Monday, February 13, 2023

13Feb2023

 Red Balloon


ဟန်ဘာဒါ...

သူ့ကာရိုက်တာကို သ​ဘောကျတယ်။

ဒါ​ပေမယ့် ကိုယ့်ခင်ပွန်းနဲ့ သမီး​လေးကို သူငယ်ချင်းအွန်ဂန်လက်ထဲ ယုံယုံကြည်ကြည်ပစ်ထည့်ထားလိုက်ပြီး သူ့ရတနာလုပ်ငန်းကိုပဲ စိတ်နှစ်ထားတာမျိုးက​တော့ မဖြစ်သင့်ပါဘူး။ 

ဇာတ်ညွှန်းက အ​တော်​လေးထိုးဇာတ်ဆန်တယ်​ပြောရမယ်။ ဇွတ်ဖန်တီးထားမှန်း သိသာတယ်။ 

သူ့အမျိုးသားနဲ့သူငယ်ချင်း ဇာတ်လမ်းကိုသိတဲ့အခါ ပြတ်ပြတ်သားသားကိုင်တွယ်​ဖြေရှင်းပစ်တာကို သ​ဘောကျတယ်။ အဲသလိုမာနထားတာ မိန်းမတ​ယောက်အတွက် ​ကောင်းတယ်။ 

စိတ်ပျက်စရာ​တခုက နမ်​ချောဘက်က ပြင်ဆင်ပြီး အိမ်​ထောင်​ရေးသာယာ​အောင် ကြိုးစား​နေချိန်မှာ နမ်​ချောမိန်းမကြီးက ရည်းစား​ဟောင်းတက်ကစီသမားနဲ့ အသားလွတ်ကြီးထ​ဖောက်ပြန်ပြလိုက်တဲ့အကွက်ပဲ။ အဲတာကြီးက​တော့ များတယ်။

​နောက်တခုက အွန်ဂန်နဲ့ အွန်ဆန်းတို့ညီအမ​တွေ အိမ်​ထောင်ရှိအမျိုးသား​တွေနဲ့ ခုလိုဖြစ်ရတာဟာ သူတို့အ​ဖေ​ဖောက်ပြန်​ခဲ့တာ​တွေ​ကြောင့်ဆိုလား သမီးနှစ်​ယောက် အ​မေကိုပြန်​ငေါက်တယ်။ ဘာ​တွေလဲ ကိုယ်​တောင် နားမလည်နိူင်ဘူး။

ကိုယ်သာ မင်းသမီးဆို ဇာတ်ညွှန်းဖတ်ပြီး ငြင်းမိမှာပဲ 😅😅

ဇွတ်ဖန်တီး ဇွတ်ဇာတ်နာထားတဲ့ဟာကြီး...။

အွန်ဂန်​နေရာက မင်းသမီးကို အစကတည်းက သိပ်မကြိုက်တာ၊ ခုကားမှာ ပိုဆိုး။ ချာဝန်​နေရာက မင်းသားလည်း အတူတူပဲ၊ မျက်နှာ ​သေတယ်။

ကိုယ်တို့ဆီက မင်းသားစိုးသူလိုမျိုး၊ ဘယ်ကားမှာဖြစ်ဖြစ် သူက စိုးသူပဲဖြစ်​နေတယ်။ ဘယ်လို​ပြောရမလဲ သရုပ်​ဆောင်တာ အသက်မပါသလိုမျိုး ဈာန်မဝင်ဘူး မစီး​မျောဘူး။ 

ကိုယ်က ​Song Hye-kyoတို့  IUတို့ Son Ye-Jinတို့ Han So-Heeတို့ Lee Ji-Ahတို့ Shin Min-Aတို့ လို သိမ်သိမ်​မွေ့​မွေ့လှတာ​လေး​တွေကို သ​ဘောကျတယ်။ charmingဖြစ်တဲ့  attractionရှိတဲ့ရုပ်မျိုး​လေး​တွေ သ​ဘောကျတယ်။ သရုပ်​ဆောင်လည်း ​ကောင်းကြတယ်။ သူတို့နဲ့ ဇာတ်ရုပ်က တသားထဲ။ ဒီကားမှာ အွန်ဆန်းနဲ့ နမ်​ချောကို အကြိုက်ဆုံးပဲ။ ဇာတ်ကားကိုဖယ်ပြီး သူတို့သရုပ်​ဆောင်တာ အသက်ဝင်ပုံကို သ​ဘောကျတယ်။ 

​နောက်အပိုင်း​တွေ ဆက်ကြည့်ဖို့​တော့ မ​သေချာဘူး။ ဇာတ်ညွှန်းအားနည်းတဲ့အပြင် သရုပ်​ဆောင်​တွေကလည်း အသက်မပါကြသလိုပဲ ဓါတု​ဗေဒ မမိကြတာပဲလား​တော့ မ​ပြောတတ်ဘူး 😅

1 comment:

  1. :) ဓါတုဗေဒမမိကြတာတဲ့ သဘောကျလိုက်တာ

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...