တစ်ရက်လည်း မလာ
နှစ်ရက်လည်း မလာ
လာချင်မှလည်း လာ
မလာချင်ရင်လည်း မလာ
ခု ပြန်လာမယ်
ခဏနေ ပြန်လာမယ်
တော်ကြာပြန်လာမယ်
လာချင်မှလည်း လာ တော့ မယ်
တစ်နေ့ ၆နာရီလာမယ်
တစ်နေ့ ၁၂နာရီလာမယ်
တစ်နေ့ ၂၄နာရီလာမယ်
တစ်နေ့ ၄၈နာရီလာမယ်
ပိုနေတာတွေလည်း ပြန်ရောင်း
လိုနေတာတွေလည်း ပြန်ဝယ်
ရောင်းတယ် ၀ယ်တယ် ရောင်းတယ် ၀ယ်တယ်
ဝယ်တယ် ရောင်းတယ် ၀ယ်တယ် ရောင်းတယ်
အားလုံး အဆင်ပြေစေရမယ်
ဒီနေ့လည်း မလာ
မနက်ဖြန်လည်း မလာ
ရက်ရာဇာလည်း မလာ
ပြဿဒါးလည်း မလာ
ခုလည်း မလာ
ခဏနေလည်း မလာ
တော်ကြာနေလည်း မလာ
လာချင်မှလည်း လာ တော့ မယ်
စက်ရပ်သတင်း
"ဖယောင်းတိုင်တွေကို ကိုယ့်အိမ်မှာ ကိုယ်ထွန်းပြီး မီးလေး ပိတ်ထားလိုက်ကြပါ။
အားလုံးအဆင်ပြေသွားပါလိမ့်မယ် "
ဟုတ်ကဲ့ ဟုတ်ကဲ့
(((( ဖူး ))))
ဖယောင်းတိုင် မီးမှုတ်သံ....။
Image Credit- Photobucket
ကြိုက်တယ်ဂျာ.....
ReplyDeleteအရမ်းကောင်းတယ်ဗျာ
ReplyDeleteဟားးးးး အစ်မရေ...
ReplyDeleteကောင်းတယ်....
ခံစားချက်တွေ တူနေတော့
စကားလုံးတွေတောင် တူနေလို့...။
အဆုံးသတ်
ဟုတ်ကဲ့ ဟုတ်ကဲ့
(((( ဖူး ))))
ဖယောင်းတိုင် မီးမှုတ်သံ....။
အကြိုက်ဆုံးပဲ..။
ကဗျာလေး သဘောကျလိုက်တာ.. အမချစ်ကြည်အေးရေ..၊ ကိုင်ဇာ ဆိုခဲ့တဲ့ ‘♫♫ သူ မလာ လာလာ လာလာလာ ♪ ကိုယ်က စောင့်ရမှာ..♪♪’ ဆိုတာ ဒါများလား...။း)
ReplyDeleteမီးက မီးဆိုတော့ အိမ်မှာ မီးအကုန်ပိတ်ပြီး မီးတစ်ယောက်ငုတ်တုတ်ထိုင်နေမယ်...။
ReplyDeleteရင်တွင်းဖြစ်ကဗျာလေး...သဘောကျတယ်...
ReplyDeleteရေလည် လန်း တယ် မချစ် ..
ReplyDeleteကဗျာလေးက မိုက်တယ်၊
ReplyDeleteနယ်စပ်မှာ မန်းကိုပို့ဘို့ ဖယောင်းတိုင်တွေ ပြင်ထားတယ်
ဖယောင်းတိုင်ဆို ဖယောင်းတိုင်၊ မီးစက်အတွက် ဆီဆိုလဲ အဆင်သင့် ဝတို့ကတော့ မြင်တတ်ပုံများ...
ကဗျာထဲကအတိုင်း အိမ်ပြန်တဲ့အခါ တကယ်ခံစားရပါတယ်။
ReplyDeleteဘယ်တော့လာမှန်းမသိ၊ ဘယ်တော့ပျက်မှန်းမသိတဲ့ လျှပ်စစ်မီး
နဲ့  စိတ်မောရပါတယ်။
ခေတ်မှီတဲ့ ချစ်ကြည် :)
ReplyDeleteThanks many thanks
ReplyDelete:O မိုက်တယ် အစ်မ။
ReplyDeleteမလာတဲ့ မီးကို ပိတ်ကာ ဖယောင်းတိုင်မီး မှုတ်ကာ အမှောင်ထဲပဲ ငုတ်တုတ်ထိုင်နေပါ့မယ်..မမချစ် ကဗျာလေးက ရေလည်မိုက်တယ်..
ReplyDeleteသဘောကျတယ်အစ်မရေ .. သရော်စာ လိုမျိုး သရော်ကဗျာလေးပေါ့နော်..
ReplyDeleteကဗျာလေးကမိုက်တယ်မကြီးချစ်ရေ..
ReplyDeleteသမိုင်းတွင်ရစ်တဲ.စကားလုံးတွေပါအောင်ထည်.တဲ.သမိုင်းဝင်ကဗျာလေးပါ။
ReplyDeleteရင်နာနေရတာလဲနှစ်ပေါင်း ၂၀ ကျော်ခဲ.ပါပြီမီးရယ်။
မကြီးချစ်ကို ချစ် ချစ် ချစ် ချစ် ချစ် သွားနေတာပဲ...။ ကြည် ကြည် ကြည် ကြည် ကြည် ..သွားနေတာပဲ..။ အေး အေး အေး အေး အေး သွားနေတာပဲ ကွာ...။
ReplyDelete