တနင်္ဂနွေ တရက်မှာ ကျမရဲ့ Ex-colleagueတွေနဲ့ Goodwood Park Hotel မှာချိန်းပြီး High Tea Buffet သွားစားခဲ့ကြတယ်။ Buffet ဆိုတာက အစားအစာတွေကို စားပွဲထိုးမလိုဘဲ စားသုံးသူကိုယ်တိုင် နှစ်သက်ရာ ယူငင်စားသောက်ရတဲ့ စံနစ်ဖြစ်လို့ ဆိုင်ရှင်ဘက်ကလည်း ဝန်ထမ်းခ သက်သာ၊ စားသုံးသူတွေဘက်ကလည်း ဟင်းတမျိုးကို အစမ်း နဲနဲမြည်းစားကြည့်ပြီး မကြိုက်ရင် တခြားဟင်းလျာ ပြောင်းစားလို့ရတဲ့ ဝယ်ယူစားသောက်မှုပုံစံတခု ဖြစ်တယ်။ ဈေးနှုန်းအနေနဲ့လည်း ဘယ်၍ဘယ်မျှဆိုပြီး တခါတည်း သတ်မှတ်ထားတာကြောင့် ကိုယ့်ဘတ်ဂျက်နဲ့ကိုယ် တိုင်းထွာလို့ ရတဲ့အတွက် Buffet စားရတာကို ကျမ သဘောကျပါတယ်။
အရင်ကတော့ ဘူဖေးဆိုရင် ဆိုင်ဖွင့်စကနေ ဆိုင်သိမ်းလို့ တံခါးပိတ်ချိန်အထိ တရိရိနဲ့ ဗိုက်နှဲ့သွင်းပြီး စားခွင့်ရှိပေမဲ့ ခုဆို ဟိုတယ် တော်တော်များများမှာ 1st Seating နဲ့ 2nd Seating ရယ်လို့ စားချိန်ကို ၂ချိန် ပိုင်းလိုက်တာ တွေ့ရတယ်။ စားပွဲပေါင်း ၅၀ ရှိတဲ့ဆိုင်ဟာ ခုလို ၂ကြိမ် ခွဲလိုက်ခြင်းအားဖြင့် စားပွဲပေါင်း ၁၀၀စာ စားသုံးသူတွေကို လက်ခံစားသုံးနိုင်စေပါတယ်။ ဒါလည်းပဲ ကောင်းတာပါပဲ။ ဆိုင်ဘက်ကကြည့်ရင် ရောင်းနိုင်အား ၂ဆ တိုးလာသလို စားသုံးသူတွေဘက်ကလည်း ဆိုင်ရှေ့မှာ အချိန်ကုန်ခံပြီး တန်းစီ စောင့်နေစရာ မလိုတော့ပါဘူး။
ကျမတို့ 2nd Seatingက နေ့လည်၃နာရီကနေ ညနေ ၅နာရီခွဲထိ အချိန်ရပါတယ်။ တထိုင်စားစာအတွက် အချိန် ၂နာရီကနေ ၂နာရီခွဲအထိ ပေးလေ့ရှိတာမို့ စားပြီး သောက်ပြီး စကားစမြည် ပြောဆိုဖို့ပါ လုံလောက်တဲ့ အချိန် ဖြစ်ပါတယ်။
ဘူဖေးတွေမှာ အရုပ်ဆိုးတာ တခုက မကုန်နိုင် မခမ်းနိုင်ပဲ အကျန်တွေ အများကြီး ထားသွားတတ်ကြတာပါပဲ။ လောဘတကြီးနဲ့ အများကြီးယူပြီးမှ မကုန်နိုင်ဘဲ ထားခဲ့ရတော့ အင်မတန် နှမျောစရာ ကောင်းပါတယ်။ ဘယ်သူမဆို ကိုယ်စားနိုင်တဲ့ ပမာဏကို ကိုယ် သိကြပါတယ်။ စားနိုင်သလောက်ပဲ ချင့်ချိန် ယူသင့်ကြပါတယ်။ ကျမကတော့ အဲဒါတွေ တွေ့ရတိုင်း ကမ္ဘာအနှံ့က အစာရေစာ ငတ်မွတ်ခေါင်းပါးနေကြသူတွေကို မြင် မြင်နေမိတတ်ပါရဲ့။
တချို့ဆိုင်တွေမှာ သတ်မှတ်ထားတဲ့ ပမာဏထက် အများကြီးကျန်နေရင် ပြန်လျော်ပေးရတယ် လို့ ကြားဖူးပါတယ်။ ကျမ အသေအချာ မကြုံဖူးသေးပါဘူး။ အလေအလွင့်ဆိုတာ မရှိရင် အကောင်းဆုံးပဲ မဟုတ်လား။ ကျမတို့ငယ်ငယ်က ထမင်းတစေ့ စားပွဲပေါ်ကျရင် အဖွားက လက်ဆစ်ခေါက်တတ်တာ သတိရမိပါသေးတယ်။
ကုန်အောင် စားနိုင်လို့ ယူတာ အကြောင်း မဟုတ်ပေမဲ့ မကုန်နိုင်ဘဲ တရားလွန်ယူပြီး အကြွင်းအကျန်အဖြစ် ထားရစ်ခဲ့တာကျတော့ လောဘစိတ် အခြေခံကြောင့်လို့ နားလည်မိပါတယ်။ အဲသလို ဘူဖေးဆိုင်တွေမှာ လောဘကြီးသူတွေရဲ့ မကုန်တဲ့ စားကြွင်းစားကျန်တွေ တွေ့ရတိုင်း ကျမ စိတ် မသက်မသာ ဖြစ်ရတယ်။
သေချာပါတယ်...။ တနပ်စာလေးအတွက်မှာတောင် လောဘတရားတွေနဲ့ ပြည့်နှက်နေတဲ့ ကျမတို့ ကမ္ဘာကြီးဟာ ဘယ်လိုမှ မငြိမ်းချမ်းနိုင်သေးဘူး.....။

This comment has been removed by the author.
ReplyDeleteThe customers should be asked for payment for their leftovers too.
ReplyDeleteအာရှကလူတွေက မစားရမှာစိုးလို့ တခါထဲ အများကြီးထည့်ကြတာလား..US မှာတော့ ကုန်သလောက်ထည့် မဝသေးရင် နောက်တခေါက်ထပ်ထည့်...စားချင်သလောက်စား ..ဘယ်သူမှလဲ မြင်မကောင်းအောင် ချန်မထားခဲ့ပါဘူး..
ReplyDeleteစင်ကာပူက Landmark ဟိုတယ်မှာ ဗမာတအုပ်စုနဲ့ ဘူဖေးစားဖူးတယ်...တောကလာတဲ့သူတွေ ဆိုတော့ ထမင်းတွေ မြင်မကောင်းအောင် ထည့်လိုက်ကြတာ.. ဗမာပြည်မှာကတော့ ထမင်းပဲ အားပြုစားခဲ့ရတာကိုး...ဟင်းတွေလဲ ထည့်စားပါလို့ မနဲပြောယူရတယ်.. ဟိုတယ်လဲ ထမင်းတွေ တအိုးပြီးတအိုးထည့်လိုက်ရတာ လက်မလည်ဘူး..
အခုတော့ အချိန်ကန့်သတ်နေပြီပေါ့ ထုံးစံ ကတော့ ဗိုက်ဟောင်းနဲ့ သွား အ၀ကြိတ် အဖွဲ့ ထဲက တယောက်ကိုချန်ထား ကျန်သူ တွေက လမ်း၂ပတ် ၃ပတ်လျောက် ပြန်ဝင် ပြန်ကြိတ် လမ်းမလျောက်ရသေးသူက ထွက်လျောက် ဒီလိုနဲ့ ၂ရောင်း ၃ရောင်း ၄ရောင်းနဲ့ ကြိတ် တာကို ဘူဖေးလို့ ခေါ်တာဘဲ မကုန် အောင် ထားတာတော့ အလဟသ ဖြစ်စေတာဘဲ
ReplyDelete'L Expresso', is it? It's one of the top ten hi tea buffet in SG (according to StanChart Bank List). I like the taste.
ReplyDeleteWD
Sorry 'L'Espresso'.
ReplyDeleteWD
အမချစ်ရေ
ReplyDeletebuffet စားသွားပြီ မကုန်နိုင်အောင်ထည့်တဲ့သူတွေပြန်အလျှော်ခိုင်းတာ ကောင်းတယ်ဗျို့ တနပ်စာလောဘ တရက်စာလောဘ တသက်စာလောဘ တမလွန်အတွက်လောဘ.................များလိုက်တာ နော်
ခင်မင်တဲ့
seesein
High Tea Buffet စားတိုင်းအရှူံးပေါ်တယ် ..
ReplyDeleteသူငယ်ချင်းတွေနဲ့ သွားစားရင် လည်းပြောခံရတယ် ၊
ကြောင်စာလောက်စား နိုင်တာဆိုတော့ ..
အလုပ်ကကျွေးရင် ပိုဆိုးတယ် .. နင့်တွက် ပေးရတာမတန်လို့ တဲ့ ဟိ။
စောစောစီးစီး သရေကျသွားတယ်အမချစ်.... ကော်ဖီခွက်လေးလှလို့ ကြိုက်တယ်....အဲလိုတပြုံကြီးထည့်မစားဖူးဘူး...ကုန်သလောက်လေးပဲ...။
ReplyDeleteနှမြောပါတယ်...။
ခင်တဲ့
မိုးငွေ့
ချစ်ကြည်အေး ရေ
ReplyDeleteစားချင်စရာ ဒို့လာစားရင်တော့ ထည့်သလောက် ကုန်အောင်စားသွားမှာပါ
ရွှေစင်ဦး
ပုံတွေကြည့်၊ သွားရေကျ ပြန်သွားပါကြောင်း...
ReplyDeleteဒီမှာကတော့ Buffet မှာ ၂မျိုးရှိတယ်ရှင့်...။
ReplyDeleteဘကျောက်ပြောသလို ကုန်သလောက် ထည့်ပြီး ထပ်ယူလို့ရတဲ့ buffet ရှိသလို၊ တခါပဲ ထည့်ခွင့်ပေးတဲ့ နေရာမျိုးတွေလည်း ရှိပါတယ်။
လူဆိုတဲ့ သတ္တဝါမျိုးကလည်း များသောအားဖြင့် နည်းနည်းပေးပြီး မတန်တဆပြန်ယူတတ်ကြတဲ့သူမျိုးဆိုတော့လည်း မခက်ပေဘူးလား..။ buffet ရောင်းတဲ့ နေရာတိုင်းမှာ အဲဒီလို အလေအလွင့်များမှုတွေနဲ့ကြုံတွေ့ကြရစမြဲပါ။
အဲဒါကြောင့် သမ္မာန်ကျမ်းစာထဲမှာ ဘုရားရှင်က လောဘ၊ ဒေါသ၊ မောဟတွေနဲ့ပြည့်နှက်နေတဲ့ လောကကြီးကို သန့်စင်ဆေးကြောတဲ့အနေနဲ့ ကမ္ဘာကိုရေနဲ့လွှမ်းစေပြီး ကပ်ဆေးခဲ့တာပေါ့...။
အခုချိန်ထိလည်း ခေတ်သစ်ကပ်ဆေးနည်းနဲ့ ကပ်ဆေးနေကြတုန်းပါပဲ...။
ပြည်သူများ ကပ်ဘေးမှလွတ်မြောက်ကြပါစေ...လို့သာ...။
ဂျပန်မှာ ဘူဖေးဆိုင်တွေက ပန်းကန်သေးသေးလေးတွေပဲ ချထားတော့၊ ပန်းကန်သေးသေးလေး ဆန့်သလောက်ပဲ သယ်သွားပြီး ထပ်စားချင်မှ ပြန်ယူစားရတယ်။ အလေအလွင့် မကျန်သလောက်ပဲ။
ReplyDeleteမချစ်ရဲ့ ဓါတ်ပုံထဲက ကော်ဖီခွက်ကလေးကတော့ မြင်ရုံနဲ့ သောက်ချင်လာတာပဲး)
ပုံတွေကြည့်ပြီး အကုန် စားချင်သွားတာပဲ။ '99 တုန်းကတော့ 25.00 လောက် ပေးရတယ်။ ခုတော့ ဈေးကြီးကုန်ရောပေါ့။ အချိုတွေမို့ အကုန်ကြိုက်ပဲ မမရယ်၊ ခက်ပါတယ်။
ReplyDeleteစားချင်လယ် ရှလွတ်
ReplyDeleteဒါနဲ့ကြားဖူးတာတခုရှိတယ် ဟုတ်လားမသိဘူး မြန်မာနိုင်ငံမှာ တချို့က ဘူဖေးကို အိမ်သယ်သွားတာလဲရှိတယ်ဆို
မသိဘူးနော် ဟုတ်လား မသိ
စကားလေးတစ်ခုတောင်ထပ်တိုးလားတာ ကြားဖူးတယ်
ReplyDeleteလူတစ်ယောက်ရဲ့စိတ်ကို သိချင်ရင် ဘူဖေးအတူတူစားပါတဲ့
အဲလိုအတူစားတဲ့အခါ ဒီလူဟာ လောဘကြီးသူလား
ချင့်ချိန်တတ်သူလား အရှက်အကြောက် ကြီးသူလား ဆိုတာ ပေါ်လွင်စေတယ်လို့ ကြားဖူးတာဘဲ။
ဟိဟိ တော်ပြီ ဘူဖေးစားရင်တစ်ယောက်တည်းဘဲ သွားစားတော့မယ်
ကိုယ့်အကြောင်းလူသိမှာစိုးလို့း)
သားရေကျလိုက်တာ အမချစ်ရယ်..
ReplyDeleteဘူဖေးတော့ မစားနိုင်ဘူး။ အများကြီးမစားနိုင်လို့...းP
တို့ကတော့ အာလူးပဲစားတယ်
ReplyDeleteဘူဖေးဆိုသည်ကား မစားခင် အလွန်စားချင်ပြီး စားနေတုန်း နင်းကန်စားကာ စားပြီးတော့ နောင်တရစေသော အရာမျိုးပင်တည်း။း)))
ReplyDeleteဘူဖေးစားပြီးတိုင်း နောင်တ ရ တတ်သော တီတီတစ်ဦး ...
မြန်မာ ထမင်း ဘူဖေးတော့စားဖူးပါရဲ့
ReplyDeleteဟင်းတွေမြင်ရင် စိတ်မထိန်းနိင်လို့ နောက်မသွားတော့ဘုူး
ဆရာကတော်-
ReplyDeleteသားရည်ကျသွားပါတယ်ခင်ဗျာ-
စားပြစ်-ဝါးပြစ်လိုက်ချင်တယ်ဗျာ-
ဟင်းဟင်းဟင်း
I totally agree with TTSweet:) Gyidaw
ReplyDeleteသိတဲ့အတိုင်း ဂျင်းကတော့ ဘူဖေးစားတိုင်း ရှုံးတယ်....။ :)
ReplyDeleteတို့က နိုင်တယ် :P
ReplyDelete