ဆီဘူးမြို့ဝင်ဝင်ချင်း ကျမရဲ့ အမြင်အာရုံကို ဖမ်းစားနိုင်ခဲ့တာက အရောင်အသွေးစုံ၊ ဒီဇိုင်းစုံ နဲ့ သူတို့ဆီက ဘတ်စ်တွေပါ...

ကားနံပါတ်နဲ့ လမ်းကြောင်းကို ကားနံဘေးတွေမှာ ရေးထားလေ့ရှိတယ်။ ကားခက ပက်ဆို ၂၀-၃၀=စလုံး ၁ကျပ်လောက် ကျပါတယ်...

တချို့ဆို ရေးခြယ်ထားတာ အင်မတန် လက်ရာမြောက်လွန်းတာမို့ စီးကြည့်ချင်စိတ် ဖြစ်မိတာ၊ တကယ်တော့ ကျမတို့ဆီက ဒိုင်နာတွေနဲ့ တူတူပါပဲ...

ရယ်စရာကောင်းတာက ဘတ်စ် မှတ်တိုင်ရယ်လို့ မရှိဘဲ ဆင်းချင်တဲ့နေရာရောက်တဲ့အခါ "ပါသေးဒေ ဆရာရေ့" လို့ အော်ရသတဲ့...။ မြန်မာလိုတော့ ဟုတ်ဖူးပေါ့ ဗီဆာရား-Visaya လိုပါ...:) ဒီလိုပဲ လိုက်ချင်တဲ့ ခရီးသည်ကလည်း တွေ့တဲ့ နေရာက လက်တားစီးရုံပဲတဲ့...ကိုင်း...နိပ်လိုက်ပုံများ...

တုတ်တုတ်လို သုံးဘီးကားတွေလည်း ရှိရဲ့...အမှန်ကတော့ ဆိုင်ကယ်ကို ဘေးတွဲလေး တွဲထားတာ...

ဒါက လမ်းမှာ တွေ့တဲ့ မူလတန်းကျောင်းလေး တကျောင်း..."ငယ်စဉ်က ကလေးတို့ဘဝ ပျော်ပါးဖို့ရာ လွယ်ပါတယ် ကိုယ်ရတာနဲ့ တင်းတိမ် ရောင့်ရဲ" ဆိုတဲ့ ကိုထီးရဲ့ ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံကို သတိရမိတယ်...

ကြည့်...သေချာတယ် ငယ်ငယ်တုန်းက အဲလိုပဲ ဖိနပ် သဲကြိုးကွင်းထဲ လက်လျိုထည့်ပြီး ခြေဗလာနဲ့ ကစားဖူးခဲ့ကြမှာ...ကလေးဘဝ ဘယ်လောက် လွတ်လပ်လိုက်သလဲ...ဒါပေမဲ့ ခုနေ ကလေး ပြန်မဖြစ်ချင်တော့ဘူး...စာမကျက်ချင်လို့၊ ဘလောဂ့်ရေးချင်လို့...:P

သဘောင်္ပုံ ဆောက်ထားတဲ့ အိမ်ကြီး တလုံး...

ဖယ်ရီဆိပ်ကို ပြန်ရောက်ပါပြီ...

အဲဒီမှာ ဘိုဟိုးလ်ကနေ ဆီဘူး ဖယ်ရီလက်မှတ် ဝယ်ရတယ်...

ဖယ်ရီပေါ်တက်ကြဖို့ လူတွေ အုပ်လိုက် သွားနေကြတာ....

ညစာ စားဖို့...သူတို့ဆီက Park Mall...မပြောမရှိကြပါနဲ့ သဝေထိုး မ ယရစ် ဝဆွဲ-မြွေ ကြောက်ကြသူများ ဒီက လှည့်ပြန်ပါ...ကြည့်ချင်သူများ ဆေး-ဟိုင်း တူ မြွေ ပါ....

သူပါပဲ သူပါပဲ...

ဘယ်ဘက်က ကြည့်ကြည့် ဒီပုံ ခပ်ခွေခွေ ဝိုင်းဝိုင်း ပါပဲ...ထောင့်မကျိုးဘူး ဆိုရမှာပေါ့...

ဒီတပိုစ့် ဒီတင်ရပ်ပါဦးမယ်...အပိုင်း ၁၀မှာ ဆီဘူးပိုစ့် အပြီး တင်ပါမယ်....အားလုံးပဲ စီးယူ...:)
ဟုတ်ပ..အစ်မရာ ကြည့်ရတာ ထောင့်ကို မကျိုးဘူး..။
ReplyDeleteလောကကြီးမှာ မရှိစေချင်တဲ.အကောင်စာရင်းမှာတွေထဲမှာ မြွေက ရှေ.ဆုံးကပါတယ်။မြွေရဲ.နောက်က ကျွတ်။
ReplyDeleteမြွေပုံကြီးကို မျက်စေ. မှေးပြီး မကြည်.တကြည်. နဲ.ကြည်.တော.ကြည်.လိုက်သေးတယ်။ မုန်းစရာကြီး။ ဘယ်နေရာမှာမှ သုံးစားလို.အကျိုးမဖြစ်မယ်.အကောင်ကြီး။
မြွေရေခွံဒီဇိုင်းနဲ.ဆို ဘယ်ပစည်း၊ဘယ်အသုံးအဆောင်မှ မ၀ယ်၊မသုံးပါ။
မြွေကို အရမ်းချစ်တယ်
ReplyDeleteအရင်က မွေးဖူးတယ် အမေမကြိုက်လို့ လွှတ်လိုက်ရတယ်
ငယ်ငယ်တုံးကဆို လူကြီးတွေက အိပ်ပြီး ထမင်းစားရင်မြွေဖြစ်မယ် ပြောလို့ အမြဲ လိုလို လစ်တိုင်း အိပ်ပြီးစားတယ်
ReplyDeleteအာဘွား တူ မြွေ
ReplyDeleteပြေးသာကိုင်လိုက်ချင်တယ်း)
ထောင့်မကျိုးအချင်းချင်းမို့ ထင်တယ် ခွိ
ဘတ်စ်တွေတော့ ကြိုက်သွားတယ်။
ReplyDeleteငါးပိသိပ် ငါးချဉ်သိပ် တင်လားဟင် ချစ်ကြည်
ဟုတ်ပ စီးချင်စရာဘတ်စ်ကားများပါဘဲ..
ReplyDeleteမြန်မာပြည်က ဒိုင်နာနဲ့တုတယ်ဆိုလို့ ဒိုင်နာချင်းတော့ တူချင်တူမယ် ကျန်တာတွေတော့ ကွာမယ်ထင်ပါတယ်.. မြန်မာပြည်မှာ သဘာဝဓာတ်ငွေ့တွေ အလျှံပယ်ထွက်တော့ ကားတွေအကုန် ဂဂ်စ်သုံးတဲ့ကားတွေ လုပ်ထားတယ်လေ...
ဟွန်း သူများနိုင်ငံတွေထက်သာတယ်ကွ....
မြန်မာပြည်မှာ ဒီလိုဒီလို လျှံတာ.. ကိုယ့်တိုင်းပြည်က ထွက်တဲ့ ဓာတ်ငွေ့ကို အလကားနီးပါး ( ဈေးကြီးကြီးနဲ့ ) ၀ယ်သုံးရတယ်လေး)
ဟာာာ မြွေကြီးလားလို့ သိပ်မကြီးဖူး ကျွန်တော်ဖမ်းဖူးတဲ့ မြွေတွေ လောက်ပဲ ဟင်းချိုလေးချက်တုတ်ရရင်တော့ ဟိဟိ အရသာပဲး)း) ပေါင်လုံးလောက်မှ ဖမ်းရမှာ နည်းနည်းရှိန်တယ်ဗျ
ReplyDeleteထောင့် မကျိုးတဲ့ သူ့ ကို ကြည့်မရတော့ဘူး ဟွန်းမုန်းတယ် သွားမယ်
ReplyDeleteဟဲ..ဟဲ
ခင်တဲ့
ရွှေစင်ဦး
အီးးး မြွေကြီးက တကယ်အချိုးမပြေတာတော့....
ReplyDeleteသူများတွေ က ထောင့်မကျိုး ရှာတဲ့ ရှည်ရှည် အကောင် အကြောင်း ပြောနေတာနဲ့ ကျနော် ရောင်စုံဒိုင်နာစီး ပြီးပြန်သွားတယ်။ :P
ReplyDeleteအောက်ဆုံးက ရေ ရင် ၄ ပုံမြောက်ကိုကြိုက်တယ် ကောင်းကင်က တိမ်တွေကို သဘောကျလို့ ။
ReplyDeleteဟုတ်ပ အစ်မရယ်.... ထောင့်ကိုမကျိုးဘူး မြွေက ဝိုင်းဝိုင်းကြီး :)
ReplyDeleteခင်တဲ့(ချိုကျ)
ဗဟုသုတတွေ မျှဝေပေးတာ ကျေးဇူးပါ အမရေ။
ReplyDeleteထောင့်မကျိုးတဲ့ ကောင်ကြီးကို မကြည့်ရဲကြည့်ရဲနဲ့ ကြည့်သွားပါတယ်... ဟိုင်းတော့ မဟိုင်းလိုက်တော့ဘူး...:)
ReplyDeleteဘတ်စ်ကားတွေက ဘဲရီးကာလာဖူးလ်ပဲနော်...း) ခိုက်တယ်...
သဘောင်္ပုံနဲ့အိမ်ကိုသဘောကျတယ်..၀ယ်ပေးမလားအမချစ်..
ReplyDeleteမြွေကိုတော့ မကြည့်ရဲ.ကြည့်ရဲ ကြည့်သွားတယ်း)
ချစ်တဲ့
ညီမသဒ္ဓါ
မြွေကြီးက အကြီးကြီးပဲနော်...
ReplyDeleteလက်နဲ့တို့ကြည့်ချင်တယ်..ဟိ
မြွေကြီးကိုတော့ ကြောက်တယ်။ ဒါနဲ့မူလတန်းကျောင်းလေးက မြန်မာပြည်နဲ့ တော်တော်ဆင်တူတယ်နော်....
ReplyDeleteအစ်မရေ... စာကြွေးတွေ လာရှင်းနေပြီနော်။
ReplyDeleteအယ်... ဂျင်းပြောချင်တာနဲ့ ဇွန်မြင်တာ အတူတူဖြစ်နေပြီ။
သူတို့နိုင်ငံက သပ်သပ်ရပ်ရပ်ကျောင်းလေးကို မြင်တော့ ဟိုတုန်းက မှော်ဘီလက်မှာ ရန်ပုံငွေမလောက်လို့ ဆက်မဆောက်နိုင်ဘဲ ရပ်ထားရတဲ့ မူလတန်းကျောင်းလေးကို သွားသတိရမိတယ်။ နောက်ပြီး မဆောင်နိုင်လို့ ဖရိုဖရဲဖြစ်နေတဲ့ ရန်ကုန်မြို့ထဲက ကျောင်းလေးတစ်ကျောင်းကိုလည်း မျက်စိထဲ ပြန်မြင်ယောင်သွားတယ်။
အစ်မရေ.. မြွေပုံတင်ပေးလို့ ကျေးဇူးနော်။ ဇွန်နဲ့အမျိုးတော်လို့ ကြည့်ချင်နေတာ... ဟဲ..ဟဲ... နောက်ကြုံရင် ပြောပြမယ်နော်... ဘယ်လိုတော်လဲဆိုတာ ;)