Monday, September 3, 2012

ပင်လယ်ရဲ့ ချစ်သော....

ညှို့ ငင် လိုက် တာ.... 
အ လင်း သီး တစ် လုံး 
ဝင်းစက်ဖြာဝေလိုက်ပုံက 
နမ်းမက်ချင်စရာ တအိအိရွှမ်းစို 
ကမ္ဘာရဲ့အပြာရောင်ရင်ခွင်မှာ 
ကိုယ့်လှိုင်းတံပိုးတွေ တ၀ုန်းဝုန်းရုန်းကြွ ။ ။


6 comments:

  1. အလင်းသီး---မီးသီး(မီးလုံး)ကိုပြောတာလား။း)
    အာ သိပြီ။ နေလုံးကိုပြောတာမလား ဟိ

    ReplyDelete
  2. "၀င်းစက်ဖြာဝေလိုက်ပုံက
    နမ်းမက်ချင်စရာ တအိအိရွှမ်းစို "
    ချစ်သောပင်လယ်ဆီမှာ တမော့တမော ငေးမေ့မင်တက်မိခဲ့တယ်။

    ခင်မင်သော သတိုး

    ReplyDelete
  3. ♫♫ ပင်လယ်ဟာကိုယ်ပါ...♪♪.. လမင်းခြေရာ ဖြတ်လျှောက်သွားရင်...♫♪

    ကမ္ဘာဦးက ပန်းသီးတစ်လုံး ဧဝအပေါ် ဖြားယောင်းဆွဲဆောင်သလိုမျိုး ပင်လယ်ဟာ အဲဒီအလင်းသီးရဲ့ လွှမ်းမိုးမှုအောက်မှာ တဝုန်းဝုန်း တဒိုင်းဒိုင်းနဲ့...၊ ကျစ်လစ်ပြီး ချစ်စရာကောင်းလိုက်တဲ့ ကဗျာလေး..။

    ReplyDelete
  4. ကဗျာလေးရဲ့အနက်ကိုရှာရင်း ကွန်မန့်တွေကနေ နားလည်သွားတယ် မချစ်ရေ။ တီတင့်ရဲ့အရည်အချင်းကိုသိတယ်ဟုတ်? ဟိဟိ
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. ကဗျာတိုလေး ခံစားသွား၏
    ခင်တဲ့..မိုးနတ်

    ReplyDelete
  6. ကဗျာတိုလေး အားပေးသွားတယ် မချစ်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...