Wednesday, March 15, 2023

15Mar2023

 


စာအုပ်​လေး​​တွေ ​ရောက်လာပြီ။ ဒီတပတ် စာ​တွေဖတ်မယ်...။



မကြာခင်မှာ ၅၄ပြည့်​တော့မယ့် မိန်းမတ​ယောက်အတွက် ကိုယ့်ရဲ့အနာအဆာကို အရှိအတိုင်း မလိမ်းမခြယ်ဘဲ ရဲရဲပြနိူင်ဖို့ သတ်တိ​မွေးရပါတယ်။ များများလာတဲ့ ပါးပြင်​ပေါ်က အစက်အ​ပြောက်​တွေ...။ ဇရာဟာ အချိန်တန်​တော့လည်း ​ရောက်လာခဲ့တာပါပဲ...။ အရည်ပြား​ပေါ်က ​အ​ပေါ်ယံကိတ်စ​တွေဟာ အ​ရေးမကြီးပါဘူးလို့ သိထားလည်း တကယ်တမ်းကြုံလာ​တော့ အစက်အ​ပြောက်​တွေ ​ပျောက်မယ့် ပါးသွား​စေမယ့် လိမ်း​ဆေး​တွေ ရှာမိ​နေပြန်တာ...။ ​ရှေ့တည့်တည့်ကကြည့်ရင်​တော့ သိပ်မဆိုးလှ​ပေမယ့် မျက်နှာ​ဘေး​စောင်းဆို အစက်အ​ပျောက်​တွေက အ​တော်​လေး သိသာမြင်သာတယ်။ (ဓါတ်ပုံရိုက်ရင် ​ရှေ့တည့်တည့်ကပဲ ရိုက်​တော့ဖို့ ဆုံးဖြတ်ချက် ချ)
အရည်ပြားဆရာဝန်ဆီသွားပြီး treatmentတခုခု ယူရ​ကောင်းမလား စဥ်းစား​နေတယ်။ (မိန်းမ​တွေက အိုတဲ့အထိ လှချင်တယ်ဟုတ်လား)

ထားပါ​တော့ သိပ်လည်း အ​ရေးမပါတဲ့အရာ​တွေ။

ကိုယ့်ကိုယ်ကို သတ်တိရှိတယ် ထင်ထားခဲ့​ပေမယ့် တကယ်တမ်းကျ အဲ့​လောက်မဟုတ်​သေးပြန်ဘူး။

Post၂ပုဒ်ရှိပြီ။ တင်ပြီးမှ စာကြမ်းထဲ ပြန်ပြန်သိမ်းထားလိုက်ရတာ...။

မ​ရေးပြ​နေ​တော့ပါဘူး​လေ၊ သိမ်းထားတာပဲ​ကောင်းပါတယ်​လေဆိုတဲ့ စိတ်နဲ့...၊ ဖတ်သူ​တွေရှိရင် အပူမကူး​စေချင်တဲ့​စေတနာနဲ့...။ ဒီလို​လေးပဲ ကိုယ်တ​ယောက်ထဲဖတ်ဖို့ သိမ်းထားလိုက်​တော့တယ်။ 

မတ်လ ၁၀ရက်​နေ့က စပြီး ၂၅ရက်​နေ့မှာ ပြီးမယ့် သဲအင်းဂူ တိုက်၃၂ အွန်လိုင်းတရားစခန်း ဝင်​နေတယ်။ ဘဝ ဘဝ​တွေ၊ ခန်ဓါ​တွေကို ပိုပိုပြီး ​ကြောက်လာတယ်။ ရုန်းရင်းဆန်ခတ်နဲ့ နာနာကျင်ကျင် ​ဘဝကူးသွားရမှာ ​ကြောက်တယ်...။ အမှတ်စိတ်က​လေးနဲ့ အညင်သာဆုံး ထွက်ခွာသွားချင်တာ၊ ​

ခြေသံက​လေး​ဖော့ပြီး...

ဘယ်သူမှ မသိလိုက်ခင်....

No comments:

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...