Saturday, December 18, 2021

ရှင်သန်ခြင်းဝဲသြဂ

 ကျွန်မက ငိုချင်လာရင်တောင် ပြုံးထားချင်တာ

နာကျင်လာရင်တောင် အဲဒီနာကျင်မှုကို မျက်နှာပေါ် မတင်ချင်တာ

ကျွန်မက ကျွန်မအတွက် ရှင်သန်နေရတာပါလို့ပဲ ထားလိုက်စေချင်တာ

လူတိုင်းဟာ ကိုယ့်ဘဝနဲ့ကိုယ် အလှပဆုံး လဲကျခဲ့ရင်တောင် သာသာလေးပဲ လဲကျချင်ခဲ့တာ။

ဒါတွေအားလုံးဟာ ဘယ်သူ့အတွက်မှမဟုတ်ဘဲ ကျွန်မအတွက်ကျွန်မ လုပ်ခဲ့တာ။ ကျွန်မရဲ့ခေါင်းမာမှုက ကျွန်မကို နာကျင်စေခဲ့တာ...

ဒါဟာ အတ္တဆိုလည်း အတ္တလို့ပဲထားလိုက်ပေါ့။

ဒဏ်ရာတွေထဲမှာ နာကျင်မှုတခုထဲရှိတာမှ မဟုတ္တာ...၊ ကျွန်မအတ္တ ကျွန်မမာနလည်း ရာခိုင်နှုန်းအတော်များများ ပါပါတယ်၊ ကျွန်မလိုမိန်းမကိုများ...ဆိုတာမျိုးပေါ့။ 

ခုချိန်မှာတော့ အခွံသက်သက်နဲ့တူတဲ့ဘဝကို ကျွန်မက သရော်တော်တော် ပြန်ကြည့်တတ်ပြီ။ 

ဘာပဲဖြစ်ဖြစ်ပေါ့ ချစ်ခြင်းနှင့်ဆက်စပ်ခဲ့သော အပိုင်းအစတွေထဲမှာ မိုက်မဲမှုတွေ တဇွတ်ထိုးတွေ ပါဝင်သလို အကန်းတယောက်လို မျက်စိစုံမှိတ်ထားမှုတွေ...၊ ရယ်မြူးစရာပါပဲ။ 

ပြန်မလျှောက်ဖြစ်တော့မယ့်လမ်းတွေပေါ်က ထင်ကျန်ခြေရာတွေထဲ ကျွန်မ ရှိမနေတော့တာ၊ 

ဒါကပဲ ခုချိန်မှာ ကျွန်မဘဝအတွက် ကျွန်မရှင်သန်နေတာဆိုတဲ့ အဓိပ္ပါယ်ကို ပြည့်ဝစေတော့တာ။


ခကအ

No comments:

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...