ဒီနေ့ ဝတ်ဖြစ်တဲ့ OOTDလေး...မြန်မာဝတ်စုံလေးမို့ အမှတ်တရပေါ့။
ပွဲက စလုံးသူငယ်ချင်းရဲ့ပွဲပါ။ မိခင်လောင်းသူငယ်ချင်းရဲ့ baby gender revealလုပ်တဲ့ပွဲ။
ဘေဘီလေးက မိန်းကလေး တဲ့...🥰
ပွဲမှာ လူတွေထဲ ပုံမရိုက်ဖြစ်ဘဲ အိမ်ပြန်ရောက်မှ မှန်ရှေ့ မယ်ရာဆယ်ဖီဆွဲဖြစ်တော့တယ်။ နည်းနည်းပြန်ကျန်းမာလာပုံရတဲ့ရုပ်ပေါ့...။
ရင်ဖုံးကို မြန်မာပြည်က မှာဝတ်ပြီး ထမီကိုတော့ အင်ဒိုနီးရှားပတ်ထမီကို အွန်လိုင်းကနေ မှာဝတ်ပါတယ်။ ထမီဝတ်ပုံကလည်း အင်ဒိုမလေးတွေဝတ်တဲ့ ရိုးရာပုံစံအတိုင်း ချည်ထားတာပါ...😊
ဝတ်စုံလေးကိုကြိုက်လိုက်တာ မြန်မာရင်ဖုံးလက်ပြတ်လေးနဲ့ Sport လက်ပတ်နာရီ ဝတ်တိုင်း မကြီးကို အမြဲသတိရတယ်...
ReplyDeleteချစ်တဲ့
မိုးငွေ့
မချစ်လည်း သတိရပါတယ် ညီမမိုးရယ်...အိန်ဂျယ်ပိုင်ရှင်လေး...
Delete😍 ချစ်လျက်....