ရူးတော့မှာပဲ
ငါတို့ ထပ်ပြီး မဆုံးရှုံးပါရစေနဲ့တော့
လူစင်စစ်ကြီးတွေ
အဖိုးတန်ကြီးတွေ
အကောင်းစားကြီးတွေ
ငါတို့ဆီက ယူသွားသမျှတွေ ပြန်ပေးကြပါဟာ
ဒီနွေဦးဟာ တဆိတ်တော့ ရက်စက်လွန်းပါတယ်
ပြန်မဆုံနိူင်တော့မယ့် ဟိုးတဖက်စွန်းကို ခေါ်ဆောင်သွားတာ စောလွန်းပါတယ်။
ငါတို့လူတွေ ငါတို့လူတွေ ငါတို့လူတွေ
ချစ်ခြင်းမေတ္တာအကြောင်း ကောင်းကောင်းသိသူတွေ
အနုပညာထဲ စိမ်နှစ်ရှင်သန်နေသူတွေ
လူကိုလူလို တန်ဘိုးထားသူတွေ
ရိုးသားလှပသူတွေ
သူ့အသံတွေ ခုထိ ငါကြားနေတုန်း
သူ့သီချင်းတွေငါ လိုက်ညည်းနေမိတုန်း
ပွင့်အာနေတဲ့ သူ့အပြုံးရိုးရိုးကြီးတွေ
သူ့ကိုချစ်တာ မတိုင်ခင် သူ့အမေကအစ ငါချစ်တာ၊ အန်တီခင်မြတ်မွန်သီချင်းတွေကအစ ငါ ချစ်တာ။
ကောင်းသောညလေးပါ ကိုယ့်ချစ်သူ.အိပ်မက်တို့လှအောင် မင်းအတွက် ငါဆုတောင်း
အိပ်ယာဝင်တေး ဖြည်းဖြည်းညင်းညင်းသာသာယာယာလေး ဆိုပြတတ်သူ။
လိုရာပြည့်သောဘဝမှာ မပျော်နိူင်ရင် မင်း ဘာလိုနေသေးလဲ...ဆိုပြီး မေးခွန်းတွေမေးတတ်သူ....။
၂ဝဝ၃တုန်းက ကိုဒိုးလုံးကို ဆုံးရှုံးခဲ့ရပြီးပြီ။ သူ ဆုံးတော့ ၂၆နှစ်ပဲ ရှိသေးတာ။
ခုက အဲတုန်းကလို ခံစားချက်ကြီးပြန်ကျော့လာတယ်
ရင်ဘတ်တွေအောင့်တယ်
မျက်ရည်တွေ ပေါက်ကနဲ စီးကျလာတယ်။
ချစ်ရသူတွေ သက်တမ်းတိုလွန်းပါရဲ့။
မနေ့က မန်းလေး
ကြမ်းခင်းပေါ်တွေ၊ လှေကားထစ်တွေပေါ်မှာ ဒရွတ်တိုက်ဆွဲသွားဟန် သွေးအကြွင်းအကျန်တွေ၊ တဖက်စီ ဟိုနားဒီနားက ဖိနပ်လေးတွေ
နှလုံးသားတွေ အောင့်တက်လာတဲ့အထိ၊ ဆက်မကြည့်ရက်တော့လို့။
ဒီနေ့ ကိုရေမွန်
အသည်းတွေဟာ မကြဲဘဲ ခံနိူင်ပါ့မလား
ပေးလိုက်ရတာတွေ များလွန်းပြီ။ ရင်နဲ့မဆန့်တော့အောင် တဆစ်ဆစ်နာနေတာတွေ လွန်လွန်းပြီဟာ
နွေဦးတော်လှန်ရေး
ငါတို့နိူင်မှ ဖြစ်မယ်
ငါတို့နိူင်ကို နိူင်မှ ဖြစ်မယ်။
ကိုတွတ်ပီရေ....
ကိုရေမွန်ရေ....
တော်လှန်ရေးသမားကြီးရေ
ဒီမြေကမ္ဘာပေါ် ၃၃နှစ်တာ အလည်ရောက်လာခဲ့တဲ့ ဧည့်သည်ကြီးရေ
တောထဲတောင်ထဲမှာ ဘယ်လောက်များ ပင်ပန်းခဲ့ပါသလဲ၊
အနားယူပါတော့၊ စိတ်ချလက်ချ ချန်ရစ်ခဲ့ပါတော့။
လွမ်းနေဖို့က ငါတို့တာဝန်လေ....💔💔
Raymond (1988-2021)
CKA
တကယ်အသည်းတွေကွဲရပါတယ် မချစ်ရယ်.... စကားမစပ် ၂၀၀၃ တုန်းက မချစ်က ၂၆နှစ်ပဲရှိတော့ မိုးငွေ့ထက် နှစ်နှစ်တောင်ငယ်တာပဲ ကိုယ့်ထက်ကြီးတယ်ထင်ပြီး အစ်မ အစ်မနဲ့ခေါ်နေတာ ကြည့်ဦး...နှစ်ရှည်လများ မှားယွင်းလာတာ ....
ReplyDelete၂၀၀၃တုန်းက ၂၆ဆိုတာ ကိုဒိုးလုံးအသက်ကို ပြောတာညီမမိုးငွေ့၊ မခ်စ္က 69bornပါ။ အစ်မခေါ်တာ မမှားဘူးနော် 😊
Deleteအော် ဆောရီးပါမ ဟုတ်
Delete