ကျမ ငယ်ငယ်က အတန်းထဲမှာ အတန်းပိုင်ဆရာမ နာမည်ခေါ်ရင် ထူးရမှာ အင်မတန် ရှက်ခဲ့ဖူးတယ်။ မြေးဦးဖြစ်တဲ့ ကျမကို အဖေဘက်က အဖိုးက နာမည်ပေးခဲ့တယ်။ အမြော်အမြင်ကြီးရှာတဲ့ ကျမအဖိုးက အဖေအမေ နာမည်အပြင် ကျမကိုထိန်းရတဲ့ အဒေါ်အပျိုကြီးနာမည်ပါ ထည့်လို့ မှည့်ခေါ်စေခဲ့တာ။ ဒီတော့ အဒေါ်အပျိုကြီးမှာ သဘောကျ ကြေနပ်စွာ မညည်းမငြူ ထိန်းလေတော့သတည်းပေါ့။ ပြောခဲ့သလိုပဲ အဖိုးက အဖေရယ်၊ အမေရယ်၊ အဒေါ်ရယ်ဆီက လှတယ်လို့ သူ ထင်တဲ့ နာမည်တလုံးစီယူပြီး ကျမကို နာမည်ပေးခဲ့တာ။ တလုံးချင်းကြည့်ရင် လှသလိုလိုနဲ့ သုံးလုံးပေါင်းလိုက်တဲ့အခါ အင်မတန်မှ ဂွကျကျ ထောင့်တောင့်တောင့် နာမည်ဖြစ်သွားတော့တယ်။
"မော်တော်နာမည်လိုလို၊ တောထမင်းဆိုင်နာမည်လိုလိုနဲ့ မော်တော်ပေါ်က တောထမင်းဆိုင် ဖြစ်နေတာကိုး" လို့ အိမ်ကလူကြီး ပြောလေ့ရှိတယ်။ လူစုံပြီဆို အဲသလို ကျမနာမည်ကို ဟာသ လုပ်လေ့ရှိတယ်။ ကျမ ခွင့်လွှတ်ပါတယ်။ အချစ်ကိုး...။
နာမည်နဲ့သာ ယောင်္ကျားတင်တောင်းရမဲ့ခေတ်ဆို ကျမ အပျိုကြီး ဖြစ်လောက်တယ်။ တကယ်...။ အဖိုးတို့ခေတ်တုန်းကတော့ နာမည်သုံးလုံးဆိုရင်ပဲ ဂေါ်လီဖြစ်ပြီ၊ အတော်မိုက်သွားပြီ ထင်ကြတဲ့ခေတ်ပေကိုး။ အဖိုးအဖွားနာမည်တွေ မထည့်တာဘဲ တော်သေးရဲ့ ဆိုရမယ်။ အဖေဘက်က အဖိုးအဖွားနာမည်က မောင်စံပွင့် + မမြရှင်၊ အမေဘက်က အဖိုးအဖွားနာမည်က မောင်အောင်ဒင် + မခင်မြိုင်။ ဆိုတော့ကာ မြပွင့်ဒင်မြိုင်တို့၊ စံရှင်အောင်ခင်တို့ ဘာတို့ ဖြစ်မသွားတာဘဲ တော်လှ...။
ကျမ အရွယ်လေးရလာတော့ နာမည်ပြောင်းပေးဖို့ အဖွားကို တိတ်တိတ်လေး အပူကပ်တယ်။ အဲဒီမှာ အဖွားက ကျိုးနေတဲ့ သူ့ရှေ့သွားလေးတွေကြားက လေသံတရှီးရှီးထွက်အောင် ချစ်စဖွယ် ရယ်ရင်း အဖိုးရဲ့ နာမည်ပေးပုံ ရာဇဝင် ဘုတ်အုပ်ကြီးကို ပြန်လည် လှန်လှောလေတော့တယ်။
အဖိုး လဘက်ရည်ဆိုင် ဖွင့်ထားစဉ်ကပေါ့။ အဖိုးက လူမှန်၊ စိတ်စေတနာကောင်းသူ ဖြစ်တာမို့ ဆိုင်က အလုပ်သမားကြီးငယ် အားလုံးက ချစ်ကြောက်ရိုသေကြတယ်။ တခါတော့ ဆိုင်က အလုပ်သမားလေးရဲ့ မိန်းမ မီးဖွားတော့ အဖိုးကို နာမည်ပေးခိုင်းသတဲ့။ သမီးမိန်းကလေး စနေသမီးလေး...။ အဖိုးက ခဏပဲ စဉ်းစားပြီး "တိမ်လွှာစိုး" လို့ နာမည်ပေးသတဲ့။ ဘာပြောကောင်းမလဲ အဲဒီခေတ် အနေအထားနဲ့ ဆန်းလှတဲ့နာမည် ဖြစ်တာမို့ သိတ်သဘောကျ သွားကြတာပေါ့။ နာမည်ရသွားတဲ့ အဖိုးကို နောက်အလုပ်သမား တယောက်ရဲ့ မိန်းမ သားဦးယောင်္ကျားလေးမွေးတဲ့အခါ နာမည်ပေးခိုင်းကြပြန်တယ်။ တနင်္ဂနွေသားလေးမို့ နေ့သင့်နံသင့် "အာကာကျော်" ဆိုပြီး ပေးလိုက်ပြန်သတဲ့။
၁၉၆၂ခု ဦးနေဝင်းရဲ့ တော်လှန်ရေးကောင်စီ တက်လာခဲ့ပြီးတဲ့နောက် မြင်းပွဲတွေ ပိတ်လိုက်ရတဲ့အခါ အဖိုးမှာ ရှိတဲ့ ပြိုင်မြင်း ၂ကောင်ကို ရောင်းဖို့ ဖြစ်လာခဲ့တော့တယ်။ တနေ့ အဖိုးရဲ့ လဘက်ရည်ဆိုင်မှာ အဖိုးသူငယ်ချင်း မြင်းသမားတွေ စုပြီး မြင်းအလွမ်းသယ်ကြသတဲ့။
"ခင်ဗျားသမီး တိမ်လွှာစိုး ဘယ်လိုလဲ အရောင်းထွက်သွားပြီလားဗျ..."
"ကျုပ်သား အာကာကျော်ကိုတော့ မန္တလေးက မြင်းလှည်းဆရာ ဝယ်သွားသဗျာ၊ ကျုပ်သားလေး ပင်ပန်းရှာရော့မယ်..."
ဒီတော့မှ အဖိုးပေးခဲ့တဲ့ နာမည်တွေက မြင်းထီးမြင်းမ နာမည်တွေ ဖြစ်နေမှန်း သိသွားပြီး ရယ်ကြရသတဲ့။
ကျမကို မွေးတဲ့အချိန်မှာတော့ အဖိုးက အဂ္ဂိရတ်ခေါ်တဲ့ ဖိုထိုးတဲ့ ဝါသနာအသစ်နဲ့ အသားကျနေချိန် ဖြစ်တယ်။ အဖွားကတော့ တယ်မကြိုက်ချင်ဘူး။ "အဲ့ဒီဟာကြီး အသံမြည်ပုံကိုက ရှိထည့် ရှိထည့်နဲ့ ရှိသမျှထည့်နေရတာလည်း များလှပြီ" လို့ မျက်စောင်းတထိုးထိုးနဲ့ အဖွားက ညည်းဖူးခဲ့သတဲ့။ "ညည်းအဖိုး ညည်းနာမည်ကို မပြဒါးတို့၊ မဓါတ်လုံးတို့ မပေးခဲ့တာဘဲ ကျေးဇူးတင်" လို့ အဖွားပြောခဲ့တော့ ကျမမှာ ရယ်ခဲ့ရပါသေးရဲ့။ နောက်တော့လည်း တဖြည်းဖြည်း နာမည်ပြောင်းဖို့ ခပ်မေ့မေ့ ဖြစ်လာခဲ့လိုက်တာ ကျမ တက္ကသိုလ်တက်တဲ့အထိပါပဲ။
တက္ကသိုလ်တက်တော့ နာမည်အကြောင်း အမှတ်ရစေဖို့ ဖန်လာပြန်တယ်။ ကျမရဲ့ သူငယ်ချင်းမလေး ဖြူဖြူသွယ်သွယ် ငါးရံ့ကိုယ်လုံးလေးနဲ့ တရုတ်မလေး၊ သူ့နာမည်က မအုန်းခင်တဲ့။ အင်္ဂလိပ်လို အတိုကောက်က အိုကေ ဆိုတော့ အဲဒါကိုပဲ ယောင်္ကျားလေးတွေက အိုကေ အိုကေနဲ့ စနောက်ခဲ့တာ။ သူ့ခမျာ အနောက်ခံရတိုင်း ပါးလေးတွေ ရဲလို့ မနေတတ်အောင် ရှက်ရှာတယ်။ သူ့မိဘတွေနှယ် ဒီလောက် ချစ်စရာ သမီးကလေးကိုများ လူနောက်ချင်စရာ နာမည် ပေးခဲ့ရတယ်လို့။ သူ့အမတွေ နာမည်က မအုန်းစိန်၊ မအုန်းတင် တဲ့လေ။ သူ့အမေ ကိုယ်ဝန်ကြီးနဲ့ အုန်းပွင့်စိန်၊ အုန်းလက်စိန် ဇာတ်ပွဲများ သွားကြည့်လေသလား မဆိုနိုင်ဘူး။
ဒီလိုပဲပေါ့လေ...ကလေးတယောက်ရဲ့ နာမည်ဟာ မိဘဘိုးဘွားတွေ အကြိုက်ရွေးလို့ ပေးခဲ့ကြတာကိုး။ ကိုယ့်နာမည် ကိုယ်ပေးပြီး မွေးလာတဲ့ ကလေးရယ်လို့များ ကြားဖူးကြလို့လား။
ဦးသုမောင် အနုပညာနာမည်ကို အုပ်စိုး လို့ ရွေးချယ်ခဲ့တော့ အဖေသာဓုက "မင်းနှယ် အုပ်စိုးဆိုတော့ အိုးစုပ်လို့ လူသရော်စရာ ဖြစ်နေတယ်ကွ" လို့ ပြောဖူးခဲ့တယ်။ ကဗ္ဓောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ဆိုရင် ဟွန်ဆန်ရတ် ဆိုတဲ့ နာမည်ကို သုံးခဲ့ဖူးတယ်။ ဆန်ရတ်ရဲ့ အဓိပ္ပါယ်က ဘဝအလုပ်တွေအားလုံး ပြီးမြောက်အောင်မြင်စေသူရယ်လို့ ဆိုပေမဲ့ သူ့အတွက် အကျိုးမပေးဘဲ အဲဒီနာမည်သုံးစဉ်ကာလမှာ ဒဏ်ရာတွေ ခဏခဏရစေတယ်လို့ ဆိုခဲ့ဖူးတယ်။ ထက်ထက်မိုးဦးကျပြန်တော့ မှုန်ရွှေရည်ဆိုတဲ့ နာမည်နဲ့ အောင်မြင်မှုမရခဲ့ဘဲ ထက်ထက်မိုးဦးနဲ့ကျမှ နာမည်ကျော်သွားခဲ့တော့တာ။
ကျမအတွက်တော့ နာမည်တွေဟာ အတော် စိတ်ဝင်စားစရာ ကောင်းနေတာ အမှန်ပါ။ ကိုငှက် နာမည်ကြီးလာတော့ အင်တာဗျူးတခုမှာ ဘာ့ကြောင့် ထူးအိမ်သင်ဆိုတဲ့ နာမည်ကို ရွေးချယ်ဖြစ်တာလဲ မေးတော့ " ကျော်မြင့်လွင် ဆိုရင် ဘယ်သူတွေက စိတ်ဝင်စားမှာလဲဗျာ" လို့ ဖြေခဲ့ဖူးတာ သတိရမိတယ်။ ကိုယ်တိုင်ရဲ့ ပင်ကိုယ် အရည်အသွေး အဓိကကျတယ်ဆိုတာ ကျမ လက်ခံပါတယ်။ သို့သော်လည်း နာမည်တလုံးရဲ့ အခန်းကဏ္ဍဟာ သူ့နေရာနဲ့သူ ရှိနေတယ်ဆိုတာ မငြင်းနိုင်တဲ့ အချက်ပါပဲ။
နာမည်ဆိုတာ နာမ်စားသက်သက် ခေါ်ဝေါ်သုံးစွဲဖို့ပါ။ ပညတ်သက်သက်ပါ။ အပေါ်ယံ အကာပါ။ အားလုံးကို ကျမ လက်ခံပါတယ်။ ဒါပေမဲ့ ကျမတို့ လောကီသားတွေ အတွက်တော့ အပူတွေ၊ ဖိအားတွေ များလှတဲ့ ဘဝကြီးထဲမှာ ဒီနာမည်လေးတလုံးကြောင့် ကိုယ့်ဘဝလေး အေးချမ်းမယ်၊ ပြောင်းလဲတိုးတက်မယ် ဆိုတာတွေကို ယုံချင်မိတတ်ကြပါတယ်။ လောကီအမြင်နဲ့ပဲ ကြည့်မိတတ်ကြပြန်ပါတယ်။ ဒီနာမည်လေး ပြောင်းပြီးရင် အားလုံး ကောင်းပြီ ဆိုတဲ့ စိတ်ရဲ့ လှည့်ဖျားမှုအောက်မှာ ခဏကလေးပဲ ဖြစ်ဖြစ် ယုံကြည်ရင်း ရှေ့ဆက်ဖို့ ခွန်အားတွေ အသစ် ဖြစ်လာကြပြန်တယ်။
စကားလေး စပ်မိတုန်း တဆက်တည်းပဲ ပြောပြပါမယ်။ လိုင်းပေါ်မှာ တချို့ မိတ်ဆွေတွေ မေးလေ့ရှိတယ်။ ချစ်ကြည်အေး လို့ ဘာကြောင့် ရွေးတာလဲတဲ့။ "မော်တော်ပေါ်က တောထမင်းဆိုင် နာမည်သာဆို ဘယ်သူကများ စိတ်ဝင်စားမလဲရှင်" လို့ ကိုငှက် ဖြေသလိုပဲ ပြန်ဖြေလိုက်ချင်တော့တယ်...။

ဟဟား နာမည်ပေးပုံနဲ့ နာမည်တွင်ပုံအကြောင်းတွေ ရေးသွားတာ စိတ်ဝင်စားစရာ ကျနော့်တုန်းကလည်း ကြုံဖူးတယ် ကျောင်းမှာ ခေါ်တဲ့ နာမည်က ခပ်ရင့်ရင့်ကြီး အမေတို့က သားအငယ်ဆုံးလေးကို နာမည်ပေးလိုက်ပုံများ အသက် 40 ကျော် ဦးလေးကြီးတွေများ မှတ်နေသလားမသိ ဒါမဲ့ အဲ့နာမည်က ဒေါက်တာတွေများတယ်း) ကျနော်ကတော့ ဘာမှမတာဘူး ။ ကျောင်းစာမေးပွဲဖြေတူန်း အိမ် မှာ ထမင်းပြန်စားရင်း အိပ်ပျော်သွားတာ ဆရာမတစ်ယောက် အိမ်နားမှာပဲ ကျောင်းနာမည်နဲ့ လိုက်ရှာတာ လုံးဝမတွေ့ နာရီဝက်လောက်နေမှ ရပ်ကွက်ထဲမှာ ခေါ်တဲ့ ကျနော့်နာမည်ကို သိတော့တယ် ။
ReplyDeleteနာမည်တွေကတော့ များပါ့ ကျနော် ကျနော် ဆိုတာကို အမြန်ပြောတော့ အနော်အနော် ဖြစ်ဖြစ်သွားလို့ တစ်ချို့က ကိုနော် ။
ထိုင်းမှာနေတော့ အစ်ကို ကို ဖိ ဆိုတော့ ဖိမျိုး
ချစ်ချစ် ခေါ်တဲ့ နာမည်က ကိုကို တဲ့ ( အဲ့တာကတော့ စိတ်ကူးထဲက ကိုယ်ခေါ်စေချင်တဲ့ နာမည်လေး ခေါ်မယ့်သူလည်းမရှိ :P )
ဒီပို့စ်လေးဖတ်ရတာ ပျော်လို့ ကော့မန့်ရှည်သွားတယ် ဆောရီး အစ်မမော်တော်
အဝေးပြေးကားနာမည်မဟုတ်ပီးတာပဲ ဟိ
ReplyDeleteမကြီးရေ အဲ့ဒါ တကယ်ကြီးလား...
ReplyDeleteဟားဟားဟားးးးးး
(အရင် အားရပါးရ ရယ်ပါရစေ... တိုက်ဆိုင်လွန်းလို့ပါ...)
ဟားဟားဟားးးးးး
ကျနော်တို့ မောင်နှမနှစ်ယောက် ဒီနေရာမှာ တူသွားပြန်ပီဗျို့...
အခုအမည်တွင်နေတဲ့ ကျနော့် နာမည်က အသက်၆နှစ်မြောက်မှာ ၃ခါတိတိပြောင်းပြီးနောက် နောက်ဆုံးအတည်ဖြစ်ခဲ့တဲ့ နာမည်ပေါ့ဗျာ...
မကြီးလိုပဲ အဖိုးကောင်းမှုကြောင့် ရခဲ့တာလေ...
အဖိုးက တမျိုးလုံးမှာ ဆရာ့ဆရာကြီးလေ၊ သူလုပ်သမျှ အောင်မြင်နေတော့လဲ....
ငယ်ငယ်တုန်းက အိမ်မှာ အလှူလုပ်ပြီဆို ကျနော်က နေမကောင်းဖြစ်ပြီ၊ ၁နှစ်၁ခါ အချိန်ကိုက်ပုံမှန်ပဲ၊ အဲဒါနဲ့ အဖိုးက သူကိုးကွယ်တဲ့ ဘုန်းကြီးနဲ့တိုင်ပင်ပြီး ကျနော့်နာမည်ခဏခဏပြောင်းတယ်...
ဖြစ်ချင်တော့ နောက်ဆုံး အဲဒိမလှမပနာမည်ကြီး ရလိုက်တော့မှသာ နေမကောင်းမဖြစ်တော့တာ...
အဆန်းပဲ :P
အစ်ကိုအကြီးဆုံးဆို လူပျိုပေါက် မှတ်ပုံတင်လုပ်တော့ အဖိုးပေးခဲ့တဲ့ သူ့နာမည်ကို သူကိုယ်တိုင် စိတ်တိုင်းကျ ပြန်ပြောင်းပြီး မှည့်လိုက်တယ်..
ကျနော်ကျတော့ အဲဒိလို လုပ်ရကောင်းမှန် မသိခဲ့တော့၊ အခု လက်ရှိ ဘာနာမည်ကြီးမှန်းမသိပဲ အဖတ်တင်နေရတယ်...:(:D
ကံကောင်းတာက ခေတ်ကာလအခြေအနေအရ လက်ရှိနာမည်က မလှပေမဲ့ ကြားရသူကို ထင်ယောင်ထင်မှားနဲ့ မဲ့မဲ့ရွဲ့ရွဲ့တော့ မဖြစ်စေဘူး...
ဘာလို့ဆို...
အာဇာနည်နေ့မတိုင်ခင် ၁ရက်မှာ မွေးတဲ့ အငယ်ဆုံးသား ကျနော့်အတွက် လက်ရှိနာမည် မတိုင်ခင် အဖေပေးခဲ့တဲ့ အဖေကိုယ်တိုင်လည်း သိပ်ကြိုက်ခဲ့တဲ့နာမည်က...
စစ်သွေး ဆိုတော့လေ... :P
TOI
နာမယ်ကြားယုံ နဲ့ ချစ်သူခင်သူ ၀ိုင်းဝိုင်း လည်နေတယ် ဆိုတာ သိစေတဲ့ နာမယ် မျိုးကိုးး ဗျ။
ReplyDeleteအစ်မရဲ့ ချစ်ကြည်အေးဆိုတဲ့ နာမည်ကတော့ ကိတ်မုန့်ကို မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်စေတဲ့ နာမည်မျိုး။ :D
ReplyDeleteဒါဖြင့် အဲဒီမော်တော်လိုလို တောထမင်းဆိုင်လိုလို နာမည်က ဘယ်လိုလဲ ပြောဦးလေ အမ။ ချစ်ကြည်အေးတော့ မဟုတ်တန်ရာ။ ဆုံဆည်းရာ၊ ရွှေနဒီ၊ မြဧရာ၊ ကြည်သာအေး၊ ချစ်လှမြိုင်၊ အဲဒီလို နာမည်တွေလား မသိဘူးနေားဝ။ ချစ်ကြည်အေးကတော့ တောထမင်းဆိုင်နာမည်နဲ့ မတူပါဘူး။ ရေခဲခြစ်ရောင်းတဲ့ဆိုင်နာမည်နဲ့ဘဲ တူတယ်။ ဟာ ဟ။
ReplyDelete၀င် စ သွားသည်။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
မောင်ပိုင် ဆိုရင်လည်း ဘယ်စိတ်ဝင်စားပါ့မတုန်းနော် အစ်မ
ReplyDelete“ ကျမ ခွင့်လွှတ်ပါတယ်။ အချစ်ကိုး...” မိုက်သဗျာ....တစ်လုံးပဲ ပစ်လိုက်တာနော်...း)။မော်တော်ပေါ်က ထမင်းဆိုင်နာမည်ကျ မပြောဘူး..။
ReplyDeleteမအုန်းစိန်လည်း နာမည်တွေအကြောင်း လာဖတ်သွားပါသည်။
ReplyDeleteပုံ
မအုန်းစိန်
ဟိဟိ ချစ်ကြည်အေးဆိုတာကို မော်တော်ပေါ်က ထမင်းဆိုင်နာမည်လို့ ထင်လိုက်တာ အဖေအမေရယ် အဒေါ်ရယ်နာမည်တလုံးစီလို့ :P
ReplyDeleteအိမ်ကလူ နာမည်ကလဲ အကြည်လိုပဲ ၃လုံးပဲ။ ကားအသင်းနာမည်လိုလို ဘာလိုလို။
ReplyDeleteသူ့အိမ်ကပေးထားတာ ၂လုံးထဲနော်။ အဲဒါ ငယ်ငယ်က ကျောင်းအပ်တော့ သူ့ဟာသူ သူ့အဖေနာမည်ထဲက တစ်လုံး ထပ်တိုးလိုက်သတဲ့။ ကောင်းရော။
နာမည်ခေါ်ရခက်ပုံကတော့ ကိုယ်ယောက်ျားမှို့သာ ဒီနာမည် မှတ်မိနေတာ။ တစိမ်းသာဆိုရင် မမှတ်မိလောက်ဘူး။
အကြည်က အဲလို၃လုံးဆိုတော့ ထူးဆန်းတယ်။ တို့တွေခေတ်က တင်တင်လှ၊ တင်တင်အေး၊ စန်းစန်းအေး၊ စန်းစန်းဝင်း၊ အစရှိသဖြင့် မင်းသမီးနာမည်ကြီးချိန်ဆိုတော့ နာမည်က (၂လုံးတွဲ + ၁လုံး) တွေများတယ်နော်။ နာမည်ကြည့် ဘယ်ခေတ်ကမွေးလဲဆိုတာ ခန့်မှန်းလို့တောင်ရတယ်။ အကြည်က ၃လုံးဆိုတော့ ခေတ်မီတယ်တောင် ပြောလို့ရမယ်။
ချစ်ကြည်အေးကို နာမည်အရင်းပဲ မှတ်နေတာ၊ :)
ReplyDeleteမမရဲ့ ရင်ကိုဖွင့်ချခဲစမ်းပါဆိုလို့ နာမည်အကြောင်း ပြောချင်လို့ပါ မမ။ အဲဒီနာမည်ရင်းဟာ မယ့်အတွက်တော့ အဆိုးဆုံးပဲ။ ဘဝမှာ ခံရအခက်ဆုံးး။
ReplyDeleteသူများတွေ နာမည်အကြောင်းtag တုန်းက ရေးထားသေးတယ်မမ။
http://maecoe-stories.blogspot.com/2009/05/blog-post_26.html
နာမည်မလှတာက တော်ပါသေးတယ်။ နာမည်လှပြီး လူကမမီရင် သရော်ခံရတာ ပိုဆိုးပါတယ် မမရယ်။
ကိုယ့်နာမည်ကို ဘာမှန်းတောင်မသိပါဘူး..ဟိုလူခေါ်ဒီလူခေါ်နဲ့ တွင်သွားတာပဲ
ReplyDeleteအို..ဘယ်လိုခေါ်ခေါ် လူဖြစ်ပြီးတာပဲဆိုပြီးနေရတော့တာပဲ..ဒီ ကိုကြီးကျောက်ဆိုတာလဲ မကေတို့ ခေါ်ရင်းတွင်သွားတာ..ကိုယ့်ဖာသာဆို လှလှလေးပေးမှာပေါ့...ပြေတီကျောက်တို့ ဘာတို့လိုမျိုး..
ကလူသစ်လဲ နာမည်အမျိုးမျိုးရှိတယ်ဗျ။ ဘယ်နာမည်ခေါ်ရင် ဘာနဲ့ဆက်စက်ပြီး ခင်မင်သိကျွမ်းခဲ့တဲ့သူဆိုတာ တန်းသိတာ။ တခါတလေ လူရုပ်ဖမ်းမမိတဲ့အခါမျိုးဆို သိတ်အသုံးဝင်တာပေါ့။
ReplyDeleteငယ်ငယ်လေးထဲက နှုတ်ကျိုးနေအောင် ခေါ်ခဲ့ရလို့ဖြစ်မယ်... နာမည်ရင်းက ခိုင်ခိုင်မာမာနဲ့ ချစ်စရာကောင်းပြီး လူနဲ့ လိုက်ဖက်တယ်လို့ ထင်မိတယ်... ဒါကိုများ မော်တော်ပေါ်က တောထမင်းဆိုင် နာမည်လို့ သူမို့ ပြောရက်တယ်...
ReplyDeleteလူဆိုးပဲ... အချစ်တွေ ဘာတွေ လုပ်မနေနဲ့ .. ထုပလိုက်...း))
အို၊ ဘာပဲပြောပြော.. ချစ်ကြည်အေးကတော့ အအေးဆိုင်ပဲ၊ သေချာတယ်။
ReplyDeleteဒါနဲ့ နာမည်ရင်းက ဘာတဲ့ မမ
ReplyDeleteများနံမည် အရင်းကျတော့ ဖေဖေ ပေးထားတာ ၄ လုံးတွဲ ဟိဟိ
ReplyDeleteအမေ မပေးခဲ့တဲ့ နာမည် မဟုတ်တာသေချာတယ်၊
ReplyDeleteဟားဟား... အခုမှပဲ တွေးမိသွားတယ် အမချစ်ရေ... မော်တော်ဘုတ်နာမည်နဲ့ အတော်တူတာပဲ :P
ReplyDeleteကျနော့်နာမည် ကျတော့လဲ အဖေက ချစ်လွန်းလို့ တဲ့ ချစ်ဖေ တဲ့ တော်သေးတယ် ချစ်လွန်းဖေ လို့ မခေါ်လို့ နို့မို့ လွန်းထားထားနဲ့ ခပ်ဆင်ဆင်ဖြစ်နေဦးမယ်.
ReplyDeleteဘဲဥ ချဉ်ရည်နဲ့ ထမင်းတစ်ပွဲပေးပါ။ ဟိဟိ။
ReplyDeleteမမချစ်ရယ် ပူးတေနာမယ်လဲ ဘာထူးလဲ... ၂ ခါပြောင်းပြီးတာလဲ လှမလာဘူး... အပေါ်က အနောနီးမတ်စ်ပြောသွားသလိုပဲ မလှမပ နာမယ်ကြီးနဲ့ကျမှ ကျန်းကျန်းမာမာရှိသွားတော့တယ်... ဟုတ်တော့ဟုတ်တယ်...မမယ်ကိုးပြောသလို နာမယ်က ပျံလန်လွန်းနေပြီး လူက မလိုက်နိုင်တာတွေ ရှိသေးတယ်...ပူးတေတို့ ၁၀ တန်းတုန်းက ကျူရှင်က သူငယ်ချင်း ကောင်လေးတယောက်က ချစ်ကိုကိုလို့ ပေးထားပြီး လူရုပ်က ပုမဲမဲလေး အသံက အသံပြာလေးနဲ့ တစက်ကလေးက ချစ်ချင်စရာမကောင်းလို့ သူ့နာမယ်က ဂျပုတဲ့လေ.... ဟိ ချစ်ကိုကို အားလုံးကို မဆိုလိုပါ... တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ပါ... ပူးတေသူငယ်ချင်းကတော့ ပူးတေဒီလိုပြောတာသိရင် ခွင့်မလွှတ်ချင်လဲ ခွင့်လွှတ်နေရတာပါပဲ... အားလုံးက နှုတ်ကျိုးနေကြပြီကိုး....
ReplyDeleteနံမယ်ဆိုရင် ငယ်ငယ်က နှာခေါင်းပိတ်ထားလို့ ပြောလေ့ရှိတယ်... နံမယ်လို့ ပြောတာကိုး.... :)
ချစ်ကြည်အေး Tea Shop !
ReplyDeleteThanks,
ဗမာလိုဆို ချစ်ကြည်အေး။ ဘိုလိုဆိုရင် မက်ဒေါ်နယ် ။ ဟီး....
ReplyDeleteဘယ်လိုပဲဆိုဆို သဒ္ဓါကတော့ ချစ်ကြည်အေးဆိုတဲ့နာမည်လေးကို
ReplyDeleteကြိုက်တယ်.. အေးချမ်းသွားသလိုပဲနော်..။
ရိုးရိုးလေးနဲ့ဘယ်တော့မှ မရိုးတဲ့နာမည်လေး..
ချစ်တဲ့
ညီမသဒ္ဓါ
ဟား...ဟား...ဟား...မချစ်ရဲ့ မော်တော်ပေါ်ကတောထမင်းဆိုင်ဇာတ်လမ်းလေးဖတ်လိုက်ရတော့...ဆရာနီကိုရဲရဲ့..အုန်းကြည်နြဲ့ပားကြီးတို့ဇာတ်လမ်း
ReplyDeleteကိုသတိရမိတယ်....ကော်မန့်တွေဖတ်လိုက်တော့မှဘဝတူတွေမနည်း
ပါလားလို့တွေးပြီးအားတက်သွားပါကြောင်း.....။
အဲ..အမချစ်နာမည်က ဒီလောက်ချစ်ဖို့ကောင်းတာများ မော်တော်ပေါ်က ထမင်းဆိုင်နာမည်တဲ့ တွေးတတ်ပလေ .....။
ReplyDeleteခင်တဲ့
မိုးငွေ့
ဝမ်းတီး..ရှယ်။ ပဲအီကြာတပွဲ...လန်ဒန်တပွဲ!
ReplyDeleteနောက်ဆို ဘာဆိုင်ဖွင့်ဖွင့် ဒီနာမည်ကို ယူသုံးတော့မယ်။ အခုကတည်းက ဘွတ်ကင်လုပ်ခဲ့ပြီနော်။
ဟုတ်တယ်ဗျ ..
ReplyDeleteနာမည်..နာမည်
ခေါ်ရတာလွယ်ရင်ပြီးကော ဆိုပြီးများ
ပေးခဲ့လားသိပါဘူး..
ရူး တိုး တိုး နော်..
အုပ်ကြီး တဲ့  ( လန့် လိုက်တာဗျာ ) ... :P
မန်းလေးက ချစ်ကြည်အေး လ္ဘက်ရည်ဆိုင်ကတော့ ရှယ်ဗျာ
ReplyDeleteခင်တဲ့
seesein
နာမည်ရင်းလေးသိချင်သွားတယ်...
ReplyDeleteအဟဲ..အစ်မကနာမည်အ၇င်းကျ ပြောမသွားဘူး။ အစ်မပို့စ်ဖတ်ပြီး နာမည်ပြောင်းချင်လာပြီ ကျွန်တော်တောင်..
ReplyDeleteအမည်သညာ ခေါ်စရာကား...
ReplyDeleteချစ် (ဘယ်သူခေါ်တာလည်း တိပါဘူး... ပို့စ်တွေထဲတော့ တွေ့မိသလိုလို...)
ချစ်ကြည် (ဒီက ခေါ်တာ)
မချစ်
အမချစ်
အကြည်
xxx
xxx
xxx
xxx
သူ့ဖြင့် အမည်တွေ အများကြီး...
ပေါက် ရောက် ပါတယ် ;) ဟမ်
ချစ်ကြည်အေးဆိုတော့ စာရေးဆြာမ ကြည်အေးနဲ့ ဘာဂလိုတိုတို...
ReplyDeleteဟိုမော်တော်ဘုတ်နာမည်တော့ သိချင်သား...
တိုင်းလုံးစိန်တော့ မဟုတ်တာတော့ သေချာတယ်။
နံမည်
ReplyDeleteနာမည်
အမေတို့ ပေးတဲ့ နံမည်ပဲ
ပြောင်းရကောင်းမှန်းလဲ မသိပါဘူး
ပထမ နံမည်နဲ့  ကျမ်းမာရေး ချုခြာလို့  လက်ရှိနံမည်ကို ဗေဒင်ဆရာနဲ့  ပေးတာပဲ။
အမရဲ့  ချစ်ကြည်အေး လေက ကောင်းပါတယ်။
နံမယ် အဲ ချစ်ကြည်အေး လေးက လှပါတယ် ညီမ အမ နံမည် ကလည်း အငြိမ့်မင်းသမီး နာမည်လေ
ReplyDeleteခင်တဲ့
ရွှေစင်ဦး
အော် ဂလိုလား
ReplyDeleteအစ်မချစ်ကို နံမည်အရင်းထင်နေတာ
ခုမှ အဖျားမှန်းသိရတော့တယ်..း)
ဘာဘဲဖြစ်ဖြစ် အစ်မချစ်ရဲ့ နာမည်အဖျားလေးကိုလည်း စိတ်ဝင်စားတယ်..
ပြောပြသင့်တယ်နော်
ဗွေးတုတ် တို့ ဂွက်ထော်တို့ထက်တော့ အပုံကြီးသာတယ် ဟုတ်လား ..
ညီမငယ်နံမည်က သုံးလုံး ငယ်တုန်းက ချူခြာလို့ နံမည်ပြောင်းလိုက်တာ
ခုတော့ လေးလုံးဖြစ်သွားတယ်.. အစိမ်းရောင်လွင်ပြင်တော့ ဟုတ်ဘူး သူက ၅လုံးကြီး :)
ဟိ...
ReplyDeleteနတ်သမီးမှာလည်း နာမည်တွေအများကြီးပဲ..
ဖေဖေပေးခဲ့တဲ့ နာမည်ရင်းက အတိတ်နမိတ်နဲ့...
ချစ်သူပေးတဲ့ နာမည်က ချစ်ခြင်းများစွာနဲ့...
ကိုယ်ကိုယ်တိုင်ပေးတဲ့နာမည်က သူငယ်ချင်းဝိုင်းရံလျှက်...
I like MrDBA comment.
ReplyDeleteအမရေ.. ဟိုတုန်းက ဘိုးဘိုးကြီတွေက ..သူတို့စတ်ကြီးပဲနော် .. ကျနော်တို့တမျိုးလုံးလည်း အဘိုးပေးတဲ့ အမည်တွေကြီးပဲ ..ဟဟ
ReplyDeleteဟင်....ကိုငှက်ပြောတာ ဟုတ်သားပဲ...အစ်မချစ်ဒါဆိုဂျင်းနာမည်ကို ဘယ်လိုပြောင်းရင်ကောင်းမလဲဟင်င်င်င်င်င် (မိဿလင်လို့ပြောင်းလိုက်မယ်လေ....ဟိဟိ) :P:P
ReplyDeleteနာမည်အရင်းကိစ္စ တော်တော်သိချင်နေပီအစ်မ
ReplyDeleteဘူတုန်း ဘယ်လိုခေါ်တုန်း
တိုးတိုးလေးပြောလဲရတယ်း)