Floating restaurant ဆိုတာ တခြားဟုတ်ရိုးလား ရေပေါ်မှာ မိုးလုံ လေလုံ အပျော်စီး ဖောင်လိုမျိုး နဲ့ Loboc River တလျှောက် လိုက်မောင်းပြတာပါ။ Long River cruise ride ဆိုပါတော့။ အဲဒီအတွက် တယောက်ကို ပက်ဆို ၄၀၀စီ ထပ်ပေးရပါတယ်...

အနောက်ကနေ စက်တပ်လှေကလေးနဲ့ တွန်းတာ...

လက်မှတ်ဝယ်ကတည်းက နေ့လည်စာ ဘူဖေး ဒါတွေ စားရမယ်တဲ့...

မြစ်ရိုးတလျှောက် ရှူခင်းတွေလည်းကြည့်ရင်း၊ ဟော်လိုဂစ်တာနဲ့ ဆိုလိုရှိုးလေး ဖျော်ဖြေတာကိုလည်း နားထောင်ရင်းပေါ့။ သီဆိုဖျော်ဖြေမှုက တကယ် နားထောင်ကောင်းပါတယ်။ အင်္ဂလိပ်သီချင်းဆိုရင် တွင်ကယ် တွင်ကယ် လစ်တဲယ်စတားလောက်သာ သိတဲ့ ကျမအတွက် အဲဒီ အန်ကယ်ကြီး သီချင်းတွေက တကယ်ကို မြိုင်ဆိုင်ကောင်းမွန်တာပါ...

ကျမ မျက်လုံးထဲတော့ ကျမတို့ရွာက မြစ်တွေ ချောင်းတွေထဲ ခုလို မြင်ကွင်းမျိုး မြင်ကြည့်မိနေတယ်။ ဒီ့ထက် ပိုလှတဲ့ ရှူခင်းတွေနဲ့လေ...။

ဝါးညှပ်အကလည်းပါသေးတယ်...။ အဲဒီနား ရွာနီးချုပ်စပ်က မိန်းမမှန်သမျှ ပျိုအိုကြီးငယ်တွေ ရွာလုံးကျွတ် ထွက် မကမနေရ ပုံ/ရဝတ ထင်ပါရဲ့...:)

အနဲဆုံး လက်ခုပ်လေးတော့ ညီအောင် တီးတတ်ရမယ်...

အေးချမ်းရိုးရှင်းတဲ့ လူနေမှုဘဝကို ပြတဲ့ အိမ်ကလေးတွေ ရှိသလို....

အိမ်ကြီးအိမ်ကောင်းတွေလည်း ခုလို တွေ့ရတယ်...

ဖိလစ်ပိုင်က ကြာဇံ...အဲ...တာဇံ လက်သစ်....:)

အစားအသောက်ပုံတွေ တင်မဟဲ့လို့ ဆိုပြီးမှ ပုံတွေက ၂ပုံလား ရိုက်ခဲ့မိတယ်။ အဲဒါတွေကလည်း ဝေဝါးဝါးရယ်...အားနာတယ်

ဒါနဲ့ ပြန်မဲ့နေ့ မနက် ဟိုတယ်က မနက်စာပုံတွေပဲ တင်လိုက်ရပါတော့တယ်...
သူတို့လူမျိုးတွေက မနက်စာကို ထမင်းစားတဲ့ အလေ့ရှိတယ်...ကျမတို့ မြန်မာတွေ ပဲပြုတ် ထမင်းစားသလိုပေါ့...

အဲဒီ အချိုပွဲက ဖာလူဒါလိုလို ဘာလိုလို ဒါပေမဲ့ သူက ဟလို ဟလို(Halo Halo)

ဒီနေ့အတွက်တော့ တော်သေးပြီ...နောက်မှ ဆက်ပါဦးမည်...
ချစ်ကြည်အေး အိပ်ပါတော့မည်...ကမ္ဘာကြီး အိပ်ရေးဝပါစေ....:P

This comment has been removed by the author.
ReplyDeleteှဆီဗူး သား ဖား ကတော့ ခွင့်ပြန်သွားလေ ရဲ့ ။
ReplyDeleteအခု ဆီဗူး အလည်ပြန် မချစ်ကြည်ရဲ့ ဆောင်းပါးတွေ ကို ဖတ်ရလို့ 
မေးကြည့်ဦးမှ နော် :)
ကမ်စပ်ကအိမ်ကလေးတွေက နေချင်စရာကောင်းလိုက်တာ
ReplyDeleteတကယ်ပါဘဲ.. စိတ်ချမ်းသာမဲ့ပုံဘဲ ရှုခင်းလဲလှတယ်... လူနေမှုစနစ်လဲ ရိုးရှင်းမယ် ထင်ပါတယ်.. အစ်မရိုက်လာတဲ့ဓာတ်ပုံတွေ အတော်လှတယ်.. မြစ်ထဲကဖောင်ကလဲ စီးချင်စရာဘဲ... တော်တော်ပျော်ခဲ့မှာနော်.. ကြည့်ရတာ ပျော်စရာ
သူတို့နိုင်ငံရဲ့ ရှုခင်းရှုကွက်တွေက မြန်မာနိုင်ငံလိုဘဲနော်။ အလွမ်းပြေ အလည်အပတ်သွားစရာကောင်းတယ်။ ကြည်နူးစရာလဲကောင်းတယ်။
ReplyDeleteချစ်ကြည်အေး ရေ
ReplyDeleteအမ တို့ နိုင်ငံလည်း အဲလို လုပ်ရင် အများကြီး လှတဲ့ နေရာတွေ ရှိတယ်နော်
အခု တော့ သူတို့ စီက သန့်ရှင်း လှပ မှု့တွေ ပိုသွားသလိုဘဲ
အစားအသောက်ကတော့ ရပါတယ် ဘာမြင်ရမြင်ရ ကျေနပ်ပါတယ် မြင်ရသလောက်ပေါ့
ခင်မင်တဲ့
ရွှေစင်ဦး
ရောက်ဖူးတဲ့သူတွေကတော့ ဝေဖန်ပိုင်းခြားနိုင်ကြတယ်...ညီမလေးတို့ကမရောက်ဖူးတော့ အမချစ် တင်ပေးတာကိုပဲ...အားပေးရတော့တယ်...။
ReplyDeleteခင်တဲ့
မိုးငွေ့
သွားလည်ချင်စိတ်ပေါက်လာပီ မချစ်
ReplyDeleteကျွန်တော်က မနီလာတော့ ရောက်ဖူးတယ် ဂျိုလဗီကိုတော့ အရမ်းကြိုက်တယ် ကေအက်ဖ်စီ ထက်ပိုကောင်းသလိုပဲ
ReplyDeleteသူတို.ဆီက hotdog ကြိုက်တယ် ဒါပေမဲ့ ကျွန်တော်က အမဲသားမစားတော့ခက်တယ် အများအားဖြင့် ၀က်သားနဲ. အမဲသားရောတဲ့ hotdog တွေများတယ် ကြက် hotdog လဲရှိပါတယ်
ကျွန်တော် Cebu တော့မရောက်ဖူးသေးဖူး ဓါတ်ပုံတွေတွေ.ပြီး သွားလည်ချင်စိတ်ပေါ်လာတယ် မြန်မာ ပတ်စ်ပို.က ဖိလစ်ပိုင် ကို ဗီဇာမလိုဖူး အရှေ.တောင်အာရှမှာ ဖိလစ်ပိုင် တစ်နိုင်ငံတည်းသာ ဗီဇာမလိုတဲ့နိုင်ငံနော်
ီ
ကျွန်တော်လည်း မနီလာကို ရောက်ဖူးတော့ ဆွေးနွေးဖို. အဖေါ်တစ်ယောက်တိုးလာတာပေါ့
ဖီလစ်ပိုင်မှာ Jag ဆိုတဲ့ ဂျင်းဘောင်းဘီက နာမည်ကြီးတယ် သူတို.က Levis လိုသဘောထားပြီးဝတ်ကြတာ ဈေးလည်း အများကြီးသက်သာတယ်
မချစ်ကြည်အေး ဘလော့ကို ကျွန်တော် အမြဲတမ်းလာလည်ပြီး ကွန်မန်.ရှည်ရှည်ရေးမယ်နော်
ကျွန်တော်ပထမကွန်မန်.ကို အားနာလို. တည်းဖြတ်ပြီး ပြန်တင်လိုက်ပါတယ် ရင်ကို .. ဖွင်ချခဲ့စမ်းပါ .. ဆိုလို.ရေးချင်တာရေးမိလိုက်တာ ခွင့်လွှတ်ပါ
မချစ်ကြည်အေး နှင့် မိသားစု ကျန်းမာရွှင်လန်းပါစေ
ပြတဲ့နေရာတွေသွား ကျွေးတာတွေစားပြီး ပြန်သွားပြီ :) နောက်ထပ်ဘာတွေရှိသေးလဲဟင် အစ်မချစ် ရှိတာအကုန်ထုတ် ဒါပဲ :)
ReplyDeleteခင်တဲ့(ချိုကျ)
မချစ်ကြည်အေး မလေးရှားက Melaka မြို. ကိုရောက်ဖူးလား ကျွန်တော်မနှစ်က ကုမ္ပဏီရဲ့ အစီအစဉ်နဲ.ရောက်ဖူးတယ် ဘစ်ကားနဲ. ၄-၅ နာရီလောက်မောင်းရတယ် Holiday Inn ဟိုတယ်က ဈေးသက်သာသလိုတော်တော်ကောင်းပါတယ် တကယ့်ကိုသန်.ရှင်းလှပတဲ့မြို.လေးတစ်မြို.ပါပဲ ခရီးထွက်တတ်တဲ့သူတွေအတွက်တော့ သွားသင့်တဲ့မြို.လေးပါပဲ
ReplyDeleteကျန်းမာ ပျော်ရွှင်ပါစေ
Z
ကိုZရေ မလက်ကာကို မနှစ်က ရောက်ခဲ့တယ်။ သိတ်လှပသန့်ရှင်းတဲ့ မြို့ကလေးပါ။ နာမည်ကြီး နိုညာစာ လည်း စားခဲ့ပါရဲ့ ။ အန်ကောဝပ်လည်း မနှစ်က ရောက်တာပဲ....။
ReplyDeleteအဲဒီတုန်းက ကျမ ဘလော့ဂ် မရေးသေးတော့ ဓါတ်ပုံတွေကို Landscape ချည်းပဲ သတ်သတ် မရိုက်ခဲ့မိဘူးလေ။ ဒါ့ကြောင့် ပိုစ့်မရေးနိုင်တာ။ သတိတရ သတင်းပေးတဲ့အတွက် ကျေးဇူးပါနော်....:)
တစ်ခေါက်လောက် မိသားစုနဲ. ပြန်သွားချင်သေးတယ်
ReplyDeleteအရင်က ရုံးကအဖွဲ.နဲ.ဆိုတော့ ဟိုတယ်က အစည်းအဝေးခန်း မှာပဲ training/နှစ်ပတ်လည် အစည်းအဝေးဆိုတော့ တစ်ရက်ကုန်သွားတယ် အဲဒီ့တုန်းက ကျွန်တော် သတ်သတ်လွတ်စားနေတော့ ကျွန်တော့်သူဌေးက သတ်သတ်လွတ် ဆိုင်မှာတစ်ရက်လိုက်ကျွေးတယ် တိုက်တိုက်ဆိုင်ဆိုင် ထမင်းဆိုင်မှာ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီးတစ်ယောက်ကိုသိလိုက်ရတယ် ကျွန်တော့်တို. မြန်မာတွေက နေရာတိုင်းမှာပဲနော် မြန်မာပြည်မှာ စီးပွားရေးကြပ်တည်းတော့ ကျွန်တော်လိုပဲ အလုပ်လာလုပ်သူလို.သတိထားမိလိုက်တယ် ကျွန်တော့် အထင်တော့ မလက်ကာမြို. နေရာအစုံမရောက်လိုက်ဖူး ထင်မိတယ် မချစ်ကြည်အေး မလက်ကာ က ဓါတ်ပုံတွေကြည့်ပြီး မရောက်သေးတဲ့နေရာတွေကို သွားကြည့်ရမယ်
ခင်မင်စွာဖြင့်
Z