Saturday, December 11, 2021

သံသရာ၏တခြားမျက်နှာစာ

 နာကျင်လိုက်တာ


ကျွန်မဟာ ကျောက်ဆောင်အစွန်းမှာ ရပ်နေသူလိုပဲ

ကျွန်မရှေ့မှာ လွင့်နေတဲ့ချောက်ကမ်းပါး ရှိတယ်။ အောက်ခြေကို မမြင်ရနိူင်အောင် မတ်စောက်တဲ့ ကမ်းပါးပေါ့။ အချိန်မရွေးပဲ၊ နည်းနည်းကလေးမှ မလှှုပ်ရှားရဲလောက်အောင် သိပ်ကိုနီးကပ်နေတဲ့ ခံစားမှှုမျိုး။ တချက်လောက် သတိလွတ်သွားရင်ကို ပြီးပြီ။


ခန္ဓာကိုယ်ထဲ စိတ်ကို စိုက်ထားကြည့်တဲ့အခါ တခုပြီးတခု ပြီးဆုံးနေတာမျိုး၊ ကုန်ဆုံးသွားနေတာမျိုး၊ တနေရာရာကို ဦးတည်သွားနေကြတာမျိုး၊ ဘာကိုမှ တားထားလို့ မရနိူင်တာတွေပဲ တွေ့နေရတယ်။ အထည်သက်သက်ခန္ဓာကိုယ်ကို ဘေးကနေ စောင့်ကြည့်နေသလိုမျိုး၊ ဝမ်းနည်းစရာကောင်းတယ်။ တခါတေလ ကြည့်နေရင်းက ကျွန်မ ငိုချင်လာတယ်။ ကျွန်မ ဘယ်မှာလဲ၊ 

ကိုယ်သာနာစေ၊ စိတ်မနာစေနဲ့တဲ့

ဘုရားဟောတရားကြောင့်သာ နာနေတဲ့ကိုယ်ကို လက်ပိုက်ကြည့်နေနိူင်တာ။

စိတ်လည်း ဒီထက်ပိုနာစရာ အကြောင်းမှ မရှိတော့ဘဲလေ။

ဘာကိုမှ မခံစားတတ်တော့တာလည်း မဟုတ်ဘူး၊ ခံစားတယ်၊ သိတယ်၊ ပြီးတော့ လျှောကနဲ ပြုတ်ကျသလို ဘာမွ တင်မကျန်ရစ်ဘူး။ တကယ့်ကို ဗလာ။ တခါတေလ ကြောက်မိတယ်။ မဟုတ်သေးဘူး၊ ဝမ်းနည်းတာလို့ ဆိုရမလားပဲ။ ဘာကို ဝမ်းနည်းလို့ ဝမ်းနည်းမှန်းတော့ မသိပြန်ဘူး။ ဟာနေတယ်။

တနေ့ ကျွန်မ မရှိတော့တဲ့အခါ.။

အရာအားလုံးဟာ ပုံမှန်လည်ပတ်မြဲ ရှိနေမှာ၊ 

ကျွန်မ ရေးနေတဲ့ Blog

ကျွန်မမှာ ရွိတဲ့ Page သုံးခု

ကျွန်မရေးခဲ့တဲ့ စာအုပ်တွေ၊ ကျွန်မလက်ရာ ပန်းချီကားလေးတွေ။

ခဏတဖြုတ်တော့ ဝင်လာလည်ပတ်ကြည့်ရှုသူတွေ ရှိချင်ရှိမှာပေါ့၊ အတန်ကြာတော့လည်း ကျွန်မနာမည်တောင်မှ သတိရမယ့်သူ ခပ်ရှားရှားဖြစ်မယ်။

သဘာဝပဲဟုတ်လား၊ 

ကျွန်မကတော့ မွေးဖွားခြင်း သေဆုံးခြင်းတွေနဲ့ လည်ပတ်နေရတဲ့ အသစ်တဖန်ဖြစ်ရခြင်းမျိုး မရလိုတော့ဘူး။ ဘဝအသစ် ဝေဒနာအသစ် နာကျင်မှှုအသစ် ဒါမှမဟုတ် ပျော်ရွှင်မှှုအသစ်လား၊ ဘာဆိုဘာမှ မရလိုဘူး။ 


သံသရာမွာ ကျွန်မနဲ့ ထပ်မဆုံဖြစ်တော့ရင် သတိရမနေပါနဲ့လို့ ပြောချင်တယ်။ ချမ်းသာအောင်သာ နေပါ။ ကိုယ်ရော စိတ်ရော ချမ်းသာဖို့သာ တွေးပါ။ အေးတဲ့အခါ နွေးနွေးထွေးထွေးနေပါ၊ ကော်ဖီပူပူ သောက်ပါ၊ အဲသလို မှာခဲ့ချင်သားပဲ။

မပျော်ရွှင်ခြင်းတွေထဲ နစ်နေရတာမျိုးကိုက ဘဝပဲလို့ ကိုယ့်ကိုယ်ကိုလှည့်စားပြီး နေလာခဲ့တာ။ တကယ်တမ်းကျတော့ ဘဝမွာ ပျော်ရွှင်မှှုထက် အရေးကြီးတာတွေ အများကြီးရှိနေတာပဲ ဟုတ္လား။ လွမ်းဆွတ်မှှုတွေကလည်း ဘဝမွာ အရသာရှိရှိလိုအပ်တာပဲ။ 


ဒါတွေအားလုံးဟာ မြစ်ရေစီးသလို ကိုယ့်မျက်စိရှေ့မှာတင် စီးဆင်းသွားတဲ့အချိန်မှာ တကယ့်ဘဝကြီးက ဘွားကနဲပေါ်လာတာမျိုး။ တကယ့်ဘဝဆိုတာကို သိလိုက်ချိန်မှာ ဖျတ်ကနဲတဖန် ပျောက်ပြလိုက်တော့ မမြဲတဲ့ခဏငယ်တွေထဲ လက်ဆုပ်လက်ကိုင် ဘာမွ မယ်မယ်ရရမရှိလိုက်တဲ့အသိနဲ့ နေရာမှာတင် ရပ်နေမိတော့တာ။ တကယ်ကို မလှှုပ်ရဲဘူး။ 

ကျွန်မက ချောက်ကမ်းပါးအစွန်းတနေရာမှာမျက်နှာချင်းဆိုင်ရပ်လျက်၊ 

တဲတဲကေလး


ခကအ

No comments:

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...