အောက်ခြေကမော့ကြည့်လို့ ကောင်းကင်ကို မမြင်ရလောက်အောင် နေရောင်မထိုးဖောက် ပင်ချင်းယှက်လို့ လှပစွာ ပေါက်ရောက်နေကြတာ...လေးလေးစားစား ကြည့်သွားကြပါ... အားလုံးထက် အသက်ကြီးတဲ့ အပင်တွေ....:)
Hanging Bridge တဲ့...
အဲသလို ခနော်နီ ခနော်နဲ့ ဝါးတံတားလေးတွေများ ကျမတို့ရွာမှာ ပေါလို့....ဒါမျိုးကို အထူးအဆန်းလုပ် ပြကြလေရဲ့...ကိုယ်ကလည်း သွားကြည့်မိသကိုး...အဲ လျှောက်လည်း လျှောက်ခဲ့ပါသေးတယ်...
တံတားအဆုံး တဘက်မှာတော့ အမှတ်တရ ပစ္စည်း အရောင်းဆိုင်လေး ရှိတယ်။
ငှက်ပျောသီး တုတ်ထိုး မီးကင်တဲ့...ထောပတ်သုတ်ပြီး ကင်တာ...စားကြပါအုံးလား....
Tarsier လို့ ခေါ်တဲ့ အသေးဆုံး မျောက်ကလေး သွားကြည့်ခဲ့တယ်...
ချစ်စရာ မကောင်းဘူးလား။ တကောင်လုံးရဲ့ အရွယ်အစားက ၄-၅ လက်မလောက်ပဲရှိတယ်။ မျက်လုံးပြူးပြူးကလေးတလုံးက သူ့ရဲ့ ဦးနှောက် နဲ့ အရွယ်အစား တူတယ်။ ခြေတံ၊ လက်တံ အရှည်ကြီး နဲ့ အမြီး အရှည်ကြီးရှိတယ်။
လက်နဲ့ ယှဉ်ပြီး ရိုက်ထားတာ...
သူဟာ ရှေးဟောင်း မျိုးနွယ်စု အသားစား သတ္တဝါကလေး၊ သူ့ပေါ်မှာ လာနားတဲ့ အင်းဆက်တွေကို ဖမ်းယူစားသောက်လေ့ ရှိတယ်။ တာဆီရာ အမတကောင်ရဲ့ ကိုယ်ဝန်ဆောင်ချိန်ဟာ ၆လခန့် ကြာမြင့်သတဲ့။ အဲသလို ၅လလွယ်-၆လဖွားရတဲ့ တာဆီရာကလေးဟာ ၂နှစ်အကြာမှာ တာဆီရာပျိုလေး အဖြစ် အရွယ်ရောက်လို့ ကြင်ဖော်ရှာလေ့ရှိသတဲ့..မြန်ပါ့တော်...
တာဆီရာတွေဟာ ညဖက်မှာ လှုပ်ရှား သွားလာလေ့ရှိပြီး နေ့ဘက်ကျမှ အိပ်သတဲ့...
ကျမတို့သွားတာ နေ့ဘက်ဆိုတော့ သူ့အိပ်ချိန်ပေါ့...ဟင်...မျက်လုံးကြီးကဖြင့် ပြူးလို့၊ ဟိုအဆိုတော်ရဲ့ "မျက်လုံးဖွင့်ပြီး အိပ်ကြည့်စမ်းပါ အချစ်ရယ်" ဆိုတဲ့ သီချင်းတောင် သတိရမိသေး...
ဟယ်...လှုပ်လာပြီ လှုပ်လာပြီ နောက်တပုံ နောက်တပုံ ရိုက်အုံးမှ....
ဓါတ်ပုံ ရိုက်နေမှန်းသိလို့ အိပ်နေရက်ကြီးနဲ့ ပိုစ့်ပေးတာ နေမှာ....
ပြီးတော့ ဗိုက်ဆာဆာနဲ့ Floating restaurantကို သွားခဲ့ကြတယ်...။ အတူလိုက်ခဲ့သူတွေလည်း ဆာကြရော့မယ်... စိတ်ရှည်ရှည်ထားပါလေ...လာမဲ့ပိုစ့်မှာ ရေးပါ့မယ်...
မကြာမီ လာမည်...မျှော့ ကျွတ် တီ...း)
မြောက်လေးက ချစ်ချာလေး..
ReplyDeleteကြိုးတံတားကိုတော့ အခုတောင် လျှောက်ချင်သေးတယ်..
အဲလိုတံတားပေါ်လျှောက်ရတာကိုက ဖီလင်တစ်မျိုးပါဘဲ..
မဟော်ဂနီပင်တန်းကြီးကလဲ လှမှလှ.. တစ်ယောက်တည်းတော့ လျှောက်ချင်ဘူး.. ပျင်းတယ်
အဖော်တွေနဲ့မှား) သူတို့ဆီရောက်မှ ငှက်ပျောသီးတောင် ကင်ရောင်းရတယ်လို့... စားတော့ စားချင်စရာနော်..
ရှုခင်းတွေလဲ ကြည့်ရတယ်။ အမရေးတာကလဲ ဟာသရသအပြည့်ပါတော့ ဖတ်ရင်းနဲ့ ရယ်နေမိတယ်။ မျောက်ကလေးကတော့ တကယ်ပါဘဲ။ အခုမှဘဲ မြင်ဖူးတော့တယ်။ ပြီးတော့ နေ့ဘက်မှာ အိပ်ပြီး ညဘက်မှာ လှုပ်ရှားသွားလာသတဲ့။ အထူးအဆန်းတွေချည်းဘဲနော်။ အမပြန်လာရင် မြောက်စုံတွဲတစ်တွဲလောက် ၀ယ်လာခဲ့ပါလား။ မြန်မာပို့ပြီး မြန်မာနိုင်ငံမှာ မျိုးပွါးရအောင်လို့လေ။ ချစ်စရာလေးတွေ။ မျက်လုံးပြူးပြူးလေး။ ကင်မရာဝူးမင်းနဲ့ နင်လားငါလား ဖြစ်မှားဝ)
ReplyDeleteခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
လာလည်သွားပါတယ် အမခင်ဗျား. မရောက်တာ အလွန်ကြာပေါ့..ဖိလစ်ပိုင်ကို သွားချင်သား. ကျန်တဲ့ ပိုစ်တွေကို နောက်ရက်လာလည်မယ် စိတ်ချ။
ReplyDeleteTarsier အကြောင်းဖတ်သွားပါတယ်။
ReplyDeleteငှက်ပျောသီးမီးဖုတ် ကြိုက်ပါတယ်။
မျောက်လေးကချစ်စရာလေးတော်..
ReplyDeleteညဘက်လမ်းထွက်လို့လူတွေမမြင်ဘဲတက်နင်း
မိလို့ကတော့..ဗြိကနဲ..ဖြစ်သွားမှာသေချာတယ်..
မကြီးချစ်ရေ..စားသောက်ဆိုင်မြန်မြန်သွားပါတော့
ဗိုက်ဆာလှပြီ..
မျောက်လေးက ချစ်ဖို့တော်တော်ကောင်းတယ်၊ တစ်ကောင်လောက် မွေးထားချင်တယ်။
ReplyDeleteကြည်အေး ရေ
ReplyDeleteရှု့ခင်းတွေ ကလည်း သာယာတယ် မျောက်ကလေးတွေ ကလည်း ချစ်စရာ ကောင်းလိုက်တာ
စားစရာတွေကို မျှော်နေမယ်
ရွှေစင်ဦး
နောက်တခေါက် စီဘူးသွားရင် တီဇက်အေဖို့ မျောက်တကောင်လောက် မမေ့မလျော့ ယူလာပေးလိုက်ပါ သူငယ်ချင်း...
ReplyDeleteသစ်ပင်စိမ်းစိမ်းလေးတွေ ရိုက်ထားတာ လှတယ်...း))
ချော ကြိုးတံတားကို အဖော်တွေနဲ့မှ လျှောက်ချင်တယ်ပေါ့လေ... ကြိုးစားပါ ကြိုးစားပါ....:)
ReplyDeleteကိုကိုမောင်ရေ...ဘယ်ကလာ ကင်မလာ ဝူးမန်း မျက်လုံးက ဘူးသီး လက်သည်းနဲ့ ဆိတ်သလောက် ပွင့်တာ ဟ ဟ ဟ ....:)
ပေတူးရေ...လာဖတ်ပါ...ရေးပါ့မယ် ရေးရမှာ အတော်အားရှိသွားပြီ ဒီလို အမာခံ ပိတ်သတ်ကြီး ရှိနေတာ ဝမ်းသာတယ်ရှင်...:)
သဘောကျတယ်ဆိုလို့ ဝမ်းသာတယ် ညီမလေးရေ...ငှက်ပျောသီး မီးကင်စားမဲ့နေ့ အမကို လှမ်းခေါ်လိုက်လေ...:)
ကျေးဇူးပါ သူငယ်ချင်း တို့လည်း ငယ်ငယ်က ဖီးကြမ်း မီးဖုတ်ပြီး အဖွားက ကျွေးတာ မှတ်မိတယ်...ခုဟာက ငှက်ပျောသီးနော်... ဖီးကြမ်းနဲ့ အမျိုးတွေ...:)
ညီမလေးရေ...သူက သစ်ပင်တွေပေါ် ဟိုဒီခုန်ကူးတာမျိုးပါ၊ အင်း...လူတွေကပါ သစ်ပင်ပေါ် လမ်းလျှောက်ကြရင်တော့... အေးဟ...နင်းမိလောက်တယ်....:)
မောင်တီလေး...မျောက်မွေးတယ် ဆိုတာ မကောင်းပါဘူးကွယ်...
အဲ ငှယ်....:)
မမရွှေစင်...စိတ်ချ ရေးအုံးမှာ စားစရာတွေလည်း တင်အုံးမှာ...:)
သူငယ်ချင်း သက်ဝေ...ကျေးဇူး...ခုပဲ မောင်တီ့ ပြောနေရ... မွေးချင်ပါနဲ့ဆို....ကွယ်...အဲ ငှယ်....:)
မကြီးအေးရေ့......
ReplyDeleteမျောက်ကလေးကိုသေချာကြည့်ရင်း......တစ်ယောက်ယောက်နဲ့ တူနေတယ်မှတ်တာ......။
လတ်စသတ်တော့ အနော်နဲ့ တူနေတာကိုးဗျ...............အဟီး.....း))
ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို
ပြန်သေးဘူးလားဗျ .. ဖိလစ်ပိုင်ကနေ .. ဖိလစ်ပိုင်သူတွေ ချောလား ဟီး :-)
ReplyDeleteလမ်းကရှုခင်းလေးတွေ သဘောကျတယ်... မော်ဒယ်တွေလဲလှတယ် :D
ReplyDeleteဂျင်းဖို့ မျောက်လေးတစ်ကောင်လောက်တော့ လက်ဆောင်ယူလာမပေးဘူး။
ReplyDeleteအဲဒီမျောက်လေးကို ကြည့်ပြီးအူယားလို့....:)
ဏီလင်းရယ် သူ့ဘာသာသူ ကြော်ငြာဝင်သွားသေးတယ်....ဟ ဟ :)
ReplyDeleteကိုနွေဆူး ပြန်ရောက်ပါပြီဗျ...စပိန်သွေး နှောထားတာလေးတွေ လှတယ်...ဖိလစ်ပိုင်းအစစ်က သိတ်မလှဘူးရယ်...:)
အမ်....ရိုစ့်...မျောက် မော်ဒယ်ကို ပြောတာလားဟင်....:P
ဂျင်ဂျင်းရယ်...ကိုယ်တိုင် မျောက်မူးလဲ နေတဲ့ဟာ မျောက်တကောင် လိုချင်သေးတယ်....အံ့ရော....:P
ချစ်ကြည်အေး ရေ
ReplyDeleteနေဓါတ် လဓါတ် ဆိုပြီး လူတွေ ကို ခွဲထားပြီး နေ သမား စားရတဲ့ အစာ လသမား စားရတဲ့ အစာ ၊ နေ သမားကို ရောဂါခြင်းအတူတူ လ သမား ကု သလို မကု တဲ့ ဆေးပညာ တရပ်လို့ ဘဲ အကြမ်းဖျင်း သဘောပေါက် ထားပါတယ် နောက်တော့ ဂျာနယ်ကျော်မမလေး ရဲ့ နေလ ဆေးပညာ အကြောင်း ရေးထားတဲ့ စာအုပ် ကို ရရင် တင်ပေးပါမယ်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
အံမယ်
ReplyDeleteသူလဲ ခရီးသွား ပိုစ့်တွေ တင်လို့ပါလား
လာလည်သွားသည်
နောက်ဆုံး က တီ ဆိုတာ တို့ ကိုခေါ်တာလားဟင်?
လာမည့် ၁၇-၂၉ (အလုပ် ပလပ်စ် ခွင့်) မြန်မာပြည် ထပ်ပြန်ပါအုံးမည် စားစရာများ ကို သွားရည်ကျစရာ သေချာ ရိုက်လာကာ သေချာ တင်ပေးပါအုံးမည်
လာဘတ်သူများ အကုသိုလ် များကြပေအုံးမည်
ငှက်ပျောသီးမီးဖုတ်စားချင်တယ်၊မမှည့်တမှည့်လေးဆိုအရမ်းကောင်း
ReplyDeleteဟီး....ရှလွတ်..၊ဒေါ်မယ်ချစ်အဲဒြီကိုးတံတားပေါ်ကဒိုင်ဗင်ထိုးဆင်းပြီး
ရေမကူးခဲ့ဘူးလား၊မျောက်ကလေးနဲ့ယှဉ်ပြီးရိုက်ထားတာဘူ့ လက်လဲ
ဟင်..၊နှလုံးလမ်းကြောင်းကောင်းလွန်းလို့..။
အိမ်တိုင်ရာရောက် လာရှင်းပြတာ ကျေးဇူးပါ မမရွှေစင် စာအုပ်ရရင် တင်ပေးပါ ဘလော့ဂ်မရေးတော့တဲ့အခါ ဆေးကုစားရင် စားရမယ်လေ...:)
ReplyDeleteတီရေ...ယူသော်ရ၏ ပေါ့...ရွာ ခဏခဏ ပြန်နေတဲ့ တီ့ကို အားကျတယ် တကယ်....:)
ညီမ စုစု...အမြင် စူးရှလှချည်လား...အဲဒါ အချစ် လက်ပေါ့... သူက သိတ်ချစ်တတ်လွန်းသူကြီးကွဲ့...:)
>>>လေးလေးစားစား ကြည့်သွားကြပါ... အားလုံးထက် အသက်ကြီးတဲ့ အပင်တွေ....<<<
ReplyDelete>>>မကြာမီ လာမည်...မျှော့ ကျွတ် တီ...<<<
ကိုTZAနဲ့ မောင်နှမတွေလို့ မပြောရဘူး
(ပြောရမယ်...ဟဲ ဟုတ်သေးပါဘူး၊ ဘယ်လိုကြီးတုန်း မြန်မာစကား မပြောတတ်တော့ဘူး...):P
ချစ်ကြည်အေးရဲ့ အချစ်လက်ကိုကြည့်ရတာ..ခေါင်းမာမဲ့ပုံပဲ..ဟီးဟီး..ဟုတ်လားဟင်
ReplyDelete