ခေါင်းစဉ်ကို မြင်လိုက်တာနဲ့ စိတ်ဝင်စားသွားတယ် မဟုတ်လား။ ဒီလိုလေ....ဒီကော်ပြန့်မှာ အထင်ရှားဆုံး အရောင်တွေက ကြက်ဥနှစ် ဝါဝါလေးတွေရယ်၊ ဆလတ်ရွက် နဲ့ ကြက်သွန်မြိတ် စိမ်းစိမ်းလေးတွေရယ်၊ မုန်လာဥနီ နီနီလေးရယ်ပါ...။ အဲဒါလေးတွေ ပေါင်းစပ်လိုက်တော့ ခုလို စားချင်စဖွယ် ဝါစိမ်းနီ ကော်ပြန့်စိမ်းလေး ဖြစ်လာပါရောလား။ (ခေတ်မီချင်တော့ ဇွတ်ကို ဝါစိမ်းနီ လုပ်ပစ်လိုက်တော့တာ...)
အမည်ရင်းကတော့ ဗီယက်နာမ် ကော်ပြန့်စိမ်းပါ။ တကယ်ပါ။ အဟုတ်ပါ။ ဗီယက်နာမ်က လာတာပါ။ ဗီယက်နာမ် ကော်ပြန့်စိမ်းကနေ ဝါစိမ်းနီကော်ပြန့်လို့ နာမည်ပြောင်းရုံသာ ပြောင်းသွားတာ။ အထဲမှာ ပါဝင်တဲ့ အဓိက အစာပလာတွေက မပြောင်းဘူး အတူတူပဲရယ်။
ကော်ပြန့်လိတ်ရန်

၁) ဆန်ပြားအချပ်ဝိုင်း-Rice Paper လို့ ခေါ်ပါတယ်။ တချို့သော Super Market တွေမှာ ရတတ်ပါတယ်
၂) ကြက်ရင်ပုံ- ရေနဲနဲနဲ့ ပြုတ်ထားပြီး အသားနွှင်ထားပါ။ အသားဖြစ်ရင် ရပါပြီ ပေါင်လည်းရပါတယ် (အရိုးမပါရ) Seafood စားသူများ ပုဇွန်နဲ့ လုပ်လည်း ရပါတယ် ကျမကတော့ အိမ်မှာ ရှိတာ သုံးလိုက်တာပါပဲ
၃) ဆလတ်ရွက်- မပါမဖြစ်ထည့်ရန်
၎) မုန်လာဥနီ၊ ကြက်သွန်မြိတ်၊ သခွားသီး ပုံပါအတိုင်း အရွယ်တူ အချောင်းလိုက်လေး လှီး၍ မုန်လာဥနီကို ၁-၂ မိနစ်ခန့် ပြုတ်ပြီး ရေအေးနှင့် ပြန်ဆေးထားပါ
၅) ကြက်ဥပြုတ် ပါးပါးလှီးထားပါ ( ကြက်ဥကို မပြုတ်ဘဲ အပြားလိုက် ခေါက်ကြော်ပြီး ပါးပါးလှီးထည့်လည်း ရပါတယ်)
** ပဲသီးစိမ်းတောင့်(ရေနွေးဖျောရန်)ထည့်လည်း ရပါတယ်။ တချို့ ပဲကြာဇံ ပြုတ်ပြီးသား ထည့်လိတ်တတ်ကြပါတယ်။ ကျမက အဲဒါတွေ မရှိလို့ ထည့်မထားပါဘူး။ ပြီးတော့ ဗီယက်နာမ်တွေ ထည့်စားတတ်တဲ့ ပူစီနံတို့ ပင်စိမ်းတို့လို အရွက်တွေလည်း ကျမ မကြိုက်လို့ ထည့်မထားပါဘူး။ ဒါဆို ဒါပဲ ထည့်ရမယ်လို့ ပုံသေကြီး မှတ်မထားကြပါနဲ့။ မြန်မာပီပီ ပြောင်းရဲ ပြင်ရဲ ကြပါ။ ကိုယ်ကြိုက်တဲ့ အသီး အရွက်တွေကို ရဲရဲကြီးသာ ထည့်လိတ်ပစ်လိုက်စမ်းပါ။
အချဉ်ဖျော်ရန်
သူနဲ့ တွဲဖက် စားဖို့ အချဉ်ဖျော်ပါမယ်။
၁) ရှာလကာရည်-လက်ဖက်ရည် ပန်းကန်လုံး တဝက်သာသာ
၂) သကြား-ထမင်းစားဇွန်းနဲ့ အပြည့် ၂ ဇွန်းစာ (သကြားအချို မတည့်သူတွေ သကြားနေရာမှာ အီကွဲလ်လေး သုံးကြည့်ကြပါ)
၃) ကြက်သွန်ဖြူ အမြွှာကြီး ၂မွှာ ညက်ညက် ထောင်းထားပါ
၎) မြေပဲလှော်ပြီးသား- လေးစိတ်ကွဲထောင်းထားပါ (မကြေပါစေနဲ့)
၅) ဆား နဲနဲ
၁ ကနေ ၅အထိ အကုန်ရောပြီး ရေနွေး နဲနဲ ထပ်ရောပါ။ ဒါဆို အချဉ်အတွက် ရပါပြီ။
**အစပ်ကြိုက်သူများ ငရုတ်သီးအနီတောင့် ပါးပါး လှီးထည့်ပါ
အားလုံး အဆင်သင့် ဖြစ်ရင် ကော်ပြန့် စ လိတ်ပါမယ်။
သူက အင်မတန် နုညံ့တဲ့ ဆန် ပျော့ဖတ်ကလေးမို့ ကြိုတင်လိတ်ထားရင် စားမကောင်းပဲ မာသွားတတ်ပါတယ်။ ကြွေပန်းကန်ပြား ခပ်ပက်ပက်ထဲ ဆန်ပြား အဝိုင်းချပ် တချပ် ထည့်ပါ။ ဆန်ပြား အဝိုင်းချပ်ကို ပျော့ဖတ်ဖြစ်လာတဲ့အထိ ရေလေးနဲ့ နှံ့အောင် ဆွတ်ပေးရပါမယ်။ ပါးပါးလေးမို့ ပျော့ဖတ်ဖြစ်တာ မြန်ပါတယ်။ ပြီးမှ ကြက်အသားလွှာ၊ ဆလတ်ရွက်၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်၊ သခွားသီး၊ ကြက်ဥပြုတ် စတဲ့ အစာပလာတွေ ထည့်ပြီး လိတ်ရပါတယ်။
အစာတွေ သိတ်များသွားရင် ပေါက်ထွက်ပြီး လိတ်လို့ အဆင်မပြေတတ်ပါဘူး။ ပြီးတော့ အလိတ်ကြမ်းရင်လည်း ပျော့ဖတ်လေးက နုတဲ့အတွက် အထဲကအစာတွေ ပေါက်ထွက်တတ်ပါတယ်။ ဒီတော့ လိတ်ပါ။ ဖြည်းဖြည်း သက်သာ လိတ်ပါ။ စိတ်ရှည်ရှည်ထား လိတ်ပါ။ စိန်ခြူးကြာညောင်နဲ့ အေးအေးဆေးဆေး ညင်ညင်သာသာလေး လိတ်ပါ :)

လိတ်လို့ပြီးမှ အလယ်ကနေ ဓါးနဲ့ ပိုင်းဖြတ်လိုက်တဲ့အခါ ပုံပါအတိုင်း စားချင်စဖွယ် ဝါစိမ်းနီ ကော်ပြန့်ကလေး ရလာပါလိမ့်မယ်။ သတိပြုရမှာက အချဉ်နဲ့ တို့စားတဲ့အခါ ကော်ပြန့်လိတ် အပွင့်ဖက်လေးထဲကို အချဉ်ဇွန်းကလေးနဲ့ ဆမ်း ဆမ်းပြီး စားမှ အဆင်ပြေနိုင်ပါတယ်။ ဘူးသီးကြော် စားသလို အချဉ်ရေထဲ ဇောက်ထိုး နှစ်ချလိုက်လို့ကတော့ အထဲက အစာတွေ ထွက်ကျလာတတ်တာမို့ စားတတ်ဖို့လည်း လိုသေးတယ်လို့ သတိပေးလိုက်ပါရစေ...။
အဆင်ပြေကြပါစေ....

စားချင်စဖွယ် ....... ရှလွတ်
ReplyDeleteha ha
ReplyDeleteစားတတ်ဖို့လည်း လိုသေးတယ်လို့ သတိပေးလိုက်ပါရစေ...။
ma ma yay, looks yummy
တောက်* စားချင်လိုက်တာ
ReplyDelete*တက်ခေါက်တာ မဟုတ်ရပါ...သွားရည်ကျသွားတဲ့ မြည်သံစွဲ အလင်္ကာလေးပါ...
tz လာလည်တာ ကျေးဇူးစ်ပါ :)
ReplyDeleteအမည်မသိ ညီမလေး တကယ်စားကောင်းတာပါ။ တဂယ် တဂယ်:)
သီတာ အသီးအရွက်တွေမို့ ကျန်းမာရေး အတွက်လည်း ကောင်း၊ လုပ်ကျွေးမယ်လေ အိမ်လာခဲ့...:)
တော်သွားပြန်ပြီ။
ReplyDeleteမစားဖူးသေးဘူး။
sea food နဲ့ကပိုကောင်း၏။ စောင်းပြီးလှီးလျှင် ပိုလှသည် ။
ReplyDeletesweet chili sauce နဲ့စားကောင်း၏ ၊
စားချင်တယ်ဗျို့ -ဆရာကတော် ရေ
ReplyDeleteတကယ်ကို စားချင်စရာပါနော်
ReplyDeleteရေညှိလိပ်နဲ့လည်း တူတယ် အထဲက အဆာပလာတွေက
ဒီလိုအလိပ်ကလေးတွေလိပ်ပြီး ဈေးထဲသွားရောင်းချင်လာပြီ
ချစ်စရာလေးတွေမို့လို့လေ..
ဒါမှမဟုတ် အစ်မ ထမင်းဆိုင်ဖွင့်ရင် အဲဒီကော်ပြန့်လိပ်လေးပါ တွဲရောင်းနော်း)
အရင်အပတ်ကတောင်အဲ့ ဒိကော်ပြန့် အဖတ်ကိုဝယ်ပြီးလုပ်စားဖြစ်သေးတယ်။ လိပ်ပြီးသားလေးတွေကိုဆီပူနဲ့ ကြော်လိုက်တာအကုန်ပေါက်ထွက်ကုန်တယ်။ နောက်မှ မချစ် လိုဘဲလိုက်လုပ်စားတော့မယ်.....
ReplyDeleteလာလည်သွားတယ်... ကော်ပြန့်က တကယ့်ဗီယက်နမ်ကော်ပြန့်ထက်ပိုကောင်းမှာသေချာတယ်... ဒီကဟာတွေမှာ ဒို့မကြိုက်တဲ့ တခြားအရွက်တွေပါလို့ ထုတ်ပြီးမှစားရတယ် :(
ReplyDeleteမမချစ်က စားနည်းပါ ရှယ်သင်ပေးထားလို့ တော်သေး။ မဟုတ်ရင် အချဉ်ထဲ နှစ်စားပစ်မိမှာ..။ မြင်ရတာနဲ့ကို အရသာရှိ.. ဂွတ် ကောင်းမှကောင်း(**)"
ReplyDeleteကြိုက်တာတွေ အကုန်ထည့်လိတ်ပစ်အုံးမယ် ဟိ
ReplyDeleteညီမလေးကတော့ ဗီယက်နမ်ကော်ပြန့်ကြော်ပဲလုပ်စားဖူးသေးတယ် အဲလိုကော်ပြန့်မျိုးစီးတီးမတ်မှာတော့တွေ့တယ်...အမလုပ်ထားတာ လှလိုက်တာ စားချင်စရာလေး လုပ်စားကြည့်ဦးမယ် ...း)
ReplyDeleteခင်တဲ့
မိုးငွေ့
ဗီယက်နမ်ဆိုင်ရောက်တိုင်း အဲသာဝယ်စားဖြစ်တယ် အစ်မ...
ReplyDeleteသူတို့က မုံ့ဟင်းခါးဖတ်လေးတွေ ထည့်သေးတယ်နော်...
အစ်မလက်ရာက ပိုကောင်းမှာနော်.... တကယ်စားချင်လာပြီ...
ရှလွတ်....
ရဲရဲကြီး လည်း ထည့်ရဲတယ် မြန်မာပီပီ ပြုပြင်ပြောင်းလဲ ဖို့လည်း ဝန့်မလေးပါဘူး အဟီးးးးးးးးးး စားချင်တယ်
ReplyDeleteရွှေစင်ဦး
အခုတလော ၀ါစိမ်းနီတွေ ခေတ်စားနေတယ်။ ဒါကတော့ ချစ်စရာ့ဝါစိမ်းနီပါဗျ။
ReplyDeleteရှာလကာရည်အချဉ်ကို မစားရဲဘူး။ ရှာလကာရည် အစား သံပုရာသီးဖြစ်ဖြစ် မန်ကျည်းရည်ဖြစ်ဖြစ် ပြောင်းသုံး ပါလား အန္တရယ် ကင်းအောင်။
ReplyDelete၀ါစိမ်းနီ ဆိုလို့ လန့်သွားတယ်...လတ်စသတ်တော့ ဂလိုကိုးးးးးးးးး....ကွိကွိ....
ReplyDeleteဂျင်းစုတ်
ဒါဆို ဒါပဲ ထည့်ရမယ်လို့ ပုံသေကြီး မှတ်မထားကြပါနဲ့။ မြန်မာပီပီ ပြောင်းရဲ ပြင်ရဲ ကြပါ။
ReplyDeleteThat's absolutely right, a ma chit kyi.
စားချင်စရာလေးတွေ
ReplyDeleteအားမနာပါးမနာ...အားရပါးရ...ဘသူ့အတွက်မှချန်မထားဘူး...အကုန်ဝါး
ReplyDeleteသွားဘီ....ရှလွတ်.....။းP
ရှလွတ်
ReplyDeleteဂလု
ပလပ်
ဂလုဂလု
ReplyDeleteကော်ပြန့်လေးတွေလှတယ်ဗျာ့
ဆီကြော်ကော်ပြန့်တွေသိပ်မစားတတ်ပေမယ့်
သွားရည်တော့တကယ်ကျမိသွားတယ်အစ်မရေ....
မောင်ဘကြိုင်
အင်္ဂလန်မှာရှိနေတုန်း အပြောင်းအလဲဖြစ်အောင် စားနေကျ ထိုင်းစာမစားဘဲ ဗီယက်နမ်ဆိုင်မှာ သွားစားတုန်းက တခါစားဖူးတယ်။ ကြိုက်တယ်။ ခု စလုံးမှာ အမချစ်လက်ရာ ထပ်စားမယ်။ ဟဲ..ဟဲ... :D
ReplyDelete