နေ့လယ်က သူငယ်ချင်းတယောက်နဲ့ ဖုန်းပြောဖြစ်တယ်။ သူက ဂျပန်က၊ ကိုယ်နဲ့ အီကိုမှာ အတူတက်ခဲ့တဲ့ သူငယ်ချင်း။ သူက ဟိုတုန်းကတည်းကလည်း ချော အခုလည်း ကြည့်ကောင်းတုန်း။ နေ့လယ်ကတော့ ဖုန်းထဲမှာ သူက ညည်းရှာတယ်။ ရုပ်ကျလာတဲ့အကြောင်း၊ ပင်ပန်းလွယ်တဲ့အကြောင်း၊ အရင်ကလို ဓါတ်ပုံရိုက်ရင် ဘယ်လိုနေနေ မလှတော့တဲ့အကြောင်းတွေ။ နငရအကြောင်းတွေပါလာပြီး မအလကို ထိုင်ဆဲရေးလိုက်ကြသေးတယ်။ ဒင်းကြောင့် စိတ်တွေဆင်းရဲရတာ ပူပန်ကြရတာ ဆိုပြီး။ နောက်တော့ ကျန်းမာရေး၊ ကျွန်မက ဒူးနာတာ အတော်သိသာလာပြီဆိုတဲ့အကြောင်း ဝိတ်တော့နည်းနည်းလျှော့ဖို့လိုလာပြီဖြစ်ကြောင်း၊ အပေါ်ပိုင်းဝိတ်တက်ရင် ဒူးက သယ်ထားရတော့ ပိုနာတဲ့အကြောင်းပြောတော့ သူလည်း အရင်လိုမဟုတ်ဘဲ ပင်ပန်းလွယ်တဲ့အကြောင်း။ ပြောရရင် သူငယ်ချင်းနှစ်ယောက်သား ဇရာထောင်းလာပုံတွေ စီကာပတ်ကုံးပြောဖြစ်ကြတယ်ဆိုပါတော့။
နောက်ဆုံးတော့ သူက ငပျင်းကျွန်မကို Yogaသင်တန်းသွားတက်ဖို့၊ မျက်နှာကို mask တပတ်၂ခါကပ်ဖို့၊ လေ့ကျင့်ခန်းမှန်မှန်လုပ်ဖို့၊ တရားထိုင်ဖို့တွေပြောပြီး ဖုန်းချသွားလေရဲ့...။ ကျွန်မကလည်း အေးပါဟာ အေးပါဟာ ပြောပြီး ဖုန်းချလိုက်ကြတယ်။
တကယ်လည်း ကျွန်မတို့ မငယ်ကြတော့ပါဘူး။ ဇရာဆိုတာကတော့ မြင်သာထင်သာ ကိုယ့်ဆီရောက်လာနေပြီ။
နေတတ်ဖို့အပြင် အသေတတ်ဖို့လည်း ပြင်ရပြီ။
ကျန်းမာဖို့တော့ ကျွန်မ တကယ်လိုလားပါတယ်။ ရုပ်ရည်ကတော့ နှစ်ပေါင်း ၅၀ကျော် ချောလာပြီးပြီပဲ ဟုတ်လား... 😛
နိူင်ငံ့အရေးကလည်း တနေ့ထက်တနေ့ အားရစရာတွေ ရှိသလို ကိုယ့်ဘက်က ပေးဆပ်လိုက်ရတဲ့ အသက်တွေလည်း ရှိတုန်းပဲ။ $ရူးတကောင် အာဏာရူးလိုက်တာ တတိုင်းပြည်လုံးပြာပုံပဲကျန်မတတ် ပေးဆပ်လိုက်ရတာတွေ များလွန်းလှတယ်။
စိတ်တွေတည်ရာမရတိုင်း ကျွန်မလည်း ကိုယ်လုပ်ချင်တာတွေလုပ်မိတာပဲ။ အဓိကကတော့ စိတ်တွေကို ချည်တိုင်တခုမှာ တွဲချည်မိတာ ဆိုပါတော့။
ကိတ်မုန့်တွေပဲ တင်ပါရစေဦး။ ကိုယ့်လက်ရာဆိုတော့ ကြွားစိန်လုပ်ချင်တာ။ no bake cheese cakeနဲ့ baked cheese cake ပါ။ no bake cheese cakeက peach toppingလေး ထည့်ထားပါတယ်။
ကိုယ့်ပုံကတော့ သူငယ်ချင်းစကားနားထောင်ပြီး maskကပ်ထားလို့ အိပ်ကာနီးလေး ရိုက်ဖြစ်တဲ့ ဆယ်လ်ဖီ။ အိုလာတာကတော့ တကယ်အိုလာတာ၊ မေးနှစ်ထပ်ကိုသာကြည့်။ ကျေနပ်တာကတော့ ကိုယ် အရမ်းရင့်ကျက်လာတာကိုပဲ။
ကိုယ့်အကြောင်း မကောင်းပြောလည်းပဲ အေးလေ ကိုယ်ကရော ကောင်းလို့လား အဲလို ပြုံးထေ့ဖို့သာပဲ စိတ်ထဲရှိတော့တယ်။ မုန်းသူရှိက မုန်းစေ၊ ရွံသူရှိလည်း ရွံပါစေတော့...။
လောကဓံကို ဘဝကို ဇရာကို...
ဘာကိုမဆို ပြုံးကြည့် ရင်ဆိုင်တတ်ပြီ...။
ကျွန်မဘဝကို ခုမှ ကျွန်မကိုယ်တိုင် ပိုင်ဆိုင်လာရသလိုမျိုး...
"နှစ်ပေါင်း ၅၀ ကျော်ချောလာပြီးပြီပဲ" အဲဒီစာသားအကြိုက်ဆုံး....:)
ReplyDeleteCheese Cake လုပ်တာ တော်တော်ကျွမ်းနေပြီပဲ မချစ်.... ညီမလေးပြောသလို မျက်ခွံမှာ Cat Eyes လေးဆိုးလိုက် အရမ်းမိုက်သွားပီ ငါးဆယ်တွေဘာတွေဂရုမစိုက်နဲ့တော့ စိတ်ချမ်းသာသလိုနေ
ညီမလေးပြောသလို ဆိုးကြည့်လိုက်မယ် သိလား
Deleteပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအတွက် နှုတ်ခမ်းနီအရဲ 🥰🥰