Tuesday, May 10, 2011

ဘလော့ဂ်ရေးသူများသို့စာလေးတစောင်

ကျွန်မတို့ ဘလော့ဂ္ဂါအားလုံးအတွက် ဆရာမ နုနုရည် (အင်းဝ) ရဲ့ စာလေးတစောင်ပါ...





ဆရာမရေ....

ကျွန်မတို့လို အွန်လိုင်းမှာ စာရေးနေကြတဲ့ ဘလောဂ္ဂါတွေကို ဆရာမဆီက အိတ်ဖွင့်ပေးစာ တစောင်
မောင်ပိုင်( မြစ်ကျိုးအင်း )မှတဆင့် ဖတ်ရှူခွင့်ရခဲ့ပါတယ်။

ကျွန်မတို့ ဘလော့ဂ်အဝန်းအဝိုင်းလေးဟာ သိတ်ချစ်စရာကောင်းပါတယ်။ တဦးနဲ့တဦး အားပေးဖေးမမှုတွေ၊ စာနာနားလည်မှုတွေနဲ့အတူ လူချင်းမမြင်ဘူးကြဘဲ ဝါသနာတူချင်းမို့ စိတ်ချင်း၊ ရင်ဘတ်ချင်း ဆက်သွယ်ထားကြသူတွေလို့ ဆိုနိုင်ပါတယ်။ ဆရာမရေ... ကိုကြီးကျောက်နဲ့လည်း အဲသလိုပဲ သူ့စာတွေ ကိုယ့်စာတွေကတဆင့် တယောက်နဲ့တယောက်  ထုတ်ချင်းပေါက်မတတ်မြင်ခဲ့ကြသူတွေပါ။ သူ့ရဲ့ ဆုံးပါးမှုအတွက် ကျန်ရစ်သူ ဘလော့ဂ်မိသားစုကြီး တစုလုံးက ဝမ်းနည်းမဆုံး ရှိနေခဲ့ကြရပါတယ်။

ဆရာမရဲ့ ဘလော့ဂ်ရွာအပေါ် သဘောထားကို သိရတဲ့အတွက် အင်မတန် ဝမ်းသာအားရမိပါတယ်။ ဆရာမပြောသလိုပါပဲ ရသစာပေဟာ လူ့ယဉ်ကျေးမှုကြီးတခုလုံး ပျောက်ကွယ်မသွားသရွေ့ အစဉ် တည်တံ့နေဦးမှာပါ။

ကျွန်မတို့ ဘလော့ဂ်ရွာသားတွေရင်ထဲ အင်အားတွေ ထည့်ပေးခဲ့တဲ့ ဆရာမရဲ့ စာလေးအတွက်
ကျေးဇူးအများကြီး တင်ပါတယ် ဆရာမရေ....

ချစ်ခင်လေးစားစွာ,

8 comments:

  1. အစ်မရေ...ဆရာမရဲ့ လက်ရေးစာလေးကို ဖတ်ရတာ သိပ်ဝမ်းသာအားရှိ ရပါတယ်။ ပြန်လည်ဝေမျှပေးလို့ ကျေးဇူးနော်။
    ဒါနဲ့ ၀တ္တုတိုဆုအတွက် ဘာမှလည်း မစားရသေးဘူးနော်...:D

    ReplyDelete
  2. ဟုတ်ပါ့ဗျာ။ ရသဟာ လူ့ယဉ်ကျေးမှု မပျောက်ကွယ်သရွှေ့ တည်ရှိနေဦးမှာပါ။ အဲဒီမှာ ကျွန်တော်ထပ်တွေးမိတာက ရသ ရှိနေသရွှေ့ လူ့ယဉ်ကျေးမှုတွေ မပျောက်နိုင် ဆိုသလို...အပြန်အလှန်အကျိုးသက်ရောက်သလို ခံစားမိပါကြောင်း....

    ReplyDelete
  3. ရေးချင်တာရေးတဲ့ ကျနော်တို့ကတော့ ဆရာမကို အားနာတယ်။

    ReplyDelete
  4. ညီမဇွန် ကျွေးရမှာပေါ့ ငါ့ညီမ ကြိုက်တာသာစား...စလုံး ၂ကျပ်အောက်....:))

    ကိုခနွဲ ဟုတ်တယ်ဗျ အပြန်အလှန်ပဲ၊ တော်ပြန်ရောဗျာ...တကယ် :)

    ကိုဆိုဆီရယ် ကျွန်မတို့လည်း ကြိုက်တာရေးတာပါပဲရှင်၊ ဘလော့ဂ်နာမည်တောင် "ချစ်ကြည်အေး အသုတ်စုံ" လို့ ပြောင်းမလား စဉ်းစားနေတာ ဟဟဟဟ:P

    ReplyDelete
  5. ပြည်ကောင်းအောင်Thu May 12, 08:50:00 AM GMT+8

    မချစ်ကြည်အေးခင်ဗျား။ အမအရွယ်လောက် ဖြစ်မလား၊ ညီမအရွယ်လောက် ဖြစ်မလားမသိ၍ မ ချစ်ကြည်အေးလို့ပဲ ခေါ်လိုက်ပါသည်။ ကျနော်လည်း ဆရာမ၏ "ရသစာပေဆိုတာ လူ့ယဉ်ကျေးမှုကြီး တခုလုံး ပျောက်ကွယ် မသွားသရွေ့ အမြဲရှိနေမှာပါ" ဆိုတာကို နှစ်ခြိုက်မိ၍ ကျနော့် ဘလော့ဂ် ပေါ်လည်း ဤစာကို တင်လိုက်ပါသည်။ ဟုတ်ကဲ့။ ကျနော်လည်း ဘလော့ဂါ တယောက်ပါပဲ။ ဝဲကြောက်တယ်ဆိုလို့ တခါတလေ လာလည်နိုင်ရန် လိပ်စာကိုသာ ပေးထားခဲ့ပါကြောင်းး)) http://pyaykaungaung.blogspot.com

    ReplyDelete
  6. ကိုပြည်ကောင်းအောင်...လာလည်၊ စာဖတ်၊ မန့်သွားခဲ့တာ ကျေးဇူးပါ။ တချို့က အမချစ်၊ တချို့က ညီမချစ်၊ တချို့က အန်တီချစ်၊ ဒေါ်ချစ်တဲ့...ရပါတယ် အဆင်ပြေသလိုသာ ခေါ်ပါ....
    ဟုတ် လာလည်ပါမယ်ရှင် :)

    ReplyDelete
  7. ကိုကြီးကျောက် ဖတ်မိရင် ၀မ်းသာ မှာပဲ..
    ဆရာမ နုနုရည် ကတော့.. အနှစ်သက်ဆုံး တယောက် မို့.. ခုလို အားလုံးနဲ့ တူတူမျှမျှ ဆက်ဆံ နွေးထွေး တာ မြင်တော့..ပိုပြီး ချစ်မိ လေးစားမိသွားတယ်။

    ReplyDelete
  8. ဒါလေးဖတ်လိုက်ရလို့ ကျေးဇူးနော်..

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...