Sunday, February 12, 2023

12Feb2023

 Red Balloon


လက်ရှိOngoing စီးရီး​တွေထဲက အရမ်း​လောင်တယ်လို့ လူ​ပြောများတဲ့ကားမို့ ရှာကြည့်မိတယ်။ မင်းသမီးက CLOY ထဲက Second leadမို့ ကြည့်ဖူးပြီး ကျန်တဲ့သူ​တွေကို​တော့ မကြည့်ဖူးဘူး၊ အဲ့မင်းသမီးက ဒီကားမှာ​တော့ာ main lead​နေရာကပါတယ်။ သူ့ကို သိပ်မကြိုက်လှဘူး၊ သရုပ်​ဆောင်တာ မင်းသမီးပုံမ​ပျောက်လို့၊ အထူးသဖြင့် သူ့မျက်လုံး​တွေက မာပြီး အသက်မပါသလို ​တောင့်​တောင့်ကြီးဖြစ်​​နေသလိုမို့ ဘယ်လိုကာရိုက်တာသရုပ်​ဆောင်​ဆောင် သူ့မူလရုပ်မ​ပျောက်လို့ မကြိုက်တာ။ 


ဒီကားမှာ သူက main lead​ (အွန်ဂန်​)ပေမယ့် ဇာတ်ရုပ်က ဗီလိန်ဇာတ်ရုပ်လုပ်ရတယ်။ 

ကိုယ်က ဘာဒါ ချာဝန်နဲ့ အွန်ဂန်တို့ သုံးပွင့်ဆိုင်ထက် နမ်​ချောနဲ့အွန်ဆန်းတို့အတွဲကို ပိုစိတ်ဝင်စား​နေမိတယ်။ 

အထူးသဖြင့် အွန်ဆန်း...၊ သူ့​နေရာက သူ့ထက်အသက်ကြီးတဲ့အိမ်​ထောင်သည်အမျိုးသား ပညာတတ်လူရိုးကြီးကို ရ​အောင်ဇွတ်ယူပစ်ရတဲ့​နေရာ...။ အွန်ဆန်းမျက်လုံး​လေး​တွေကို သ​ဘောကျတယ်၊ သူချစ်တဲ့ သူ​ဌေးနမ်​ချောကို ကြည့်တဲ့ သူ့မျက်ဝန်း​တွေက စကား​တွေအများကြီး​ပြောစရာမလိုဘဲ ပြည့်စုံလွန်းလှတယ်။ 

ချစ်တဲ့သူနဲ့ဆို ပထမဆုံးဆိုတဲ့ မလုပ်ဖူးတာ​တွေ အကုန်လုပ်မယ်ဆိုတဲ့ အွန်ဆန်းဟာ ငယ်ရွယ်သူက​လေးမို့ အချစ်အတွက် မိုက်ရူးရဲဆန်တယ် ​ပြောရမလား...။ (ကိုယ့်မှာလည်း အဲလိုအ​တွေးမျိုး ရှိခဲ့ဖူးတယ်၊ ပိုင်ဆိုင်ခွင့်ရတာ မရတာ ​နောက်ထား၊ ကိုယ်ချစ်တဲ့သူနဲ့ မလုပ်ဖူးတာ​တွေ အကုန်​လျှောက်လုပ်ပစ်မယ်ကွာဆိုတာမျိုး)

မ​ကြောက်ဘူး တဲ့၊ အွန်ဆန်း​ပြော​နေကျစကား...၊ နမ်​ချောကို​တော့ င​ကြောက်ကြီးလို့ သူက ကျီဆယ်​လေ့ရှိတယ်။ အွန်ဆန်းက အိမ်မှာစကားမ​ပြော​ပေမယ့် သူချစ်တဲ့သူ​ဌေးနမ်​ချောနဲ့ဆို သူကချည်း တတွတ်တွတ်​ပြောတတ်တာ။ 

ကိုယ် အွန်ဆန်းကို ကြိုက်တာက သူဘာလိုချင်တယ်ဆိုတာကိုသိပြီး သူလိုချင်တာကို ဖြစ်​အောင်လုပ်ပစ်တာ...၊ အဲတာကို သ​ဘောကျတယ်။ ပြီးရင် ရင်ဆိုင်ပစ်တာ...ရင်ဆိုင်ရဲတာ...။ 

နမ်​ချော​နေရာကကျ​တော့ မိသားစုဆိုတာကို ငဲ့ရတယ် ​ကျေးဇူးကို ငဲ့ကွက်ရတယ် ဒီလိုပဲ သူ တသက်လုံး​နေသားကျလာ​တော့ မဆန့်ကျင်ရဲဘူး အဲလိုကာရိုက်တာ၊

ဒီ​နေရာမှာ မိန်းက​လေးဘက်က ချစ်ပြီး တကယ်တမ်းမိသွား​တော့လည်း ရဲရဲရင်ဆိုင်ပစ်လိုက်​ပေမယ့် မိသားစုကိုဦးစား​ပေးရတဲ့နမ်​ချောက​တော့ ရုတ်တရက်အိပ်မက်က နိူးထလာတဲ့သူလို တကယ့်အ​ခြေအ​နေမှန်ကို မျက်စိစုံဖွင့်ကြည့်ရင်း အထိတ်တလန့်ဖြစ်ရတာ။

ကိုယ်စဥ်းစားမိတာက​လေ အွန်ဆန်းက​လေးလို အမျိုးသားတ​ယောက်အ​ပေါ် ဇွတ်ချစ် ဇွတ်လမ်း​တွေခင်းပြီး လိုချင်တာကို မရရ​အောင်ယူတတ်တဲ့ မိန်းက​လေးဟာ တန်ဘိုးထားတတ်တဲ့နမ်​ချောလိုလူမျိုးနဲ့မို့သာ တန်ဘိုးအထားခံရတဲ့ မိန်းက​လေးအချစ် ဖြစ်ရတာ...။ 

လွယ်လွယ်နဲ့ရတာ...၊ လွယ်လွန်း​တော့ တန်ဘိုးမရှိဘူးဆိုတဲ့လူမျိုးနဲ့​တွေ့လို့က​တော့....

လွယ်လွယ်ရရင် ဘယ်သူကမှ တန်ဘိုးမထားဘူးဆိုတဲ့ ​ပေါ​ပေါပဲပဲသီအိုရီကြီးထဲ အွန်ဆန်းက​လေး ပစ်ထည့်ခံရရှာမှာ...။ 

အွန်ဆန်းကျ​တော့ မိန်းက​လေးအချစ်ကို တန်ဘိုးကြီးကြီးထားတတ်တဲ့ နမ်​ချောလို လူရိုးကြီးလက်ထဲ ကံ​ကောင်းစွာပဲ တန်ဘိုးအထားခံရတယ်။ 

တကယ်လို့များ အ​ခြေအ​နေကို ​ပြောင်းပြန်လှန်ကြည့်မယ်ဆိုပါ​တော့၊ နမ်​ချောက လူပျိုလူလွတ်ဖြစ်ပြီး အွန်ဆန်းက မိသားစုနဲ့ ဆိုပါစို့...။ 

ဘယ်လိုဖြစ်နိူင်မယ်ထင်လဲ...

အဲဒီအ​ခြေအ​နေမျိုးမှာ အွန်ဆန်းရဲ့ တဇွတ်ထိုးဆန်တဲ့ မိန်းက​လေးအချစ်ဟာ နမ်​ချောအတွက် တန်ဘိုးထားချင်စရာ​ကောင်းပါ့မလား...၊

ဒီလိုဆိုပြန်​တော့ ချစ်ခြင်းတရားဟာ အပျို လူပျို အိမ်​ထောင်သည် တခုလပ် မုဆိုးဖို အဲသလို​အ​ခြေအ​နေ​တွေ ကွာခြားသွားတာနဲ့ တန်ဘိုးချင်းမတူ​တော့တာမျိုး​ပေါ့...။ 

တကယ်​တော့ ချစ်ခြင်းတရားဟာ တရား​သေတွက်ဖို့ ခက်လှတယ်၊ ဆန်းကြယ်လွန်းလှတယ်။ ဘယ်သူကစစ နှစ်​ယောက်အတူချစ်ကြရင် ​ပျော်စရာရှိလည်းအတူ ပူစရာရှိလည်းအမျှ​ဖြစ်ရမှာ မဟုတ်ဘူးလား...။

တကယ်တမ်းကျ​​တော့ ချစ်ကြတုန်းခဏ အတူသာယာကြပျော်ရွှင်ကြပြီး လူမိသွားတာနဲ့ အိပ်မက်ကလန့်နိူးသူလို အပူကို မျှမယူလိုသူများဟာ ​ပေါ့တန်တဲ့ချစ်ခြင်းရှိခဲ့ကြသူ​တွေများ ဖြစ်မလား။ ​ပျော်ရွှင်ချင်လို့သာ ချစ်ခြင်းနဲ့ကစားလိုသူများမို့ ​ပျော်စရာကုန်လို့ နာကျင်အရှက်ရ​တော့မယ့်အခါ ရင်မဆိုင်လိုဘဲ ​ထွက်​ပြေးကြ​တော့တာပါပဲ။  အ​လေးအနက် ရင်နဲ့အပြည့်ချစ်ခဲ့ကြသူ​တွေသာ ရူးကျန်ခဲ့ရတာမျိုး...။ 

အွန်ဆန်းကိုကြည့်ရင်း ကိုယ် တကယ်​လောင်ရတယ်။ ဘယ်​လောက်များ​လောင်မိသလဲဆို အွန်ဆန်း အသည်းကွဲတဲ့အခါ ကိုယ်ပါလိုက်ကွဲ​နေမိတဲ့အထိ။ 

ဒါ​ပေမယ့် အွန်ဆန်းလုပ်လိုက်တာ​တွေထဲ မကြိုက်တဲ့တခုက နမ်​ချော ကပြတဲ့ဗီဒီယိုကို သူ့မိန်းမကိုသွားပြတာကိုပဲ။ နှစ်​ယောက်သား ချစ်​နေကြချိန်မှာ တ​ယောက်အတွက် ​နောက်တ​ယောက်က ချစ်လို့အလိုလိုက်ပြီး အ​ပျော်လုပ်ပြတာကို ဂုဏ်ဆာပြီး နမ်​ချောမိန်းမ​ရှေ့သွားပြ​တာဟာ နမ်​ချောကို မငဲ့တာပဲဟုတ်လား။ အဲ့တချက်​တော့ ကိုယ် သ​ဘောမတူနိူင်ဘူး။ လူတ​ယောက်ကို ချစ်တဲ့အခါ သူ့ဂုဏ်သိတ်ခါကိုပါ ထည့်တွက်​ပေးတတ်ရမယ်​လေ။ 

နမ်​ချောမိန်းမက အွန်ဆန်းတို့နှစ်​ယောက်ရဲ့​ဖောက်ပြန်အချစ်ဟာ ရွံစရာလို့ ​ပြော​တော့ အွန်ဆန်းက ပြင်​ပြောခိုင်းတယ်။ ဒါဟာ ချစ်ခြင်းတရားပဲ လုံးဝရွံစရာမဟုတ်ဘူးလို့ဆိုတယ် ပြတ်ပြတ်သားသား​ပြောတယ်...။ 

​ပြောရရင် အွန်ဆန်းဆီမှာ ကိုယ် သ​ဘောကျရတာ​တွေ အများကြီးရယ်...။

ထားပါ​တော့၊ 

အပိုင်း၁၅မှာ  သူတို့ငှား​နေဖူးခဲ့တဲ့ တိုက်တန်း​လေး​ရှေ့မှာ  အွန်ဆန်းနဲ့ နမ်​ချော မထင်မှတ်ဘဲ ​ပြန်​တွေ့ကြတဲ့အခန်း...။ 

နမ်​ချော​နောက်က​နေ အရူးတ​ယောက်လို ငိုရင်း အပြေးလိုက်သွားတဲ့ အွန်ဆန်းကို သနားလိုက်တာ...၊ 

တခြားသူ​တွေနဲ့ဆို ဘယ်​လောက်ပဲ မာနကြီးကြီး ဘယ်​လောက်ပဲမာ​ရေ​ကျော​ရေနိူင်နိူင် ကိုယ်ချစ်တဲ့သူနဲ့ဆို အရှုံး​ပေးကြရတာပဲ၊ ဒူး​ထောက်မတတ် ​ပြေးလိုက်ကြရတာပဲဟုတ်လား၊ မထားခဲ့ပါနဲ့လို့လည်း ​တောင်းပန်ကြရတာပဲ၊ ရှက်ရ​ကောင်းမှန်းလည်း မသိဘူး​ပေါ့...။

အွန်ဆန်းနဲ့အတူ ကိုယ်ပါ အသည်း​တွေ​ပေါက်ထွက်မတတ် လိုက်ငိုမိတယ်...။ 

ဘာပဲ​ပြော​ပြော အွန်ဆန်းက ကံ​ကောင်းပါတယ်...နမ်​ချောက မချစ်လို့မှမဟုတ်ဘဲရယ်...။ (နမ်​ချော​နေရာမှာ သရုပ်​ဆောင်တဲ့ မင်းသားကိုလည်း သ​ဘောကျတယ် တည်ကြည်ရိုးသားတဲ့ရုပ်ရှိပြီး ကာရိုက်တာနဲ့ကွက်တိဝင်တယ်)

​နောက်အပိုင်း​တွေ ဆက်မကြည့်ရဲ​တော့​လောက်​အောင် တကယ်ကို ​လောင်ရပါတယ် အွန်ဆန်းရယ် 

တ​မြေ့​မြေ့ပါပဲ....၊


Red Balloon ~

​နောက်မှ ကျန်တဲ့သူ​တွေအပိုင်း ဖီလင်လာသလို ဆက်​ရေးမယ်။  အွန်ဆန်းပြီးရင် ကိုယ်ကြိုက်တဲ့ ဇာတ်​ကောင်​နောက်တ​ယောက်က ဘာဒါပဲ...။




No comments:

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...