သူငယ်ချင်း...
နှင်းတွေက ခါးသတဲ့...
ငါ ကြားဖူးခဲ့သမျှ....အမှားကြီးမှား...။
ဒီဇင်ဘာမှာ....
နှင်းရဲ့ အငွေ့ နှင်းရဲ့ အတွေ့
နှင်းရဲ့ နရီ နှင်းရဲ့ ပန်းချီ
နှင်းရဲ့ ခြေဆင်း နှင်းရဲ့ သီချင်းတွေက
နှင်းခြွေချလို့ သေတဲ့အပင်တွေတောင်
အတိတ်မေ့ချင်အောင် လှပ....။
ဒီဇင်ဘာမှာ....
နှင်းတွေဟာ ခြေရာမချန်
ပဲ့တင်သံ မကြားစေရဘဲ
တိုးတိုး ဖွဖွ...
ကိုယ်တို့အနား ကြွေအကျ...။
အေးလွန်းလှတယ်ကွယ်...
ခဲကျဉ်နေတဲ့ ကိုယ့်လက်တွေ
သူ့လက်ဖဝါးထဲ ထိုးသွင်း...၊
သူ့ပုခုံးပေါ် သိုင်းယှက် ကိုယ့်လက်တွေ
တိုးဖက် ခပ်တင်းတင်း
ရယ်ရင်း...အရှက်ပြေ
ဆိုးလွန်းတဲ့ နှင်းတွေလေ...၊
သူ့အနားတိုးကပ် ပါးအပ် ပြောခဲ့ဖူး...။
အဲ့ဒီ နှင်းတွေကြောင့်...တဲ့
ကားဘီးတွေ နှင်းတောမြုတ်...
နှုတ်ခမ်းတွေလည်း ကွဲ...
အသည်းတွေလည်း အက်
လမ်းမထက် ဆီးနှင်းပိတ်...သိတ် စိတ်ညစ်တယ်...
နှင်းတွေကို ကျိန်ဆဲကြ...
နှင်းတွေကို ပြစ်တင်ကြ...
နှင်းတွေကို မုန်းတီးကြ...။
သူငယ်ချင်း...
လက်ထဲမှာ နှင်းတွေ ဆုပ်ထားရင်း
သူတို့ မသိအောင်.....တိတ်တိတ်လေး ခိုးပြုံး
ငါ...
နှင်းတွေကို ချစ်တုန်းပဲ...။
နှင်းတွေကို ချစ်တုန်းပဲ...။
Image Source: http://www.bigfoto.com/
ကဗျာလေး နှစ်သက်လို့ facebook မှာ တင်ချင်လို့ ကူးသွားပါရစေ မမရေ..
ReplyDeleteနှင်းကြောင့် အဖော်ကွဲ ... နှင်းကြောင့် ချော်လဲပေမဲ့ နှင်းကိုတော့ အော်မဆဲခဲ့ပါလေ ... ။
ReplyDeleteနှင်းကြောင့် အသွားခက် ... နှင်းကြောင့် ကားပျက်ပြီး နှင်းကြောင့် အဖျားတက်ခဲ့ရပြန်ပါသည် နှင်း။
နှင်းကြောင့် သဝေမထိုးရ ... နှင်းကြောင့် အနေဆိုးလှ၊ နှင်းကြောင့် ရေမချိုးရတာလဲ ရက်တွေကြာရှည်ခဲ့ပါပြီ နှင်း။
နှင်းကြောင့် အပူလဲကန် ... နှင်းကြောင့် လူလဲ နံလှပါပြီ နှင်းရေ ... ။
သွားချည်လှည့် နှင်း ...
အနားမသီနဲ့ နှင်း ...
နောက်တခါဆို
ကြောက်ကာငိုလျက်
ဘိလပ်ကခွါ
မြန်မာပြည်သာ ပြန်ပါတော့မည် နှင်းးးးး ... ။
***
အမချစ်ကြည်ကဗျာကို ဖျက်တာ ဟုတ်ဖူးနော် ... အမ ကဗျာဖတ်ပြီး စိတ်ထဲ ပေါ်သလို ချရေးလိုက်တာ ... အဲဒီလိုပဲ ဖြစ်သွားတယ် .. ဟီးးး :D
ချစ်ကြည်အေး ရေ
ReplyDeleteကဗျာလှလှလေး ကို လာဖတ်သွားတယ်နော် တော်တယ် ညီမ ရေ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
အော်... နှင်း နှင်း နှင်း။ ချစ်ကြ ပစ်ကြ။ ပြုံးကြ မုန်းကြ။ ပျော်ကြ အော်ကြ။ ကျနော့်ဘ၀လဲ ဒွိဟတွေနဲ့ပါဘဲလား။
ReplyDeleteအမ ကဗျာလေးက ချစ်စရာလေး။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
အမချစ်တို့တော့ဗျာ
ReplyDeleteတတ်လဲတတ်နိုင်ပ့ါ နှင်းလေးတွေတောင် ချိုလိုက် ခါးလိုက် နဲ့နော်
အပေါ်က ကြီးမေ ကဗျာပါ ဖတ်ပြီး ရယ်သွားတယ်
ခင်မင်စွာဖြင့်
seesein
နှင်းတွေကို ချစ်တယ် လို့ ကျနော်လည်း ခဏခဏပြောနေပေမယ့် နှင်းတောင်မကျရသေးဘူး နည်းနည်းလေးပဲ အေးသေးတယ် ဖျားနေပြီးး)
ReplyDeleteမောင်မျိုး
နှင်းရဲ့ နရီ နှင်းရဲ့ ပန်းချီ
ReplyDeleteနှင်းရဲ့ ခြေဆင်း နှင်းရဲ့ သီချင်းတွေက
နှင်းခြွေချလို့ သေတဲ့အပင်တွေတောင်
အတိတ်မေ့ချင်အောင် လှပ...
တီတီကြည်ကို ဒီတခါ လက်မထောင်ပြသွားကြောင်း...။
နှင်းကဗျာဖတ်ပြီး မတ်တတ်ကလဲချင်
ReplyDeleteအားအင်းတွေချည့်နဲ့ ခပ်ယဲ့ယဲ့ဘဲကျန်တော့တယ်.
ဒါနဲ့တောင် နှင်းက
ခပ်ဖွဖွလေး ပြုံးနိုင်သေးရဲ့
လွမ်းတတ်တဲ့သူတွေကလည်း
နှင်းတောမှာဘဲ ပျော်တယ်ဆိုပါလား
အနားမကပ်နဲ့လို့ မောင်းထုတ်သူက
တစ်နေ့တော့ ပြန်ပေါင်းထုတ်ဦးမှာ သေချာ
နှင်းရာ.... တကယ်တော့ မင်းနဲ့ငါဟာ
ပန်းနဲ့လိပ်ပြာပါ။
ပန်းဆိုတာ လိပ်ပြာလေးတွေနားမှ
အလှတရားပြည့်ဝ
ဆောင်းဆိုတဲ့ငါ့မှာ
နှင်းဆိုတဲ့ မင်းလာမှ
အေးမြဖြူစင်
နှင်းလွင်ပြင်လေး ဖြစ်တော့တယ် မဟုတ်လား။
သိဘူး
သူများတွေ ရေးလို့ လျှေက်ရေးကြည့်တာ။ အစ်မချစ်တို့ မမေတို့ သူဂျီးတို့ကို အားကျကျနဲ့ ရေးချင်တာ ရေးလိုက်ပါသည်။ :)
နှင်းအကြောင်းတော့ မဖတ်ချင်တော့ပါဘူး။ နှင်းပုံမြင်ရုံနဲ့ မေးရိုက်နေပြီ။ ကျွန်မတို့ဆီမှာ -23 နှင်းမရှိတဲ့ လမ်းမကိုတောင် မှတ်မိပါအုံးမလား စဉ်းစားနေရတာ။ နှင်းတွေက တထပ်ပြီးတထပ်နဲ့ ပိုပိုထူလာလို့။
ReplyDeleteခြေဖျား လက်ဖျား တွေအေး ပြီးချမ်း လာလို့ မြန်မြန်ပြန်တော့မယ်နော်..
ReplyDeleteဒေါ်လေးမေကို ၁၀၂% ထောက်ခံပါသည်.....
ReplyDeleteနှင်းဒုက္ခ မကြုံဖူးသူများကတော့ မိန်းမ လိုချင်နေတဲ့သူလိုပဲ..
ကိုယ်တိုင်လဲရရော...ကလေးအနှီးလျော်ရ..မိန်းမကမီးယပ်ကျိုးနေတော့ ပြုစုရ ထမင်းချက်ရ..အလုပ်ပြေးလုပ်ရ..ဒါကိုမှ ချိုနေကြရင်တော့..
ဂျောက်ကမ်းပါးမှာ တွဲလွဲခိုရင်း..ပျားတစက် လှမ်းလျက်သလို..ချိုနေမှာပေါ့လေ...
ဓါတ်ပုံထဲမှာ လှတဲ့နှင်းကြား...ကားမောင်းရတာများ.....မောင်းရင်းနဲ့ ကြောက်လွန်းလို့ လက်တွေတောင်တုန်လာတယ်..ကိုယ်မောင်းတဲ့ဆီမရောက်တော့ပဲ..နှင်းတွေက ဆွဲချင်ရာဆွဲသွားတာ..မနှစ်က နှင်းချော်ပြီးေ၈ျာက်ထဲထိုးကျသွားတော့..
ုနှင်းကချိုသလား..ခါးသလားတောင် မစဉ်းစားနိုင်တော့ပါဘူး
ဟက်ချိုး ..
ReplyDeleteနှင်းတောထဲကြီးပျင်းလာခဲ့သူမို့  နှင်းကို ချစ်ဆဲပါ
လှလိုက်တဲ့ နှင်းကဗျာလေးပါလား!
ReplyDeleteမမေဓာစပ်ဆိုသွားတဲ့ နှင်းကဗျာလေးကလည်း ကောင်းတယ်။
ဇွန့်တသက်မှာ နှင်းဖွဲဖွဲကျတာ တစ်ခါပဲ မြင်ဖူးတယ်။ တခါလောက် နှင်းတောထဲမှာ ကလေးတစ်ယောက် ဆော့ကစားကြည့်ချင်မိသေးတယ်။
နှင်းတွေကိုချစ်တယ်... နှင်းတွေနဲ့ဆော့ချင်တယ်း)
ReplyDeleteအောင်မြတ်လေး...
ReplyDeleteနှင်းကို မတွေ့ခင်ကတော့ ချစ်ပ...
တွေ့ပြီးပြန်တော့ စိတ်ကုန်လွန်းလို့...
နှင်းနဲ့မကြုံဖူးသေးတဲ့သူငယ်ချင်းတွေရေ....
သတိလေးတော့ ပေးလိုက်ပါရစေ....
“နှင်း” ဆိုတာ အေးတယ်၊ ဖြူတယ်...ဒါပေမယ့် ..ဒါပေမယ့်...
ကဗျာလေးက လှတယ်....။ ဂျင်းလည်း နှင်းတွေကိုချစ်တယ်။ ဒါပေမယ့် အပြင်မှာတစ်ခါမှမမြင်ဖူးဘူး။း(
ReplyDeleteလှလိုက်တဲ့ ကဗျာလေးကွယ်..
ReplyDeleteမလေးတောင် နှင်းတွေကို သွားဖက်ပစ်ချင်စိတ်ပေါက်တယ်.. အဟွန်း။
နှင်းတွေက ချစ်ဖို့တော့ ကောင်းပါတယ် အမ၊ အရည်ပျော်တဲ့
ReplyDeleteအချိန်လည်း ရောက်ရော သွားရ လာရ မလွယ်ဘူး။
မ ရေ... အဲဒီနာမည်ကြီးလွန်းတဲ့ နှင်းတွေကို တွေ့ ဖူးချင်လွန်းလှတယ်... ပြီးတော့ မြည်းစမ်းကြည့်ချင်တယ်... နှင်းချိုချိုတွေ အရသာမသိတဲ့ဘ၀ ဆိုးလိုက်တာ မ ရယ်..
ReplyDeleteအဲဒီနှင်းတွေအဖတ်လိုက်..အဖတ်လိုက်ကျနေတြဲ့ကားမှာလမ်းလျှောက်
ReplyDeleteရတာပျော်စရာအရမ်းကောင်း...နောက်နေ့ခဲသွားတော့မှသေတာဘဲ..
ချော်လဲမှာစိုးလို့ကုန်းကွကွနဲ့ဆားကြမ်းပက်ပြီးလျှောက်ခဲ့ရတာလေးလွမ်း...လွမ်းမိသေးတော့...မချစ်က..ကဗျာလဲအရေးကောင်း..စာလဲအရေးကောင်း...။