တနေ့က မိတ်ဆွေတယောက်နဲ့ လမ်းမှာတွေ့တော့ အမေးခံရတယ်။ "စာပေဟောပြောပွဲ သွားကြမှာလားဗျ" တဲ့။ သေချာတယ်...ဒီလူ မချစ်ကြည်အေးတို့ လင်မယားအကြောင်း နဲနဲမှ မသိသေးပဲကိုး။ မချစ်ကြည်အေးတို့ လင်မယား ဆိုတာက စလုံးမှာ အရုပ်မြင်ရတယ်၊ အသံကြားရတယ် ဆိုလို့ကတော့ မေးမနေနဲ့ သွားကြည့်ပြီးသားပဲ။ အဲသလို မြန်မာလူမျိုးပီပီ ပွဲရယ် လမ်းရယ်လို့ မက်မက်စက်စက် ရှိကြတာကလား....
ဒီနှစ်တော့ ပုံပါအတိုင်း ဆရာ ၃ယောက် ဟောပြောကြမှာဖြစ်ပြီး လက်မှတ် တစောင် ၁၅ကျပ်၊ စက်တင်ဘာ-၂၆-တနင်္ဂနွေနေ့၊ ဟောပြောချိန် နေ့လည် ၂နာရီက ည၁၀နာရီ၊ ညစာ ဒန်ပေါက်လည်း ကျွေးဦးမှာ လို့ ဆိုတယ်။ အဲဒါ လက်မှတ် မထွက်ခင် အမသန်းသန်းနု-သပြေနု နဲ့ တွေ့တော့ ပြောပြလို့ သိခဲ့တာ။ "အမျိုးသမီး ဆရာမ မပါဘူးနော်" ဆိုတော့ အမက "အမ ဟောမယ်လေ" လို့တောင် နောက်နေသေးတယ်။ ခုတော့ လက်မှတ်တွေ ထွက်လို့ တော်တော်များများ ဝယ်ပြီးကြလောက်ပြီ ထင်ပါတယ်။
မဝယ်ရသေးသူများ ရှိရင်လည်း အမြန်ဆုံး ဝယ်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။ အလုပ်၊ ကျောင်း နဲ့ အိမ် ဒါတွေနဲ့ပဲ လုံးချာလိုက်လို့ စိတ် ရေငတ်နေသူများ စိတ် အာဟာရ ဖြည့်တင်းဖို့၊ နှလုံးသား နွမ်းနယ်မှုတွေ ဖြေလျှော့ဖို့ စာပေ ဟောပြောပွဲ သွားကြည့်ဖြစ်အောင် ကြည့်ကြစေချင်ပါတယ်။
ဒီတခေါက်မှာတော့ ကျမ နားထောင်ဖို့ စိတ်အား အထက်သန်ဆုံးက ဆရာအော်ပီကျယ် ဖြစ်ပါတယ်။ ဆရာ့ ကာတွန်းတွေနဲ့ ရင်းနှီးနေတာရယ်၊ ဆရာ့နာမည် ကြားတိုင်း ကျမ အဖွားကို သတိရမိစေတာရယ် ကြောင့်ပါ။ ဒီလိုလေ...အဖွား စိတ်ဆိုးလို့ ကျမတို့ မောင်နှမတွေကို အော်ဆူတဲ့အခါ အရှေ့ ၇အိမ်၊ အနောက် ၇အိမ် အသံကြားရအောင် ပီပီသသ နဲ့ ကျယ်ကျယ်လောင်လောင် အသံအောင်လွန်းတာမို့ ကျမတို့ မောင်နှမတတွေက အဖွားကို အော်ပီကျယ် လို့ ချစ်စနိုး နာမည်ပြောင် ပေးထားကြတာ...
မဝယ်ရသေးသူများ ရှိရင်လည်း အမြန်ဆုံး ဝယ်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။ အလုပ်၊ ကျောင်း နဲ့ အိမ် ဒါတွေနဲ့ပဲ လုံးချာလိုက်လို့ စိတ် ရေငတ်နေသူများ စိတ် အာဟာရ ဖြည့်တင်းဖို့၊ နှလုံးသား နွမ်းနယ်မှုတွေ ဖြေလျှော့ဖို့ စာပေ ဟောပြောပွဲ သွားကြည့်ဖြစ်အောင် ကြည့်ကြစေချင်ပါတယ်။
ဒီတခေါက်မှာတော့ ကျမ နားထောင်ဖို့ စိတ်အား အထက်သန်ဆုံးက ဆရာအော်ပီကျယ် ဖြစ်ပါတယ်။ ဆရာ့ ကာတွန်းတွေနဲ့ ရင်းနှီးနေတာရယ်၊ ဆရာ့နာမည် ကြားတိုင်း ကျမ အဖွားကို သတိရမိစေတာရယ် ကြောင့်ပါ။ ဒီလိုလေ...အဖွား စိတ်ဆိုးလို့ ကျမတို့ မောင်နှမတွေကို အော်ဆူတဲ့အခါ အရှေ့ ၇အိမ်၊ အနောက် ၇အိမ် အသံကြားရအောင် ပီပီသသ နဲ့ ကျယ်ကျယ်လောင်လောင် အသံအောင်လွန်းတာမို့ ကျမတို့ မောင်နှမတတွေက အဖွားကို အော်ပီကျယ် လို့ ချစ်စနိုး နာမည်ပြောင် ပေးထားကြတာ...
လက်မှတ်က တစောင်ချင်း ဝယ်ရင်သာ ၁၅ကျပ်ပေမဲ့ ၁၀စောင်ဝယ်မယ် ဆိုရင်တော့ စင်္ကာပူဒေါ်လာ ၁၅၀ထဲရယ် လို့ ဆိုပါတယ်:P အို...ဘာပဲဖြစ်ဖြစ် ဝယ်ကြပါ ဝယ်ကြပါ သွားဝယ်လိုက်ကြပါလို့ ထပ်မံ တိုက်တွန်းချင်ပါတယ်။ မချစ်ကြည်အေးတို့ကဖြင့် လက်မှတ်ဝယ်ပြီးလို့ ထိုင်ခုံနေရာမှာတောင် အရှေ့ အနောက် တောင် မြောက် အုတ်ခဲ ၄လုံး သွားချထားပြီးပြီ ဆိုတဲ့အကြောင်း ပြောကြားရင်း.....
မုဒိတာ ပွားနိုင်ကြပါစေ ရှန်....:)
မုဒိတာ ပွားနိုင်ကြပါစေ ရှန်....:)
မနှစ်က စာပေဟောပြောပွဲနဲ့ ပတ်သက်လို့ ရေးခဲ့တဲ့ ပို့စ် နှစ်ပုဒ်က ဒီမှာ နဲ့ ဒီမှာ ပါ...
**ဟောပြောကျင်းပမဲ့ နေရား 30A Kreta Ayer Road, Kreta Ayer People's Theatre,
Singapore 088997 (Near Outram park MRT)
Singapore 088997 (Near Outram park MRT)
စည်းစိမ်လည်း
ReplyDeleteအော်ပီကျယ် အရမ်းကြိုက်တယ်ဗျာ
စာပေဟောပြောပွဲနဲ့ဝေးနေတာ အတော်ကြာပြီဗျာ
လာနားထောင်ရကောင်းမလားဘဲ :D
ခင်မင်စွာဖြင့်
seesein
အော်ပီကျယ်က အပြောကောင်းတယ်..သူ့အကို မောင်ဦး(စာရေးဆရာကိုရိုးကွန့်) က သူလောက်အပြောမကောင်းဘူး၊ ကာတွန်းရေးတာတော့ ညီအကို နှစ်ယောက်လုံးတော်တယ်...၊ အရွှတ်အနောက်ကြ အော်ပီကျယ်က ပိုပြောတတ်တယ်၊ မယ်ချစ် ဝင်ပြောရင်လဲ ရတာပဲ၊ ရီရမှာသေချာတယ်...
ReplyDeleteကောင်းတာပေါ့ဗျာ စာပေဟောပြောပွဲ ကျနော်တို့ တော့ နားမထောင်ရတာ ကြာပေါ့
ReplyDeleteခင်တဲ့
ရွှေစင်ဦး
F1 နှင့်တိုက်နေတယ် ဘာပဲဖြစ်ဖြစ် နေရာဦးထားပေးပါ…းD
ReplyDeleteစာပေဟောပြောပွဲတွေ နားထောင်ချင်ပေမယ့် တစ်ခါမှမတက်ဖူးဘူးး( မြို့က ချောင်ကျတဲ့နယ်မြို့ဆိုတော့လည်း အလှမ်းဝေးတာဖြစ်မယ် ။
ReplyDeleteမောင်မျိုး
သြော်....ကြည့်နိုင်သူတွေ ကြည့်ကြပါ။ အားကျမိပါတယ်။ ကိုယ်တို့ကတော့ အလုပ်ကများလွန်းတော့ စိတ်သာရှိပြီး လူကမရောက်နိုင်ပါဘူးကွယ်။ :P
ReplyDeleteဂျင်းစုတ်လေး (သူကမခေါ်ခင် ကိုယ်ကဦးအောင်ရေးသွားပါသည်။....ဟိဟိ)
သွားချင်တယ်..သွားချင်တယ်..ဘယ်လိုလုပ်ရမလဲ..
ReplyDeleteစာရေးဆရာ ၃ ယောက်လုံး အဟောအပြော ကောင်းကြတယ်။ လာချင်တယ်။ ရောက်ဖို့များတယ် ဒါပေမယ့် F1 နောက်ဆုံးနေ့နဲ့တိုက်နေတယ်။
ReplyDeleteသွားတဲ့သူတွေတောင်သွားပြီးသွားပြီ..း)
ReplyDeleteသြဂုတ်နဲ့ စက်တင်ဘာ မှားပြီးသွားတာတဲ့...။
ကျွန်တော်မဟုတ်ဘူးနော်....ခနွဲ ရယ်..။
(ကျွန်တော်က ဖော်ကောင်လုပ်တာ )
ပွားပါတယ် ပွားပါတယ် .. မုဒိတာ
ReplyDeleteအစ်မရေ
ReplyDeleteစာပေဟောပြောပွဲဆို သိပ်နားထောင်ချင်တာဘဲ
လက်မှတ်ဖိုးတော့တတ်နိုင်ပါရဲ့..
အစ်မ လေယာဉ်ခလေး အသွားအပြန်အတွက် မ စပါနော်..
ညီမ လာနားထောင်ချင်လို့ပါ။း)
15 ကျပ် ၁၀ စောင်ဝယ်ရင် ၁၅၀ ရမယ် ဈေးလေးဘာလေး မလျှော့ဘူးလား ၁၂၀ တို့ ဘာတို့ပေါ့
ReplyDeleteဟိ ကိုယ်လဲ မလာနိုင်ဖဲနဲ့ ဟဲဟဲ
ဒါနဲ့ စီဘူး က ဝက် ဘာမှလုပ်မရဘူးရော် ထမင်းဘူးဆို တော်သေးရဲ့စားလို့ရတယ် ဟက်ဟက်
ဟုတ်ပ့ါဗျာ။ ကျွန်တော်ဆို ရောက်ပြီးပေါ့။ ၁ လတိတိ စောသွားလို့။ ရောက်ရောက်ချင်း နောက်ကျနေပြီဆိုတဲ့အသိနဲ့ နေရာကို ဓါတ်ပုံကို တစ်ပုံပဲရိုက်လိုက်နိုင်လိုက်တယ်။ နောက်မှ လူမရှိမှ ။ စုံးစမ်းကြည့်လိုက်တာ။ ဟိ. .ဟိ။
ReplyDeleteလှတယ် လက်မှတ်လေးတွေက
ReplyDeleteနားမထောင်ရတာ ကြာပြီဗျာ။
ReplyDeleteဒီနိင်ငံက ဒီလိုပွဲမျိုး လုပ်ဖို့မလွယ်တော့ ပွဲငတ်ရတယ်။
ကြည့်ခွင့်ရတုန်း ကြည့်ထားတာ ကောင်းတယ်။
အနော်လဲ နှစ်စောင်ဝယ်ပြီး ...
ReplyDeleteလက်မှတ်က တစောင်ချင်း ဝယ်ရင် ၁၅ကျပ်၊ ၁၀ စောင်ဝယ်ရင် ၁၅၀ ဆိုတော့ များများဝယ်ရင် ဈေးသက်သာတဲ့ သဘောပေါ့နော်...း))
ReplyDeleteမှတ်သွားတယ်...
ဘုရား... ဘုရား... ကိုကိုဒီဘီလဲ လာမယ်ဆိုပါကလား...
ရုပ်ဖျက်သွားမှ ထင်ပါရဲ့....း((
ပုံ/
Log in ဝင်ရမှာ ပျင်းသူ ဒေါ်သက်ဝေ
လိုက်ချင်တယ်ဗျာ.. ဟင်း..
ReplyDeleteကျွန်တော်တို့လည်း သွားမှာဗျ :)
ReplyDeleteတို့လည်းလိုက်မယ် ချန်မထားနဲ့။
ReplyDeleteအစ်မချစ်ကြည်အေး။ လက်မှတ်တွေအများကြီးပါလား။ လက်မှတ်ကုန်မှ ဈေးတင်ရောင်းမလို့လား။
ReplyDelete