Monday, May 14, 2012

ချစ်ခင်ပွန်းများအတွက် မှာတမ်း

အမေရိကန်ကဗျာဆရာကြီး Ogden Nash (August 19, 1902 – May 19, 1971) ဟာ ခပ်ထေ့ထေ့ ခပ်ငေါ့ငေါ့ ကဗျာလေးတွေ ရေးသားရာမှာ နာမည်ကြီးခဲ့တဲ့သူ ဖြစ်တယ်။ တစ်နေ့ ကဗျာလေးတွေ အင်တာနက်ထဲ ရှာဖတ်ရင်း ဆရာကြီးရဲ့ A Word to Husbands ဆိုတာလေး သွားဖတ်မိတယ်။ 

ဖတ်ပြီးတော့ မပြုံးဘဲ မနေနိုင်ဘူး။ ပြီးတော့ မြန်မာလိုလေး ချရေးလိုက်မိတယ်။ ကျွန်မတို့ အမျိုးသမီးတွေ ဟာ အိမ်ကလူတွေအပေါ် အနိုင်ရလိုစိတ်နဲ့ မဟုတ်ဘဲ ချစ်လို့ အနိုင်ကျင့်တတ်ကြတယ်။ ဘယ်လောက်သည်းခံနိုင်မလဲ သိချင်လို့ အကဲစမ်းတတ်ကြတယ်။ သိတ်အလိုလိုက်တာပဲ ဆိုတာ ပေါ်လွင်စေချင်လို့ ဆိုးမိတတ်ကြတယ်။ တကယ်ဆို မုန်းလို့မှ မဟုတ်တာပဲလားရှင်။ 

ဆရာကြီးက သူ့ကဗျာမှာ အဲဒါလေးကို ချစ်စဖွယ် ခပ်ထေ့ထေ့လေး (အမျိုးသမီးတွေဘက်က လိုလိုနဲ့) ရေး ထားတာပါ။ ဖတ်ကြည့်လိုက်ကြပါဦးနော်....

              

A Word to Husbands

To keep your marriage brimming
With love in the loving cup,
Whenever you’re wrong, admit it;
Whenever you’re right, shut up.

Ogden Nash


ချစ်ခင်ပွန်းများအတွက် မှာတမ်း

အချစ်ရေ....
မင်းရဲ့ အိမ်ထောင်ရေးပန်းပွင့်ကို
အချစ်တွေအပြည့်ထည့်ထားတဲ့ ပုံစံခွက်ထဲမှာ  
အဆုံးစွန်ထိ ပွင့်လန်းဝေဆာစေချင်တယ် ဆိုရင်ဖြင့်
အမှားတွေရှိခဲ့ရင် ၀န်ခံလိုက်ပြီး
မင်းမှန်နေရင်တော့ဖြင့် တိတ်တိတ်ကလေးသာ နေလိုက်စေ့ချင်တယ်....။

ကဲ ဘယ်လောက်များ ချစ်စရာကောင်းလိုက်ပါသလဲ...ခင်ပွန်းသည်တွေ အတုယူကြပါ.....း)))

14 comments:

  1. ဟားဟားဟားးးးး ကြိုက်သွားပြီ အစ်မချစ်.။.

    ReplyDelete
  2. ကဗျာဆရာကြီး ပုံကိုကည့်တော့ ပါးစပ်ကို တင်းတင်း စေ့လို့ ။ တို့ အမျိုသားတွေ မမှားဘူး၊ သနားတတ်တာလို့ေုပာနေသလိုလို :)

    ReplyDelete
  3. မိန်းမရေ ...
    မင်း ယောက်ျား စိတ်မချမ်းမသာ ဖြစ်နေတယ်။
    မှားရင်လည်း ပွစိပွစိ၊ မှန်ရင်လည်း ပွစိပွစိတော့
    မလုပ်ပါနဲ့ကွာ။ ။

    ReplyDelete
  4. အဟိ ဟိ ဘာပြောရမှန်းမသိ ကဗျာလေးက ချစ်ဖို့တော့ကောင်းတယ်..း)

    ReplyDelete
  5. ကဗျာက တိုတိုလေးနဲ့ ချစ်စရာလေး အစ်မရေ..

    ခင်တဲ့
    ဝသုန်

    ReplyDelete
  6. ဘယ့်နှယ့်ရှိစ... :D

    ReplyDelete
  7. ကဗျာလေးကို ဖတ်ပြီး ပြုံးမိသွားတယ် မမချစ်ရေ..ကဗျာလေးက အရမ်းချစ်ဖို့  ကောင်းတယ်..ခင်ပွန်းသည်များ အတုယူကြပါ..:D

    ReplyDelete
  8. ဟုတ်ပါတယ် အတုယူသင့်ပါတယ်။
    အားတက်သရော ထောက်ခံသွားတယ် အစ်မချစ်ရေ :P

    ReplyDelete
  9. ပညာသားပါပါ စကားလုံးလှလှလေးတွေပါလား မချစ်ရေ။
    မှတ်သားလောက်ပါပေတယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  10. သနားစရာ ကဗျာဆရာကြီး ခမျာ ငိုမဲ့မဲ့ နဲ့..။

    ReplyDelete
  11. ဟေ..ဟေး....
    ပေးဖတ်ဖို့ ကူးယူသွားလိုက်ပြီ...
    လိုအပ်ရင် အိမ်မှာ မှန်ဘောင်သွင်းထားလိုက်မယ်...
    မကောင်းဘူးလား အစ်မချစ်... :D

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...