မောင် မွှေးကြူမှ လန်းစွင့်...
ကျွန်မက စံပါယ်တစ်ပွင့်ပါ
မောင့်ရင်ခွင်မှာ
တင့်တယ်ခဲ့ဖူးတာပေါ့
သိလား မောင်…
ကျွန်မက
လူယောင်ဖန်ဆင်းထားတဲ့ စံပါယ်တစ်ပွင့်
ရနံ့လည်းသင်း အဆင်းလည်းဖြူ
တူတူတန်တန်
ပန်းအရာမသွင်းချင်လည်း နေ
မောင့်နှုတ်ဖျားက စံပါယ်လို့ အမည်မတပ်ချင်လည်း ရှိစေ
ညလေပြည်တွေကို အခွင့်ကောင်းယူပြီး
မောင့်ဆီ
မွှေးပျံ့ခဲ့ပါတယ်….
Photo credit - သက်ဝေ
Photo credit - သက်ဝေ
နုနုညံ့ညံ့နဲ့ အရမ်းလှတဲ့စာသားလေးတွေ
ReplyDeleteလှတယ် အမ၊ စပယ်မလေးက သိပ်လှတယ်။
ReplyDelete၀ါး......စပယ်ရနံ့လေးတောင် နှာဝမှာ သင်းပျံ့သွားရတယ်...
ReplyDeleteချစ်သော -
မြသွေးနီ
စပယ်ပန်းလေးလှသလို စကားလုံးလေးတွေလည်းလှတယ်
ReplyDeleteသူတို့ဘယ်လောက်လှလှ ဖန်တီးသူကိုတော့ မှီမယ်မထင်...
မေတ္တာဖြင့်
တီတင့်