ကျွန်မက အငြိမ်မနေတတ်သူပီပီ တခုမဟုတ် တခု ရှာကြံလုပ်နေတတ်တယ်။ အလုပ် လုပ္တယ္ဆိုတာ ရှင်သန်ဖို့အတွက်ဟုတ်လား...၊
ကျွန်မ ရှင်သန်ဖို့ လိုအပ်တယ်။
စာရေးစာဖတ်တာအပြင် Special needsကလေးလေးတွေကို ကြည့်ပေးတယ်။ paper quilling လုပ်ဖြစ်တယ်။ Kalimbaတီးတယ်။ Polymer clay earringလေးတွေ လုပ်ဖြစ်တယ်။ ပန်းချီကတော့ မရေးဖြစ်တာ ကြာပြီ။
နောက်လာမယ့်နှစ် ၂၀၂၂အတွက် ကျွန်မလုပ်ချင်တာက ပေါင်မုန့်ဖုတ်တတ်ချင်တာပဲ။ ပေါင်မုန့်သင်တန်းက အခြေခံအတန်းမှာ လူပြည့်သွားပြီဆိုတာနဲ့ ကိတ်မုန့်တက်မယ်ကွာဆိုပြီး တက်ဖြစ်သွားတယ်။ ကိုယ်လုပ်ချင်တာလုပ်နေရမှ နေသာထိုင်သာရှိတဲ့ကျွန်မအတွက် လုပ်နေတာတွေက ဖြစ်ချင်လို့မဟုတ်ဘူး။
တချို့က စာရေးဆရာဖြစ်ချင်လို့ စာရေးတယ်
ပန်းချီဆရာဖြစ်ချင်လို့ ပန်းချီရေးတယ်
စီးပွားရေးလုပ်ချင်လို့ ရောင်းကုန်လေးတွေလုပ်ကြတယ်
မုန့်ဆိုင်ပိုင်ရှင်ဖြစ်ချင်လို့ မုန့်လုပ်သင်တန်းတက်တယ်။
ကျွန်မက ဘာမွ မဖြစ်ချင်ဘူး။
ကျွန်မ လုပ်ချင်လို့ကို လုပ္တာ လုပ်ချင်တာလုပ်နေရရင် စိတ်ချမ်းသာလို့...။
ကျွန်မက ဘဝကို အဲသလို အေးအေးလူလူပဲ ဖြတ်သန်းချင်တာ။ ဖြစ်ဖို့ လုပ်နေတာမျိုး မလုပ္လိုဘူး။ ဒါပေမယ့် လုပ်ဖြစ်သမျှကိုတော့ မညံ့ချင်ဘူး၊ အကောင်းဆုံးဖြစ်အောင် အားထုတ်ပြီးလုပ်တတ်တယ်။ ဒီနေရာမှာ အကောင်းဆုံးဆိုတာက ကိုယ့်လစ်မစ်နဲ့ကိုယ် အကောင်းဆုံးဖြစ်တာကို ပြောချင်တာ။ ကိုယ့်benchmarkနဲ့ ကိုယ်ပေါ့။ ဘဝမွာ ဘယ်တုန်းကမှ သူများနဲ့မယှဉ်တတ်ခဲ့တာ ကိုယ့်မိဘကျေးဇူးပဲ။ ဒါကြောင့်လည်း ကိုယ်တွင်းကိုယ်ပ အေးချမ်းအောင်နေတတ်ခဲ့တာပဲ။
ဘဝမွာ ဘာမှမဖြစ်ချင်ခဲ့တော့ ခုဆိုရင် ဘဝရည်မှန်းချက်ပြည့်တယ်တောင် ပြောလို့ရတယ်။
ဘဝအဓိပ္ပါယ်ဟာ ကိုယ့်ဖွင့်ဆိုမှုနဲ့ကိုယ်ပဲ ကောင်းပါတယ်...
ပုံတွေကတော့ ကိုယ့်ပထမဆုံးလက်ရာ ကိတ်မုန့်တွေပါ။ Marble cakeနဲ့ Pandan cakeတွေပေါ့...
လုပ်ချင်တာလုပ်နေရတဲ့အချိန်မှာ ကမ္ဘာကြီးတခုလုံးကို ကိုယ်တယောက်ထဲပိုင်တယ်ဆိုတဲ့ခံစားချက်မျိုး...
ခကအ
ဟုတ်တယ်မချစ် လုပ်ချင်တာလုပ်နေရတဲ့အချိန်မှာ ကမ္ဘာကြီးတစ်ခုလုံးကို ကိုယ်တစ်ယောက်ထဲပိုင်တယ် မုန့်လေးတွေစားချင်စရာ...:)
ReplyDeleteမိုးငွေ့
တွေ့ကြတဲ့အခါ ကိတ်မုန့်ဖုတ်ကျွေးမယ်နော် ညီမမိုးငွေ့
Delete