Ulu ဆိုတာ Head/Land's end ၊ Watu ဆိုတာက Stone/Rock လို့ အဓိပ္ပါယ် ရပါတယ်။ "ကုန်းမြေရဲ့ အဆုံးစွန် ကျောက်ကမ်းပါး" လို့ ကျမက ဘာသာပြန်ပါမယ်။ ကိုယ် ပြန်ချင်သလို လွတ်လပ်စွာ ပြန်လို့ရပါ တယ်။ "ကျောက်တုံးဂတုံး" လို့ ပြန်ချင်လည်း ပြန်လို့ရပါတယ်။
အားလုံး ပြေပြေလည်လည်ပေါ့.....။ ဘာလီရဲ့ နာမည် အကြီးဆုံး ဟင်ဒူ ဘုရားကျောင်း ကြီးပါ။ အဲဒီနေရာဟာ နေဝင်ချိန် ကြည့်ကြဖို့ တူးရစ် တွေ အများဆုံး သွားကြတဲ့နေရာပေါ့။
ဝင်ခ ပေးရပါတယ်။ များသောအားဖြင့်တော့ တရက်ခရီးအတွက် ပေးရတဲ့အထဲမှာ ပါပြီး သားပါ။
အမျိုးသား၊ အမျိုးသမီးတွေ အတို ဝတ်လာရင် အခုလို ခါးပတ်ဖို့ အဝတ်တထည် နဲ့ ခါးစည်းကြိုး ပေးပါတယ်။ အရှည်ဝတ်ထားတဲ့ သူတွေ ကိုတော့ ခါးစည်းကြိုး တချောင်းပဲ ပေးပါတယ်။ ခါးစည်း မဖြစ်မနေ စည်းကို စည်းရပါတယ်။ ခါးမရှိတဲ့ သူတွေ၊ ခါးပျောက်နေ တဲ့သူတွေ အတွက်တော့ အလွန် အခက်ပွေရတဲ့ နေရာပေါ့။ အို...ဘယ်လိုပဲဖြစ်ဖြစ် မှန်းမှန်းပြီး စည်းလိုက်ကြတာပေါ့။
ဥလုဝပ်တူးရဲ့ နေဝင်ချိန်လေးပါ....
ဘယ်သူပြောလဲ...မင်းနဲ့တို့ဟာ ပင်လယ်ကြီးနဲ့ ကောင်းကင်ပြာလို ဘယ်တော့မှ မဆုံနိုင်တဲ့ ဘဝတွေပါ လို့....
ဒီမယ်...ဟိုးအဆုံးမှာ သူတို့ ပွေ့ဖက် ထိနမ်းလို့......(ကဗျာဆန်ပုံ...ကဗျာဆန်လိုက်ပုံ.....း)
သိတ်လှတဲ့ Cliff က ဘာလီရဲ့ တောင်-မြောက် တန်းနေပြီး အိန္ဒိယ သမုဒ္ဒရာဘက် မျက်နှာဖွင့်ထားပါတယ်....
ဘုရားကျောင်းက တောင်ဘက်ခြမ်းအပေါ်မှာ ဆောက်ထားပြီး ဝတ်ပြုရှိခိုးမဲ့သူများပဲ ဝင်ခွင့်ပြုပါတယ်...
ဒါက တောင်ဘက်ကကြည့်ရင် တွေ့ရမဲ့ မြောက်ဘက်ခြမ်းCliff ပေါ့....
အပေါ်ပုံနဲ့ အောက်ပုံကို ယှဉ်ကြည့်ရင် Cliff ပဲသက်သက်နဲ့၊ ပန်းခရမ်းပြာလေးတွေနဲ့ တွဲပြီး ရိုက်ထားတဲ့ပုံနဲ့ ၂မျိုး ရိုက်ထားခဲ့တာပါ။
ကျမရဲ့ ဓါတ်ပုံပညာစွမ်း ဆိုပါတော့.......
ယှဉ်ကြည့်ပါ၊ မမြင် မြင်အောင်ကြည့်ပါ...ဇွတ်ပဲ...တိုက်တွန်းပါတယ်...
ဒါကတော့ မြောက်ဘက်က ကြည့်ရင် တွေ့ရမဲ့ တောင်ဘက်ခြမ်းCliff ပါ
ပုံသေးလေး ၂ခုက ညစာ စားခဲ့တဲ့ ဂျင်ဘယ်ရမ် ကမ်းခြေပါ။ စားပွဲတွေကို ကမ်းခြေဘက် မျက်နှာမူပြီး လှိုင်းဖြူဖြူတွေနဲ့ အနီးဆုံး သဲပြင်ပေါ်မှာ ကန်ဒယ်လိုက်-မီးအိမ်လေး ၂လုံးနဲ့ ခင်းကျင်းထားပါတယ်။ အလွန်တရာမက နှစ်ရာ သုံးရာ လောက်ကို ရိုမန်တစ်ပါတယ်။ ရိုးရာတီးဝိုင်းလေးက စားပွဲတိုင်းဆီကို လိုက်ပြီး ဖြေဖျော်သေးတယ်။ သူတို့က စားပွဲတခု ရှေ့ရောက်တိုင်း နှုတ်ဆက်ပြီး ဘယ်ကလာပါ သလဲ မေးပါတယ်။ ကိုရီးယားကဆို ကိုရီးယားသီချင်း၊ ဂျပန်ကဆို ဂျပန်သီချင်း၊ အမယ်...အိန္ဒိယသီချင်းတောင်ပါသေး...
အေးလေ...ရပါတယ် လာထားပေါ့...။ ကျမတို့ကို မေးတော့ ကျမက စလုံးက လာတာလို့ ဆိုလိုက်တယ်...အိုခေပေါ့၊ ဒါနဲ့ ဆိုမလို့ ပျိုးတုန်းမှာ ကျမက Hold on ! ဒါပေမဲ့ ငါတို့က မြန်မာလူမျိုးဟ၊ မြန်မာသီချင်းလေး တပုဒ်လောက် လုပ်စမ်းပါ လို့ အေးဆေးလေးပဲ သီချင်း တောင်းလိုက်တယ်။ ပြီးတော့ သူတို့ မျက်နှာကို သေချာ မကြည့်ပဲ အပီယူပြီး နားထောင်တော့ မဲ့ပုံနဲ့ မျက်လုံး မျက်တောင် လေးတောင် မှေးစင်းထားလိုက်သေးတယ်....။
သူတို့ တယောက်မျက်နှာ တယောက်ကြည့်ကြ၊ ခေါင်းကုတ်ကြ နဲ့ တော်တော်လေး စားသွား တယ်၊ အဲသလို သူတို့ မြွေဖမ်းနေတာ ရယ်ချင်လွန်းလို့ မနဲ အောင့်ထားရတယ်။ မှတ်ပလား...လွယ်လွယ်နဲ့ မရတာ...အဲဒါ တို့ မြန်မာ...


ဓါတ်ပုံတွေ ပုံထွက် သိတ်မကောင်းဘူးနော်၊ သတိထားမိကြတယ် မဟုတ်လား။ ပြန်စဉ်းစားတိုင်း စိတ်မကောင်းဘူး၊ မနက်ကနေ တနေ့လုံး ရိုက်လာလိုက်၊ ရိုက်ပြီးသမျှလေး တပြုံးပြုံးနဲ့ ပြန်ဗျူးလိုက်နဲ့ တကယ် ရိုက်ရမဲ့နေရာ ရောက်ပြီဟဲ့လည်းဆိုရော ကိုရွှေဘက်ထရီလေးက ပြားသွားရော...။ တကယ်ပါ ထိုင် ငိုချင်စိတ် ပေါက်သွားတယ်။ ပိတ်သတ်ကြီးအတွက် ပုံကောင်းလေးတွေ ရိုက်မပြနိုင် ဖြစ်ရပါပြီ ဆိုပြီးတော့...။
အားမလျှော့ပါဘူး လာထား ပန်းသီးလည်းမဟုတ်၊ လိမ္မော်သီးလည်း မဟုတ်၊ အိုင်လို့လည်း မအော်တတ်တဲ့ ကျမရဲ့ ကိုယ်ခေါ်သူကြား သူခေါ်ကိုယ်ကြား ဖုန်းကလေးနဲ့ ပိတ် ရိုက်ပစ်ခဲ့ရတာ...အေးလေ...ရောင့်ရဲတတ်ဖို့ပဲ လိုတာပါ...
သင်ခန်းစာ : ခရီးသွားတိုင်း ကင်မလာ ဘက်ထရီ အပိုတခု ဆောင်သွားရန်
တရက် ခရီးရဲ့ မနက်ခင်း ကျန်ပါသေးတယ်...ကျမက ဟိုဒီ တစစီဆွဲပြီး ရေးနေတာမို့ပါ၊ နောက်ပိုစ့်တွေ မကြာမီ လာမည်...
မမရေ........ အပေါ်က နေ၀င်ချိန်လေးကို သွားကြည့်ရတဲ့ အရသာနဲ့ ဗဟုသုတလေး မှတ်သားသွားတယ်။ ခါးမပျောက်အောင် ထိန်းသိမ်ရမယ်..း))
ReplyDeleteဟုတ်တယ်နော်.. ပင်လယ်ပြင်နဲ့ ကောင်းကင်ပြာက တနေရာရာမှာ ထိစက်နေသလိုပဲ.. ရိုက်ချက်တွေ ကောင်းမှကောင်း။ တွေ့ပါတယ် မမရဲ့ ပန်းခရမ်းပြာလေးတွေနဲ့ ကမ်းပါးလေး လှမှလှ ကဗျာဆန်ဆန်ပေါ့။
အဲ.....ညဘက် စားစရာတွေ ရိုက်မှပဲ မှောင်တော့တယ်..။ မမြင်ရတဲ့ စားစရာတွေကို မျှော်သွားတယ်။း))
မှတ်သားသွားပါ့မယ်.. ခရီးသွားရင် ဘက်ထရီ အပိုဆောင်ဖို့။ ကျေးဇူး
ခင်မင်လေးစားလျှက်
သွားတောင်သွားချင်လာပြီ။
ReplyDeleteထီပေါက်အောင် စောင့်လိုက်ဦးမယ်။
ဓါတ်ပုံတွေကောင်းလို့ ကိုယ်တိုင်တကယ်ရိုက်တာလားဟင်...
ReplyDeleteညီမ ဒန်ဒန်ရေ ကော်မန့် အရှည်ကြီး အတွက် ကျေးဇူးပါ..ပိုချစ်သွားပြီ...:)
ReplyDeleteညီမ ရီတာလေး...ဟား ဟား ထီပေါက်ဖို့ မလိုပါဘူး ညီမရယ် ဘာလီက ဈေးမကြီးပါဘူး ....:)
ကိုကြီးကျောက်...ဆိုးတယ်ဗျာ...ကိုယ့်နှမ လက်ရာ အစစ် အစစ်ဗျာ ...ယုံလိုက်စမ်းပါ....:)
ပုံတွေ အရမ်းလှတယ် အစ်မရေ။ ဘာလီသွားချင်စိတ်တောင် ပေါက်လာပြီ။ ကမ်းခြေမှာ ညစာစားချင်တယ်။
ReplyDeleteဓါတ်ပုံတွေ အရမ်းကာရော မဟားဒယား လှပါသည်...။
ReplyDeleteကိုကြီးကို ပြောထားတယ်...
ဘာလီ လိုက်ပို့ပေးလို့..........................
မိုးကောင်းကင်အရောင်က အရမ်းလှတယ်ဗျာ၊ အသည်းကွဲနေရင်တောင် ပြန်ဆက်သွားမယ့် အနေအထားရှိတယ်။
ReplyDeleteတူ.. မသက်ဝေ..
ReplyDeleteကိုကြီးကပြန်ပြောတယ်..
ကွကိုတွား..
သူငယ်ချင်းရေ
ReplyDeleteပြောချင်တာတွေ အားလုံး အကုန်လုံးပြောသွားကြပြီ သူများပြောဘို့ ချန်ကြတော့ဘူး.. အဟွန်း ဆိုးတယ်..
ရွှေစင်
သြော်...အဲဒီအချိန်မှာ အမ ကျနော့်ကို ဖုန်းလှမ်းဆက်ပြီး ကြိုးကို ခါးပျောက်နေလို့ ဘယ်နေရာမှာ ချည်ရမလဲလို့ မေးတာ ဒါလား..။ ခါးပျောက်နေတယ် ဆိုပြီး ခါးလို သိမ်နေတာ တစ်ခုပဲ ရှိတော့တယ် လည်ပင်း ဆိုပြီး ချည်မလို့ . .ချည်မလို့. . .သူ . .. သူ . . မနည်းတားရတယ်။ မလုပ်ပါနဲ့ အမရယ် အမလူကြီး စိတ်ဆင်းရဲခြင်းတွေ အဆုံးသတ်သွားပါဦးမယ်...လို့. . .
ReplyDeleteကျနော်လည်း ကောင်းကင်နဲ့ပင်လယ်ပြင်ကြီးလိုပဲ သူနဲ့ကျနော် .....ပွေ့ဖက်ချင်လိုက်တာဂျာ..အဟိး
ကျနော်ပိုပြီး ကဗျာ ဆန်သွားပြီနော်..
( ကိုဇော် မင်း ပိုင်သကွာ )
အမပြောတဲ့ ခရမ်းပြာပန်းနဲ့ ပုံလေးတွေကို ယှဉ်ကြည့်တယ်. . မရဘူး. .ထပ်ယှဉ်ကြည့်တယ်. . ထပ်မရဘူး. . ဟုတ်တာပေါ့. .သူတို့က အပေါ်အောက် ဖြစ်နေတာကိုး. .ဘေးတိုက်မှ မဟုတ်တာ...
( ကိုဇော် မင်း ပိုင်သကွာ )
သူတို့ သီချင်း မရတာ မဟုတ်ဘူးနော်..
များနေလို့ ရွေးနေတာ ဖြစ်မယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ နေရာတကာ ဆိုတဲ့ သီချင်းဆိုလိုက် ပြီးရော. . .
“ မြနန္ဒာ. . . .ဘာညာသရကာ နေကြာ ကွာစေ့. . ”
( ကိုဇော် မင်း ပိုင်သကွာ )
ကင်မလာလေးအတွက် ဘတ်ထရီအပို ဆောင်ချင် တာတောင်မှ ကင်မလာက မချိ. .တနားလိုက်တာနော်... ကိုယ့်ကိုယ်ကို....
( ကိုဇော် မင်း မွဲသကွာ )
ပျော်ရွှင်ပါစေ
ကိုဇော်
စောနက စီဘုံးမှာ လာအော်တာက အလည်လာတာ။ ခုဟာက စာလာဖတ်တာ။ အဟဲ.. ဓါတ်ပုံတွေအရမ်းမိုက်တယ်။ ပို့ပေးနော် မမ။ ဘယ်နှစ်ကြိမ်မြောက် ဟမ်းနီးမွန်းလဲဆိုတော့ ငြင်းချင်သေးတယ်။ ပြီးတော့ကျတော့ ရိုမန်တစ်နှစ်ရာသုံးရာတောင် ဆန်လိုက်သေး..ဟေးဟေး
ReplyDeleteခရမ်းရောင်ဓာတ်ပုံလေးတွေ သိပ်လှတာပဲ...... သွားချင်လိုက်တာ...
ReplyDeleteမကြီးအေးရေ......
ReplyDeleteတစ်ခေါက်လောက်တော့ ရောက်ဖူးချင်သားဗျာ......
ဒါဘေမဲ့ ပိုက်ပိုက်ချိပေါင်ဗျာ.....
ဓာတ်ဓာတ်ပုံလေးဒွေ ကြည့်ရလို့ ကျေးဇူးအညားဂျီးတင်တယ်...း))
ခင်မင်တဲ့
ဏီလင်းညို
မမရေ...တကယ်ပြောတာပါ ဓါတ်ပုံတွေ ကြည့်ပြီး တစ်ခေါက်တစ်ခါ သွားချင်စိတ် ပေါ်မိတယ်...မျှဝေပေးတဲ့ င့ါအစ်မကို ကျေးဇူးတင်ပါတယ်...
ReplyDeleteGood photo,ပုံတွေကိုချစ်တယ်..... :)
ReplyDeleteဓာတ်ပုံရိုက်တော်တယ်... ပင်လယ်နဲ့တိမ်တွေကိုကြည့်ပြီး ဘာကိုမှန်းမသိ အရမ်းလွမ်းသွားတယ်...
ReplyDeleteမချစ်ကြည်ရေ...
ReplyDeleteရှုခင်းပုံလေးတွေက အတော်မိတယ်..။
နောက်ဆို ရီချာခ်လုပ်လို့ရတဲ့ ဘက်ထရီခြောက်ဆောင်ထားလေ။ သူက သွားတဲ့နေရာမှာ ချာခ်ျဂျဘယ်လုပ်လို့ရတယ်။
ပျော်စရာကြီး.. အားတက်လာပီ..
ReplyDeleteကူးကူး ဒီအပတ်ထဲသွားမှာ.. သွားရမှာစိတ်ထဲပျင်းနေတာ..
မမချစ်ကြည်လုပ်တာနဲ့ စိတ်ဝင်စားလာပီ
ဓာတ်ပုံလေးတွေကြည့်ပြီး ကိုယ်တိုင်ရောက်သွားသလိုပဲ ခံစားရတယ်။ အရမ်းကျေးဇူးတင်ပါတယ်နော်။ အလည်သွားချင်မိတယ်။း) ပျော်ရွှင်ပါစေနော်။
ReplyDeleteချစ်ခင်စွာဖြင့်
လုလု
မြင်အောင်ကြည့်သွားပါတယ်ဗျာ-အရမ်းတော်တာဘဲ-တကယ့်ကိုစွန့်စွန့်စားစားရိုက်ထားခဲ့တာဘဲလေ-
ReplyDeleteဘာလီ ဓါတ်ပုံတွေ ငေးသွားပါတယ်
ReplyDelete