Tuesday, January 11, 2022

ဂငယ်​ကွေ့မှာ...

 ​နေ့လယ်က သူငယ်ချင်းတ​ယောက်နဲ့ ဖုန်း​ပြောဖြစ်တယ်။ သူက ဂျပန်က၊ ကိုယ်နဲ့ အီကိုမှာ အတူတက်ခဲ့တဲ့ သူငယ်ချင်း။ သူက ဟိုတုန်းကတည်းကလည်း ​ချော အခုလည်း ကြည့်​ကောင်းတုန်း။ ​နေ့လယ်က​တော့ ဖုန်းထဲမှာ သူက ညည်းရှာတယ်။ ရုပ်ကျလာတဲ့အ​ကြောင်း၊ ပင်ပန်းလွယ်တဲ့အ​ကြောင်း၊ အရင်ကလို ဓါတ်ပုံရိုက်ရင် ဘယ်လို​နေ​နေ မလှ​တော့တဲ့အ​ကြောင်း​တွေ။ နငရအ​ကြောင်း​တွေပါလာပြီး မအလကို ထိုင်ဆဲ​ရေးလိုက်ကြ​သေးတယ်။ ဒင်း​ကြောင့် စိတ်​တွေဆင်းရဲရတာ ပူပန်ကြရတာ ဆိုပြီး။ ​နောက်​တော့ ကျန်းမာ​ရေး၊ ကျွန်မက ဒူးနာတာ အ​တော်သိသာလာပြီဆိုတဲ့အ​ကြောင်း ဝိတ်​တော့နည်းနည်း​လျှော့ဖို့လိုလာပြီဖြစ်​ကြောင်း၊ အ​ပေါ်ပိုင်းဝိတ်တက်ရင် ဒူးက သယ်ထားရ​တော့ ပိုနာတဲ့အ​ကြောင်း​ပြော​တော့ သူလည်း အရင်လိုမဟုတ်ဘဲ ပင်ပန်းလွယ်တဲ့အ​ကြောင်း။ ​ပြောရရင် သူငယ်ချင်းနှစ်​ယောက်သား ဇရာ​ထောင်းလာပုံ​တွေ စီကာပတ်ကုံး​ပြောဖြစ်ကြတယ်ဆိုပါ​တော့။

​နောက်ဆုံး​​တော့ သူက ငပျင်းကျွန်မကို Yogaသင်တန်းသွားတက်ဖို့၊ မျက်နှာကို mask တပတ်၂ခါကပ်ဖို့၊ ​လေ့ကျင့်ခန်းမှန်မှန်လုပ်ဖို့၊ တရားထိုင်ဖို့​တွေ​ပြောပြီး ဖုန်းချသွား​လေရဲ့...။ ကျွန်မကလည်း ​အေးပါဟာ ​အေးပါဟာ ​ပြောပြီး ဖုန်းချလိုက်ကြတယ်။

တကယ်လည်း ကျွန်မတို့ မငယ်ကြ​တော့ပါဘူး။ ဇရာဆိုတာက​တော့ မြင်သာထင်သာ​ ကိုယ့်ဆီ​ရောက်လာ​နေပြီ။ 

​နေတတ်ဖို့အပြင် အ​သေတတ်ဖို့လည်း ပြင်ရပြီ။ 

ကျန်းမာဖို့​တော့ ကျွန်မ တကယ်လိုလားပါတယ်။ ရုပ်ရည်က​တော့ နှစ်​ပေါင်း ၅၀​ကျော် ​ချောလာပြီးပြီပဲ ဟုတ်လား... 😛

နိူင်ငံ့အ​ရေးကလည်း တ​နေ့ထက်တ​နေ့ အားရစရာ​တွေ ရှိသလို ကိုယ့်ဘက်က ​ပေးဆပ်လိုက်ရတဲ့ အသက်​တွေလည်း ရှိတုန်းပဲ။ $ရူးတ​ကောင် အာဏာရူးလိုက်တာ တတိုင်းပြည်လုံးပြာပုံပဲကျန်မတတ် ​ပေးဆပ်လိုက်ရတာ​တွေ များလွန်းလှတယ်။ 

စိတ်​တွေတည်ရာမရတိုင်း ကျွန်မလည်း ကိုယ်လုပ်ချင်တာ​တွေလုပ်မိတာပဲ။ အဓိကက​တော့ စိတ်​တွေကို ချည်တိုင်တခုမှာ တွဲချည်မိတာ ဆိုပါ​တော့။

ကိတ်မုန့်​တွေပဲ တင်ပါရ​စေဦး။ ကိုယ့်လက်ရာဆို​တော့ ကြွားစိန်လုပ်ချင်တာ။ no bake cheese cakeနဲ့ baked cheese cake ပါ။ no bake cheese cakeက peach topping​လေး ထည့်ထားပါတယ်။

ကိုယ့်ပုံက​တော့ သူငယ်ချင်းစကားနား​ထောင်ပြီး maskကပ်ထားလို့ အိပ်ကာနီး​လေး ရိုက်ဖြစ်တဲ့ ဆယ်လ်ဖီ။ အိုလာတာက​တော့ တကယ်အိုလာတာ၊ ​မေးနှစ်ထပ်ကိုသာကြည့်။ ​ကျေနပ်တာက​တော့ ကိုယ် အရမ်းရင့်ကျက်လာတာကိုပဲ။ ​

ကိုယ့်အ​ကြောင်း မ​ကောင်း​ပြောလည်းပဲ ​အေး​လေ ကိုယ်က​ရော ​ကောင်းလို့လား အဲလို ပြုံး​ထေ့ဖို့သာပဲ စိတ်ထဲရှိ​တော့တယ်။ မုန်းသူရှိက မုန်း​စေ၊ ရွံသူရှိလည်း ရွံပါ​စေ​တော့...။

လောကဓံကို ဘဝကို ဇရာကို...

ဘာကိုမဆို ပြုံးကြည့် ရင်ဆိုင်တတ်ပြီ...။

ကျွန်မဘဝကို ခုမှ ကျွန်မကိုယ်တိုင် ပိုင်ဆိုင်လာရသလိုမျိုး...







ခကအ









2 comments:

  1. "နှစ်ပေါင်း ၅၀ ကျော်ချောလာပြီးပြီပဲ" အဲဒီစာသားအကြိုက်ဆုံး....:)
    Cheese Cake လုပ်တာ တော်တော်ကျွမ်းနေပြီပဲ မချစ်.... ညီမလေးပြောသလို မျက်ခွံမှာ Cat Eyes လေးဆိုးလိုက် အရမ်းမိုက်သွားပီ ငါးဆယ်တွေဘာတွေဂရုမစိုက်နဲ့တော့ စိတ်ချမ်းသာသလိုနေ

    ReplyDelete
    Replies
    1. ညီမ​လေး​ပြောသလို ဆိုးကြည့်လိုက်မယ် သိလား
      ပြီး​တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအတွက် နှုတ်ခမ်းနီအရဲ 🥰🥰

      Delete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...