နှစ်တခုက မကြာခင် ကုန်ပြန်တော့မယ်...
အရာရာဟာ သူ့သဘောနဲ့သူ သွားနေကြတဲ့ အနတ်တသဘောကို သိပြီဆို ဘယ်အရာကမှ ထူးဆန်းအံ့သြဖွယ် မဟုတ်တော့ဘူး။
ဒါဟာလည်း ပြီးဆုံးသွားမှာပဲ
ဒါဟာလည်း ကျော်ဖြတ်သွားမှာပဲ
ဒီလိုနဲ့ ဘဝကြီးရဲ့အနှစ်မဲ့ပုံတွေကို သိ သိနေရင်း ပေါ့ပေါ့ပါးပါး သို့သော် လေးလေးနက်နက်ခံယူ ဖြတ်သန်းမိတယ်။ အဲဒီနေ့ရက်တွေထဲ အရောင်မရှိတဲ့စိတ်တွေကို ဖျတ်ကနဲ ဖျတ်ကနဲ တွေ့ရတတ်တယ်။ ကြည်ကြည်လင်လင်နေနိူင်လာတယ်။ နာကျင်ရတဲ့ နေ့ရက်တွေထဲ ဖြတ်သန်းနိူင်ဖို့ ခွန်အားလိုတယ်ဟုတ်လား၊ တနေ့တနေ့ ဖဘတက် သတင်းဖတ်ပြီးတိုင်း နာကျင်အံကြိတ်ထားမိတဲ့ရက်တွေ၊ အသံမထွက်ဘဲ ဆဲရေးနေမိတာတွေ...။
ငါတို့ဘက်က ဘယ်သူဖြစ်ဖြစ် လဲကျသွားလို့မရဘူးဆိုတဲ့ စိတ်နဲ့ အားတင်းထားရတယ်။
ကံ ကံ၏အကျိုးပေးဆိုတာကို ယုံကြည်သော်လည်း အချိန်ဟာ ကြာတတ်တယ် ရောက်မလာနိူင်သေးဘူး။ အမှန်တရားတွေ တရားသဖြင့်တွေကို ဘုရားသိသော်လည်း စောင့်ဆိုင်းတတ်ရတယ်။
ဒါပေမယ့်ကွယ် စောင့်ဆိုင်းရချိန်မိနစ်တိုင်းဟာ အပြစ်မဲ့သူတွေရဲ့ အသက်တွေ၊ အိုးအိမ်တွေ ပျက်စီးဆုံးရှုံးသွားခဲ့ရချိန်တွေပဲ၊ အဲတာတွေအတွက် အချိန်ဟာ တဆိတ်တော့ ကြာလွန်းတယ်...
No comments:
Post a Comment
ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်