ဒီနေ့ ကျမရဲ့ဘလောဂ့်လေး တနှစ်တိတိ ပြည့်ပါပြီ။ မြန်လိုက်တာ...။ အချိန်တွေဟာ သွား သွားနိုင်လွန်းတယ်။ တနှစ်အတွင်းမှာ ပို့စ်ပေါင်း ၁၆၀ တိတိ ကျမရေးခဲ့တယ်။ ပျော်စရာ ပေါ့ပေါ့ပါးပါးတွေ၊ ဟင်းချက်နည်းလေးတွေ၊ ခံစားရသမျှ လေးလေးပင်ပင်တွေ၊ မျှဝေချင်စရာ သတင်းတွေ၊ ကဗျာလေးတွေ...စုံလို့ပါပဲ။
ကျမက စာဖတ်မနာခဲ့တဲ့သူ၊ စာမရေးတတ်တဲ့သူပါ။ စာရေးတာကို ဝါသနာပါရုံနဲ့ ဒီဘလော့ဂ်လေးကို ရေးခဲ့တာ။ ပြောရမယ်ဆိုရင် ရေးခဲ့သမျှဟာ ကျမ နဲ့ ကျမပတ်ဝန်းကျင်မှာ မြင်တွေ့ ကြားသိနေရတာတွေရဲ့ လာရောက် ရိုက်ခတ်မှုတွေနဲ့ ရေးဖြစ်ခဲ့တာတွေပါ။ ရင်ထဲ ထိခိုက်ခံစားခဲ့ရလို့၊ ရေးချင်လို့၊ ရေးသင့်တယ် ထင်လို့ ရေးမိတာတွေအတွက် ရေးပြီးတိုင်း၊ ပိုစ့်တပုဒ်အဖြစ် တင်ပြီးတိုင်း ရလိုက်တဲ့ စိတ်ကြေနပ်မှုက ဘာနဲ့မှ မလဲနိုင်အောင်ပါပဲ။
အလုပ်တဖက်နဲ့ ဘလော့ဂ်ရေးနေကြတဲ့ တခြားသော ဘလော့ဂ်ဂါများ နည်းတူ ကျမလည်း အချိန် ဆင်းရဲပါတယ်။ အထူးသဖြင့် စိတ်ရော လူပါ ပင်ပန်းလာတဲ့နေ့တွေမှာ စာရေးဖို့ လက်တောင် မမြှောက်ချင်တဲ့ အထိ ဖြစ်ရတယ်။ တခါတလေကျတော့လည်း ဈန်ဝင်ပြီး စာရေးရင်း ညဥ့်နက်သွားလို့ မျက်တွင်းချောင်နဲ့ ရုံးတက်ရတဲ့ နေ့တွေ ရှိခဲ့ပါရဲ့။ ခုဆို ဘယ်သွားသွား၊ ဘာလုပ်လုပ်၊ ဘာစားစား ဘလော့ဂ်အတွက် ပိုစ့်လေး စဉ်းစားနေတတ်တော့တာ။ ဒီလိုနဲ့ပဲ ကျမရဲ့ ပုံမှန် နေ့စဉ်ဖြတ်သန်းမှုတွေထဲမှာ ဘလော့ဂ်ဟာ တစိတ်တပိုင်း အဖြစ် ပါဝင်ခဲ့တော့တယ်။ ဘလော့ဂ်ရေးသူအားလုံး တူတူပဲ ထင်ပါရဲ့။
အငြင်းပွားချင်စရာ၊ အမြင်မတူနိုင်စရာ တချို့ပိုစ့်တွေအတွက် သိနေရက်နဲ့ မရေး မနေနိုင်လို့ ရေးမိတာတွေလည်း ရှိပါရဲ့။ ကျမ ချစ်တဲ့ မျက်စေ့နဲ့ ကြည့်ပြီး ရေးခဲ့တာတွေချည်းပါ။ ကျမကိုယ်၌က အငြင်းပွားချင်စရာပိုစ့်တွေ မရေးဘူးလို့ စိတ်ဒုံးဒုံး မချနိုင်ခဲ့တာ။ ဒီအတွက် ကြည့်တဲ့ ရှူထောင့် မတူလို့ အမြင်တွေ ကွဲကြတာတွေကို ကြိုဆိုလိုက်ရုံပါပဲ။ စီဘောက်မှာ၊ ကော်မန့်မှာ အသားလွတ် ဝင်ထုသွားတာတွေအတွက် အတော် စိတ်မကောင်း ဖြစ်ခဲ့ရသေးတယ်။ ငိုချင်ခဲ့မိတယ်။ ခုတော့ဖြင့် ကျမ ရယ်နေနိုင်ပါပြီ။ တနှစ်စာ အရေထူခဲ့ပြီကိုး...။
ကျမ ရေးသမျှ လာဖတ်ပေးကြတဲ့ ဘလော့ဂ်ဖတ်သူတွေ၊ ဖတ်ရုံမက ရင်းရင်းနှီးနှီး ချစ်ခင်စွာ မန့်သွားကြတဲ့ ရေးဖော်တွေ၊ မန့်ရုံမက အငြင်းပွားခဲ့ကြ၊ အမြင်မတူလို့ လက်နက်ကြီးနဲ့ ထုသွားခဲ့ကြသူတွေ... အားလုံးကို ခင်မင်စွာ လှိုက်လှဲစွာ ကျေးဇူးတင်ရပါတယ်။ အသက်ဝင်တဲ့ ဘလော့ဂ်လေးတခု အဖြစ် ပိုမို ပီပြင်ခဲ့တဲ့ အတွက်ပါ။

ဘာဖြစ်ဖြစ် ကျမ ပျော်ပါတယ်။ မီးမလာမှပဲ ဘလောဂ့်ရေးတာကို ရပ်ပါတော့မယ်လေ :)
ကျမက စာဖတ်မနာခဲ့တဲ့သူ၊ စာမရေးတတ်တဲ့သူပါ။ စာရေးတာကို ဝါသနာပါရုံနဲ့ ဒီဘလော့ဂ်လေးကို ရေးခဲ့တာ။ ပြောရမယ်ဆိုရင် ရေးခဲ့သမျှဟာ ကျမ နဲ့ ကျမပတ်ဝန်းကျင်မှာ မြင်တွေ့ ကြားသိနေရတာတွေရဲ့ လာရောက် ရိုက်ခတ်မှုတွေနဲ့ ရေးဖြစ်ခဲ့တာတွေပါ။ ရင်ထဲ ထိခိုက်ခံစားခဲ့ရလို့၊ ရေးချင်လို့၊ ရေးသင့်တယ် ထင်လို့ ရေးမိတာတွေအတွက် ရေးပြီးတိုင်း၊ ပိုစ့်တပုဒ်အဖြစ် တင်ပြီးတိုင်း ရလိုက်တဲ့ စိတ်ကြေနပ်မှုက ဘာနဲ့မှ မလဲနိုင်အောင်ပါပဲ။
အလုပ်တဖက်နဲ့ ဘလော့ဂ်ရေးနေကြတဲ့ တခြားသော ဘလော့ဂ်ဂါများ နည်းတူ ကျမလည်း အချိန် ဆင်းရဲပါတယ်။ အထူးသဖြင့် စိတ်ရော လူပါ ပင်ပန်းလာတဲ့နေ့တွေမှာ စာရေးဖို့ လက်တောင် မမြှောက်ချင်တဲ့ အထိ ဖြစ်ရတယ်။ တခါတလေကျတော့လည်း ဈန်ဝင်ပြီး စာရေးရင်း ညဥ့်နက်သွားလို့ မျက်တွင်းချောင်နဲ့ ရုံးတက်ရတဲ့ နေ့တွေ ရှိခဲ့ပါရဲ့။ ခုဆို ဘယ်သွားသွား၊ ဘာလုပ်လုပ်၊ ဘာစားစား ဘလော့ဂ်အတွက် ပိုစ့်လေး စဉ်းစားနေတတ်တော့တာ။ ဒီလိုနဲ့ပဲ ကျမရဲ့ ပုံမှန် နေ့စဉ်ဖြတ်သန်းမှုတွေထဲမှာ ဘလော့ဂ်ဟာ တစိတ်တပိုင်း အဖြစ် ပါဝင်ခဲ့တော့တယ်။ ဘလော့ဂ်ရေးသူအားလုံး တူတူပဲ ထင်ပါရဲ့။
အငြင်းပွားချင်စရာ၊ အမြင်မတူနိုင်စရာ တချို့ပိုစ့်တွေအတွက် သိနေရက်နဲ့ မရေး မနေနိုင်လို့ ရေးမိတာတွေလည်း ရှိပါရဲ့။ ကျမ ချစ်တဲ့ မျက်စေ့နဲ့ ကြည့်ပြီး ရေးခဲ့တာတွေချည်းပါ။ ကျမကိုယ်၌က အငြင်းပွားချင်စရာပိုစ့်တွေ မရေးဘူးလို့ စိတ်ဒုံးဒုံး မချနိုင်ခဲ့တာ။ ဒီအတွက် ကြည့်တဲ့ ရှူထောင့် မတူလို့ အမြင်တွေ ကွဲကြတာတွေကို ကြိုဆိုလိုက်ရုံပါပဲ။ စီဘောက်မှာ၊ ကော်မန့်မှာ အသားလွတ် ဝင်ထုသွားတာတွေအတွက် အတော် စိတ်မကောင်း ဖြစ်ခဲ့ရသေးတယ်။ ငိုချင်ခဲ့မိတယ်။ ခုတော့ဖြင့် ကျမ ရယ်နေနိုင်ပါပြီ။ တနှစ်စာ အရေထူခဲ့ပြီကိုး...။
ကျမ ရေးသမျှ လာဖတ်ပေးကြတဲ့ ဘလော့ဂ်ဖတ်သူတွေ၊ ဖတ်ရုံမက ရင်းရင်းနှီးနှီး ချစ်ခင်စွာ မန့်သွားကြတဲ့ ရေးဖော်တွေ၊ မန့်ရုံမက အငြင်းပွားခဲ့ကြ၊ အမြင်မတူလို့ လက်နက်ကြီးနဲ့ ထုသွားခဲ့ကြသူတွေ... အားလုံးကို ခင်မင်စွာ လှိုက်လှဲစွာ ကျေးဇူးတင်ရပါတယ်။ အသက်ဝင်တဲ့ ဘလော့ဂ်လေးတခု အဖြစ် ပိုမို ပီပြင်ခဲ့တဲ့ အတွက်ပါ။
ဘာဖြစ်ဖြစ် ကျမ ပျော်ပါတယ်။ မီးမလာမှပဲ ဘလောဂ့်ရေးတာကို ရပ်ပါတော့မယ်လေ :)
မနှစ်က ဒီလိုအချိန် ၇း၃၈မှာ ကျမရဲ့ ပထမဦးဆုံးပိုစ့်လေးကို ဒီမှာ တင်ခဲ့ပါတယ်...
တစ်နှစ်ကနေ နှစ်ပေါင်းများစွာ တိုင်ပါစေ အမရေ ...
ReplyDeleteအို...ယနေ့မှစ နှစ်တစ်ရာတိုင်ကွယ်....း)))
ReplyDeleteဂျင်းစုတ်
ဘလော့တစ်နှစ်မြောက်မှ နှစ်ပေါင်းများစွာ အောင်မြင်ပါစေ ..
ReplyDeleteခင်တဲ့
Z
အဲဒါ လက်နက်ကြီးလို့ မခေါ်လောက်သေးဘူးဗျိုး။ အပျင်းပြေ လေးဂွနဲ့ လှမ်းပစ်သလောက်ပဲ ရှိသေးတယ်။
ReplyDeleteတနှစ်တိတိ ဘလော့ဂ်ရေးခဲ့တယ်ဆိုတော့ နည်းတဲ့ ဝဋ်ဒုက္ခတော့မဟုတ်ဘူး။း-)
ဒီဝဋ်ကြွေး....မကုန်ခမ်းသရွေ့လေ... လည်စင်းခံ ဆပ်မယ်မေ.... ဒီလူသားသစ္စာ...ကမ္ဘာတည်သရွေ့လေ..... (ကြားညှပ်စကားပြော။......။“ဒီလူသားသစ္စာဟာ ကမ္ဘာတည်သရွေ့ပါပဲ”)....သြော်.....
တစ်နှစ်တောင်ရှိသွားပြီ.... ။
ReplyDeleteနောင်နှစ်ပေါင်းများစွာ.. သို့
အမချစ်ရဲ့ ဘလော့တနှစ်ပြည့်မှ နောင်နှစ်တွေအထိ စိတ်ရှိတဲ့အတိုင်း မျှဝေခံစားရင်း ရေးသားနိုင်ပါစေ..။ အမချစ်ရဲ့ စာပေကောင်းလေးတွေ
ReplyDeleteကိုလည်း မျှော်လင့်နေပါ့မယ်..။
ချစ်တဲ့
ညီမသဒ္ဓါ
မီးမပျက်မချင်းရေးနိုင်ပါစေဗျာ။
ReplyDeleteဘလော့ဂ် (၁)နှစ်ပြည့်မှသည်...
ReplyDeleteဗဟုသုတ...
ခံစားချက်...တို့မျှဝေရင်း...
ထာဝရ တည်တန့်နိုင်ပါစေ.....
ဒီမှာ ဆိုတာ နှိပ်တယ် page not found တဲ့ ကဲ လုပ်အူး မချစ်ရေ များက ဖတ်ချင်ပါတယ်ဆိုကာမှ....
ReplyDelete“ တနှစ်က နေ နောက်နှစ်ပေါင်းများစွာတိုင် ဒီလို ချစ်စရာကောင်းတဲ့ ဘလော့ဂ်ဂါတွေနဲ့တူတူ ပျော်ရွှင်နိုင်ပါစေ ” နော်
မကျေနပ်ပါဘူး ခရေတွန်နဲ့သွားတွေ့တယ် ဒါကြောင့် လုံးးးးးးးးးးးးလုံးးးးးးးးးးးးး ကို မကျေနပ်ဘူး ဒါဗြဲ တာ့တာ
တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာ တိုင်းသို့
ReplyDeleteတနှစ်ဆိုတာ ဘာမှလည်း မဟုတ်ပါဘူး... ညီမချစ်ရေ့...
ReplyDeleteခု တနှစ် ပြီးရင်... နောက်တနှစ် လာဦးမှာပေါ့...
စောင့်သာ ကြိုနေလိုက်...း)
ပြုံးပြုံးလေး...း)
Happy Birthday ပါ။ အခုမှ တနှစ်ပြည့်တာလား။ ကြာပြီထင်နေတယ်။ တနှစ်ပြည့်မှ နှစ်ပေါင်းများစွာ ပျော်ရွှင်စွာ ဆက်လက်ရေးသားနိုင်ပါစေ။
ReplyDeleteမီးမလာမှ ရပ်တော့မယ်ဆိုတော့ မြန်မာပြည်ပြန်ရောက်ခဲ့သော် မရေးတော့ဘူး
ReplyDeleteဆိုတဲ့သဘောလား အစ်မချစ်.....:)
ယနေ့မှစ နှစ်တရာတိုင်ပါစေခင်ဗျာ...။
တနှစ်သမီး လေး.. ချစ်စရာလေးပေါ့..း)
ReplyDeleteစင်ကာပူ မီး မပြတ်ဘူးလို့.. မပြောနိုင်ဘူးနော..
( အပေါ်က..ကိုပေါ သီချင်းကို နားထောင်ပြီး အဆစ် ပြုံးသွားမိပါကြောင်း )း)
တနှစ်သမီးဆိုတော့...
ReplyDeleteချိုမိုင်မိုင် ကောင်းကောင်း ကတတ်ပြီ....
ဟေ့...ချိုမိုင်မိုင်....ချိုမိုင်မိုင်...
တနှစ်ပြည့်မှသည် နောင်..နှစ်ပေါင်းများစွာထိ ပျော်ပျော်ကြီးရေးနိုင်ပါစေ
ReplyDeleteခင်တဲ့
seesein
ရေးဖော် ရေးဖက်ကြီးရေ...
ReplyDeleteကျေးဇူးတင်တဲ့ထဲမှာ ချစ်ကြည်အေးရဲ့ Complementary သောင်းကျန်းသူကြီးကို ချန်ထားလို့ မဖြစ်း)
ဝက်ဝံလေးရေ...မချစ်က schedule နဲ့ တင်သွားတာ...
တနှစ်တိတိ ဘလော့ဂ်ရေးခဲ့တယ်ဆိုတော့ နည်းတဲ့ ဝဋ်ဒုက္ခတော့မဟုတ်ဘူး။း-)
ReplyDeleteိအစ်ကိုပေါ ကွန်မန့်ဖတ်ပြီး ရယ်လိုက်ရတား)
မမရေ ဒီဝဋ်ဒုက္ခထဲမှာ အတူတူပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြတာပေါ့နော်။
တစ်နှစ်မှစ နှစ်ပေါင်းများစွာ ...း)
ပျော်ရွင်စရာနှစ်ပတ်လည်လေးဖြစ်ပါစေ၊ နောက်နှစ် ၃၂၀ ရေးနိုင်ပါစေ။
ReplyDeleteကိုပေါရဲ့ ကြားညှပ်စကားပြောပါတဲ့ သီချင်းလေးနားထောင်ရင်း ဆုတောင်းပေးသွားတယ်။
ReplyDeleteယနေ့မှစ နှစ်ပေါင်းများစွာ ဘလော့ဂ်ကင်းနိုင်ပါစေ...။
အစ်မရေ ...
ReplyDeleteရေးချင်တဲ့အချိန်တိုင်းမီးလာပါစေဗျာ :)
တစ်နှစ်သားဘလော့လေးအတွက် happy birthday ပါ..
ReplyDeleteပျော်ရွှင်ဖွယ်အချိန်များကို ဆက်လက်ရယူနိုင်ပါစေ...
စာရေးဆရာ ဘလော့ဂါများ သတိထားစရာ။
ReplyDeleteစာရေးဆရာဘ၀မှ ရဟန်းဝတ်သွားသော ဆရာတော်တပါးရဲ့  စာရေးဘ၀ဖြင့် လူတွေကို လောဘ၊ ဒေါသ၊ မောဟဖြစ်စေခဲ့ပုံကို မေတ္တာ အရှင်ဇ၀နက စာမျက်နှာ ၂၁၅ မှာဒီလိုရေးထားပြထားတယ်။
(PDF page မှာ page ရိုက်ထည့်ရင် 228/389)
http://dhammadownload.com/File-Library/MettaShin-ShwePyiThar/MettaShin-ShwePyiThar-BawaNhitYinYaThawAhTaweAhMyinMyar.pdf
လူတွေကို ကုသိုလ်မဖြစ်တဲ့ စာရေးရင် အကုသိုလ်ဖြစ်စေသလို အကျိုးမရှိတဲ့ စာရေးရင် အကျိုးမဲ့စေနိုင်တယ်။
သတိထားကြပါကုန်
အံမယ် တစ်နှစ်သမီးတာပြောတယ် ရေးနိုင်လိုက်တာများလွန်လို့။
ReplyDeleteအမြဲတမ်းဘလော့ဂ်အတွက် စဉ်းစားနေတဲ့ ရောဂါရနေတာလဲ ကြာပါပြီဗျာ။
အချိန်ဆင်းရဲသူလဲ ဖြစ်ပြန်သမို့ စာအုပ်တွေလဲ မဖတ်နိုင် ။ ဖတ်ချင်တဲ့ ဘလော့ဂ် စာရင်းတောင် အသစ်တက်သမျှ ကုန်အောင် မဖတ်နိုင်လို့ စိတ်မကောင်းဖြစ်မိ။ ကိုယ်တိုင်ပို့စ်တင်ဖို့ ကျတော့လဲ အချိန်ရှား။ ဖြစ်သလို ဆားချက်ပြန်တော့လဲ သဘောမကျ ။
ဘာပဲ ဖြစ်ဖြစ် အစ်မရေ ဆက်သာဂင်း မရအရ လာဖတ်မယ်။
နောင်နှစ်ပေါင်းများစွာ ရေးသားနိုင်ပါစေဗျာ။
ငြိမ်းချမ်းပါစေ
နောင်နှစ်တွေတိုင်အောင် စာတွေ ဆက်ရေးနိင်ပါစေဗျာ။
ReplyDeleteရင့်ကျက်လာတဲ့ အတွေ့အကြုံတွေကပဲ စာကောင်းလေးတွေ ထပ်ထွက်လာစေမှာပါ။ အစ်မရဲ့ ဘလော့ဂ်လေး အချိန်အကြာကြီး ရှင်သန်နေစေချင်ပါတယ်။
အစ်မblog လေးတောင် တစ်နှစ်ပြည့်သွားပြီနော်။ အစ်မပြောသလိုပါပဲ ဘာမှမကြာလိုက်သလိုပဲ...။ ပို့စ်ပေါင်း၁၆၀ တောင်တင်နိုင်ခဲ့တဲ့အတွက်၊ ချီးလည်းချီးကျူးတယ်။ လေးလည်းလေးစားတယ်။ အောင်အောင်မြင်မြင် တစ်နှစ်ပြည့်ခဲ့တဲ့ အစ်မ ဘလော့ဂ်လေးကို ကြည့်ပြီး ပီတိလည်း ဖြစ်မိတယ်..။ ပျော်ရွှင်ပါစေအစ်မရေ...
ReplyDeleteနစ်ပေါင်းများစွာသို့.....
ReplyDeleteပို့စ် ၁၆၀ အိုက်ရှားဘားးးး များတောင် ၁၂၀ ပဲရှိတယ် မချစ်
ReplyDeleteလေးစားတယ်ဗျာ (ရာဇာနေဝင်း စတိုင်လ်ဖြင့်)
Happy Birthday Blog လေးးး
ReplyDeleteHappy birthday to your blog.... :)
ReplyDeleteရေးသာရေးမချစ်ကြည်အေး မတူတာတွေရှိကိုရှိနေတာကိုက သဘာဝပိုဆန်တယ်ဗျာ မတူညီမှုများနဲ့ လက်ဆွဲနှုတ်ဆက်ခြင်း လို့တောင်ပြောလို့ရပြီပေါ့ဗျာ..ဘလော့သက်လေးတနှစ်မှသည် ဘလော့ဖွားဖွားကြီးအထိ သက်တော်ရာကျော်ရှည်ပါစေဗျားးးးးးးးးးးးးး
ReplyDeleteတနှစ်တာမှာ ပျော်ရွှင်ခဲ့ရသလို နောင် နှစ်ပေါင်းများစွာ ပျော်ရွှင်စွာ blogging လုပ်နိုင်ပါစေ လို့ ဆုတောင်းပါတယ် အမရေ..
ReplyDelete(မီးမလာမှဘဲ ဘလော့ဂ်ရေးတာ ရပ်မယ်ဆိုတော့ မြန်မာပြည် ပြန်ရင် မရေးဘူး လို့ ဆိုလေသလား ကိုယ့်အမ) :)
ရင်ကို...ဖွင့်ချခဲ့စမ်းပါ ဆိုတာကို အကြိုက်ဆုံး :)
ReplyDeleteချစ်ကြည်အေး ရေ
ReplyDeleteတနှစ်ပြည့် လေး ကနေနှစ်ပေါင်း များ စွာ ချီတက်ကြရအောင်နော် ချစ်ကြည်အေး ရေးခဲ့ တဲ့ စာလေး တွေ မျှဝေခံစားမှု့လေး တွေ အတွက် ကျေးဇူးအထူးတင်ပါတယ်နော်
ခင်မင်စွာဖြင့်
မမရွှေစင်
ကိုအောင်၊ ညီမဂျင်ဂျင်း၊ ကိုZ၊ ကိုပေါ၊ ညီမမယ်စင်၊ ညီမသဒ္ဒါ၊ ကလူသစ်၊ ညီမ နတ်သမီး၊ ညီမလေး ဝက်ဝက်၊ မောင်ရီနို၊ အကိုအေတီအန်၊ မငယ်၊ မောင်လေး၊ ညီမကေ၊ ကိုကြီးကျောက်၊ ညီမဆီစိမ်၊ သူငယ်ချင်းသီတာ၊ ညီမမယ်ကိုး၊ သူငယ်ချင်း ဆွိ၊ မောင်လေး အုပ်ကြီး၊ ညီမ အနမ်း၊ အမည်မသိ၊ အင်္ဂါဟူး၊ မောင်မြစ်၊ မောင်လေးဝေလင်း၊ မမကွန်၊ အမ မေငြိမ်း၊ သူငယ်ချင်း ရိုစ့်၊ အကိုချစ်ဖေ၊ ညီမချိုသင်း၊ ညီမ ခရစ်စတယ်၊ မမရွှေစင်....
ReplyDeleteအားလုံးကို ကျေးဇူးတင်ပါတယ်၊ ခုပဲ ခရီးက ပြန်ရောက်ရောက်ချင်း ဘလော့ဂ်လေး ဖွင့်အကြည့်မှာ တော်တော် အမောပြေသွားရတယ်။ ချစ်သော စာဖတ်သူများ၊ ရေးဖော်များ၊ သူငယ်ချင်းများ အားလုံး ခွန်အားပေးတဲ့ ကော်မန့်လေးတွေအတွက် ရင်အေးရပါတယ်။ အတူတကွ စာတွေရေးရင်း လာမဲ့နှစ်တွေကို ပျော်ရွှင်စွာ ဖြတ်သန်းကြရအောင်...:)
မီးမပျက်မချင်း ရေးနိုင်ပါစေ အစ်မချစ်... :)
ReplyDeleteခင်မင်စွာဖြင့်
ယွန်း
အများကြီး ဆက်ရေးနိုင်ပါစေဗျား။း)
ReplyDeleteမမချစ်ရေ..
ReplyDeleteခရီးပန်းလာပြီလား..
တစ်နှစ်အတွင်းမှာ ပိုစ်တွေအများကြီး ရေးထားတာနော်။ တစ်နှစ်မကတော့ဘူးမှတ်နေတာ။
မမချစ်ဘလော့ကို မတော်တဆ ရောက်လာခဲ့ပြီးနောက် မမရဲ့စာတွေကို သဘောကျလို့ အမြဲလာအားပေးနေခဲ့ပါတယ်။ ရေးပုံဆန်းဆန်းလေးနဲ့ အတွေးလှလှလေးတွေကို သဘောကျနှစ်ခြိုက်တာရော၊ ဖွင့်ချခဲ့စမ်းပါဆိုတဲ့ စကားလုံးလေးကိုပါ သဘောကျလို့ပါး))
လေးဂွနဲ့ထုခံရတာကိုလည်း မြင်မိပါတယ်။ အဲဒီအချိန်လည်း မမချစ်ရဲ့ သဘောထားပြည့်မှုကို လေးစားမိရပါတယ်။ မမချစ်ရဲ့စာတွေဖတ်ပြီး ပြုံးပြန်လိုက်၊ လွမ်းပြီးပြန်လိုက်နဲ့ အရှိန်လွန်ပြီး တခါတခါ ကွန်မန့်တောင် မချန်ဖြစ်ဘူး။
မမချစ်.. ဘလော့တစ်နှစ်မှသည် မီးလာသ၍ ဆက်လက်တည်တံ့ပါစေ..။ မမချစ် ကျန်းမာချမ်းသာပါစေလို့...
လေးစားချစ်ခင်လျှက်
လသာည
အစ်မကီး တစ်နှစ်သမီးလေးကိုဗျာ့
ReplyDeleteကျွန်တော်တော့ ဘလော့အသက်ကိုသိဖူးရယ်
ဘာဖြစ်ဖြစ် ဘလော့ဂင်းနိုင်ပါစေ....
အရေထူတော့လည်းကောင်းတာပဲး)
စိတ်မပျက်သွားနဲ့ ကျွန်တော်တောင် ရွာမှာချဉ်ပေါင်စိုက်ရင်းဘလော့ဂင်းနေတာ ကြည့်း)
လေးစားခင်မင်လျှက်
မောင်ဘကြိုင်
တနှစ်တောင်ရှိသွားပြီလား...ကျနော်ဖြင့် မနေ့တနေ့ကလိုပဲ အောက်မေ့နေတယ်။ ဘလော့အသက် မတိမ်းမယိမ်းတွေမို့ ဖွားဖက်တော်တွေအချင်းချင်း အားပေးလျက်ပါ။
ReplyDeleteအင်းပေါ့လေ.. သူများတွေက ၁ နှစ်တောင်ပြည့်သွားတော့ ပြောအားရှိတာပေါ့၊ ဒို့က ခုမှအသစ်ချက်ချွတ်လေးရှိသေးတာ..
ReplyDelete၁နှစ်တောင်ပြည့်သွားပြီလား.....မြန်လိုက်တာနော်..... ပျော်ပျော်ရွှင်ရွှင် နဲ့စာတွေ အများးးကြီးဆက်ရေးနိုင်ပါစေ.....း)))
ReplyDeleteတနှစ်မပြည့်ခင်ထဲက ကောင်းကောင်း လမ်းလျှောက်တတ်နေတဲ့ သမီးလေးပါ... ဒီလိုနဲ့ တနှစ်ပြီး တနှစ်... နှစ်ပေါင်းများစွာ ပျော်ရွှင်စွာနဲ့ စာတွေအများကြီး ဆက်ရေးနိုင်ပါစေ...
ReplyDeleteမမ
ReplyDeleteဘလော့ခ်တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာ တိုင်စေသော်ဝ်
ထော
တစ်နှစ်ပြည့်မှသည် အစ်မရဲ့ စိတ်ဆန္ဒရှိတဲ့ အချိန်အတိုင်းအတာအထိ စာတွေရေးနိုင်ပါစေ။
ReplyDeleteရယ်မောရွှင်ပျစရာလေးတွေ အသောအထေ့လေးတွေက အစ်မရဲ့ ဘလောဂ့်လေးကို အသက်ဝင်စေခဲ့သလို
ခရီးသွားဆောင်းပါးလေးတွေ၊ အတွေ့အကြုံ မျှဝေမှုတွေကလည်း အစ်မဘလောဂ့်ရဲ့ ဆွဲဆောင်မှုတစ်ရပ်လည်း ဖြစ်သလို
ဟောဟောဒိုင်းဒိုင်း အရေးအသားတွေကလည်း စာဖတ်သူတွေကို ရွှင်မြူးစေခဲ့ပါတယ်..
ဆက်လက်ပြီး အစ်မရဲ့ စာလေးတွေကို နောင် နှစ်များစွာ များစွာတိုင် ဖတ်ချင်ပါသေးတယ်
ဖတ်ခွင့်ရမယ်လို့လည်း မျှော်လင့်နေပါတယ်.. ချစ်သော အစ်မချစ်ရေ............
Happy Blogging ! :)
အမရေ.. ရှေ့ဆက်ပြီးလည်း ပျော်ပျော်ကြီး blog ရေးနိုင်ပါစေနော်.. :))
ReplyDeleteတစ်နှစ်ပြည့်မွေးနေ့ လာတာနောက်ကျသွားတယ်။
ReplyDeleteစိတ်ချမ်းသာပျော်ရွှင်စွာ စာတွေ အကြာကြီး ဆက်ရေးနိုင်ပါစေ။
အမဘလော့နှစ်ပတ်လည်က ဇွန်ရိပ်သာစ၀င်တဲ့ရက်နဲ့တိုက်နေလို့ ဆုမတောင်းပေးလိုက်ရဘူး။
ReplyDeleteချစ်တဲ့အမ စိတ်ကြည်သာရွှင်လန်းစွာဖြင့် စာရေးချင်စိတ်ရှိနေသမျှ ကာလပတ်လုံး စာတွေဆက်ရေး ဘလော့ဂင်းနိုင်ပါစေ။း)