Monday, November 15, 2010

The Top Words of 2010

၂၀၁၀အတွက် ရေပန်းအစားဆုံး စကားလုံးတွေကို Global Language Monitorအဖွဲ့က 14Novမှာ ထုတ်ပြန်ခဲ့ပါတယ်။ တချို့ စကားလုံးတွေက ရှိပြီးတာ ကြာနေတဲ့ စကားလုံးတွေပါပဲ။

ဒီနှစ်အတွက် ရေပန်းအစားဆုံး စကားလုံးတွေကို ကမ္ဘာ့ပတ်ဝန်းကျင်နဲ့ သဘာဝ ဘေးအန္တာရာယ်တွေ၊ ကမ္ဘာ့ဖလားပွဲ၊ လက်ရှိ နိုင်ငံရေးလောကမှ အမြီးအမောက်မတည့်တဲ့ အသုံးအနှုန်းတွေ၊ စကားလုံးအဟောင်းတွေအတွက် အသုံးအနှုန်း အသစ်တွေ၊ တိုးတက်ဖွံ့ဖြိုးနေတဲ့ စီးပွားရေးလောကသုံး စကားလုံးတွေထဲကနေ ထောင်ပေါင်းများစွာသော သုံးစွဲသူများမှ နေ့စဉ်သုံးစကားလုံးများအဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတဲ့ စကားလုံးတွေကိုမှ ရွေးချယ်ထားခြင်းပဲ ဖြစ်ပါတယ်။

1.Spillcam
Reflecting the global impact of the months-long oil spill in the Gulf of Mexico

2.Vuvuzela
The noisy South African horns at the World Cup soccer tournament

3.The Narrative
Though used at least since The Narrative of the Life of Frederick Douglass in 1845, ‘The Narrative’ has recently been gaining traction in the political arena, virtually replacing the need for a party’s platform. (Cf. to ‘truthily’.)

4.Refudiate
Conflation of “refute” and “repudiate” (un)officially coined by Sarah Palin.

5.Guido and Guidette

Hey! All things Jersey are hot, capish? (Actually, capisci in standard Italian.)

6.Deficit

A growing and possibly intractable problem for the economies of most of the developed world.

7.Snowmaggedden (and ‘Snowpocalypse’)
Portmanteau words linking ‘snow’ with ‘apocalypse’ and ‘armageddon’, used to describe the record snowfalls in the US East Coast and Northern Europe last winter.

8.3-D

Three-dimensional (as in movies) is buffo box office this year, but 3-D is being used in new ways generally describing ‘robustness’ in products (such as toothpaste).

9.Shellacking
President Obama’s description of the ‘old-fashioned thumpin’ in George W. Bush’s words, that Democrats received in the 2010 US Mid-term elections.

10.Simplexity
The paradox of simplifying complex ideas in order to make them easier to understand, the process of which only adds to their complexity.

“Our top words this year come from an environmental disaster, the World Cup, political malapropisms, new senses to ancient words, a booming economic colossus, and a heroic rescue that captivated the world for days on end. This is fitting for a relentlessly growing global language that is being taken up by thousands of new speakers each and every day,” said Paul JJ Payack, President of The Global Language Monitor. The words are culled from throughout the English-speaking world, which now numbers more than 1.58 billion speakers.

မက္ကဆီကို ပင်လယ်ကွေ့မှာ လပေါင်းများစွာ ဆီယိုဖိတ်မှု ဖြစ်ရပ်ကို မျက်နှာလွှဲပြီး English coastမှာ သားငယ်နဲ့အတူ ရွက်လှေပြိုင်ပွဲ သွားကြည့်နေခဲ့တဲ့ BP ရဲ့ CEO Tony Hayward ကို အမှတ်ရကြဦးမယ်ထင်ပါရဲ့။ ပြီးခဲ့တဲ့ ဂျူလိုင်မှာ သူ ရာထူးက နှုတ်ထွက်ပေးခဲ့ရတာ။ Spillcamက အဲဒီဖြစ်ရပ်နဲ့ ဆက်နွယ်ပြီး သုံးစွဲခဲ့ကြတဲ့ စကားလုံးပေါ့။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားက Vuvuzela လို့ခေါ်တဲ့ ဆူဆူညံညံ အာဖရိက ခရာမှုတ်သံကိုတော့ အားလုံးပဲ ရင်းနှီးပြီးသား ဖြစ်ကြမယ် ထင်ပါတယ်။ အဲဒီ စကားလုံး ၂လုံးက ၁ နဲ့ ၂ နေရာမှာ ယူထားကြပါတယ်။

ကျန်တဲ့ စကားလုံးတွေထဲမှာ တချို့ရင်းနှီးပြီးသား၊ တချို့လည်း အသစ်တွေ ဖြစ်နေနိုင်ပါတယ်။ ဖတ်ကြည့်ပြီး ဘာ့ကြောင့် လူတွေရဲ့ ပါးစပ်ဖျား ရေပန်းစားခဲ့ရသလဲ ဆိုတာ အဖြေထုတ်ကြည့်ကြပါဦးလေ။

ဒါက ကမ္ဘာနဲ့ချီပြီး ၂၀၁၀အတွက် ရေပန်းစားနေတဲ့ လူပြောအများဆုံး စကားလုံးတွေပါ။ ၂၀၁၀အတွက် ရေပန်းစားနေတဲ့ စကားစုတွေလည်း ရှိပါသေးတယ်။ စိတ်ဝင်စားသူများ ဒီမှာ ဖတ်ကြည့်နိုင်ပါတယ်။

ခုလောလောဆယ် ကျမတို့ ရွှေပြည်ကြီးမှာ ၂၀၁၀ အတွက် လူတွေရဲ့ ပါးစပ်ဖျား ရေပန်းအစားဆုံး စကားလုံးကရော ဘာများ ဖြစ်နိုင်မလဲ။ ပြီးတော့ ရေပန်းအစားဆုံး ဝါကျကရော...။

ကျမ သေချာပေါက် သိနေပါတယ်။ ၂၀၁၀ အတွက် လူတွေရဲ့ ပါးစပ်ဖျား ရေပန်းအစားဆုံး စကားလုံးက "အမေ" ဖြစ်ပြီး ရေပန်းအစားဆုံး ဝါကျက "အမေ ကျန်းမာပါစေ"ပဲ ဖြစ်မယ် ဆိုတာ....။


Ref:
www.languagemonitor.com/
news.nationalpost.com/2010/11/14/‘spillcam’-‘vuvuzela’-lead-top-words-of-2010/


13 comments:

  1. ချစ်တဲ့အမေ
    ဘေးဘယာဝေးကွာပြီး ကျန်းမာချမ်းသာပါစေ။
    ခင်တဲ့
    seesein

    ReplyDelete
  2. ရေပန်းအစားဆုံး ဝါကျကိုဘဲ ပြန်လည် ရွတ်ဖတ်လိုက်ပါတယ် "အမေ ကျန်းမာပါစေ"

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  3. ဟုတ်ပါတယ် အမရေ။

    ReplyDelete
  4. "အမေကျန်းမာပါစေ"

    အမြဲတမ်းစာဖတ်သူတစ်ဦး

    ReplyDelete
  5. "အမေကျန်းမာပါစေ"

    ReplyDelete
  6. ကျမ သေချာပေါက် သိနေပါတယ်။ ၂၀၁၀ အတွက် လူတွေရဲ့ ပါးစပ်ဖျား ရေပန်းအစားဆုံး စကားလုံးက "အမေ" ဖြစ်ပြီး ရေပန်းအစားဆုံး ဝါကျက "အမေ ကျန်းမာပါစေ"ပဲ ဖြစ်မယ် ဆိုတာ....။
    သေခြာတာပေါ့ အစ်မရေ..

    ReplyDelete
  7. မြစ်ကျိုးအင်းTue Nov 16, 12:38:00 AM GMT+8

    သေချာတာပေါ့ အမရယ်
    အမေကျန်းမာဖို့ အမြဲဆုတောင်းသလို
    အန္တရာယ်ကင်းဖို့လည်း စိတ်ပူရတယ်။

    ReplyDelete
  8. ဝက်ဝံလေးTue Nov 16, 01:26:00 AM GMT+8

    ထပ်ပြီး ဆုတောင်းပေးသွားပါတယ်

    ReplyDelete
  9. ပျော်တယ် တကယ်ပျော်တယ်
    ထီပေါက်လို့တော့ဟုတ်ဘူးနော်
    သတင်းကောင်းလေးအတွက်ပါ...
    အစ်မပြောတဲ့ ရေပန်းစားတဲ့စကားလုံးလေးဘဲသုံးပါ့မယ်..
    အမေ လို့ အားပါးတရခေါ်လိုက်ပြီး သကာလ
    အမေကျန်းမာပါစေလို့ ဆုမွန်ချွေရင်း အမေနဲ့ အမေရဲ့ သားသမီးတွေလိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို ခိုင်ခိုင်မာမာ လှမ်းနိုင်ပါစေလို့

    ReplyDelete
  10. ဟိတ်---ဆရာကတော်
    မှန်လိုက်တာမှ ဟိုဘက်ကမ်းတောင်လွန်နေသေးတယ်ဗျာ-
    ခြေထောက်နဲ့ မြေကြီးကိုမထိဘူးမှတ်တာဘဲ-လှမ်းလျှောက်နေရင်လေ-
    ဆရာကတော်လိုဘဲထပ်တူထပ်မျှပါဗျာ-ဆုတောင်းခြင်းခေါ်ဆိုခြင်းထပ်တူပါလို့ -

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...