မြတ်နိုးတွယ်တာသမျှ
အားကိုးမှီတွယ်မိသူပါ
သူ့ဆူးတွေနဲ့ ထိထိရှရှ
ရှိန်းမြမိန်းမူး
သူ့ဆူးတွေရဲ့ အနစ်အစူးမှာ
ကိုယ်ဟာ….
ကိုယ့်ဆူးတွေကို
အမေ့မေ့အလျော့လျော့
ဘယ်တော့မှ သတိရဖို့
သတိမရခဲ့….။
သူ့ဆူးတွေဟာ
ကိုယ့်ရဲ့ဖြစ်တည်ပျက်
သူ့ဆူးတွေဟာ
ကိုယ့်ရဲ့မျက်သွယ်
သူ့ဆူးတွေဟာ
ကိုယ့်ရဲ့နယ်နမိတ်စည်း
သူ့ဆူးတွေဟာ ကိုယ့်ရဲ့
နိစ္စဓူဝFM
သူ့ဆူးတွေဟာ ကိုယ့်ရဲ့သက်လုံ
သူ့ဆူးတွေဟာ
ကိုယ့်ရဲ့အခေါင်အဖျား
သူ့ဆူးတွေဟာ
ကိုယ့်ရဲ့တရားရေအေး
သူ့ဆူးတွေဟာ ကိုယ့်ရဲ့ပရိဒေဝ
သူ့ဆူးတွေဟာ
ကိုယ့်ရဲ့အရောင်အသွေး
သူ့ဆူးတွေဟာ
ကိုယ့်ရဲ့ကိုယ်ကျင့်သိက္ခာ
သူ့ဆူးတွေဟာ
ကိုယ့်ရဲ့တစ်ထောင့်တစ်ည
သူ့ဆူးတွေဟာ
ကိုယ့်ရဲ့အမြင်အကြား
သူ့ဆူးတွေဟာ ကိုယ့်ရဲ့ အမှောင်အမိုက်
သူ့ဆူးတွေဟာ ကိုယ့်ရဲ့အရှိုက်အငင်
တစ်ယောက်ပင်စည်မှာ တစ်ယောက်က
မှီနွဲ့ရင်း
တစ်ယောက်ရနံ့ကို တစ်ယောက်က
မွှေးမြရင်း
တစ်ယောက်အခက်အလက်ကို
တစ်ယောက်က တွယ်ဖက်ရင်း
တစ်ယောက်အကိုင်းဖျားမှာ
တစ်ယောက်က ခိုနားရင်း
တစ်ယောက်ဆူးမှာ တစ်ယောက်က
စူးရှရင်း…..
အလျားလိုက်လှဲချလိုက်တဲ့အခါ
သူ့ဆူးတွေပေါ်မှာ ကိုယ့်ခန္ဓာ
ပတ္တာချိတ်ဆုတ်ကိုင်ထားကြတဲ့
ကိုယ်တို့နှစ်ယောက်လက်ဖဝါးထဲ
သွေးစွန်းနေ့စွဲတွေက
ချင်းချင်းနီမြ
လှ ပ လို့…..။
Photo credit - Lusoe Lay

really nice poem ........ :) ;and matched well with pic.
ReplyDeleteစာသားလှလှလေးတွေနဲ့ အဓိပ္ပာယ်နက်နက် ချယ်မွှန်းထားတဲ့ ကဗျာလေးတစ်ပုဒ်....
ReplyDeleteမေတ္တာဖြင့်
တီတင့်