Thursday, August 5, 2010
အွန်လိုင်းပေါ်မှာရှင်....
ပြောရမယ်ဆိုရင် ဒါတွေဟာ ခုမှ ဖြစ်ခဲ့တာ မဟုတ်ပါဘူး။ ဟိုး အရင် အွန်လိုင်းချက်တင်းတွေ စ ခေတ်စားချိန်ကတည်းက စခဲ့တာ။ တယောက်နဲ့ တယောက် မမြင်ဘူးကြပဲနဲ့ စကားတွေ ပြောကြ၊ နုကြ၊ နွဲ့ကြ၊ ကြာလာတော့ သံယောဇဉ်တွေဖြစ်၊ ဇာတ်လမ်းတွေ ရစ်ကုန်ကြတော့တာ။ နှလုံးသား နုတဲ့၊ ယုံလွယ်တတ်တဲ့ သူတွေဆို ပိုဆိုးသေး...။
ကျမတို့ ရုံးက တရုတ်လေးတယောက် မနှစ်က မင်္ဂလာဆောင်တုန်းက မေးကြည့်မိတယ်။ သူတို့ချင်း အွန်လိုင်းမှာ ချက်တင်း လုပ်ရင်း ချစ်ခဲ့ကြပြီး အပြင်မှာတွေ့ခဲ့ကြတာ။ နောက် လက်ထပ်ဖို့ထိ ဖြစ်လာတာလို့ ဆိုတယ်။ ဒီတော့ အွန်လိုင်းဖူးစာ ဆိုတာတွေကို ထူးထွေသည့် အံ့ရာသော် လို့ မထင်မိခဲ့ပါဘူး။ ဖြစ်တတ်ပါတယ်။
အသက် ၆၀ ကျော် ဦးလှအေးက အွန်လိုင်းမှာ နေတိုး ဖြစ်လိုဖြစ်၊ သားသည်အမေက အပျိုကလေး ဖြစ်လိုဖြစ်နဲ့...ခက်တာက အဲဒါတွေပဲ။ အမှန်တရားအစစ်ပေါ် ဟန်ဆောင် လှည့်ဖျားမှုတွေ စွက်လာရင် အဲဒါဟာ အကျည့်တန်စေတဲ့ အဓိက အကြောင်းရင်း ပါပဲ။
နည်းပညာတွေ တိုးတက်လာတာနဲ့ အမျှ လူတဦးနဲ့ တဦးအကြား ဆက်သွယ်ရေး ပေတံတွေဟာ ပိုလို့ တိုတောင်းလာတော့တယ်။ အကျိုးရှိအောင် အသုံးချမယ်ဆိုရင် တန်ဘိုးအလွန် ရှိတာပါ။ မသိတာ ချက်ချင်း လှမ်းမေးလို့ရတယ်။ ဓါတ်ပုံ၊ သတင်းစကား၊ လင့်ခ်တွေ ဝေမျှ ခံစားလို့ ရတယ်။ သုံးတတ်ရင် အများကြီးမှ အများကြီးပါလေ...။
ခုတော့ ကြားရတဲ့ သတင်းက အင်မတန် စိတ်မချမ်းသာစရာ။ ဘလော့ဂ်ဂါတွေ ဖြစ်ကြတဲ့ ဥူးဇင်းတပါးနဲ့ အမျိုးသမီးတဦး အွန်လိုင်းမှာ သိကျွမ်းကြရင်းက ချစ်သူတွေ ဖြစ်ကြ၊ နောက်မှ အမျိုးသမီးလေးက ဥူးဇင်းမှန်း သိသွားပြီး ပေါက်ကွဲခံစားရ၊ အရှက်ရတဲ့ ဇာတ်လမ်းပါ။
ကြားကြားချင်း စိတ်မကောင်း ဖြစ်မိတယ်။ သိရသလောက်ကတော့ မိန်းကလေးဘက်က မစုံစမ်း မလေ့လာပဲ လူယောင်္ကျား တယောက် အဖြစ် ပတ်သတ်မိတာကလွဲလို့ အပြစ်မရှိရှာ ပါဘူး။ ဥူးဇင်းကသာ လူယောကျာင်္းလိုလို အထင်ရောက်စေ ခဲ့တာအပြင် ရဟန်းကိစ္စနဲ့ လားလားမှ မအပ်စပ်တဲ့ ကိစ္စမို့ အပြစ်ကြီးလိုက်တာလို့ မြင်မိတယ်။ ဘယ်သူကပဲ စ စ၊ ဥူးဇင်းက သူ လူ ယောင်္ကျားမဟုတ်တဲ့ အကြောင်းသာ ဖွင့်ပြောမယ်ဆိုရင် မိန်းကလေး ဘက်က ရှေ့တိုးမယ် မထင်ဘူး။
ဘယ်နေရာမှာမဆို ဆွမ်းဆန်စိမ်းထဲ ကြွက်ချေးရောတတ်တာမို့ လက်ညှိုးမကောင်း လက်ညှိုး၊ လက်မ မကောင်း လက်မလို့ မြင်တတ်ဖို့တော့ လိုပါတယ်။ နိဗ္ဗာန်ရောက်ကြောင်း တရားတွေ တကယ် အားထုတ်ကျင့်ကြံနေတဲ့ ဘုရားသားတော်တွေ အားလုံးကို ခွဲခြား သိမြင်တတ်ဖို့တော့ လိုပါမယ်။
မိဖုရား ရင်ခြုံလွှာ လျော့ပြေကျလို့ ဈာန်လျှောကျရတဲ့ ရသေ့အဖြစ်က တဒင်္ဂ ဖြစ်ပျက်ခဲ့တာပါ။ ခုအဖြစ်က မှားမှန်းသိရက်နဲ့၊ သံဃာကျင့်ဝတ်နဲ့ မသင့်တော်မှန်း သိရက်နဲ့ လ အတန်ကြာ အမှန်အတိုင်း ဖွင့်မပြောဘဲနေတာမို့ အတော် ရုပ်ဆိုးပါတယ်။ ဥူးဇင်းတပါးမှန်း သိသိချင်း အဆက်ဖြတ်ဖို့ ကြိုးစားခဲ့တဲ့ မိန်းကလေးဘက်က လုပ်ရပ် မှန်ကန်ပါတယ်။ ဒီလိုပဲ ဖြစ်ရမှာပါ မသိလို့ မှားခဲ့တဲ့သူဟာ သိတဲ့အချိန်မှာ ပြင်ဖို့ ကြိုးစားရမှာ။ ဖြစ်ရပ်တခု ဖြစ်ပျက်ပြီဆို ပါဝင် ပါတ်သက်ခဲ့သူတိုင်း အနဲ နဲ့ အများ ဆိုသလို ထိခိုက် နာကျင်ကြမှာပါ။
တဖက်ကလည်း ပုထုဇဉ် ရဟန်းတော် ဖြစ်တာမို့ အမှား မကင်းခဲ့နိုင်တာပါ။ အမှားကို အမှားမှန်း သိလို့ ပြင်နိုင်တဲ့သူဟာ သူတော်ကောင်း မည်ပါတယ်။ သံဃာတော် ဖြစ်တာမို့ မိမိရဲ့ ကျောင်းထိုင်ဆရာတော် ရှေ့မှာဖြစ်စေ၊ မြတ်စွာဘုရား ရုပ်ပွားတော် ရှေ့မှာ ဖြစ်စေ မှားကြောင်း ဝန်ချပြီး ဒဏ်ထမ်းသင့်ပါတယ်။ ရဟန်းအလုပ်ကို ဆက်လက် အားထုတ်ချင်သေးရင်ပေါ့။ ဒါပေမဲ့ ဝန်ချပြီးရင်း ဆက်မှားရင်း ဖြစ်နေလို့ကတော့ ကိုယ့်ပြုတဲ့ကံ ကိုယ်သာခံရမှာပါပဲ။ စိတ်မနိုင်လို့ အိမ်ရာထူထောင်ချင်တဲ့ ဆန္ဒ ရှိရင်တော့ လူဝတ်သာ လဲလိုက်သင့်ပါတယ်။
ကျမနဲ့တော့ ဘာမှ မပတ်သက်ပါဘူး၊ ကြားရတာ စိတ်မချမ်းသာလွန်းလို့ ပဲလှော်ကြား ဆားညပ် အဖြစ်ခံပြီး ရေးမိပါတယ်။
ည အိပ်ပျော်ချင်လို့ပါ...။
72 comments:
  1. အစ်မရေ...အစ်မပြောသလိုပဲ မပတ်သက်ပါဘူး ဆိုတော့ ဘာပြောရမှန်းကိုမသိတော့ပါဘူး ဖြစ်တတ်ပါတယ်လို့ပြော၇မလား မဖြစ်သင့်ဘူးပဲပြောရမလား အကုန်မှားတယ်လို့ပြောရမလား တစ်ဖက်တည်းမှားတယ်လို့ ပြောရမလား ဘာပြော၇မှန်းမသိလို့ ဘာမှမပြောတော့ဘူး ပြန်ပြီ :)
    ခင်တဲ့(ချိုကျ)
    ReplyDelete
  2. မောင်လေး ချိုကျရေ...ဘာမှ မပတ်သက်ဘူးဆိုတာ ကာယကံရှင် ၂ ယောက်လုံးနဲ့ ပြောတာပါဟ...
    ကော်မန့် အတွက် ကျေးဇူး နော်....:)
    ReplyDelete
  3. မကြီးအေးရေ့........
    အနော်စာလာဖတ်တယ်......မူးမူးနဲ့လေ......း))
    အောက်ဆုံးက စာလေးကိုဖတ်ရင်းပြုံးမိသွားတယ်......။
    ဘာမှ မပြောတတ်တော့လို့ ပျံသွားပြီ.......း((
    ခင်မင်ခြင်းအားဖြင့်........
    ဏီလင်းညို
    ReplyDelete
  4. မိန်းကလေးတွေကိုလဲ ခင်မင်တာတော့အပြစ်မပြောလိုပါဘူး၊ဒါပေမဲ့ ရမ်းသမ်းပြီး လူချင်းမတွေ့ရလဲ ခင်မင်တာထက်ပိုတဲ့အဖြစ်မျိုးကို လက္ခံတာတော့ အံ့သြမိပါတယ်။ ရမ်းသမ်းကြည်ဖြူနေတုန်းက တော့ဟုတ်နေတာဘဲ၊သူများတွေသိမှာတောင် စိုးရီမ်နေသေးတယ်။နောက်ဆုံးအဖြစ်မှန်လဲသိရော ပေါက်ကွဲကုန်တော့ ကျော်မကောင်းကြားမကောင်းတွေဖြစ်။ တော်သေးတာပေါ့ အဲဒီblogger ကောင်မလေး အသိမြန်ပေလို့။ ဆင်ခြင်နှိုင်ကြပါစေ။
    ReplyDelete
  5. ကြားရတာ နားဝမှာမချမ်းသာ ပါလား။ သတင်းကတော့ လူ၊နတ် စိတ်မချမ်း
    သာစရာ သတင်းပဲ ၊ ကာယကံရှင် အစ်မအတွက် စိတ်မကောင်းပါဘူး ။
    ခင်တဲ့
    ယွန်း
    ReplyDelete
  6. ဂျင်းပြောချင်တာလည်း မမပြောထားတာနဲ့ တစ်ထပ်တည်းပါပဲလို့ ပြောရမလိုပါပဲ။
    သူ့ရဲ့လုပ်ရပ်တွေက သူသာရဟန်းအဖြစ်ဆက်လက်ရပ်တည်နေချင်သေးရင် အမှားတွေကို ဆရာတော်ကြီးတွေရှေ့(သို့) မြတ်စွာဘုရားရှေ့မှာ တကယ်ကို ၀န်ချတောင်းပန်သင့်ပါတယ်။
    ဒါမှမဟုတ်ရင်တော့ လူဝတ် လုံးဝလဲလိုက်သင့်နေပြီ။ သင်္ကန်းဝတ်ကြီးနဲ့ဒါမျိုးလုပ်တာ လုပ်ရပ်က အရုပ်ဆိုးလွန်းတယ်လေ။ မြင်ရကြားရတာတွေက မသင့်တော်လွန်းလို့ပါ။
    ReplyDelete
  7. ဟုတ်တယ် အစ်မရေ..ကျွန်တော်လည်း ဖတ်လိုက်ရတယ်..။
    ကြားရတာ အဆင်မပြေလိုက်တာ...။
    ReplyDelete
  8. ဒါမျိုးဘုန်းကြီးတွေ အွန်လိုင်းပေါ်မှာ သောင်းကျန်းနေတာ တစ်ယောက်ထဲ မဟုတ်ဘူး။
    မိန်းကလေးတွေကို လိုက် စကားရောဖောရောလုပ်၊ တရားစကားပြော၊ ပြီးရင် မတော်တရော် စကားတွေ စလာတော့တာပဲ။ ကာယကံရှင် မိန်းကလေးက ဘုန်းကြီးဖြစ်ပြီး ဒီစကားပြောရလားလို့ မခံနိုင်ရင် သူတို့က ပြန်အထိနာပြီး သွားပုတ်လေလွင့် အတင်းပြောတတ်တယ်။ သူတို့ မယားတရူးရူးတာ လူမသိအောင် မိန်းကလေးက စတာပါလို့ လိမ်ညာ သတင်းလွှင့်တယ်။
    ReplyDelete
    Replies
    1. ဟေကောင် မင်းကမှအခုသူများတင်တဲစာကိုကြည့်ပြီးလုပ်နေတာ
      မင်းကိုယ်မင်းပြန်ကြည်အုန်း
      ဘာလဲမင်းကပြောခံရလိုလား
      မင်းကမိန်းကလေးတွေဘက်ကနာရအောင်မင်းလဲအချောင်ရ ရင်ယူမယ်ကောင်မဟုတ်လား
      Delete
  9. ကျနော်လည်း ကြားဖူးတယ်။ ဧရာဝတီအွန်လိုင်းမှာ ဟာသလေး တပုဒ်အနေနဲ့တောင် ဖော်ပြဖူးတယ်။ ဒီမှာ ပြန်မျှဝေလိုက်ပါတယ်။
    ---------------
    ရွေဝါရောင်တော်လှန်ရေးကြီးအပြီးမှာ ထိုင်းမြန်မာနယ်စပ်ကို လူအတော်များများနဲ့ ဘုန်းကြီး အတော် များများ ရောက်ရှိလာခဲ့ကြတယ်။ တကယ်တော်လှန်ရေးထဲမှာ ပါခဲ့တဲ့သူတွေရော၊ တကယ်ကံဆောင် ဘုန်းကြီးတွေရော၊ တကယ် ကံဆောင်တဲ့ အထဲမှာ မပါဘဲ နယ်စပ်ကနေတဆင့်
    နိုင်ငံခြားသွားချင်တဲ့ ဘုန်းကြီးတွေရော အမျိုးစုံရောက်ရှိလာကြတယ်။ အဲဒီ အထဲက ဘုန်းကြီးတွေနဲ့ ပတ်သက်တဲ့ အမှတ်တရ ရှိမိတာလေးတွေ တချို့ကို ပြန်ပြောပြချင်ပါတယ်။
    အဲဒီမှာ တကယ်ကံဆောင်ဘုန်းကြီးလား၊ ကံမဆောင်ဘုန်းကြီးလား မသိတဲ့ ကိုယ်တော်တပါးရဲ့ အကြောင်းကိုပါ။ ဒီဘုန်းကြီးက စက်ရုံတခုမှာ အလုပ်လုပ်တဲ့ မြန်မာမလေးတယောက်နဲ့ တယ်လီဖုန်းထဲကနေ ချစ်သူတွေဖြစ်နေကြတယ်။ လူချင်းတော့ မတွေ့ ဖူးကြဘူးပေါ့။
    အဲဒီလိုနဲ့ ၂ လ လောက်အကြာမှာ စက်ရုံထဲကလူတွေက ကောင်မလေးကိုပြောကြတယ်။
    “ကြည့်လည်းလုပ်ဦး နင့် ကိုကို ဆိုတဲ့ သူက ဘုန်းကြီးလို့ သူများတွေ ပြောနေကြတယ်”ပေါ့။
    အဲဒါနဲ့ ကောင်မလေးကလည်း ဇဝေဇ၀ါဖြစ်သွားပြီး ည ရောက်တဲ့အခါ ထုံးစံအတိုင်း သူ့ကိုကို ဆီကို ဖုန်းဆက်ပြီးမေးတော့တာပဲ။
    “ကိုကို ကိုကို့ကို သူများတွေကပြောနေကြတယ်၊ ကိုကိုကဘုန်းကြီး ဆို ဟုတ်သလား ကိုကို”လို့ မေးလိုက်တဲ့အခါ သူ့ရဲ့ကိုကို
    ပြန်ဖြေလိုက်တာကတော့ -
    “မဟုတ်ရပါဘူး ဒကာမလေးရယ်” တဲ့ ။
    ..............................
    ReplyDelete
  10.း).. ကျွန်တော်လည်း အတော်တော့စိတ်ကုန်သွားတယ်.... ဒီကိစ္စက.. ရှက်ဖို့လည်း သိပ်ကောင်းပါတယ်...
    ခင်မင်တဲ့
    နေ၀သန်
    ReplyDelete
  11. အစ်မ
    အိပ်ပျော်သွားပြီလား... ဒီည နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပြီထင်ပါရဲ့နော်.. ဟီး..
    မြင်ရကြားရ တွေ့ရသမျှတွေက သက်သာစရာတစ်ခုမှ မရှိ..
    အားလုံးဟာ ကိုယ့်နေရာကိုယ်သိပြီး ကိုယ့်အလုပ်ကိုယ်လုပ်ကြရင် ကောင်းမှာနော်..
    အမှားကို အမှားမှန်းသိပြီး ၀န်ခံတဲ့သူဟာ ချီးကျူးစရာပါ..
    ကိုယ်တွေရဲ့ သာသနာကို သန့်ရှင်းစင်ကြယ်တဲ့ ဘာသာ၊သာသနာ ဖြစ်စေချင်ပါတယ်..
    ညီမ ချော
    ReplyDelete
  12. အမချစ်ရေ...ပိုပြီးအိပ်ပျော်ချင်ရင် ညီမပို့စ်အသစ်လာဖတ်ကြည့်လိုက်ပါ...။ ဦးပဇဉ်းတော့မဟုတ်ဘူး...ပုထုဇဉ်လူသားပါပဲ...နည်းနည်းတိုက်ဆိုင်သွားတယ်...အဟဲ....အဲလို စိတ်ချင်းဆက်သွယ်နေသလားမသိ...နော်...
    ခင်တဲ့
    မိုးငွေ့
    ReplyDelete
  13. ကျေးဇူးတင်ပါတယ် အစ်မ။
    ဒီလိုပဲ ဖြစ်သင့်ပါတယ်။ ပါးစပ်က ဘုရားဘုရား လူတွေကြောင့် သာသနာတော် မညစ်နွမ်းစေချင်လို့ပါ။ ရဟန်းဆိုတာလည်း ကိလေသာ မကုန်ဘူး ဆိုတာ လက်ခံပါတယ်။ ဒါကြောင့် ဆန္ဒကို မစွန့်နိုင်ရင် ရဟန်းဘဝကို စွန့်သင့်ပါတယ်။
    ဒါပဲလှော်ကြားထဲ ဆားညပ်တာ မဟုတ်ပါဘူး။ ဘာသာရေး ၊ သာသနာရေးလေ။ ပြောသင့်ပါတယ်။
    ဒီပို့စ် အတွက် . . သာဓု သာဓု သာဓု အစ်မ။
    ReplyDelete
  14. ဘာဆို ဘာမှမပြောဘူး။ အိပ်နေတယ်။ :P
    ReplyDelete
  15. ခရီးသွားပို့စ်အဆက်များလားလို့။ ဒီရောက်တော့မှ။ ဟုတ်ဘူး။း)
    နှစ်ဦးနှစ်ဘက်လုံး ဆင်ခြင်စရာပါ။ အသံလေးကြားရုံနှင့်ဘာညာဘာညာ ဖြစ်ကြတာက အရုပ်ဆိုးလွန်းပါတယ်။ မြင်ဖူးတွေ့ဖူးပြီးမှ ဆုံးဖြတ်ကြတာ ကောင်းပါတယ်လေ။ ကလေးတွေအရွယ်မှ မဟုတ်ကြတော့တာ။ သတိထားစရာတွေပေါ့လေ။
    အမ အိပ်ပျော်အောင်အိပ်နော်.. အဲ... ပြောရင်းနဲ့ အိပ်ပျော်နေပြီဘဲ။ တိတ်တိတ်ကလေးပြန်မှ...းဝ)
    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)
    ReplyDelete
  16. “မဟုတ်ရပါဘူး ဒကာမလေးရယ်” တဲ့ ။
    (Source: http://irrawaddy.org/bur/index.php/ching-mai-nat/joke/3040-2010-04-24-10-49-42)
    တစ်ခြားပိုစ်မှာတွေ့ခဲ့တဲ့အဲဒီကွန်မက်က ကိုပေါများလားလို့။
    ReplyDelete
  17. အဲဒီဇာတ်လမ်းတွေကလည်း မြင်ရတွေ့ရများပါတယ်အစ်မရယ်...
    ပုထုဇဉ်တွေကိုး... အိမ်း ..ဒုက္ခ...ဒုက္ခ။
    ReplyDelete
  18. အစ်မရေ ကြားရင် ကြားတယ်မှတ် ။ စိတ်မချမ်းသာဖြစ်သွားရင် အဲဒီစိတ်ကလေးကို တည့်တည့်ရှု ။ ဟီဟိ
    နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပါစေဗျာ
    ReplyDelete
  19. ကြားပါတယ်။ ဘာပြောရမှန်းမသိလို့  ဘာမှမပြောတော့ပါဘူး။
    လူမှာတော့စည်းကမ်း၊ ဘုန်းကြီးမှာတော့ဝိနည်းပေါ့။
    သာမန် အသေးအမွှားပါဆိုတဲ့ ၀ိနည်းတွေကိုတောင်မထိန်းနိုင်တော့ရင်
    အခုလိုကြီးလေးတဲ့ အပြစ်တွေလုပ်ဖို့ သိပ်လွယ်သွားတာပေါ့။
    မြင်နေရတာတွေ... အများကြီးပါ။
    ReplyDelete
  20. စိတ်မချမ်းသာလိုက်တာ.. ဘာပြောရမှန်းတောင် မသိတော့ဘူး..။
    မမချစ် ပဲလှော်ကြားက ဆားအဖြစ်မခံနဲ့..ကော်ဖီထဲက သကြားလေးပဲ လုပ်နော်။ ပျော်သွားမှာ သေချာတယ်..း))))
    ReplyDelete
  21. မခင်ဦးမေရဲ့ ဆိုလိုရင်းကို ကောင်းကောင်း သဘောမပေါက်ဘူးဗျ။ ဘယ် တခြားပို့စ်က ကွန်မင့်ကို ပြောတာလဲမသိ။ ဒီကွန်မင့်ကို ဒီပို့စ်မှာပဲ ရေးခဲ့တာလေဂျာ။ များကို မျက်စိလည်အောင် သိပ်လုပ်တာပဲ။
    ဒါထက်.... အပေါ်က ကွန်မင့်မှာ “ဧရာဝတီအွန်လိုင်းမှာ ဟာသလေး တပုဒ်အနေနဲ့တောင် ဖော်ပြဖူးတယ်။” ဆိုတဲ့နေရာမှာ “ ဧရာဝတီအွန်လိုင်းမှာ ဟာသလေး တပုဒ်အနေနဲ့တောင် ဖတ်ဖူးတယ်။” လို့ အစားထိုး ဖတ်ရှုပါရန်။ တော်ကြာ ကျနော်ရေးပို့ထားတာလို့ အဓိပ္ပါယ်လွဲကောက်မှာ စိုးရိမ်ပါသဖြင့်။း-)
    ReplyDelete
  22. မခင်ဦးမေ...
    မခင်ဦးမေရဲ့ အပေါ်က ကွန်မင့်ကို ကျနော့်ရဲ့ “ကောက်စိုက်မနဲ့ ပြိုင်ဘီး” ပို့စ်မှာ မန့်ထားတာကို တွေ့လိုက်တော့မှ နည်းနည်း ဇာတ်ရည်လည်ချင်သလိုလို ဖြစ်သွားတယ်။
    ဒါပေမယ့် ဘာကို ဆိုလိုမှန်း သေသေချာချာတော့ နားမလည်သေးဘူးခင်ဗျ။
    ဟိုးအပေါ်က ကွန်မင့်က ကျနော့်ရဲ့ “ကိုပေါ” အိုင်ဒီနဲ့ရေးထားတာလေ။ ဒါကို အဲဒီကွန်မင့်က ကိုပေါများလားလို့ ဆိုတော့ ဘာပြန် ဖြေရမှန်းမသိဘူးဗျ။
    ဧရာဝတီကနေ ကူးချတယ်လို့ ဆိုချင်တာဆိုရင်တော့ ကျနော့်ကွန်မင့်ထဲမှာလည်း အပေါ်ဆုံးမှာ စကားခံ ထားပါတယ်လေ။ ဧရာဝတီအွန်လိုင်းမှာ ဖော်ပြခဲ့ဘူးတယ်ဆိုတာ။ ကျနော်လည်း အဲသည်ကနေ ကော်ပီကူးပြီး မချစ်ကြည်အေးဆီမှာ ပြန်လည် မျှဝေလိုက်တာပဲ။
    တခုပဲရှိတယ်။ မခင်ဦးမေးချင်တာက “အဲသည်ဟာသထဲမှာ ပါတဲ့ ဘုန်းကြီးက ကိုပေါလား” လို့ မေးချင်တာဆိုရင်တော့ “မဟုတ်ရပါဘူး ဒကာမကြီးရယ်” လို့ ဖြေရမယ် ထင်တယ်။
    ဒါမှမဟုတ် အဲဒီ မူရင်းဟာသကို ရေးသားသူ ထက်ရာဇာဆိုတာ ကျနော်လားလို့ မေးချင်တာလားမသိ။ ဒါလည်း မဟုတ်ရပါဘူး ဒကာမကြီးရယ်။
    ReplyDelete
  23. မမချစ် ပူးတေလဲ မနေ့ကမှ အဲဒီအကြောင်းတွေ သိပြီးတော့ ဖတ်ရင်းဇဝေဇဝါနဲ့.... ဘာပဲ ဖြစ်ဖြစ် ခုခေတ် လူတွေရော ဘုန်းကြီးတွေရော စည်းကမ်းတွေ ဝိနည်းတွေ သိက္ခာတွေ ထိန်းသိမ်းသင့်တယ်... အွန်လိုင်းကနေ အသံလေးကြားရယုံနဲ့ ပုံလေးတောင် မြင်ဖူးတာ မဟုတ်ပဲ သမီးရည်းစား ဖြစ်တယ်ဆိုရင်တော့ မကောင်းဘူပေါ့နော်..
    လူပဲဖြစ်ဖြစ် ဘုန်းကြီး မယ်သီလရှင်ပဲ ဖြစ်ဖြစ်၊ လူမို့လို့ ညာလို့ရတယ်လို့တော့ မရှိပါဘူး...
    အရင် ပူးတေတို့ ကြီးတော်တွေခေတ်ကတော့ ထားဝယ်ကလူနဲ့ ရန်ကုန်ကလူကို အောင်သွယ်တွေနဲ့ ဓါတ်ပုံတွေပြပြီး တခါမှ မမြင်ဖူးတဲ့ လူတွေ ညားသွားကြတာ ခုဆို မြေးတွေတောင်ရနေကြပြီ....ပူးတေမေမေနဲ့ ဖေဖေလဲ လူကြီးတွေ ပေးစားလို့ ယူကြတာပဲ။ ပူးတေယောက္ခမ မေမေဆိုလဲ သူ့အမေတွေပေးစားတာ... ယောက္ခမဖေဖေက မေမေကို ကြိုက်လို့ လာတောင်းတဲ့။
    ဆိုလိုချင်တာကတော့ ဓါတ်ပုံတွေ ဘာတွေ မြင်ပြီးမှ မိန်းကလေးဘက်က ကြိုက်တာဆိုရင်တော့ လူဓါတ်ပုံ လိမ်ပို့တဲ့ ဘုန်းကြီးမှာ အပြစ်ရှိတာပေါ့နော်... မိန်းကလေးကို ဘုန်းကြီးလို့ မပြောပဲ ညာတာရယ်၊ ဓါတ်ပုံညာပို့ရယ်ပေါ့။ လူဝတ်နဲ့ ဆိုရင်တောင် ဓါတ်ပုံကို ညာမပို့သင့်ဘူး... ကိုယ့်ရုပ်ရည်အမှန်ကိုပဲ ပို့သင့်တယ်နော်....တွေ့ကြတော့မှ ကိုယ်မြင်ဖူးထားတဲ့ ရုပ်ရည်မျိုးမရှိရင်လဲ ယောက်ျားလေး ဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် မကောင်းဘူးပေါ့နော်...
    ရှည်သွားပြီ မမချစ်... ပူးတေလဲ ပဲလှော်ကြားက ဆားပွင့်တွေထဲက ဆားပွင်တပွင့်ပဲ ဟိဟိ... မနေတတ်လို့
    အော်မမချစ် ဒီရက်ပိုင်းတွေ အလုပ်ရှုပ်နေလို့ မမချစ်ကို အုန်းနို့ခေါက်ဆွဲချက်တုန်းက ခေါက်ဆွဲခြောက်အိတ်ခွံလေး ရိုက်ပြမလို့ကို မလှည့်နိုင်ဘူး ဖြစ်နေတယ်...ခဏစောင့်နော်မမချစ်...
    ချစ်သောညီမ
    ပူးတေ
    ReplyDelete
  24. မချစ်ကြည်အေးရယ်..ဒီလိုပေါ့.. သံဃာတော်တွေထဲ အမြင်မတော်စရာပုထုစဉ်ရဟန်းတွေ ပါလာတဲ့အခါတိုင်း ၀ိနည်းရိုသေတဲ့ သီလလုံခြုံတဲ့ သံဃာတော်တွေကို ပိုကြည်ညိုရပါတယ်ဗျာ.စိတ်ရွှင်ရွှင်လန်းလန်းနဲ့ အိပ်ပျော်ပါစေဗျား..
    ReplyDelete
  25. ကိုချစ်ဖေ ရဲ့ ကွန်မန့် ကို သဘောကျသဗျာ။
    ReplyDelete
  26. ရေးသင့်ရေးထိုက်တာကို ရေးလိုက်တဲ့ အမကို ကျေးဇူးအများကြီးတင်ပါတယ်။
    ရဟန်းလို့ မကျင့်နိုင်ပဲ ရဟန်းအဖြစ်နေတာ ပိုပြီး အပြစ်ကြီးပါတယ်။ ဘုရားသားတော် ရဟန်းအဖြစ်နေရတာ စောင့်ထိန်းရမယ့် သီလတွေရှိသလို၊ လိုက်နာကျင့်ကြံရမယ့် ၀ိနည်းတွေ၊ တရားတွေရှိပါတယ်။
    အဲလို မစောင့်ထိန်းနိုင်၊ မကျင့်ကြံနိုင်ရင် ရဟန်းအဖြစ်ရှိနေတာ အယောင်ဆောင်ပဲဖြစ်ပါလိမ့်မယ်။ တကယ်တော့ ကတုံးတုံးထားပြီး အညိုရောင်အ၀တ်ရုံထားတဲ့ သူတောင်းစားသာဖြစ်ပါလိမ့်မယ်။
    သာသနာတော်မှာ အဲလိုရဟန်းတုတွေ ရှိတတ်ပေမယ့် အရင်ကထက်ပိုများလာတာ ကြားရတာ စိတ်မချမ်းသာစရာပါပဲ။
    ReplyDelete
    Replies
    1. မင်းကဘယ်လောက်နားလည်နေလိုပြောရတာလဲ အမှားကိုအမှန်ထင် အမှန်းကိုအမှားလုပ်နေတယ်
      သူတောင်စားလိုမင်းကမသူံးသင်ဘူး
      မင်းတိုကအပြင်ကဝေဖန်နေတာ ဟိုအထဲမှာဘယ်လောက်ရင်ဆိုင်တာသိလိုလား အရူးရမင်းကကောဘယ်လောက်စောင့်ထိန်နိုင်လိုလဲ ၅ပါလောက်တောင် မပြည့်တာ
      ဟိုမှာ အများကြီး ထိန်နေရတာ ဟေကောင်ကုလားကိုကြိုက်တာနဲဆာ အများကြီးတော်သေးတယ်
      မင်းတောင် ပရိတ်လောက်ရလိုလား
      ဘာမှမသိပဲနဲဇွတ်ဝင်မပြောပါနဲဒါအလျှူအိမ်မဟုတ်ဘူဟ
      ရေတဲ့သူကျေနပ်အောင်ကောမက်ရေပြမနေနဲ
      မင်သိချင်ရင်ဘရားဥပဒေတော်ဖတ်ဟ
      မင်းလဲ၅ပါးသီလမလုံတဲနေလူအတုပဲ
      လူမဟုတ်ရင်မင်းလဲ မင်းပြောတဲ့သူတောင်းစားသာပဲနေမယ် အားလုံးလဲမင်းပြောနေသလိုဖြစ်မှာပဲ ၅ပါးသီလမလုံခြုံရင်
      ကဲမမများကိုကိုများ ၅ပါးသီလလုံအောင်နေကြ မနေရင်သူတိုပြောသလိုဖြစ်မယ် အတု တို့  သူ. . . .စားသာတိုပေါဗျာ
      Delete
  27. သာသနာကွယ်မယ့်အကြောင်းအရင်းတစ်ခုပါပဲဗျာ.. ကြားသိရတာ တော်တော်လေးကို စိတ်မကောင်းဖြစ်နေရတယ်။
    ထားတော့..အခု ဘလော့မိတ်ဆွေတွေဆီလာဖို့တောင် စဉ်းစားနေရပြီ။ တော်ကြာ မယ်သီလရှင်တွေ ဘုန်းကြီးတွေ ကိုရင်တွေ ဖြစ်နေမှာစိုးလို့။ သူတို့ ငရဲရောက်ချင်ရောက် ကိုယ်မရောက်ဖို့အရေးကြီးတယ်။
    ReplyDelete
    Replies
    1. မင်းကသာသနာကွယ်ကြောင်းကိုသိလိုလား
      ဒီဟာလုပ်မှငရဲကျမှာမဟုတ်ဘူးဟ
      အကုသိုလ်လုပ်လဲငရဲကျမှာပဲ
      ဘယ်မိန်းကလေးနဲပဲကြိုက်ကြိုက်ဟေကောင်မနေတတ်ရင်ငရဲပဲ
      ဘုန်ကြီးမကြိုက်ဘူ မယ်သီလမကြိုက်ဘူ ထားပါ ဒါဆိုနတ်ပြည်ရောက်ရောလားငပေါရ
      ဘာမှဆောက်မှန် ကန်းမှန်မသိတဲလူဟိုအမကျေနပ်အောင် မွန်ပြနေတယ် မင်လဲဘာထူးလဲအခုမိန်မတစ်ယောက်အောက်မှာပဲရှိနေတယ်မဟုတ်လား သူကျေနပ်အောင်လျောက်ရေးနေတယ် သဘာဝကျတာတောမရေဘူး
      ပြုပြင်ဘက်ရောက်အောင်မရေဘူး
      အမှားနည်းလာအောင်မရေဘူး
      ချစ်ကြည်အေးသဘောကျအောင်ရေးတာပဲမဟုတ်လားအဲဒါဖွန်ကြောင်တာလိုခေါ်တယ်
      Delete
  28. အင်း... အရင်ကအဲဒီဘလော့ကို သွားသွားလည်ရင်း ဒီကောင်လေးစပ်တဲ့ကဗျာလေးတွေက ရသမြောက်လိုက်တာလို့ စိတ်ထဲကချီးကျူးမိသေးတာ...
    ReplyDelete
  29. အစ်မရေ စိတ်မနိုင်ရင် လူဝတ်လဲလို့ သွားပြောမနေပါနဲ့။ အဲလိုလူမျိုးတွေက အနေချောင်အောင်၊ အစားချောင်အောင် သင်္ကန်းရုံထားကြတာ။ တကယ့် ဘုရားသားတော်တွေမဟုတ်တဲ့ သင်္ကန်းအရေခြုံတွေပါ။
    ReplyDelete
  30. ဒီလို မိန်းမရှုပ်တဲ့ ဘုန်းကြီးယောင်တချို့က ဘုရားဆုပန်ဆိုပြီး ဆင်ခြေပေးတတ်တယ်။ ယသော်ဓရာလို ပါရမီဖြည့်ဖက် မိန်းမမျိုး လိုချင်လို့ပြောမိတာပါဆိုပြီး မတန်မရာ ပြောတတ်တယ်။ ဏှာစိတ်နဲ့ ဘုရားဆုပန်လို့ တန်မတန် ရမရ မစဉ်းစားဘူး။
    တဏှာစကားသွားပြောလို့ မခံတဲ့သူနဲ့တွေ့ပြီး ပြဿနာတက်ရင် သူတို့က နောက်မိတာပါ၊ မိန်းမတွေက အထအန ကောက်တယ်လို့ ပြန်လိမ်မယ်။ နောက်တာဖြစ်ဖြစ် အတည်ဖြစ်ဖြစ် ဘုန်းကြီးတန်မဲ့ ဏှာစကားပြောတာကိုတော့ မရှက်ဘူး။
    ဘုန်းကြီးတုတွေက ဏှာဘူးထရင် အပြေးနောက်မကျစေနဲ့။ သူတို့က ဘာသာရေးယောင်ယောင်နဲ့ ဏှာရေးကို ဆွယ်တတ်တယ်။
    ReplyDelete
  31. ဒါမျိုး ဘုန်းကြီး ကြုံဖူးပ။ တောထွက်၊ အသက် ၅၀ ကျော်ပြီ၊ တရားပြဘုန်းကြီ်းဆိုလို့ သူတော်ကောင်း လူကြီးသူမမှတ်ပြီး ရိုသေမိတာ။ အသက်ကိုမထောက် သင်္ကန်းကိုမထောက် နောက်သလိုပြောင်သလိုနဲ့ ဘူးရော။ သင်္ကန်းဝတ်ပြီး ဒီစကားပြောလာတာ မခံနိုင်လို့ ပြန်ပြောထည့်တော့ သူက နောက်မိတာကို အထင်မှားခံရပါတယ်ဆိုပြီး အင်တာနက်မှာ အရပ်တကာလှည့် ငိုပြနေတယ်။ သူ စိတ်ယုတ်မာမွေးတာကို အလိုမတူမိတာပဲ ကိုယ့်အပြစ်ဖြစ်ရော။ တဏှာရူး လာရူးတာကို လက်မခံရင် အရပိတကာ လိုက်ပြောမယ်ဆိုတဲ့ ဘုန်းကြီးမျိုး။
    ReplyDelete
  32. ကိုချစ်ဖေကြီး ရေးတာကို သဘောတူပါကြောင်း :)
    ReplyDelete
  33. အိမ်းအိမ်း..... ကိုလည်း ဘုန်းကြီင်္းပါပဲ ၊ ဝေဖန်တာ ကောင်းပါတယ်၊ ဒါပေမယ့် တစ်ခုတော့ ပြန်ဝေဖန်ပြလိုက်ပါ့မယ်ကွယ်ရို့..။ ဝိနည်းဆိုတာ အလွန်ဆန်းကျယ်ပါပကိုး၊ ဘုန်းကြိးဟာ ရည်းစား မထားကောင်းပါဘူးကွယ်၊ သို့သော်လည်း ရည်းစားထားတိုင်း ဘုန်းကြိးမဟုတ်ဘူးရယ်လို့ သို့ဂလို ရစရာမရှိအောင် ဝေဖန်နေကြရင်တော့ဖြင့်၊ ကောင်းမလေးကို ကိုယ်ချင်းစာမိတဲ့ စိတ်နဲ့ ကိုတော်ချောကိုတော့ မပြစ်မှားမိပါစေနဲ့ ကွယ်ရို့..။ ဖြစ်တတ်ပါတယ်လို့ ပဲ ပြောပြော၊ မဖြစ်သင့်ဘူးလို့ ပဲပြောပြော၊ လူ့သဘဝလို့ပဲ ဆိုဆို၊ သူလည်း လူထဲ့က လူမို့ လူသဘဝ အတိုင်းပဲပေါ့ ဟရို့....။ ဘုရားအလောင်းတော်ကိုယ်တိုင်တောင်မှဖြင့် တစ်ခုသော ဘဝမှာ ခုနစ်ကြိမ်တိုင်တိုင် လူထွက်လိုက် ပြန်ဝင်လိုက် ဖြစ်ခဲ့သေးသကိုး၊ မကောင်းပါဘူးလေ၊ http://ywarookyaung.blogspot.com/
    ReplyDelete
  34. အစ်မအိပ်ပျော်ပါစေဗျား)
    ReplyDelete
  35. အောင်ဆက်Fri Aug 06, 09:37:00 PM GMT+8
    ရွာဦးကျောင်း ဆရာတော် ဘုရား
    ဘုန်းကြီးက ရည်းစားထားမှတော့ ပါရာဇိကနား နီးနေပါပြီ။ ပါရာဇိက သိက္ခာပုဒ်က မိန်းမရှုပ်တာကို လုံးဝ လက်မခံလို့ ဘုရားရှင် ပြဌာန်းခဲ့တာပဲ။ ရည်းစားထားချင်တဲ့ ဘုန်းကြီးကို မပြစ်မှားနဲ့ဆိုတာတော့ လက်မခံနိုင်ပါဘူး။
    ဘုရားအလောင်းတော်ဟာ ခုနစ်ကြိမ် လူထွက်ဖူးတယ်လို့တော့ ငါးရာ့ငါးဆယ်မှာရော ပိဋကတ် မြန်မာပြန်တွေမှာပါ လုံးဝ မဖတ်ဖူးပါဘူး။ ရှိရင် ကျမ်းညွှန်း သိလိုပါတယ်ဘုရား။
    ဘုရားအလောင်း လူထွက်တယ်ဆိုလဲ ဒီလူလို သင်္ကန်းကြီးနဲ့ မိန်းမပွေတာ မဟုတ်တဲ့အတွက် အပြစ်ဆိုစရာ မရှိပါဘူး။
    ReplyDelete
  36. အဲဒီ တစ်ယောက်ကို သိန်းဖေမြင့်ရဲ့ တက်ဘုန်းကြီး ဖတ်ခိုင်းလိုက်လေ ...
    ReplyDelete
  37. ဟိုး အရင် အွန်လိုင်းချက်တင်းတွေ စ ခေတ်စားချိန်ကတည်းက စခဲ့တာ။... ဘယ်ချိန်တုန်းက အွန်လိုင်းစတက်တာလဲ...
    မသိရင်မေး ဆိုသလို မေးကြည့်လိုက်တာပါ ဘာရယ်မှ မဟုတ်ပါဘူး။
    ReplyDelete
  38. ဆွေလေးမွန်Sat Aug 07, 12:04:00 AM GMT+8
    ညီမစဉ်းစားမိတာတော့လေ မှားတာကတော့ မှားပါတယ်။
    လွန်ပါတယ်။လုံးဝကိုမလုပ်သင့်ပါဘူး။ဒါပေမယ့် ဖြေရှင်းတဲ့သူကလဲ
    အချင်းချင်း private အနေနဲ့ပဲ မကျေနပ်တာ..မခံချင်တာကိုရှင်းသင့်
    တယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ စတုန်းကလဲ private အနေ
    နဲ့ပဲ စခဲ့ကြတာပါ။ ခုလို ဘလော့တွေပေါ်မှာ တင်ပြီး public အနေနဲ့
    ဖြေရှင်းလိုက်တော့ သာသနာတော်ကို အထင်သေးစေတယ်လို့ ထင်ပါတယ်။
    အရင်.အရင် တုန်းကလိုဆိုရင်တော့ ပြောစရာမလိုပါဘူ။ဟိုတစ်လောက
    ကိုယ်တော်ချော ဆိုပြီးသာသနာကို မခံချိမခံသာ လိုက်ပြောပြီး မုန်တိုင်းထန်နေ
    တာ ငြိမ်ကာစပဲရှိပါသေးတယ်။ ခုလိုမျိုး public လိုက်တော့လေ..မကောင်းဘူးလို့ ညီမကတော့ ထင်တာပဲ။
    ကာယကံရှင် မိန်းကလေးကိုလည်း စာနာမိပါတယ်။
    ဒါက ညီမအတွေးပါ..မှားရင်လည်းမှားနိုင်ပါတယ်..
    အဓိကကတော့ မိမိကိုယ်ကိုယ်ကို ကောင်းအောင်ကြိုးစားတာပဲကောင်းမယ်ထင်ပါတယ်။
    ဒီ အဖြစ်အပျက်ကြီးပေါ်မှာ ဘလော့မောင်နှမတွေအချင်းချင်း စိတ်ထားမကွဲလွဲစေချင်တော့ပါဘူး။
    ဒီလောက်နဲ့ပဲ ရပ်တန့်သွားစေချင်တော့တယ်။
    ဘာပဲဖြစ်ဖြစ် အားလုံးသော မြန်မာဘလော့မောင်နှမတွေဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာတွေကြီးပါပဲ။
    အားလုံးဟာ သာသနာတော်ကြီးကို ထိန်းသိန်းစောင့်ရှောက်နေကြတာပါပဲ။
    ReplyDelete
  39. ဆွေလေးမွန်ရေ
    အခုကိစက ဖွင့်ချတဲ့ကောင်မလေးက တမင်ကို လူတိုင်းသတိထားနိုင်အောင် သူ့အရှက်ကွဲခံပြီး သတိပေးတာမို့ သူ့ကိုကျေးဇူးတင်ရမှာပါ။ သူ့အနေနဲ့ ပြတ်စဲပြီးသာကိစ ဘာမှ မကျေမနပ်ခုမှထရှင်းနေစရာမရှိပါဘူး။ သူ့လိုမျိုးသူများတွေ မသိပဲအလိမ်ခံရမှာစိုးတဲ့ စေတနာနဲ့လို့ထင်ပါတယ်။ မိန်းကလေးချင်းဆို ပိုပြီးကိုယ်ချင်းစာစေချင်ပါတယ်။
    ReplyDelete
  40. မိန်းကလေးက ဒီလို စာရေးပြီး ရှင်းချလိုက်တာ သူ့သိက္ခာ ကာကွယ်လိုက်ရတာလဲ ဖြစ်နိုင်တယ်.။ ဟိုဘက်က ဘုန်းကြီးတု (ဘုန်းကြီးတုလို့ တမင်သုံးတာ။ ဘုန်းကြီး လို့ သုံးရင် ဘုန်းကြီးအစစ်တွေ ထိခိုက်မှာ စိုးလို့)က ဘယ်လောက် သတင်းဖြန့်နေလဲမှ မသိတာ။ ဘုန်းကြီး(တု)မှန်းသိလို့ လက်မခံတော့ ပိုပြီး ရှက်ရမ်းရမ်းပြီး မဟုတ်မဟတ်တွေ သတင်းလွှင့်နေရင် ဘယ်လိုလုပ်မလဲ။
    ReplyDelete
  41. She had changed her blog as only for invited users.
    ReplyDelete
  42. ကော်မန့်တွေ အားလုံးအတွက် ကျေးဇူးပါ။
    ကျမ ဒီပိုစ့်ကို စိတ် မလွန်ဆန်နိုင်လို့ ရေးမိပါတယ်။ စာလာဖတ်သူများ ရင်ထဲကို လောဘ၊ ဒေါသ၊ မောဟ ကိလေသာတွေထဲက တခုဖြစ်တဲ့ ဒေါသမီးသင့်စေလိုတဲ့စိတ် အလျဉ်း မရှိခဲ့ပါဘူး။
    ကျမ ဘယ်သူ့ဖက်ကမှ မလိုက်ဘဲ ကျမ ခံစား ကြားသိရသမျှအပေါ် သုံးသပ် ဝေမျှရေးသားလိုက်မိတာပါ။ ကျမ စာတွေကို ဖတ်ပြီးတဲ့အခါ ပြုံးရွှင်ရယ်မောပြီး ဘဝအမောတွေ ပြေကြစေချင်ပါတယ်။ အကုသိုလ်စိတ် မဖြစ်စေချင်ပါဘူးရှင်။
    အမှားလုပ်သူတိုင်းဟာ ကိုယ်လုပ်တဲ့ အမှားဒဏ် ကိုယ်ခံရ စမြဲပါ။ သူ့ အကုသိုလ်ကို ကိုယ့် အကုသိုလ်အဖြစ် မခံကြပါနဲ့တော့။
    နောက်နောင် စာဖတ်သူတွေ စိတ်ထဲ ဒေါသသင့်စေတဲ့ စာမျိုးတွေ ကျမ လက်ရှောင်ပါ့မယ်လို့ ပြောကြားလိုက်ပါရစေ...။
    ReplyDelete
  43. နာက်နောင် စာဖတ်သူတွေ စိတ်ထဲ ဒေါသသင့်စေတဲ့ စာမျိုးတွေ ကျမ လက်ရှောင်ပါ့မယ်လို့ ပြောကြားလိုက်ပါရစေ...ဆိုတဲ့ ချစ်ကြည်အေးရဲ့ ဆုံးဖြတ်ချက် ကောင်းပါတယ်၊ ဘာဖြစ်လို့ လဲ ဆိုတော့၊ အမှန်တရားတစ်ခုဟာ နောက်ထပ် သူ့ထက်မှန်တဲ့ အမှန်တရား ထစ်ခု ပေါ်ပေါက်လာတဲ့ တစ်နေ့ မှာ ပထမ အမှန်ဟာ အမှားဖြစ်သွားတတ်ပါတယ်၊ ဘုန်းကြီးအမြင်နဲ့ ပြောရရင်တော့ (ကိုယ့်အမြင်မဟုတ်ပါဘူး၊) ပရမတ္တတရားကလွဲရင် ထာဝရ အမှန်ဆိုတာ မရှိပါဘူးတဲ့ ၊ အမှန်တရား တို့ရဲ့ ဆုံမှတ်ကို လာလည်တဲ့ အခါ ၊ မှန်လည်းမှန် အကုသိုလ်လည်း ကင်းကင်းနဲ့ ပြန်ထွက်သွားချင်လို့ ပါ၊ မှန်တော့မှန်တယ် ပြန်ထွက်သွားတဲ့ အခါ အကုသိုလ်ပါသွားတယ် ဆိုရင်၊ ဒကာတော် ဇာဂနာ ပြောသလိုပဲ မှန်ကန်တိုင်းလည်း မကောင်းပါဘူးကွယ်။
    ReplyDelete
  44. လူမှာလူဥပဒေရှိတယ် ၊ ရဟန်းမှာ ၀ိနည်းဥပဒေရှိတယ် ၊ ဆိုင်ရာဥပဒေက သက် ဆိုင်ရာပုဂ္ဂိုလ်ကိုအရေးယူသွားပါလိမ့်မယ် ၊ သမန်းမြတ်ကိုကိုင်တဲ့အခါ ထိထိ မိမိ
    ကိုင်ရတယ် ၊ မထိတထိကိုင်ရင် လက်ကိုထိုးခွဲသွားတယ်သမန်းမြတ်က ၊ ပါရာဇိ ကအာပတ်ကိုမရောက်သေးသူသည် ၊ လူဝတ်နှင့်နေစေဦး ရဟန်းပင်ဖြစ်တယ်
    ထိုရဟန်းကိုလှူဒန်းလျှင် ၊ ရဟန္တာကိုလှူသကဲ့သို့အကျိုးထပ်တူရှိတယ် ၊ အဲရဟန်းရဲ့တရားကိုနာရင်လဲ ပါရမီရှိပါက မဂ်ဖိုလ်ရောက်နိုင်တယ် ၊ အပြော အဆို ဆင်ခြင်ကြ ၊ ဘာမဟုတ်တာလေးနဲ့ အကုသိုလ်မရှာကြနဲ့ ၊ ရဟန်း မင်းသား ၊ မြွေ ၊ မီးပွား လေးပါးငယ်သောဟုတဲ့ ၊ ဆိုင်ရာပုဂ္ဂိုလ်ကိုဆိုင်ရာဥပဒေ ကအရေးယူသွားပါလိမ့်မယ် ၊
    ReplyDelete
  45. အောင်ဆက် ရယ် စာတွေများသားကလားကွယ်..စိတ္တဝဂ်၊ စိတ္တဟတ္တထေရ ဝတ္တု၊ ဓမ္မပဒ၊ ဝတ္တု ငါးပုဒ်မြောက်မှာ ဖတ်နိုင်ပါတယ်နော်၊ အဟံ ဘိက္ခဝေ တဒါ ကုဒါလပဏ္ဍိတော အဟောသိံ. လို့ ဖတ်ဖူးပါတယ်ကွယ်။
    ပြီင်္င်္းတော့ ဇာတ်တော်မှာလည်း ကုဒါလ ပဏ္ဍိတ ဇာတ်ကို ဖတ်နိုင်ပါတယ်၊
    ဘုန်းဘုန်းဆိုလိုတာက ဘုန်းကြီးရည်းစားထားတာကို အားပေးတာ မဟုတ်ပါဘူး၊ သူများ အကုသိုလ်ကို ကိုယ့်အကုသိုလ် မဖြစ်ပါစေနဲ့ ကွယ၊် တကယ်တော့ သူဟာ ရည်းစားဘယ်လောက်ထားထား ဘုန်းကြီင်္းက ဘုန်းကြီင်္းပါပဲ ဆိုတာကို သိစေချင်တာပါနော်၊ ဥပဒေကို ချိုးဖောက်တဲ့လူလည်း လူပါပဲကွယ် ဒါပေမယ့် အပြစ်ရှိတဲ့ လူပေါ့၊ ဒီင်္လိုပါပဲ ဝိနည်းကို ချိုးဖောက်နေလည်းပဲ ဘုန်းကြီင်္းပါပဲ ဒါပေမယ့် အပြစ်ရှိတဲ့ ဘုန်းကြီးပေါ့နော်၊ ဒါလေးကို သိစေချင်တာပါနော်၊ အားပေးတာ မဟုတ်ပါဘူး။ ဆရာတော်တွေဆို ဒီလိုကိစ္စတွေကို အချင်းချင်း ပိုသိကြပါတယ်ကွယ် ဒါပေမယ့် ခုနကလို့ ပက်ပက်စက်စက် မဝေဖန်ရဲကြပါဘူးကွယ် မပြောဘူးဆိုတာလဲ ဆရာတော်တွေက ဝိနည်းကို အသေအချာ သိထားကြတော့ အပြစ်ကို ကြောက်လို့ မပြောကြပါဘူးနော်၊ ဒါပေမယ့် သာသနာတော်အတွက် ကာကွယ်ကြပါတယ်ကွယ်၊ အဓိကကတော့ ကိုယ့်စိတ်ထဲက ကိုယ့်သာသနာကို ကိုယ်တိုင်ကာကွယ်နိုင်ကြပါစေကွယ်။
    ReplyDelete
  46. ရွာဦးကျောင်းဆရာတော်...ကျေးဇူးပါ ဘုန်းဘုန်း၊ တပည့်တော် ပြောတဲ့ လက်ရှောင်မယ် ဆိုတာဟာ ဒီလို ဝိနည်းကို မထိန်းသိမ်း မလိုက်နာတဲ့ ၊ ရဟန်းအလုပ် ရဟန်းမလုပ်တဲ့ ဖြစ်ရပ်ကို အားပေးတဲ့ သဘော မရောက်ပါဘူး။ ပြင်းပြင်းထန်ထန် ရှုံ့ချပါတယ်။ တပည့်တော် စာလာဖတ်သူ သူငယ်ချင်းတွေကို အကုသိုလ်မယူစေချင်လို့သာ ပြောရခြင်း ဖြစ်ပါတယ်။
    ဒီပိုစ့်မှာ တပည့်တော် ရေးထားတဲ့ စာ တလုံးချင်းစီကို တပည့်တော် အသေအချာ ခိုင်မာစွာ ညွှန်းပြီး ရေးထားတာပါ။ ဒီလိုဖြစ်ရပ်၊ ဒီလို ချစ်မှုရေးရာနဲ့ ပတ်သက်တဲ့ ဘုန်းကြီးမျိုး လုံးဝ အလိုမရှိ၊ တပည့်တော်တို့ သာသနာတော်ကြီးကို ပို၍ သန့်ရှင်း စင်ကြယ်စေချင်တဲ့ စိတ်သာ ရှိပြီး ရဟန်းဝိနည်း သိက္ခာတွေ စင်ကြယ်သော ရဟန်းမြတ်များကိုသာ သာသနာတော်တွင်းမှာ အလုပ်အကျွေးပြု လှူဒါန်းလိုပါတယ် ဘုရား။
    ရဟန်းစားသော ဆွမ်းတနပ်သည် မစားတတ်လျှင် အဆိပ်အတောက် ဖြစ်သည်ကို သတိပြုစေချင်ပါတယ် ဘုရား...။
    ReplyDelete
    Replies
    1. ဖတ်ဗျာဝိနည်းတွေကို
      Delete
  47. ရဟန်းဆိုးတစ်ချို့ လာရေးပုံရတဲ့ ကွန်မန့်တွေ ဖတ်ရတာ ဆိုးလိုက်တာ။ ဘုန်းကြီး ရည်းစားထားတာ အပြစ်မတင်နဲ့ဆိုတော့ ဒါဆို ရည်းစားကြီး ငုတ်တုတ်နဲ့ သပိတ်ပိုက်ပြီး ဆွမ်းလဲ ခံမနေနဲ့၊ မြတ်သော အလှူခံပုဂ္ဂိုလ် လုံးဝ မဟုတ်ဘူးလို့ပဲ ပြောရလိမ့်မယ်။ ဓမ္မပဒမှာ ဒီလိုရဟန်းတွေ ပြည်သြူုပည်သားတို့ သဒ္ဓါကြည်ဖြူတဲ့ ဆွမ်းကို စားနေတာထက် မီးရဲရဲပူတဲ့ သံတွေခဲကို စားတာက မြတ်သေးတယ်လို့ ဆိုထားတာ သတိချပ်စေချင်တယ်။
    ကောင်းစွာမကျင့်ရင် ရဟန်းဘဝဟာ ထိုရဟန်းကို အပယ်ကို ဆွဲချတတ်တယ်ဆိုတာ ဓမ္မပဒလာ နောက်ထပ် အဆိုအမိန့် တစ်ရပ် ဖြစ်ပါတယ်။
    မြတ်စွာဘုရားက ဒီလို ရဟန်းဆိုးမျိုးကို လုံးဝ သာသနာတော်ထဲမှာ မထားလိုဘူး။ ဘုရားက လက်မခံတာကိုတောင် လက်ခံရမယ်လို့ အတင်း ငြင်းနေကြတော့ ဘုရားထက် သာတယ်ထင်တဲ့၊ ဝိနည်းသစ် ထွင်ချင်သူ ရဟန်းဆိုးတွေပဲ။
    ရဟန်း၊ မင်းသား၊ မြွေ၊ မီးပွား လေးပါး ငယ်သောဟူလို့လဲ ခြောက်လှန့်ချင်ရင်လဲ ဒီခေတ်မှာ မရတော့ဘူး။ ဒီမိုကရေစီ နိုင်ငံတွေမှာ သူတို့ဘုရင်တွေ မင်းသားတွေ မဟုတ်တာ တစ်ခုခုလုပ်ရင် ချက်ချင်း ဝေဖန်နေကြတဲ့ခေတ်။ မဟုတ်တာ လုပ်တဲ့သူဟာ ငါမင်းသားဆိုပြီး ထောင်ထောင်ထောင်ထောင် ဆက်မလုပ်ရဲဘူး။ မြွေလဲ အိမ်တွေမှာ အလှတောင် မွေးနေကြပြီ။ မီးလဲ သတိနဲ့ အသုံးချရင် မီးဆိုတာ လူသုံးချင်တိုင်း အသုံးချလို့ရတယ်။
    ရဟန်း ကို ဘယ်လောက် အကျင့်ပျက်ပျက် မဝေဖန်နဲ့ဆိုတာ ဘုရားတောင် မပြောခဲ့ဘူး။ ဒေဝဒတ်ကို ဆွမ်းမလောင်းတာ ဒကာဒကာမတွေ အပြစ်မရှိဘူး။
    ReplyDelete
  48. ဒီလိုနဲ့ ကိုယ့်ဘာသာဝင်အချင်းချင်း အကျယ်အကျယ် ဖြစ်ကုန်ကြပြီ။ ဒီပိုစ့်တွေနဲ့ ပတ်သက်ပြီး မဆုမွန်ရော အခြားသူတွေပါ ရေးကြတဲ့အကြောင်းတရားဟာ လူယောင်ဆောင်ပြီး အပြစ်ကျူးလွန်တဲ့ JQY ကိုသာလျှင် ဦးတည်ပြီး ရေးကြတာ ဖြစ်ပါတယ်.. သူမကောင်းလို့ ခုလို သာသာနာ ညစ်နွမ်းမှာစိုးလို့ ၀ိုင်းပြောနေကြခြင်းသာလျှင် ဖြစ်ပါတယ်.. ၀ိနည်းနဲ့အညီ နေထိုင်ကြတဲ့ ရဟန်ုးသံဃာများအနေနဲ့ ခုကိစ္စမှာ ၀င်မပြောသင့်ပါဘူး.. အရှင်ဘုရားတို့ ၀င်ပြီးပြောနေကြရင် အပြစ်ကျူးလွန်တဲ့ JQY ကို ၀ိုင်းပြီးကာကွယ်ပေးရာ ကျတဲ့အတွက် ပြဿနာတွေ ပိုကြီးလာဖို့ ရှိပြီးတော့ ဒီလိုလုပ်တာ အရှင်ဘုရားတို့က အပြစ်မရှိဘူးလို့ ၀ိုင်းပြောနေသလို အားပေးအားမြောက် လုပ်ရာကျသလို ဖြစ်ပါလိမ့်မယ်. ဒီလိုဆိုရင် ကိုယ့်သံဃာကိုလဲ ကျန်တဲ့ပရိသတ်က အကြည်အညိုကင်းကုန်ပါလိမ့်မယ်.. အရှင်တို့ စဉ်းစားချင့်ချိန်ကုန်ကြပါ... ကာယကံရှင်တစ်ယောက်ကိုသာ အားလုံးက ၀ိုင်းပြောနေကြတာပါ.. ကျန်တဲ့ မဖောက်ပြန်တဲ့ ၀ိနည်းနဲ့နေတဲ့ ဘယ်ရဟန်းတော်ကိုမှ အပြစ်မပြောကြပါ.. ကြည်ညိုမြဲကြည်ညိုဆဲပါ.. အရှင်ဘုရားတို့ ၀ိုင်းပြီးပြောကာမှ ပြဿာနာပိုကြီးပြီး ပိုအကြည်ညိုပျက်ကြပါလိမ့်မယ်.. သတိချပ်စေလိုပါတယ်.. မဆုမွန်ဆိုတဲ့ မိန်းခလေးက ဘလော့ပေါ်တင်ရေးတယ်ဆိုတာလည်း JQy ဆိုသော ပုဂ္ဂိုလ်က အခြားမိန်းခလေးများကို ဆက်လက်ပြီး လူယောင်ဆောင် စော်ကားဆဲ ဖြစ်နေတာကြောင့် သတိပေးတဲ့အနေနဲ့ရော၊ JQY သည် သူ့အကြောင်း ဖွင့်ပြောသည်ဟု သူထင်မြင်ယူဆသော အခြားမိန်းခလေးများကို လူသားစွပ်ပြုတ် လုပ်ပစ်မည် ဆိုသည့်စကားနှင့်ပါ ခြိမ်းခြောက်ကြိမ်းမောင်း လုပ်သည်ကို ကြားရသည့်အတွက်ကြောင့် အားလုံးသိအောင် အခြားမိန်းခလေးတွေ ဆင်ခြင်နိုင်အောင် သူ့သိက္ခာ သူမငဲ့ကွက်ဘဲ ဘလောဂ့်ပေါ်မှာ ဖွင့်ဟခြင်းသာ ဖြစ်ပါသည်။ ဘာသာကိုသော်လည်းကောင်း အခြားသော သံဃာများကို စော်ကားလို၍သော်လည်းကောင်း မဟုတ်သည်ကို သူ့စာဖတ်ပြီး ကောင်းကောင်းကြီး နားလည် သဘောပေါက်မိပါသည်။။။ အရှင်ဘုန်းကြီးတို့လဲ နားလည် သဘောပေါက်စေလိုပါသည်။
    ReplyDelete
  49. တပည့်တော်တို့အားလုံးဟာ ၀ိနည်းနှင့်ညီသော ရဟန်းသံဃာများ အားလုံးကို ရိုသေလေးစား ရှိခိုးသူများ ဖြစ်ကြပါသည်။ အခု အမုန်းခံပြီး အဆဲခံပြီး ၀င်ပြောနေခြင်းမှာ သာသနာကို ခုတုံးလုပ်သော ၀ိနည်းဖောက်ဖျက်သော တစ်စုံတစ်ဦးကြောင့် သာသနာကို သူတစ်ပါး အထင်မသေးစေချင်သောကြောင့်၊ သာသနာ သန့်စင်စေလိုသောကြောင့် ၀င်ပြောကြခြင်းသာဖြစ်ပါသည်.. တပည့်တော်တို့သည်လည်း ကိုယ့်ဘာသာကို ထိလာလျှင် ဆတ်ဆတ်ထိ မခံနိုင်သူများ ဖြစ်ကြပါသည်။ ဖြစ်ရသမျှအားလုံးသည် JQY နှင့်တကွသော အပြစ်ကျူးလွန်သူ တစ်ချို့ကိုသာ ရည်ရွယ်ပါသည်။ မဆိုင်သော အခြားရဟန်းသံဃာများ လုံးဝ မပါဝင်ပါ။ အရှင်ဘုရားတို့ သူ့ဘက်က ထပ်ပြီး ကာကွယ် ပြောဆိုနေဦးမယ်ဆိုလျှင်ဖြင့် ခုထက်ပိုဆိုးလာမည်စိုး၍ မနေနိုင်သောကြောင့် ၀င်ပြောရခြင်းဖြစ်ပါသည်။ ခြေမ မကောင်းရင်ခြေမ လက်မ မကောင်းရင် လက်မကို ပယ်ရရိုး ထုံးစံရှိပါသည်။ သာသနာတော်မှာ စုန်းပြူးတွေကြောင့် ညစ်နွမ်းတာမျိုး မဖြစ်ဖို့ အရှင်ဘုရားတို့မှာလည်း တာဝန်ရှိပါသည်။ တပည့်တော်တို့မှာလည်း တာဝန်ရှိပါသည်။ ယခု ၀ိုင်းပြောနေကြသည်မှာလည်း JQY နှင့်အပေါင်းအပါတစ်စု အသိတရားရပြီး မဟုတ်တာ မလုပ်ကြဖို့ ပြောဆိုကြခြင်းဖြစ်ပါသည်။ ဆိုင်ရာတွေက အရေးယူရအောင်ကလည်း ဘယ်သူမှ တိုင်ကြားသူ မရှိတဲ့အတွက် ခုလို အကျယ်တ၀င့် ဖြစ်နေကြခြင်းသာ ဖြစ်ပါသည်။ အရှင်တို့သေချာဖတ်မယ်ဆိုရင် သာသနာကို ခုတုံးလုပ်ပြီး အပြစ်ကျူးလွန်တာကို မခံနိုင်ကြလို့ ကိုယ့်သာသာနာ ညစ်နွမ်းမှာစိုးလို့ ၀ိုင်းပြောနေကြခြင်းသာ ဖြစ်ပါသည်။ ခုလို အရှင်ဘုရားတို့က အပြစ်မရှိဘူးလို့ ၀ိုင်းပြီး ကာကွယ်ကြမယ် ၀င်ပြောနေကြဦးမယ်ဆိုရင် စကားတွေက ပိုဆိုးလာကြဖို့ မြင်နေပါပြီ။ သံဃာထု တစ်ရပ်လုံးကို ပြောတာမဟုတ်ဘဲ JQYတို့ကိုသာ ပြောခြင်းဖြစ်ကြောင်း သဘောပေါက်စေလိုပါသည်။ အရှင်ဘုရားတို့ ဆက်လက် ၀င်ပြောခြင်းမှ ရှောင်ကျဉ်စေလိုပါသည်။ ကိုယ့်သံဃာကို ကိုယ့်ဘာသာဝင်တွေက အထင်သေးတာမျိုး မဖြစ်စေချင်ပါ။
    ReplyDelete
  50. ကျော်သက်Sat Aug 07, 06:45:00 PM GMT+8
    အထက်က anonymous ပြောတာ မှန်ပါတယ်။ လူအဖြစ်လိမ်ညာပြီး မာတုဂါမတွေကို လှည့်ဖြားတဲ့ ရဟန်းနဲ့မအပ်စပ်တဲ့ အမှုကို ကျူးလွန်တဲ့ ရဟန်းတုဘက်က မဆိုင်တဲ့ သံဃာတွေက ကာကွယ်နေရင် ဒကာဒကာမတွေက သံဃာအားလုံးကို ရောထွေးပြီး အထင်အမြင်သေးသွားနိုင်ပါတယ်။ သူတို့လဲ ဒီလိုအကျင့်တွေ အလားတူ ရှိကြလို့ ဝင်ကာဆီးကာဆီး လုပ်နေတာပဲလို့ ထင်သွားနိုင်ပါတယ်။
    နောက်ပြီး လူတွေရဲ့ သဘာဝက မိမိတို့ သမီး၊ နှမ စသည်တို့ကို လိမ်ညာဖြားယောင်းသွေးဆောင်ခြင်းကို မနှစ်မြို့ပါ။ လူလူချင်းတောင် သည်းမခံတဲ့ အမှုကို ရဟန်းတစ်ပါးက ကျူးလွန်တာကို ဒါ ဘာမှ အရေးမကြီးဘူးလို့ ဝင်ပြောနေတာဟာ ရဟန်းဆိုတာ လူထက်တောင် ယုတ်ညံ့သေးတယ်၊ လူတွေမှာရှိတဲ့ လူ့ကျင့်ဝတ်တွေတောင် ရဟန်းမှာ မရှိဘူးလို့ မသိနားမလည်သူတွေက ရဟန်းတော် အားလုံးကို သိမ်းကျူံးအထင်မှားသွားနိုင်ပါတယ်။
    ReplyDelete
  51. ဂျေဂျူဝိုင်ဟာ တူသောအကျိုး ပေးသွားတာပါ။
    သူဟာ အခြား သံဃာတော်များကို မာတုဂါမနဲ့ လိမ်ညာစွပ်စွဲလေ့ ရှိပါတယ်။ စာသင်သား ရဟန်းတော်တွေကို ငွေကြေးတတ်နိုင်သူ ဒကာကြီး ဒကာမကြီးများက ပစ္စည်းလေးပါး ထောက်ပံ့ရင် မနာလိုတဲ့ ဂျေဂျူဝိုင် (ဦးဇောသိယ)ဟာ ဒါယကာ/မကြီးများရဲ့ သမီးပျိုနဲ့ လိမ်ညာစွပ်စွဲ သတင်းလွှင့်တတ်ပါတယ်။ အဲဒီအခါ သမီးရဲ့ ဂုဏ်ကို ငဲ့ပြီး ဒကာကြီး ဒကာမကြီးများက ဆက်မလှူဒါန်း မဝင်ထွက်တော့ရင် မနာလိုသူ ဂျေဂျူဝိုင် အကြံအောင်သွားပါတယ်။ စာသင်သား ဦးဇင်းလေးတွေခမျာတော့ ထောက်ပံ့နိုင်သူ အလှူရှင် ဒကာကြီးတွေ ဆုံးရှုံးသွားလို့ ဒုက္ခကြုံရရှာပါတယ်။
    ဂျေဂျူဝိုင်ဟာ စာရေး ကဗျာရေးသူဆိုတော့ သူ့ရဲ့ ထိုးဇာတ် လုပ်ဇာတ်တွေကိုလဲ ယုတ္တိရှိအောင် ရေးဖွဲ့နွဲ့ပြပြီး ပစ်စာတွေ ပို့တတ်ပါတယ်။ ဇာတ်လမ်းက ဝတ္ထုတစ်ပုဒ်လို အသေးစိတ် ဖွဲ့ထားတော့ ကာယကံရှင် ရဟန်းတော်တွေဟာ မာယာများသူ ရဟန်းဆိုးရဲ့ ပြောင်မြောက်တဲ့ လုပ်ဇာတ်အဖွဲ့အနွဲ့တွေအောက်မှာ ဒုက္ခရောက်ရရှာပါတယ်။
    အခု ဒီလို လိမ်ညာဇာတ်လမ်းဆင်ပြီး အခြားရဟန်းတို့ကို မာတုဂါမနဲ့ စွပ်စွဲတတ်သူ ဂျေဂျူဝိုင် တူသောအကျိုး ပေးပါပြီ။ ပေးပုံက သူ့ကြောင့် နစ်နာခဲ့ရသူ ရဟန်းတော်များလို မမှန်စွပ်စွဲခံရတာ မဟုတ်ဘဲ တကယ် မိုက်မှားယုတ်မာခဲ့လို့သာ ပုပ်လို့ပေါ်ခြင်းပါ။
    သူဟာ မာတုဂါမကိစ္စ ဝါသနာထုံတော့ အခြားရဟန်းများကိုလဲ မာတုဂါမနဲ့ လီဆည် စွပ်စွဲတာ သူ့တိုက်ကွက် ဖြစ်ပါတယ်။ ကံကံ၏ အကျိုးဟာ ဒီဘဝမှာတင် ပေးသွားတာ လက်တွေ့ မြင်လိုက်ရပါပြီ။ သံဃာကို စော်ကားသူ၊ သံဃာ့လာဘ်လာဘကို ဖျက်ဆီးသူ တစ်ယောက် တူသောအကျိုးပေးသွားတာပါပဲ။
    ReplyDelete
  52. မချစ်ကြည်အေး
    သာဓု သာဓု သာဓု
    အများအကျိုးအတွက် ဆိုရေးရှိတဲ့ စကားကို ဝံ့ဝံ့ရဲရဲ ဆိုခြင်းဟာ ကောင်းမြတ်လှပါတယ်။ သာသနာကို စောင့်ရှောက်ကာကွယ်ပေးနိုင်ပါစေ။
    ReplyDelete
  53. အလုံးကြီးတစ်ခု ကျသွားသလိုပါပဲ။ လူယောင်ဆောင် ရဟန်းတစ်ပါးကို အကြောင်းပြုပြီး ဖြစ်လာတဲ့ ပြဿနာမှာ ဒုဿီလ ရဟန်းဆိုးတွေနဲ့ ရဟန်းစစ်ကိုသာ ကိုးကွယ်လိုသူ ဒကာဒကာမတွေကြား ကိုယ်ကျင့်သိက္ခာကိစ္စ ဝိဝါဒ ကွဲပြား ငြင်းခုံမှုတွေ ဖြစ်လာတယ်။
    ''ဘုန်းကြီးလဲ ပုထုဇဉ်ပဲ၊ ရည်းစားထားတာ ဘာဖြစ်လဲ'' လို့ ဘုရားမျက်နှာမထောက် နေ့စဉ်စားနေတဲ့ဆွမ်းမှ အားမနာ ပြောရက်တဲ့ ရဟန်းတွေရဲ့ ကွန်မန့်တွေကို ဒီအကြောင်း ဆွေးနွေးနေတဲ့ ဘလော့ ၂ ခုမှာ ဖတ်ရတော့ သာသနာအတွက် စိတ်ပူစရာ ဖြစ်လာတယ်။ ဒီအဆိုများ နိုင်သွားရင် သာသနာတော့ ရင်လေးစရာ ဖြစ်ပြီ။
    ရဟန်းဆိုးတွေရဲ့ အဆိုကို လက်မခံတဲ့ ဒကာဒကာမတွေဘက်က ရဟန်းဆိုးတွေလို မာယာမကြွယ်၊ ပါဠိစကား ဟုတ်ဟုတ်မဟုတ်ဟုတ် လှိုင်လှိုင်သုံးပြီး ငါ့စကားနွားရ မပြောတတ်လေတော့ ဒကာဒကာမတွေဘက်က အရှုံးများ ဖြစ်လေမလား ပူစရာပဲ။
    ခုတော့ ဘုန်းကြီး ရည်းစားထားတာ အပြစ်မရှိ၊ လူရေခြုံ ရည်းစားထားတဲ့ ဒုဿီလရဟန်းကို မပြစ်မှားဘဲ ရဟန္တာနဲ့ထပ်တူ ကိုးကွယ်ရမယ်ဆိုတဲ့ ဟီရိသြတ္တပ္ပ မဲ့လွန်းတဲ့ ကြွေးကြော်သံတွေ ကျဆုံးသွားရတာ အလုံးကြီးတစ်ခု ကျသွားသလိုပဲ။ သာသနာ့ကိစ္စ မိမိကိစ္စအဖြစ် သဘောထားပြီး ကြားဝင်ပြောဆိုဆွေးနွေးကြတဲ့ မောင်မယ်များ ကျေးဇူးကြီးလှပေတယ်။
    ReplyDelete
  54. ရွာဦးကျောင်းဆရာတော်ကွန်မန့်ဖတ်ပြီး စိတ်လေပါ့။
    ''သူဟာ ရည်းစားဘယ်လောက်ထားထား ဘုန်းကြီင်္းက ဘုန်းကြီင်္းပါပဲ''
    ဘုရား ဘုရား။။ ဒီတစ်ခါပဲ ကြားဖူးပါတယ်။
    ReplyDelete
  55. ဂျေဂျူဝိုင်လို့ လူ့အမည်ခံ ရဟန်းတုက သူ့ဘလော့မှာ ဒါဟာ အင်တာနက်ပေါ်မှာ လိမ်ညာလှည့်ဖြားခြင်းအတွက်၊ ရဟန်းတန်မဲ့ တဏှာပေမစကားများ ပြောခြင်းအတွက် ပါရာဇိကမကျ၊ ဘာအာပတ်မှလဲ မသင့်လို့ ဟီရိသြတ္တပ္ပမဲ့စွာ လီဆည်ရေးသားထားပြန်တယ်။
    ဒီနေရာမှာ ဒေဝဒတ်နဲ့ ဥပမာ ပေးရရင် ဒေဝဒတ်ဟာ လူ့အသက်ကို သူ့လက်နဲ့ ကိုယ်တိုင် သတ်ဖူးတယ်လို့ မတွေ့ရဘူး။ မြတ်စွာဘုရားသခင်ရဲ့ အသက်တော်ကို အကြိမ်ကြိမ် လုပ်ကြံပေမယ့် ဘုရားဆိုတာ သူတစ်ပါးလုပ်ကြံလို့ ရရိုး မရှိတဲ့အတွက် မသတ်နိုင်ခဲ့ဘူး။ ဒါဖြင့် ဘာအသက်တစ်ချောင်းမှ မသတ်ဖူးဘဲ၊ မြတ်စွာဘုရားကို လုပ်ကြံတာလဲ မအောင်မြင်လိုက်ပါဘဲ ဘာကြောင့် ဒေဝဒတ် ငရဲကျရသလဲ။
    ဒီရဟန်းတု ရဟန်းမိုက်ဟာ
    ၁-မိမိဟာ လူဝတ်ကြောင်တစ်ဦး ဖြစ်တယ်လို့ လှည့်ဖျားလိမ်ညာတယ်။
    ၂-မာတုဂါမများကို ဆက်ဆံတဲ့အခါ သမီးလို နှမလိုသာ သဘောထားလို့ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံခါနီးမှာ အသေအချာ မိန့်မှာခဲ့ပါရက်နဲ့ မြတ်စွာဘုရား ရွှေမျက်နှာတော်မထောက် တဏှာပေမ အမှုအတွက် မြှူဆွယ်တယ်။
    ၃-သံဃာ့သိက္ခာ သာသနာ့သိက္ခာကျအောင် ပြုမူတယ်။
    ၄-ဒီလောက် အများက ကဲ့ရဲ့နေကြတဲ့ ရှက်ဖွယ်လိလိ မကောင်းမှုကြီး ကျူးလွန်လိုက်တာကိုတောင် ဘာဝိနည်းမှမကျိုး၊ ဘာအာပတ်မှမသင့်ဘူးလို့ ဗြောင်လိမ်ညာလိုက်တဲ့အတွက် ရဟန်းတွေ ဒီလို မေထုန်ငယ် ပျော်ပါးခွင့်ကို ဝိနည်းတော်ကပဲ ခွင့်ပြုထားသယောင် ဖြစ်စေပြီး မြင့်မြတ်လှတဲ့ ဝိနည်း ၂၂၇ သွယ်ကို မသိနားမလည်သူများ အထင်သေးသွားအောင် မုသားဆိုတယ်။
    အစဉ်အလာ ကြီးမြတ်လှတဲ့ မန္တလေး သံဃာများနဲ့ မစိုးရိမ် ကျောင်းတိုက်ဟာ သံဃာသိက္ခာ ညှိုးနွမ်းအောင် ပြုသူ၊ ဒကာဒကာမတို့ရဲ့ဆွမ်းကို ခိုးဝှက်လိမ်ညာစားသူ ဒီရဟန်းယုတ်ကို အရေးယူဆုံးမပေးပါရန် ရိုသေစွာ လျှောက်ထားပန်ကြားအပ်ပါသည် အရှင်သူမြတ်တို့ဘုရား။
    ReplyDelete
  56. ခုမှ ဖတ်မိတယ် အစ်မ။ ဒီအကြောင်းကြားမိတာ လွန်ခဲ့တဲ့နှစ်ပတ်လောက်ကတည်းကပဲ။
    ဘုန်းကြီးရည်းစားစာပေးတယ်ဆိုတဲ့ ကိစ္စမျိုးကို ကြားဖူးတယ်။ ဒီထက်မက ကိစ္စမျိုးတွေလည်း ရှိတယ်။ ဒါပေမဲ့ ခုလိုအွန်လိုင်းမှာ မဟုတ်တော့ ကမ္ဘာတ၀ှမ်း ဟိုးလေးတကျော် မဖြစ်ခဲ့ဘူးပေါ့။
    သာသနာညစ်နွမ်းအောင်၊ အထင်သေးကဲ့ရဲ့ခံရအောင် မလုပ်မိဖို့၊ ထိန်းသိမ်းစောင့်ရှောက်ဖို့က ရဟန်းသံဃာတော်များရဲ့ တာဝန်ပဲ။
    ဒီလိုမှမဟုတ်ရင် ဘုရား၊တရား၊သံဃာဆိုတဲ့ ရတနာမြတ်သုံးပါးထဲမှာ အပူဇော်ခံဖို့ ဘယ်ထိုက်ပါ့မလဲလေ။
    ReplyDelete
  57. ဒီလို ဘုန်းကြီးတွေကြောင့် သာသနာ တစ်ခုလုံး သူများဘာသာဝင်တွေ အထင်သေးစရာဖြစ်တော့ မယ်... ၀ိနည်းနဲ့ အညီနေတဲ့ ကိုယ်တော်တွေပါရောပြီး အထင်သေးခံ၊ အပြောခံ ရတော့ မှာ.. ဒီလိုဘုန်းကြီးမျိုးတွေကို.. သံဃာအဖွဲံ့အစည်းက အပြစ်ပေးသင့်တယ်.. လူတွေကလည်း ရှုံချသင့်တယ် ..နောက်မလုပ်ရဲအောင်လို့
    ReplyDelete
  58. ညီကိုမောင်နှမတို့ ၊
    အခန့်မသင့်ရင် ဒေါသပါလာပြီး အပြောအဆို လွန်ကျူးပြီး အကုသိုလ်ဖြစ်သွားမှာစိုးလို့  ရွာဦးကျောင်း ဆရာတော်နဲ့ ee ဆိုတဲ့ ဆရာတော်တို့ က ၀င်ပြောကြတာ။ အထင်မလွဲကြပါနဲ့။ ဒျှီဲ့ ရဟန်းကတော့ အကုသိုလ် ဖြစ်ပြီး အာပတ်သင့်ပါတယ်။ သူ့ အကုသိုလ်နဲ့ သူသွားမှာပါ။ တကယ်လို့  ဒီကိစ္စကို အရေးယူလိုတယ်ဆို ဒေါသ ရှေ့ မထားဘဲ သက်ဆိုင်တဲ့ ကျောင်းတိုက်က ဆရာတော်ကို လျှောက်ပြီး အရေးယူဖို့  စဉ်းစားပါ။ ရွာဦးကျောင်း ဆရာတော်နဲ့ ee ဆိုတဲ့ ဆရာတော်တို့ ကို အပြစ်မမြင်ကြပါနဲ့။
    (ကျနော်ကတော့ လူမို့  ဆဲချင်ဆဲလို့ ရပါတယ်။ အပြစ်တင်ချင်လဲ ရပါတယ်။ :P)
    ReplyDelete
  59. မောင်ကျော်ဆိုတဲ့ ဦးဇင်းသို့
    ရည်းစားစာပေး၊ နောက်ကလိုက်၊ ရည်းစားစကား လိုက်ပြောလဲ ရဟန်းက ရဟန်းပဲဆိုတော့ ဒီလို လုပ်လို့ တစ်ဖက်မိန်းကလေးက ပါးရိုက်လွှတ်တာ ခံရရင်ရော ရဟန်းက ရဟန်းပဲ ပြောဦးမှာလား။ ရဟန်းဖြစ်ပြီး ရဟန်းလိုတော့ မနေနိုင်ဘူး၊ ရဟန်းလို ရိုသေတာတော့ ခံချင်ကြရလား။
    ဒီတိုင်းဆို ဒီလိုဘုန်းကြီးအတုအယောင်က ရည်းစားစကား လိုက်ပြောရင်တောင် မိန်းမတွေ ငုံ့ခံကြ၊ ပြန်မကြိုက်ဘူး ငြင်းရင် ငရဲကြီးမယ်လို့ ပြောချင်တဲ့ပုံတဲ့။ ဘုန်းကြီးနဲ့ မိန်းမ ရည်းစားထားတာ အာပတ်ငယ်ပဲ သင့်တယ်၊ အရေးမကြီးဘူး၊ မကြောက်ကြနဲ့၊ ငါတို့လိုက်ကြိုက်ရင် ခံသာခံကြလို့ မြှူဆွယ်ချင်တာလား။
    ဗုဒ္ဓဘာသာ တစ်ယောက်အနေနဲ့ ပြတ်ပြတ်ပဲ ပြောလိုက်မယ်။ ရည်းစားထားလဲ ရဟန်းက ရဟန်းပဲလို့ ဘုန်းကြီးတန်မဲ့ အရှက်မရှိ ပြောထွက်တဲ့ ရဟန်းမျိုး မရှိခိုးနိုင်ဘူး။ ရည်းစားတောင် ထားနေမှတော့ ပါရာဇိက မကျပါဘူး ငြင်းတော့ရော ဘယ်လိုလုပ် ယုံရမလဲ။ ဒါတောင် လုပ်ရင် တခြားဟာလဲ လုပ်ဖို့ ဝန်လေးမှာ မဟုတ်ဘူး။
    ReplyDelete
  60. ကျွန်တော်ကတော့ ဘုရားက အမည်း မိန့်ခဲ့ပါရက်နဲ့ ဒါ အဖြူပါလို့ လိမ်နေတဲ့ သူတွေကို ရဟန်းဝတ်ထားလဲ ရဟန်းလို့ မမှတ်ဘူး။
    ဘုရားက ဒီလို မိန်းမပိုး ရဟန်းတွေကို ချီးမြှောက်ဖူးလား။ ဏှာဘူး ဧတဒင်္ဂ ပေးဖူးသလား။ ဒါဆိုရင်တော့ ဒီဘုန်းကြီးမျိုး အိမ်မှာပါ ပင့်ပြီး ဆွမ်းကျွေးလိုက်ဦးမယ်။ ကိုယ့်နှမ ကိုယ့်အျမတော့ အဲဒီအချိန် တခြားသွားရှောင်ခိုင်းထားရမှာပေါ့။
    ဘုရားက မကြိုက်ပါဘူး ဆိုတာတောင် ဒါ အရေးမကြီးဘူး၊ ပြဿနာ မဟုတ်ဘူး ပြောရဲတာ လူ ဘာလို့ မထွက်ကြတာလဲဗျာ။ သာသနာကို မလေးစားနိုင်ရင်
    ReplyDelete
  61. သမန်းမြတ်ကိုကိုင်တဲ့အခါ ထိထိ မိမိ
    ကိုင်ရတယ် ၊ မထိတထိကိုင်ရင် လက်ကိုထိုးခွဲသွားတယ်သမန်းမြတ်က
    ee ဆိုတဲ့ ဦးဇင်း ပေးသွားတဲ့ ဥပမာက ဓမ္မပဒက လာတဲ့ စကားပါပဲ။ ဒါပေမယ့် ဆိုလိုရင်းကို ပြောင်းပြန် ယူအသုံးချသွားတာ ဖြစ်နေတယ်။ ဓမ္မပဒမှာ ဝိနည်းမလေးစား သီလမရှိတဲ့ ရဟန်းတွေကို သမန်းမြက် ကိုင်သူနဲ့ နှိုင်းပြီး ဆုံးမသွားတာပဲ။
    ကောင်းစွာ မကိုင်လျှင် သမန်းမြက်သည် ထိုလက်ကိုပင် ခွဲရှသကဲ့သို့ ကောင်းစွာ အသုံးမပြုလျှင် ရဟန်းအဖြစ်သည် ထိုရဟန်းကိုပင် ငရဲသို့ ဆွဲချတတ်လေ၏။ (ဓမ္မပဒ ၃၁၁)
    တရားတော်က ဒီလို ဆိုထားပါလျက်နဲ့ အဓိပ္ပာယ် ပြောင်းပြန်ဖြစ်အောင် မလှည့်စား၊ စကားလုံး မပြောင်းအပ်ဘူး။
    ရဟန်းဆိုတာ သမန်းမြက်လိုပဲ၊ ဘာလုပ်လုပ် ဘာမှ သွားမပြောနဲ့၊ သမန်းမြက်ကိုင်ရင် လက်ရှသလို ရဟန်းကိုပြောရင် ပြောမိသူပဲ အပြစ်ဖြစ်လိမ့်မယ်လို့ ဘုရားရှင် လုံးဝ မဟောခဲ့ဘူး။ ဓမ္မပဒရဲ့ ဆိုလိုရင်းက ဒါ လုံးဝ မဟုတ်ဘူး။
    ကောင်းစွာ အသုံးမပြုလျှင် ရဟန်းအဖြစ်သည် ထိုရဟန်းကိုပင် ငရဲသို့ ဆွဲချတတ်လေ၏ --- ဘာဆိုလိုသလဲ ရှင်းနေပြီ။ ပိုးစိုးပက်စက် နေချင်တိုင်းနေရင် ရဟန်းဝတ်နဲ့ နေလို့က ငရဲကျမယ် လို့ ဆိုလိုတာ။
    ReplyDelete
  62. ဒီလောက်ကြီးမားတဲ့ အပြစ်မဟုတ်ပါ..ဘုန်းကြီးလည်း ပုထုဇဉ်ပါ..
    ReplyDelete
  63. ပုထုဇဉ်ဆိုပြီး တဏှာရူးထလို့ တော်မလားဗျာ။
    သင်္ကန်းခြုံ အလှူခံစား၊ တစ်ဖက်ကလဲ လူဝတ်ကြောင်ပါလို့ လိမ်ပြီး ကာမသောင်းကျန်းတာကို ဒီလောက် ကြီးတဲ့ အပြစ် မဟုတ်ဘူး ဆိုတော့ ဒီထက်ကြီးတဲ့အပြစ် ဘာ၇ှိသေးလို့လဲ။ မုဒိန်းမှုကိုတောင် အသေးအဖွဲလေးပါ ပြောမယ့် ဘုန်းကြီး (အရေခြုံ)တွေပဲ။
    ReplyDelete
    Replies
    1. မင်းဘာမှမသိတဲငတုံးကောင်ပဲ
      မိန်းမမတစ်ယောက်ကိုဖူးဖူးမှုတ်မတတ်ဖွန်ကြောင်တတ်တဲငတုံးတစ်ကောင်လောက်ပဲရှိတယ်ငတုံး
      Delete
  64. ဗုဒ္ဓဘာသာဝင် နှမငယ်များသို့
    ဘုန်းကြီး ရည်းစားထားတာ အရေးမကြီးဘူး၊ အာပတ်အကြီးစား မဟုတ်ဘူးဆိုပြီး ဒုဿီလဘုန်းကြီးတွေ ဝါဒဖြန့်နေတာကို နားမယောင်ကြပါနဲ့။ ကိုယ် ရေတိမ်နစ်သွားလိမ့်မယ်။ မြတ်စွာဘုရားရဲ့ သမီးကောင်း ပီသချင်ရင် သာသနာကို အတူဖျက်ဆီးကြဖို့ လာမြှူဆွယ်တာကို လက်မခံလိုက်ပါနဲ့။ မြတ်စွာဘုရားက ဒါကို နည်းနည်းမှ ကြိုက်တော်မမူဘူး။
    ReplyDelete
  65. အင်းးးး......စိတ်မချမ်းသာလိုက်တာ။ ဆင်ခြင်ကြ ။ သတိလည်းပေးကြ။ သတိလည်းထားကြ။ သူများရှိုမီး ကိုယ့်မကူးဖို့အရေးကြီးသလို ဆက်ပြီး
    ယပ်ခတ်ပေးသလိုလည်း မဖြစ်စေအောင်ပေါ့။ ပြီးတော့ ဒီမီးတွေကို ငြိမ်း
    အောင်ငြိမ်းသတ်နိုင်တဲ့နည်းကိုဝိုင်းဝန်းရှာဖွေကြသင့်တယ်။ တစ်ဦးနဲ့
    တစ်ဦး ပုဂ္ဂလဇ္ဈာသယ(ယူဆမှု)တွေမတူညီကြတဲ့ အတွက် မန့်တွေဆက်
    ပြီးပွားနေလိမ့်မယ်ထင်တယ်။ အင်းမသက်သာလိုက်တာ... သာဓုလည်း
    ခေါ်သွားပါရဲ့
    ReplyDelete
  66. စိတ်မကောင်ပဲဖြစ်ရမလာပဲအမှားကြူးတိုင်းအတုလိုတော့မပြောသင့်ဘူးဗျအဲလောက်အမြင်ကျဉ်းတာတော့စိတ်မကောင်းဘူးအခုနေလူဆိုးတစ်ယောက်ဟာ နောင်တစ်ချိန် လူကောင်းဖြစ်နေနိုင်တာပါပဲ အခုနေအမှားတွေလုပ်နေပေမဲ့နောင်တစ်ချိန် တကယ်မှန်ကန်အောင်နေနိုင်တဲသူလဲဖြစ်နိုင်တာပါပဲ
    ကဲဒါဆို ဘယ်သူတွေအမှားကင်းလဲ
    လောက ကိုမအံသြပါနဲဗျာ အရာရာဟာဘာမဆိုဖြစ်နိုင်တယ်
    ကိုယ်က အမှားနည်းလိုအရမ်းမှားနေတဲသူကို နင့်နင့်နာနာပြောတာ ဝမ်းနည်တယ်
    ကောင်းပြီကိုယ်က တကယ်သူတို့နေရာမျိုးမှာခံစားကြည်ပါ့ အခုပြောနေတဲ့စကားတွေထက်အဓိပ္ပါယ်ဟာတစ်မျိုးပြောင်လားမလား ?
    ReplyDelete
  67. မကြည်အေးတင်ပြတွေကိုလက်ခံပါတယ်ဖြစ်သင်တယ်လိုယူဆပါတယ် ပြောပြရမယ်သိမယ်ရှောင်မယ်ပေါ့
    မိန်ကလေးငယ်တွေလဲအသိတစ်ခုရတာပေါ့ဗျာ မသိတာထက်စာသိတာက အပြစ်ပိုကင်းပါတယ်
    ဒါပေမဲညီမငယ်များက တစ်ခုခုလိုချင်မှု အားကြီးလာရင်အသိပညာတွေမဲ့တတ်ပါတယ်
    အချစ်အားကြီးလာရင်လဲ ဒေါက်တာ ဘွဲရမကလိုဘာဖြစ်ဖြစ် အသိပညာတွေမဲ့ရစမြဲပါပဲ
    မဖြစ်ဘူးမခံစားဘူး မကြုံဘူးလိုနမဲကစပြောတာကိုတောကျန်တော်ကဘာဖြစ်ဖြစ်ကသိကအောက်ဖြစ်လိုဗျ
    အကောင်းဆုံးက လက်တွဲခေါ်ပြုပြင်လိုက်ရင် ပိုကောင်းမယ်ထင်တာပါပဲ
    မကြည်အေး အမှားကိုါအမှန်ထင်တာလဲ အမှားတစ်ခုပါပဲ
    အမှန်ကိုအမှားထင်တာလဲအမှားတစ်ခုပါပဲဘယ်လိုထင်ထင် အမှာပါ တကယ်တော့အမှန်ကို အမှန်ထင် အမှားကိုအမှားထင်ရင်သိပ်ကောင်းပေါ့ဗျာ
    ReplyDelete
ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်
ကိုယ် ချစ်တဲ့ကဗျာ
နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်
နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...