တကယ်တမ်း ၁၀ရက်နေ့ည ရောက်လာတဲ့အထိ ဘာရေးရမယ် ကျွန်မ စဉ်းစားမရသေးဘူး။ မရေးတော့ပါဘူးလေ၊ နင်ပဲ ရေးလိုက်တော့လို့ သူ့ကို မက်ဆေ့ခ်ျပို့ပြောလိုက်တော့ သူက သူ နေသိပ်မကောင်းသေးလို့ ရေးနိုင်မယ် မထင်ဘူးဆိုပြီး ဒီလိုမက်ဆေ့ခ်ျလေး ပြန်ပို့တယ်ရှင့် :)
ဒါနဲ့ပဲ ကျွန်မလည်း သူ့မွေးနေ့အတွက် တစ်ခုခုလေး ရေးဦးမှပါလို့ ကိုယ့်ကိုယ်ကို ပြောရင်း ဘာရေးရင် ကောင်းမလဲ စဉ်းစားရတော့တယ်။ စာကလည်း ဘာမှရေးချင်စိတ်မရှိ။ ကဗျာစပ်ချင်စိတ်လည်း ကုန်နေ ဆိုတော့ကာ...။ နောက်ဆုံး ဒီလိုလေးပဲ စဉ်းစားမိရာက....:)
အဲသည်လို ကိုယ်ထိလက်ရောက် မွေးနေ့လက်ဆောင် (သူနှစ်သက်တဲ့) အယ်လ်ဗီအိတ် မပေးနိုင်ချိန်...
သူ စွဲမြဲသုံးလေ့ရှိတဲ့ အီစီမီယာကေးရေမွှေးလည်း မပေးနိုင်ပြန်.....
နိုင်းတီနိုင်းရိုစ့်လည်း သူ့ဆီ အရောက်မပို့နိုင်ပေမဲ့......။
သူနဲ့ကျွန်မဟာ ဟိုး ငယ်စဉ်ကတည်းက ခုထိ အူမချေးခါး အကုန်အစင်သိ ပေါင်းခဲ့ကြတဲ့ ငယ်ပေါင်းတွေဖြစ်တဲ့အပြင် ခုလို စာလေးဘာလေးရေးဖြစ်လာကြတဲ့အခါ ပိုလို့ ရင်ချင်းနီးစပ်လာကြတယ်။
ဒီအသက် ဒီအရွယ်တွေရဲ့ ဖြစ်နေကျ ကျန်းမာရေးတောင်တောင်အီအီတွေ ဖြစ်လာတဲ့အခါတိုင်း တစ်ယောက်နဲ့တစ်ယောက် ဖေးမအားပေးလို့ သူက တောင်ဝှေးဆို ကိုယ်က ဘိုးသူတော်ဖြစ်၊ သူက ဘိုးသူတော်ဆို ကိုယ်က တောင်ဝှေးဖြစ်နဲ့ ဒီလိုပဲ နေလာလိုက်ကြတာ...။
ခု သူ့မွေးနေ့မှာ ဒီပိုစ့်လေး ရေးနိုင်အောင် ထူထောင်နိုင်တဲ့ ကျွန်မကျန်းမာရေး ကိုလည်း ကျေးဇူးတင်ရသေးတယ်။ သူ့အတွက်လည်း မြန်မြန်ပြန်လည်နေကောင်းပါစေ လို့ ဆုတောင်းပေးရင်း ဒီပိုစ့်လေးဟာ သူ့အတွက် အမှတ်တရ မွေးနေ့ဆုတောင်းပိုစ့်လေးအဖြစ် သူ နှစ်သက်နိုင်ပါစေလို့....မျှော်လင့်ရတာပါပဲ။
ပျော်ရွှင်ဖွယ်ရာ မွေးနေ့ရက်မြတ်လေးပါ သူငယ်ချင်း "သက်ဝေ"
ယနေ့မှစ၍ ချစ်ခင်သူများနဲ့အတူ သက်ဆုံးတိုင် ကျန်းမာပျော်ရွှင် လိုရာဆန္ဒပြည့်ဝပါစေလို့.....
ချစ်တဲ့
ချစ်
စာကြွင်း - မွေးနေ့တူ ညီမလေးတစ်ယောက်ဖြစ်တဲ့ Vista Aung ဗစ်စကိုလည်း ဒီပိုစ့်နဲ့ တူတူပဲ ဆုတောင်းပေးလိုက်ပါတယ် နော်....(တူးအင်ဝမ်းမွေးနေ့ပိုစ့်လို့သာ မှတ်ပေရော့)
:)
ချစ်လိုက်တာ... ချစ်လိုက်တာ... ပုံတွေကို ချစ်လိုက်တာ...
ReplyDeleteအကြံပိုင် လက်ဖြစ်...
ကျေးဇူး ချစ်ရေ... ကျေးဇူး... မွမွတစ်သိန်း....
ပုံလေးတွေချစ်ဖို့ကောင်းလိုက်တာ လက်တွေ့မပေးနိုင်သေးပေမယ့် မွေးနေ့လက်ဆောင်လေးက ပုံလေးနဲ့တင် ကျေနပ်စရာကောင်းနေပြီ...။
ReplyDeleteတောင်ဝှေး လုပ်ပါအေ.. ဂျီဒေါ်အေး ရဲ့.. :D
ReplyDeleteအား ဟားဟား ရယ်လိုက်ရတာ။ အစ်ကိုခင်အောင်အေး ပြောမှ သတိထားမိတယ်။ ဒီက မွှေးပဲမွှေးချင်နေတော့တာ ခွိခွိးP ကျေးဇူးအစ်ကို ပြင်လိုက်ပါမယ် :)
ReplyDelete