Thursday, December 9, 2010

နှောင်ထုံးအပြေ



အပေါ်ယံ အမြင်လှဖို့ သက်သက်နဲ့တော့

ငါ့စာမျက်နှာတွေကို ဆေးခြယ်မနေချင်ဘူး...။



ချစ်လွန်းလို့ပါ ဆိုတဲ့ ကြိုးချိုချိုတွေနဲ့ ရစ်ပတ် အထပ်ထပ်...

(ငါက) ကိုယ့်ကြိုးကိုယ် ဖြတ်ခဲ့တဲ့ လိုင်စင်ရ ကကြိုးရုပ်...

ကြိုးစတွေ မရှုပ်ခင်....၊



အစားခံရမယ်ဆိုရင်တောင် နောက်ဆုံးမှ လက်နက်ချမဲ့ ငါက...ဘုရင်မ ဖြစ်ချင်သူ

နယ်ရုပ်ကလေးတွေလို မင်း ရွှေ့ချင်တိုင်း ရွှေ့မရတာ

ငါ့အပြစ်မှ မဟုတ်တာ...၊



အပြစ်ရှာလိုသူအတွက် ထွက်ပေါက်မဲ့ မွန်းကြပ်မှုတွေကြား

ညခါးခါးတွေ အဖျားတက်...

တလမ်းမောင်း အချစ်လက်နဲ့ တဖက်မြင် မင်းအကျင့်

ရက်လွန်နေတဲ့ အချစ်တွေက လူကို လောင်မြိုက်စေတယ်...။



အရှုံးပေးရဖန်များလာတဲ့အခါ...

ချစ်တာက တခြား မာနက သပ်သပ်

ဓါးစာခံ နှလုံးသား အပိုင်းပိုင်းစုတ်ပြတ်ရင်း

ငိုချင်းနဲ့ မိုးအလင်း ပွဲချီတွေ များလှပေါ့...။



အပေါ်ယံ အမြင်လှဖို့ သက်သက်

ငါ့စာမျက်နှာတွေကို ဆေးခြယ်မနေချင်တော့ဘူး...။











ဘောင်ခတ်သူ သက်ဝေ

ပုံဆွဲသူ ချစ်ကြည်အေး

22 comments:

  1. ကဗျာလေး ဖတ်သွားတယ် အမရေ.....


    “အပေါ်ယံ အမြင်လှဖို့ သက်သက်
    ငါ့စာမျက်နှာတွေကို ဆေးခြယ်မနေချင်တော့ဘူး”...
    စာသားလေးက အဓိပ္ပါယ်အရမ်းရှိတာပဲ...


    အစဉ်လေးစားလျှက်...
    (အဖြူရောင်နတ်သမီး)

    ReplyDelete
  2. ခံစားချက်တွေ ထပ်တူကျသွားတယ်... အပေါ်ယံ အမြင်လှဖို့အတွက် အထဲမှာ ကြေမွခံရတာတွေ တန်မတန် ဆန်းစစ်မိနေတယ် အမရေ။

    ReplyDelete
  3. ထိတယ် ဘယ်ဘက်ရင်အုံတည့်တည့်း)

    မောင်မျိုး

    ReplyDelete
  4. လိုင်စင်ရ ကကြိုးရုပ်...ဘယ်လိုအဓိပ္ပါယ်ယူရမလဲ၊
    နာကျည်းသံရောနေတဲ့ ကဗျာလေးကို ခံစားသွားပါတယ်။

    ReplyDelete
  5. နတ်သမီးရေ ကျေးဇူးပါ ညီမလေး...:)
    ညီမ ခွန် ခံစားချက်တွေ ထပ်တူကျလို့ ဝမ်းသာပါရဲ့ :)
    ညီမလေး...မိုက်ရမယ်လေကွာ...ဟဲ ဟဲ :D
    မောင်မျိုး ဟာ့တ်ထိသွားတယ်ပေါ့လေ...:)
    ကိုတည်ငြိမ်...အဓိပ္ပါယ်က ကြိုးဆွဲရာကဖို့ ခွင့်ပြုမိန့် လိုင်စင် ရထားသော အရုပ်တဲ့....:)

    ReplyDelete
  6. ဘောင်ကျမှ အစ်မသက်ဝေကို သွားခတ်ခိုင်းရတာတုန်း။ သူကအမြဲဘောင်ခတ်သူလား??

    ReplyDelete
  7.း) ကဗျာက မော်လ်ဒန်လားပဲ ဖတ်ပြီးမောတယ် အစ်မရေ
း) စာမျက်နှာတွေက အရောင်တွေစုံစုံလာတယ်ဗျား)

    ReplyDelete
  8. ခု... နှစ်ပါးသွားနဲ့ မိုးလင်းတာ...ငိုချင်းချတာ မပါတာကြာပေါ့..ဘုရင်မကြီးရာ.....
    ဘုရင်မကြီးနာမည်က ဘယ်သူတဲ့လဲ..
    ကွင်း မဲကြီး..
    ကွင်း အလဲ့ စပယ် ...
    ကွင်း ဗျစ်သိုးကြီးရ.....ဘယ်ဘုရင်မဖြစ်ချင်တာလဲ..

    ReplyDelete
  9. စာရေးကောင်းသလို ကဗျာရေးလဲ ကောင်းတယ်.. အဲ ပုံဆွဲလည်းကောင်းသေးတယ်နော်
    စကားလုံးတွေထိတယ် အစ်မရာ...
    တစ်လုံးချင်းက အဓိပ္ပါယ်တွေနဲ့
    ဟုတ်တယ်နော်.. အပေါ်ယံသက်သက်အလှအတွက်တော့ ဆေးမခြယ်တာ အကောင်းဆုံးပါဘဲ..

    ReplyDelete
  10. ရက်လွန်နေတဲ့ အချစ်လို့ အမည်မတပ်ပါနဲ့လေ...
    အချစ်မှာ ရက်လွန်တယ် ဆိုတာ မရှိပါဘူး...
    ကဗျာဖတ်ပြီး မောသွားတယ်...
    စိတ်လျှော့ပါ သူငယ်ချင်းရယ်...

    ပုံ/
    ဘောင်ခတ်သူ သက်ဝေ

    ReplyDelete
  11. Helo, Mama Chitkyi,

    What a beautiful poem!
    I love your sketch a lot as well.

    B/rgds and love <3
    Muahhh....

    ReplyDelete
  12. ရက်လွန် နေတဲ့ အချစ်???

    ReplyDelete
  13. ကဗျာလေးက အရမ်းမိုက်တယ်.. :)

    ReplyDelete
  14. မောင်ကောင်းFri Dec 10, 03:25:00 PM GMT+8

    စိတ်ညစ်နေချိန်နဲ့ ကဗျာနဲ့တော့ ကွက်တိပဲအမရေ.....အပေါ်ယံ အမြင်လှဖို့ သက်သက်
    ငါ့စာမျက်နှာတွေကို ဆေးခြယ်မနေချင်တော့ဘူး... တကယ်ကိုဆေးခြယ်မနေချင်တော့ပါဘူး ... :)

    ReplyDelete
  15. expiredဖြစ်နေတဲ့ ပေါင်မုန့်တလုံးလိုပေါ့ဗျာ မလတ်ဆတ်တော့ဘူး မသစ်လွင်တော့ဘူး ရက်လွန်နေတဲ့ အချစ်ဟာ ရင်ခုန်သံတွေ မနွေးထွေးနိုင်တော့ဘူးပေါ့ ဟုတ်တယ်နော် အမချစ် အမကိုယ်စား ဘာသာပြန်သွားတယ် :D

    ReplyDelete
  16. အနော်က လိုင်စင်မဲ့.....:)။

    ReplyDelete
  17. ၀ုတ်ပ ၀ုတ်ပ... ဆေးခြယ်တော့ ပိုက်ဆံကုန်တာပေါ့... စိတ်ဖြူရင် ရုပ်ကြည်မယ် ထင်တာပ...

    ReplyDelete
  18. ပုံထဲက ကြိုးလေးတွေ လှတယ်။ ကဗျာလေးလည်းလှပါတယ်။ ခံစားမှုတွေကတော့ နင့်နင့်နဲနဲပါလား။

    ReplyDelete
  19. ဖတ်သွားတယ် ကြည်အေးရေ

    ခင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  20. ကဗျာက မာန်တွေအပြည့်နဲ့ပါလား အစ်မချစ်ရေ....
    ပုံလေးကိုတော့ တော်တော်သဘောကျတယ်။

    ဂျင်ဂျင်း

    ReplyDelete
  21. ကဗျာ အမိုက်စားလေး လာဖတ်သွားတယ် :)

    ReplyDelete
  22. အရမ်းကြိုက် တယ်..အမချစ်

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...