မနက် ၇း၄၅ ထွက်ရမဲ့ ဖယ်ရီဟာ ၁၅မိနစ် နောက်ကျပြီး ၈နာရီကျမှ ထွက်ပါတယ်။ ဒါလေးများ...။ ၁၅မိနစ်လောက် စောင့်ရတာများ ကျမတို့လို မြန်မာပြည်တွင် ပြုလုပ်သည် ဆိုတဲ့ မြန်မာလူမျိုးတယောက် အတွက်တော့ အပျော့ အပျော့... ရယ်ရသပေါ့...။ အထက်တန်းက ဝယ်မိတာ ကိုယ့်ဒုက္ခ ကိုယ်ရှာသလိုပါပဲ... အေးလိုက်တဲ့ အဲကွန်း၊ ဝတ်သွားမိတာက လက်တို ဆိုတော့ လူကို ရေခဲရိုက်ခံနေရသလိုပါပဲ။ ဈေးကဝယ်လာတဲ့ ဝတ်လစ်စလစ်နဲ့ ငါးတွေကို မချက်ခင် တရက်ကြိုတင်ပြီး ဆား ဆနွင်းနယ်၊ ရေခဲသေတ္တာ အပေါ်ထပ် ထည့်ထားတတ်တဲ့ ကျမအကျင့်.. အင်း...ဝဋ်လည်တယ် ဆိုတာ ဒါမျိုး...။
အမှန်က အိမ်ကလူကြီးရဲ့ စေတနာတွေပါ။ ကျမ ဓါတ်ပုံရိုက်လို့ အဆင်ပြေအောင် သူ လက်မှတ် စီစဉ်ရှာတာ။ တခြား ရိုးရိုးတန်းနဲ့ ဒုတိယတန်းတွေမှာဆို ခပ်မှုန်မှုန် မှန် (မှုန်ဆို ဘယ်တုန်းကမှ တိုက်ချွတ်ပုံ မရဘူး :)ကို ဖောက်ပြီး ဓါတ်ပုံ ရိုက်ရမှာ။ ခုကျတော့ တံခါးလေး ဖွင့်ပြီး နောက်ဘက် ထွက်လိုက်တာနဲ့ အတားအဆီးမဲ့ တိုက်ခတ်နေတဲ့ ပင်လယ်လေ တဟူးဟူးရဲ့ အပွေ့အဖက်ကို ခံယူမလား၊ ဒါမှမဟုတ် အဆုံးအစမဲ့ ကောင်းကင်ပြာနဲ့ ပင်လယ်ပြင်ကြီးရဲ့ ဆီးကြိုနွေးထွေးမှုကို လိုချင်သလား...။ ဝါသနာပါရင် လက်ကလေး နှစ်ဘက် ဘေးကိုဆန့်တန်းပြီး ♫ My Heart will........go on and.....on.......♫ လို့ ရသေးတယ်...
ကြည့်ပါ...လှပတဲ့ ဆီဘူးမြို့လေး အဝေးမှာ လက်ပြကျန်ရစ်လို့ နေခဲ့ပါပြီ....
မြင်သမျှ တွေ့သမျှ...ရိုက်ဟ ရိုက်ဟ...ပင်လယ်၊ တိမ်၊ တောင်...ဒါတွေပါပဲ...
ဟိုးအဝေးဆီက ကျွန်းကလေး...အဝေးကကြည့်တော့ နေချင်စရာ....
ဟော ဟိုမှာ ရောက်ပါပြီ...မနက် ၉း၁၅မှာ လှပတဲ့ ဘိုဟိုလ်းကျွန်းကလေးဆီ...ကိုယ်လာပြီ....
ဒါကိုတွေ့တော့ အမေနဲ့ ရွာကို လွမ်းသွားတယ်...DUTY အို...ဓါတ်တိုင်ရယ်...
လူ ၁၀ယောက်ဆန့်တဲ့ ဗန်လေး တစီးငှား၊ လမ်းမှာ အဆာပြေဝါးဖို့ မုန့် နဲ့ ရေဗူးဝယ်ပြီး သူတို့ ပြတဲ့ ခရီးစဉ်တခုကို ပက်ဆို ၃၂၀၀ နဲ့ ဝယ်လိုက်တယ်။ ကဲ...ဘိုဟိုလ်းကျွန်းကို ကျမတို့နဲ့ အတူ ပတ်လိုက်ကြရအောင်...
၄၅မိနစ်လောက် မောင်းပြီးမှ ပထမဦးဆုံးနေရာကို ရောက်တယ်....Chocolate Hills တဲ့...
လက်နက်ချပါ....GUN FREE ZONE...
ကြည့်စမ်း နာမည်လေးက ရင်ခုန်ချင်စရာလိုလို၊ တွေ့ရင်ပဲ ကောက်ပြီး ဝါးစားချင်စရာလိုလို...။ တကယ်တော့ မြက်ညိုညိုလေးတွေ ပေါက်နေတဲ့ တောင်ကုန်း လုံးလုံးလေးတွေ....။ အဲဒီ အညိုရောင် တောင်ဂတုံးလေးတွေ စီရရီ စဉ်တန်းလို့ ရှိနေတာကို Chocolate Hillsလို့ နာမည်ပေးထားတာ။
လုပ်စားတတ်ကြပုံများ ပြောပါတယ်။ အညိုရောင် တောင်ဂတုံးတို့၊ တိုညောင်ညောင်တို့၊ တောင်ညိုစဉ်တန်းတို့လို နာမည်မျိုး ပေးကြည့်ပါလား၊ ဘယ်သူက စိတ်ဝင်တစား သွားကြည့် မတုန်း...။ အပေါ်စီးကကြည့်လို့ရအောင် Bird eyes view လုပ်ပေးထားသေးတာ။
ခုတော့ လူတွေ အလုအယက် တောင်ဂတုံးအညိုတွေနဲ့ ဓါတ်ပုံ တွဲရိုက်နေကြတာသာကြည့်...။ ကျမလည်း တတ်သည့်ပညာ မနေသာ တဖျတ်ဖျတ် ရိုက်ရတော့တာပဲ။
ဆက်ပါအုံးမည်...
ကျမရဲ့ ဖီလစ်ပိုင်သူငယ်ချင်းမက ဘိုဟိုလ်း ကပါ။ သူ့ ဆီက Chocolate Hills ပုံတွေကြည့်ဖူးပါတယ်။ ကိုယ်တိုင်တော့ မရောက်ဖူးပါဘူး။
ReplyDeleteသွားချင်တယ်...
ReplyDeleteဓာတ်ပုံတွေကြည့်ပြီး စိတ်ကူးယဉ်သွားပါတယ်...
အမချစ်ရေ
ReplyDeleteပုံလေးတွေ တင်ပေးတာ တကယ်ကိုကျေးဇူးတင်တယ် အိမ်မက်မက်ကြည့်လို့ ရတာပေါ့ဗျ အားကျတယ်ဗျို့ သိန်း ၁၀၀၀ ၂ခါပြန်လောက်ပေါက်ရင်တော့ သွားလည်မယ်ဗျာ
ခင်မင်စွာဖြင့်
seesein
မချစ်ကြည်ရေ.. ပင်လယ်ပြင်ကြီးရယ် ကောင်းကင်ပြာရယ် လှတယ် လှတယ် လှတယ်ဗျိုးး။
ReplyDeleteများများသာရိုက် မရောက်နိုင်ပေမယ့် မြင်နိုင်တာပေါ့း))
မျှဝေတာကျေးဇူး.......။
ကုန်းလေးတွေပေါ် ပြေးတက်ပြေးဆင်း မကစားခဲ့ဘူးလား
ReplyDeleteချစ်ကြည်အေး ရေ
ReplyDeleteချောကလက် တောင်ကုန်းလေး တွေ ကလှပါ့ စားချင်စိတ်တောင် ပေါ်လာပြီး အင်း ၂၀၁၁ ဖေဖော်ဝါရီ ၁၄ ကြမှ အဝစားပြစ်လိုက်အုန်းမယ်
မျှဝေတဲ့ အတွက်ကျေးဇူး
ရွှေစင်ဦး
ပျော်စရာကြီးပါလား။ ကျွန်းလေးကလဲ လှမှလှ။ တောင်ဂတုံးလေးတွေကလဲ စုပြီးပေါက်နေလိုက်ကြတာ။ သူတို့အချင်းချင်းက မိသားစုတွေထင်တယ်။ ချောကလက်တောင်ကုန်းတဲ့လား။ လှလိုက်တဲ့နာမည်။ ကျနော်ကလဲ ချောကလက်ဆို သိပ်သိပ်ကြိုက်။
ReplyDeleteအမပြောသလိုဘဲ လာမဲ့ဖေဖော်ဝါရီ၁၄ဆိုရင်တော့ အဲဒါတွေကို လက်ညိုးထိုး ကျွေးကြမဲ့သူတွေ မနည်းလောက်ဘူး။
ခင်မင်စွာဖြင့်
ကိုကိုမောင်(ပန်းရနံ့)
မကြီးချစ်ရေ..
ReplyDeleteညီမလဲ..ချော့ကလက်တောင်ကုန်းလေးတွေစီ
တူတူလိုက်ခဲ့တယ်နော်
ချောကလက် တောင်ကုန်းလေးများ ကိုရှုငေးသွား။
ReplyDeleteသဘာဝတရားက ဆန်းကျယ်သားနော်..
ReplyDeleteလူလုပ်ထားတဲ့ တောင်ပူစာလေးတွေကျနေတာဘဲ
ရှားရှားပါးပါး အညိုရောင်တဲ့... နံမည်ပေးကလဲ ကောင်းပ.
ပင်လယ်ပြာကြီးကို ရိုက်ထားတာ လှလိုက်တာ.. ကိုယ်ပါ စိတ်နဲ့အတူး လွှင့်ပါသွားသလို ခံစားရတယ်..
တို့အစ်မ လက်ကိုဆန့်တန်းထားတဲ့ပုံများ တွေ့ရအုံးမလား ရှာကြည့်သေးတာ၊ တွေ့လဲတွေ့ဘူး :P
ReplyDeleteအဲဒီ့တောင်ကုန်းလေးတွေက ညနေပိုင်းဆို ချော့ကလက်ရောင် ပိုထွက်တယ်လို့ ဇွန်ကြားဖူးတယ်။ :)
ကူးရောက်တုန်းက ချောကလက်မဖြစ်သေးဘူး။ go green ဘဲရှိသေးတယ်.. ဟီးဟီး..
ReplyDeleteအစ်မ...တောင်တွေပေါ်တက်သွားပါတယ် ဟူးးးးမောထှာ :)
ReplyDeleteခင်တဲ့(ချိုကျ)