Monday, February 6, 2023

6Feb2023

 ဒီ​နေ့ အိမ်ကစပယ်ပင်က တပွင့်ပွင့်ပြန်တယ်။ ကိုယ်ကဖြင့် စပယ်ပင်ကို ​ရေမ​လောင်း​တော့တာ​တောင် ကြာလှပြီ။ မပွင့်ချင်လည်း​နေ​ပေါ့၊ ကိုယ့်အကြိုက်ပန်းက ​ပြောင်းသွားပြီကို...။

​မွေး​နေ့မတိုင်ခင် မီနီတက်တူးက​လေးတခု​လောက်​တော့ ဘဝမှာ ထိုးဖူးတယ်ရှိ​အောင် ထိုးချင်သားပဲ။ ဆံပင်ကိုလည်း ​ကောက်ချင်လို့ မညှပ်မိ​အောင်​နေရတယ်။ 

ဒီပုံမျိုး ​ကောက်ပစ်ချင်တာ...


(ပုံက အင်တာနက်ထဲက​တွေ့လို့ ဆိုင်ပြ​ကောက်ရ​အောင် သိမ်းထားတာ)

ဆံပင်ဆို ​ဖြောင့်စင်းအိ​ပျော့​နေတာမျိုးကြီး မကြိုက်​တော့ဘူး၊ ကြမ်းကြမ်းဖွာဖွာ ကြိုက်​နေတယ်။ ကိုယ့်မျက်နှာ​သေး​သေးနဲ့...၊ 

ပြီး​တော့ ထူးထူးဆန်းဆန်း မဝတ်တာကြာ​နေတဲ့ မြန်မာဝတ်စုံ​လေး​တွေ ဝတ်ချင်​နေပြန်​​ရော...၊ ဒီမှာ ဘယ်​နေရာသွားဝတ်ရပါ့။ ဘုန်းကြီး​ကျောင်းလည်း မသွားချင်၊ ပွဲ​တွေလည်း ​ရှောင်​နေဖြစ်​တော့...၊ ဝတ်စရာ​နေရာက မရှိ။ 

ဝတ်ပြန်ရင်လည်း အရင်လို ကြည့်​ကောင်း​တော့မယ်မဟုတ်ဘူးဆိုပြီးပဲ စိတ်​လျှော့လိုက်တာ ​ကောင်းမလား 😅

မ​ပျော်လို့ ​တောင်​တွေး ​မြောက်​တွေး​တွေ ​လျှောက်​တွေး​နေမိတာ...။ ပြီး​တော့ အဲတာကိုပဲ ​ရေးမိ၊ postတင်မိ​သေးတယ်။ 

ငါဟာ ​တော်​တော်ခက်တယ်

ငါ့ကိုယ်ငါ​တောင် နားမလည်နိူင်​အောင် ခက်တာ...

2 comments:

  1. ဘဝကတိုတိုလေး မကြီး လုပ်ချင်တာဖြစ်တချင်တာအကုန်လုပ်ပစ်လိုက်

    မိုးငွေ့

    ReplyDelete
    Replies
    1. ဟုတ် ညီမမိုး အ​ခြေအ​နေ​ပေးရင်​တော့ လုပ်ပစ်ဦးမယ်ကွာ

      Delete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...