Monday, May 7, 2012

မှော်ဆရာ


မြေပြင်ညီနဲ့ ကိုးဆယ်ဒီဂရီ တည့်တည့်ထောင်မတ်နေတဲ့
တိုက်နံရံတွေအပေါ် နင်းဂျားတစ်ယောက်လို တွယ်ကပ်တက်ပြ
အပေါ်ကို ပစ်မြှောက်လိုက်တဲ့ ဖဲချပ်တွေထဲက အမှတ်အသားလုပ်ထားတဲ့ တစ်ချပ်ကို
လေထဲမှာ အလွယ်တကူ ဖမ်းဆုတ် ရွေးထုတ်ပြ
ရေကူးကန်ထဲက ရေပြင်ပေါ် ဖိနပ်မပါ ခြေဗလာနဲ့
ကန်တစ်ဖက်အရောက် တစ်လှမ်းချင်း နင်းလျှောက်ပြ
နားထင်တစ်ဖက်ကနေ ထည့်လိုက်တဲ့ ကွိုင်စေ့ တစ်စေ့ကို
နောက်နားထင်တစ်ဖက်ကနေ အသာလေး နှိုက်ထုတ်ပြ
ချည်ခင်တစ်ထွေးကို ရေမကူဘဲ မြိုချပြီး
ပါးစပ်ထဲက၊ ဗိုက်ထဲကနေ တစ်မျှင်ချင်း ဆွဲထုတ်ပြ
တစ်ရှူးစတစ်ရွက်ကို မီးရှို့ပြာချပြီး ဖန်ခွက်ထဲထည့်၊ ရေအပြည့်ဖြည့်
လက်ဝါးနဲ့အုပ် မန်းမှုတ်လိုက်တဲ့အခါ လိမ္မော်ရည်တစ်ခွက် ဖြစ်နိုင်ကြောင်းပြ
ခင်ဗျားလက်ရေးနဲ့ ချရေးထားတဲ့၊ ခင်ဗျားတစ်ယောက်ပဲသိတဲ့ ခင်ဗျားအိတ်ကပ်ထဲက စာတစ်ကြောင်းကို
ခင်ဗျားအိတ်ကပ်အပေါ်မှာ လက်ကလေးတင်လိုက်ရုံနဲ့ အလွတ် ရွတ်ဖတ်ပြ
နှင်းဆီနီလေးတစ်ပွင့်ရဲ့ ပွင့်ဖတ်တွေကို တစ်ဖတ်စီချွေပြီး
လက်ဖ၀ါးပြန်အဖြန့်မှာ ငှက်ကလေးတစ်ကောင်ထပျံသွားနိုင်ကြောင်းပြ
သူက ခင်ဗျားတို့ ကျွန်တော်တို့ လူသာမန်တွေကြားထဲမှာတင် အံ့ရသြရ
ပါးစပ်တွေ ဟောင်းလောင်းဖြစ်သွားရအောင် တစ်ချက်ချင်း တစ်ဆင့်ချင်းပညာစွမ်းပြ
မဖြစ်နိုင်တဲ့ ပြကွက်ဆန်းတွေတောင် ပရိသတ်ရှေ့မှာတင်
လိမ်ပြ 
လှိမ့်ပြ 
လှည့်ပြ 
လည်ပြ 
ဝှက်ပြ 
ဖွက်ပြ
သူ့အတ္တအတွက်လား၊ နာမည်ကြီးဖို့လား၊ ထမင်းစားဖို့အတွက်လား
ဒါမှမဟုတ် ပရိသတ်တွေ စိတ်အဆာပြေဖို့အတွက်လား
အန္တာရာယ်များလှတဲ့ စတန့်တွေကို သူ့အသက်နဲ့ လောင်းကြေးထပ်စိန်ခေါ်ပြ

မည်သို့ပင်ဖြစ်စေ... 
သူဟာ လူသားစင်စစ်တစ်ယောက်ဖြစ်တဲ့အကြောင်း
နှလုံးသားပုံအပ် ရင်ခုန်တတ်ကြောင်း 
ချစ်မြတ်နိုးသူတစ်ယောက်နဲ့ သက်သေပြ


7 comments:

  1. မျက်လှည့်ဆရာတစ်ယောက်အကြောင်းး))

    ReplyDelete
  2. ဘိုးတော်တင်ဦး အကြောင်းလည်း ရေးပါ အမချစ်။ ရေတွေကို ဓါတ်ဆီဖြစ်အောင် လုပ်ပြ၊ လေထဲကနေ ဒန်ပေါက်ထုတ် ယူပေး စသည်ဖြင့် :)

    ReplyDelete
  3. ကောင်းလိုက်တဲ့ကဗျာ...... အောက်ဆုံးစာပိုဒ်လေးကရင်ထဲ ကိုထိလွန်းတယ်..ဗျာ..။

    ReplyDelete
  4. ကိုတင်မင်းထက် အဆိုကို အပြည့် အ၀ထောက်ခံပါတယ်။ :P

    ReplyDelete
  5. “သူဟာ လူသားစင်စစ်တစ်ယောက်ဖြစ်တဲ့အကြောင်း
    နှလုံးသားပုံအပ် ရင်ခုန်တတ်ကြောင်း
    ချစ်မြတ်နိုးသူတစ်ယောက်နဲ့ သက်သေပြ”
    ....................


    ခုတစ်လော မှော်ဆရာတွေ နေရာတစ်ကာမှာ လွှမ်းမိုးနေတယ် ချစ်မရေ..း)

    ReplyDelete
  6. ကဗျာလေးက လန်းတယ်... LIKE!

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...