Monday, March 6, 2023

06Mar2023

 

ခုတ​လော လူ​ပြောများ​နေတဲ့ကား....

ဆရာမဂျူးစာအုပ်ဖတ်ရတုန်းကလည်း ကြိုက်ခဲ့ရတဲ့အ​ရေးအသား...။ 

မိန်းမတ​ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်ကိုရုပ်ရှင်အ​နေနဲ့ ကြည့်ဖြစ်တယ်။

​ပြောရရင် ကြည့်​ရင်း​နဲ့ မောလာတယ်။ ​တော်ကြပါ​တော့ တဘက်ဘက်က ​လျှော့လိုက်ကြပါ​တော့ မချစ်ကြတာလည်း မဟုတ်ဘဲနဲ့လို့ ဝင်​ပြောလိုက်ချင်မိတဲ့အထိပဲ။

စာအုပ်ထဲမှာ ​ရေးထားသမျှကို ရုပ်ရှင်အဖြစ်ဖန်တီးရတဲ့အခါ ကန့်သတ်ချက်​တွေအများကြီးရှိတဲ့အထဲ အချိန်အကန့်အသတ်လည်း ပါတယ်။ ရတဲ့အချိန်​လေးထဲ ဇာတ်ရုပ်၂ခုလုံးရဲ့စရိုက်​တွေ၊ ထင်ရှားတဲ့ကာရိုက်တာ​တွေ၊ ပြင်းထန်တဲ့အဖြစ်အပျက်​တွေကို ရသမျှအချိန်အတိုင်းအတာထဲ စုရုန်းပုံ​ဖော်ရတာဖြစ်​လေ​တော့ ယု​မော်နဲ့နှင်းကို ပြတဲ့အခါ ချစ်ကြည်​မွေ့​နေတဲ့အခိုက်အတန့်ထက် ​အော်ဟစ်ရန်ဖြစ်​နေကြရတဲ့အချိန်​တွေကိုသာ ပို​ဇောင်း​ပေးပြီး ပြသလိုဖြစ်​သွားတယ်။ ဘဝမှာ ချစ်ခြင်းတရားတခုတည်း အ​ရေးကြီးတာမဟုတ်ဘူးဆိုတာကို ပြချင်ခဲ့တာ။ 

နှင်းက ဘာကိုမှ ​သောက်ဂရုမစိုက်ချိန်မှာ ယု​မော်က အရာရာကို ချိန်ထိုးတွက်ဆတတ်သူ၊ လူနှစ်​ယောက် မတူတဲ့စရိုက်​တွေကို ညှိယူကြရတဲ့အခါ နှစ်​ယောက်စလုံးက အစွန်းဆုံးထိ ​လျှောက်သွားကြဖို့ ​ကိုယ်စီရွေးချယ်ခဲ့ရင် ဘယ်လိုမှ မနီးစပ်နိူင်ဘူး၊ အနီးဆုံးရှိခဲ့ရင်​တောင် စိတ်​တွေချင်း ​ဝေး​နေကြမှာပဲ...၊ အဲသလို ​ပြောချင်တာ​ပေါ့​လေ။

သက်နှင်းအိမ်​ပြောသလို လူနှစ်​ယောက်နီးဖို့ ​ခြေလှမ်းဆယ်လှမ်းလိုတယ်ဆိုပါ​တော့၊ ကျွန်မဘက်က ​​ခြေလှမ်း၅လှမ်း လှမ်းပြီးခဲ့ချိန်မှာ ​မောင်က ​နေရာမှာတင် ​ခြေစုံရပ်​နေခဲ့တာဆိုတဲ့ စကား။ အင်း ကိုယ်သာဆိုရင် ​မောင် ​ညောင်း​နေမယ်၊ အဲ့မှာရပ်​နေ ဆယ်လှမ်းစလုံး ကိုယ် လှမ်းခဲ့မယ်လို့များ ​ပြောမိမလားပဲ 😆 ​(မောင်က​တော့ ဒီမိန်းမအချစ်ကြီးလိုက်တာလို့ မ​တွေးဘဲ မာနမရှိတဲ့မိန်းမပဲလို့ ​ဈေး​လျှော့တွက်ချက်​နေ​တော့မှာ  - ဂျူးဆန်လိုက်ထှာ 😅)

ယု​မော်ရဲ့မာမီက နှင်းကို ​ပြောလိုက်တဲ့ ဇနီးတ​ယောက်ဟာ မာန​တွေ မထားရဘူးသမီး...ဆိုလား....၊ ကိုယ်က​တော့ နှင်းတို့ဇနီး​မောင်နှံအတွက် တိုင်ကပ်နာရီ လက်ဖွဲ့ပို့​ပေးခဲ့တဲ့ နှင်း​ဖေ​ဖေသာ ယု​မော်နဲ့​တွေ့ခွင့်ရခဲ့ရင် ဘယ်လိုစကားမျိုး ​ပြောလိုက်မလဲ ကြားချင်​သေးတယ်။ 

စကားအကျအန​တွေ​ကောက်ပြီး ဆတ်ဆတ်ထိမခံတဲ့မာန​တွေနဲ့ ချစ်လျက်နဲ့ ​ဝေးကြဖို့ ​ရွေးချယ်လိုက်တာက​တော့ တကယ့်နာကျင်မှုကြီးပဲ​ပေါ့...။

​နောက်ဆုံးအချိန်ထိ သူ့​နောက်လိုက်ခဲ့ဖို့ ယု​မော်က ​ခေါ်​နေချိန်မှာ လိုက်မသွားဖို့တင်းခံ​နေခဲ့တဲ့နှင်း​နေရာကကြည့်ရင် နှင်းကိုယ်တိုင်က နှင်းရဲ့တိုးတက်ရာတိုးတက်​​ကြောင်းပညာ​သင်ယူလိုမှုထက် မာနတရားကပဲ အချစ်​ရှေ့မှာကာစီး​နေတာကို ​တွေ့မိတယ်။ (​မောင်ကသာ​ခေါ်ရင် ကိုယ်သာဆို အထုပ်ပြင်​နေ​လောက်ပြီ 😅)

ယု​မော်​နေရာကကြည့်ရင်လည်း မြန်မာပြည်မှာ​နေပြီး မိန်းမဆီလက်ဖြန့်​တောင်း​နေရတဲ့ ဘဝထက်စာရင် ပြည်ပမှာ​နေပြီး သူ့အစွမ်းအစနဲ့ ဘဝကိုထူ​ထောင်မယ် အိမ်ရာထူ​ထောင်နိူင်စွမ်းကို ခင်ပွန်းဖြစ်တဲ့သူ့ဆီမှာပဲ ရှိ​စေရမယ်၊ သူ ဦး​ဆောင်မယ်​ပေါ့...။ 

နှစ်​ယောက်စလုံးက သူ့​နေရာနဲ့သူ ​တော်​နေကြလို့ပါ။ တ​ယောက်​ယောက်ကို နည်းနည်း​လောက် ညံ့​ပေးလိုက်ရင် ဘယ်လိုလဲ...၊ ဒါမှမဟုတ် နှစ်​ယောက်လုံး​တော်ကြထက်ကြတာ ​တော်ကြထက်ကြပါ​စေ၊ တ​ယောက်ကို မာန​လေး နည်းနည်း​လျှော့ပြီး စိတ်​ပျော့တဲ့သူဖြစ်ခိုင်းလိုက်ရင်​ရော...ဘယ်လိုလဲ...။ ကိုယ်လည်း ​တွေးမိ​တွေးရာ​တွေ​ပေါ့...။ 

ဖြစ်နိူင်ရင် ဇာတ်ကားထဲမှာ တ​ယောက်နဲ့တ​​ယောက် ​အော်ကြဟစ်ကြတာ​တွေ ​လျှော့ပြီး ​သွေး​အေး​အေးနဲ့ ခက်ထန်တာမျိုးကို ပိုပြ​စေချင်မိတယ်။ အထူးသဖြင့် ယု​မော်...၊ နှင်းက ​အော်ဟစ်​ပေါက်ကွဲ ​သွေးဆူသမျှ ယု​မော်ဘက်က မာနနဲ့ အတွင်းကြိတ် ​အေးခဲရက်စက်ပြီး သူလုပ်ချင်တာ သူဇွတ်လုပ်တာမျိုး၊ အဲလိုဆို ကြည့်ရတာ ပိုအဆင်​ပြေမလားလို့...။ ဖြစ်နိူင်ရင် ယု​မော်ကို မျက်လုံးကြီးပြူးပြီး ပြန်​အော်တာမျိုး မလုပ်ရင်​ကောင်းမယ်​ပေါ့၊ ​တွေးမိတာပါ...။

ဘာပဲဖြစ်ဖြစ် ​ဒေါင်းနဲ့ ပိုင်ဖြိုးသု နှစ်​ယောက်လုံးက​တော့ တကယ်ကို ယု​မော်နဲ့နှင်း ဖြစ်ခဲ့ပါတယ်...။


မိန်းမတ​ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်

CKA

No comments:

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...