမျိုးလည်း ပိုင်တာပဲနော်

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...