တမ်းတမ်းတတ နမ်းမဝခဲ့ဘူး
အရူးအကန်းပဲ ပြောကြပါတော့...
ငါ့ နှလုံးခုန်သံတွေ နှေးသွားလိုက် မြန်လာလိုက်
မင့် မျက်ဝန်းလေး ပြေးသွားလိုက် ပြန်လာလိုက်
ငါ့ရှေ့က ရေမြောင်းဘောင်ဟာလည်း ကျဉ်းသွားလိုက် ကျယ်လာလိုက်
ငါ့ ကောင်းကင်က လတစင်း လင်းသွားလိုက် ကွယ်သွားလိုက်
ငါ ရပ်နေတဲ့ မြေကြီးတောင် မြင့်လာလိုက် နိမ့်ဆင်းလိုက်...နဲ့
ကြည့်နေခဲ့တဲ့ ကြယ်တစင်း ငါ့ရင်ကို ထုတ်ချင်းဖောက်...
အိပ်မက်ထဲမှာတောင် နတ်ပြည်ကို ရောက် ရောက်နေခဲ့....
အရာရာ စွမ်းနိုင်သူကြီးရဲ့လက်ထဲ
တမက်တမော ပေးဆပ် ပုံအပ်...
ရော့...ယူသွားလိုက် ငါ့တဘဝလုံး
ငါ့ နောက်ဆုံး ထွက်သက်လည်း မင့်လက်ထဲမှာ
မင်း စီရင်တာမှန်သမျှ လည်စင်းခဲ့ရပြီ
ဟိုး...ရိုးတွင်း ချဉ်ဆီအထိ
တရိရိနဲ့ ကျွမ်းဝင် စွဲမက်
အချိန်စက်ဝန်း ရွေ့နေသမျှ
နေ့နေ့ ညည....
အသွေးအသားက တောင့်တမွတ်သိပ်
တဆိတ်ကလေး...
ငါ့အနား ငါနဲ့အတူ ရှိနေပေးစမ်းပါ
ငါ့ နောက်ဆုံးထွက်သက်အထိ အတူရှိနေစမ်းပါ...
ငါ မရှိတော့တဲ့ တနေ့
ကျေးဇူးပြု၍ မေ့မသွားပါနဲ့
မင်းအတွက် ငါဟာ....
အရိုးထိအောင် ရူးမိုက်ခဲ့တဲ့ကောင်....ဆိုတာ...။
ကျမ ချစ်တဲ့ ကိုဒိုးလုံးအတွက် သူ့ရဲ့ "အရိုးထိအောင်ရူး" သီချင်းလေးကို ခံစားပြီး ရေးစပ်ပါတယ်။
သူ့လိုပဲ အချိန်မတိုင်မီ စောစီးစွာ ကြွေလင့်သွားသူများအတွက်....
ကျမ ချစ်တဲ့ သူငယ်ချင်းများအတွက်....
ကျမ မသိသော အရိုးထိအောင် ရူးခဲ့ကြသူများ အတွက်ပါ....
အရိုးထိအောင် ရူးခြင်းမှ လွတ်အောင် ရုန်းထွက်နိုင်ကြပါစေ....
ကမ္ဘာကြီး ပျက်စီး ပြိုလဲ မှောင်မိုက်နေလဲ...
ReplyDeleteငါ မင်းတယောက်တည်းကိုပဲ ရင်ထဲမှာအမြဲ...
ဘဝ တသက်စာ... ဘဝ တသက်စာ....
ဒိုးလုံးရဲ့ သီချင်းတွေနဲ့ မရင်းနှီးခဲ့ဘူး...
အခုလိုလေး နားထောင်ရတာ ကျေးဇူး...
ကဗျာလေးကတော့ တကယ်ပဲ အရိုးထိအောင် ရူးစေတယ်...
မချစ်ကြည်အေး
ReplyDeleteအရိုးထိတော့မစွဲဘူး ဒါပေမယ့် ချဉ်ဆီမှာတွယ်ကပ်ပေါက်ရောက်နေတယ်။ :)
သီချင်းသိပ်နားထောင်လေ့ရှိသူမဟုတ်တော့ ( နားမထောင်ဖူးတော့လေ)
ဘာမှမပြောတတ်ဘူးရယ်ဗျာ။
ဒိုးလုံးဆိုတာ ကျောက်လုံးရဲ့ အကိုလားဟင် ဟိ
ReplyDeleteစ တာနော် ဟဲဟဲ
malayy kabyar phat thwar tal..
ReplyDeletevery nice!
with love,
ဒိုးလုံးသီချင်းတွေ သိပ်မကြိုက်ပေမယ့် အဲ့တစ်ပုဒ်တော့ အရမ်းကြိုက်တယ် စာသားတွေက အရမ်းမိုက်လို့ ။ ထပ်နားထောင်သွားတယ်ဗျ ။
ReplyDeleteအရိုးထိအောင် ရူးခဲ့ကြသူတွေထဲ ဘယ်သူတွေများ ပါနေကြပါလိမ့်..
ReplyDeleteကိုယ်တိုင်ရော ပါနေခဲ့သလား ???
ပြန်စဉ်းစားဦးမယ် အစ်မရယ်း)
ဒိုးလုံးသီချင်းတွေအားလုံးကြိုက်တယ် နားထောင်တယ်
ReplyDeleteသိပ်ကိုကောင်းတဲ့ သီချင်းဖန်တီးရှင်ထဲမှာ ဒိုးလုံးလဲပါတယ်
မောင်ဘကြိုင်
အမချစ်ရေ..
ReplyDeleteဒိုးလုံးသီချင်းလေးတွေကိုကြိုက်တယ်..
အရိုးထိအောင်ရူးခဲ့ကြသူတွေထဲ..ဘယ်ဒူတွေပါနေပါလိမ့်လို့..
စဉ်းစားကြည့်တော့..အရင်ဆုံး...ပါပဲ။
မချောမြန်မြန်စဉ်းစားနော်...
ချစ်တဲ့
ညီမသဒ္ဓါ
ငါအရိုးများအထိအောင်...ရူးးးး
ReplyDeleteကဗျာလေးဖတ်သွားပါတယ်။
ReplyDeleteမမရေ...
အရိုးကွဲမှ အသဲစွဲတာ
အဟုတ်ဖြစ်မယ်နှော်။း)း)
ခင်မင်စွာဖြင့်
ခိုင်နုငယ်
ဒိုးလုံးသီချင်းတွေကို သဘောကျတယ်...ချစ်ဦးမေ၊အရိုးထိအောင်ရူး၊မချစ်ဘူး
ReplyDeleteမပြောပါနဲ့...အင်း...အားလုံးလိုလိုပဲ...။
အမရေ.. ဘာပဲဖြစ်ဖြစ် ချောစုခင်တောင် ကလေးမွေးပြီးသွားပြီ..
ReplyDeleteကြာတော့သည်လည်း မောင့်စကား ဆိုသလိုပဲ.. ဘာမှကြာကြာမခံဘူးအမရေ.. . (သီချင်းက သီချင်းအတိုင်းပဲကောင်းပါတယ်။ ငယ်ငယ်ကတော့ သီချင်းတွေနဲ့  ဘ၀ကိုရောပြီး စိတ်ကူးယဉ်ခဲ့ဘူးတယ်။)
အစွဲအလန်းတွေနဲ့ ... (အိမ်မက်ထဲတောင် နတ်ပြည်ရောက်နိုင်ပေမဲ့..)သေရင်တော့... အနားမှာ မကျွတ်မလွတ်ပဲ ပြိတာ ဖြစ်ဖို့ များပါတယ် :-)
အမရေ ကိုကြီးကျောက် ဖုန်းနံပါတ် သိရတာ ကျေးဇူးဗျာ။
ReplyDeleteအစ်မချစ် :( အရိုးထိအောင်ရူးတဲ့ အဲလိုသာရူးရင် ခံနိုင်ရည်မရှိချင်တော့ဘူးရယ်... အရိုးထက်နက်တဲ့ဟာရှိရင်လဲ ရူးရမလိုဖြစ်နေတဲ့သူတွေ ရှိသေးတယ်ဗျ :( တော်ပြီ ငိုမဲ့ ငိုမဲ့ နဲ့ ပြန်ပြီ :)
ReplyDeleteခင်တဲ့(ချိုကျ)
မကြီးချစ်ရာ..အချစ်နဲ့ပတ်သက်လာရင်ခံနိုင်ရည်
ReplyDeleteမရှိတော့ပါဘူးမကြီးရယ်..
စိတ်မကောင်းစရာ ကဗျာလေးကိုဖတ်အပြီးမှာ သီချင်းကိုလည်းကြည့်လိုက်ရော မင်းအုပ်စိုးကိုရီရလွန်းလို့ အူတက်ပြီးပြန်သွားပါတယ်။ .... ခွိခွိ...
ReplyDeleteဂျင်းစုတ်လေး
ကြည်အေး ရေ
ReplyDeleteဒို့လည်း ဒိုးလုံးသီချင်းတွေကြိုက်တယ် အရိုးထိအောင် တော့ မရူးဘူး ဘူး အရိုးနားက အသားတော့ စားတယ် ပိုချိုတယ်
ခင်တဲ့
ရွှေစင်ဦး
ချစ်ဖူးတယ်...
ReplyDeleteအိုမလွယ်ဘူး..ရူးနိုင်တယ်...
သီချင်းဆိုသွားပါသည်..
ဒိုးလုံးသီချင်းတွေနဲ့ မရင်းနှီးဘူး အစ်မ။ ခုသီချင်းတော့ နားထောင်သွားတယ်။ အမ်တီဗွီက ရိုက်ထားတာ နဲနဲပေါတယ်နော်။ :-/
ReplyDeleteကျွန်တော်က အရိုးထိအောင် ချစ်မိလို့ အရိုးထိအောင်ရူးပြီး အရိုးထိအောင် လွမ်းနေခဲ့မိတာဗျ..
ReplyDeleteနေကောင်းပါတယ်. အစ်မရေ
အခုတလော အလုပ်များလို့ အိမ်လည်ပျက်ကွက်နေတာ ခွင့်လွှတ်ပါ။