ခုရက်တွေမှာ အချိန်တွေ ဘယ်လိုကုန်သွားမှန်း မသိနိူင်အောင်ကို အလုပ်တွေဆက်တိုက် လုပ်နေမိတယ်။ တနေ့မှာ ကိုရီးယားလေး တပိုင်းကြည့်ဖို့ တနာရီလောက်မှ အချိန်မပေးနိူင်ဘူး။ စိတ်ကလည်း အဲဒီမှာ မရှိဘူး။
လွမ်းရေးထက် ဝမ်းရေးခက်သတဲ့
တကယ်က ခုချိန်မှာ အရာအားလုံးထက် တိုင်းရေးပြည်ရေးက ပိုခက်နေချိန်...
တတ်နိူင်တဲ့ဘက်ကနေ ပါဝင်နေဖြစ်ပါတယ်၊ တိတ်တိတ်ဆိတ်ဆိတ်နေရင်းနဲ့ပဲ...။
စကားမစပ်...
ကိုယ် ပထမဆုံးဖုတ်ဖြစ်တဲ့ swiss rollက တကယ် စားကောင်းတယ်။ ကိတ်သားကို စထရော်ဘယ်ရီအရသာနဲ့ အထဲမှာ Lychee filling ထည့်ထားတာ။ တနေ့ကြုံရင်တော့ ကျွေးချင်ပါသေးတယ်။
ဒီနေ့တော့ စိတ်ကို ခဏအနားပေးရင်း မတီးဖြစ်တာကြာတဲ့ ဂစ်တာကောက်ကိုင်ဖြစ်တယ်။ ပြီးတော့ ကြိုးကြာသီချင်းလေး တီးမိတယ်။ ကိုယ်က ငပျင်းဆိုတော့ ကော့ဒ်အသစ်တွေ မကျင့်ချင်ဘူး၊ သိပြီးသား ကော့ဒ်အလွယ်ကလေးတွေပါတဲ့သီချင်းပဲ ရှာတီးဖြစ်တယ်။
ရှင်သန်လိုစိတ် ရှိသေးတဲ့ ကိုယ့်ကိုယ်ကိုလည်း ကျေးဇူးတင်ဖြစ်တယ်။
ကိုယ့်လိုပဲ ကြိုးကြာသီချင်းလေးကို လိုက်တီးချင်သူတွေအတွက် လက်ကွက်လေး စာသားလေး ထည့်ပေးလိုက်တယ်။
နားထောင်ကြည့်ချင်ရင်... ကြိုးကြာ - ကျွန်မ မှားတယ်
တခါတလေတော့လည်း လက်ရှိကနေ ခဏကလေး လွတ်မြောက်ကြည့်ရတာ ကောင်းသားပဲ..
How do you make money on live casino? - Work-to-Earn
ReplyDeleteAs one of the leaders in sports betting, betting sites offer live septcasino betting to a large audience. This includes live deccasino betting, with หารายได้เสริม the aim of helping